← Chapters

ကြောက်စရာကောင်းသော သိုင်းဘိုးဘေး...

Vol. 26 Ch. 392

ကြောက်စရာကောင်းသော သိုင်းဘိုးဘေး...

Vol. 26 Ch. 392

ကောင်းကင်ဖွင့်လှစ်ခြင်းအင်မော်တယ်ဘုရင်နှင့် အခြားအင်မော်တယ်ဘုရင်များက အဋ္ဌမအလွှာသို့ တက်လှမ်းရန် ဝင်ပေါက်ကိုသာ ရွေးချယ်သောကြောင့် ယခု တက်လှမ်းခြင်းတိုက်ပွဲကို တိုက်ခိုက်နေခြင်းဖြစ်သည်။

သတ္တမကောင်းကင်ဘုံနှင့် အဋ္ဌမကောင်းကင်ဘုံတို့ကြားမှ အတားအဆီးကို အတင်းအကျပ် ထိုးဖောက်ရန်အတွက် ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်၊ ကျစ်ကောင်းအင်မော်တယ်ဘုရင်နှင့် အခြားအင်မော်တယ်ဘုရင် နှစ်ဆယ်ကျော်တို့ အတူတကွ ပူးပေါင်းမှသာ ဖြစ်နိုင်လေသည်။

ထို့အပြင် ၎င်းက အချိန်ယူရမည်ဖြစ်ပြီး ထိုအချိန်တွင် အဋ္ဌမအလွှာမှ အထွတ်အထိပ်အင်မော်တယ်ဘုရင်များကလည်း ပြင်ဆင်ထားလောက်ပြီဖြစ်သောကြောင့် ဝင်ပေါက်မှ တိုက်ခိုက်ဝင်ရောက်ခြင်းနှင့် ကွာခြားမည်မဟုတ်ပေ။

သို့သော် ထိုပုံရိပ်က ပထမကောင်းကင်ဘုံမှ သတ္တမကောင်းကင်ဘုံသို့ ရောက်ရန် အချိန်ဘယ်လောက်ကြာလိုက်လဲ။ ထိုပုံရိပ်က ကောင်းကင်ဘုံများကြားရှိ အတားအဆီးအားလုံးကို ခဏအတွင်း ရပ်တန့်ခြင်းမရှိဘဲ ထိုးဖောက်လာခဲ့လေသည်။

ထိုစွမ်းအားက အလွန်ကြောက်စရာကောင်းလှ၏။ ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်နှင့် ကျစ်ကောင်းအင်မော်တယ်ဘုရင်ကဲ့သို့ အင်အားကြီးသူများပင် ထိုခဏတွင် တုန်လှုပ်ခြင်းကို ခံစားလိုက်ရလေသည်။

ထို့အပြင် ထိုပုံရိပ်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်ရာ သွေးချီနယ်ပယ်တစ်ခုက သတ္တမကောင်းကင်ဘုံ၏ ဆယ်ပုံတစ်ပုံကို ဖုံးလွှမ်းသွားပြီး အထွတ်အထိပ် အင်မော်တယ်ဘုရင်အားလုံးကို ၎င်းအတွင်း၌ ဝန်းရံထားလေသည်။

အခြားအင်မော်တယ်ဘုရင်များနှင့် ယှဉ်လျှင် အနီးတွင် ရှိနေသော လင်းရှုအင်မော်တယ်ဘုရင်က အသက်ရှူရပ်မတတ် ခံစားနေရသည်။ ထိုပုံရိပ်နှင့် နီးကပ်ရုံမျှဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားများက ငြိမ်သက်သွားပြီး သာမန်ဖန်တီးခြင်းစွမ်းအားများဆိုလျှင် ပြောစရာပင် မလိုပေ။

" မင်း.... မင်းဘယ်သူလဲ။ "

" ဘယ်ခေတ်က အင်မော်တယ်ဘုရင်လဲ။ "

လင်းရှုအင်မော်တယ်ဘုရင်က တုန်လှုပ်စွာ မေးလိုက်သည်။ သမိုင်းမတိုင်မီခေတ်မှ အင်မော်တယ်ဘုရင်တစ်ယောက်အနေဖြင့် လင်းရှုအင်မော်တယ်ဘုရင်က စိတ်ဝိညာဉ်ကမ္ဘာတွင် နှစ်သန်းပေါင်းများစွာ ဖြတ်သန်းခဲ့လေသည်။

" ငါဘယ်သူလဲ။ ခုနကပဲ မင်းငါ့ကို ခြုံခိုတိုက်ခိုက်ခဲ့သေးတာမဟုတ်လား။ " လင်းယွမ်က လင်းရှုအင်မော်တယ်ဘုရင်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

လင်းရှုအင်မော်တယ်ဘုရင်၏ မဟာဖျက်ဆီးခြင်းစွမ်းအား၏ အောက်တွင် ထိုက်ကျိမူလစိတ်ဝိညာဉ်က ပျက်ဆီးသွားခဲ့သည်။ လင်းယွမ်က ရည်ရွက်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းဖြစ်သော်လည်း ၎င်းက လင်းရှုအင်မော်တယ်ဘုရင်ကြောင့်ပင် ဖြစ်သည်။

ထိုက်ကျိမူလစိတ်ဝိညာဉ် တိုက်ခိုက်ခံရသည့်အချိန်တွင် လင်းယွမ်က သိုင်းဘုရားကျောင်းမှ ထွက်ခွာပြီး ကောင်းကင်ကိုးခုသို့ တိုက်ရိုက်ဝင်ရောက်ခဲ့သည်။ သူက ကောင်းကင်ဘုံများကြားရှိ အတားအဆီးများကို တိုက်ရိုက်ထိုးဖောက်ပြီး ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။

" မင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာလား။ " လင်းရှုအင်မော်တယ်ဘုရင်က ခဏစိတ်ရှုပ်သွားပြီး ချက်ချင်း သူ၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာပေါ်လာသည်။

ယခင် သိုင်းဘိုးဘေးကလည်း ထိုလူပဲလား။

လင်းရှုအင်မော်တယ်ဘုရင်က ယုံကြည်ရန် ခက်ခဲနေသည်။ သိုင်းဘိုးဘေး၏ ခွန်အားက အလွန်သန်မာပြီး ကောင်းကင်ဖွင့်လှစ်ခြင်းနှင့် ကျစ်ကောင်းအင်မော်တယ်ဘုရင်တို့ထက်ပင် သာလွန်ခဲ့သည်။

ခြုံခိုတိုက်ခိုက်ခြင်းမရှိဘဲ တစ်ယောက်ချင်းတိုက်ခိုက်လျှင်လည်း လင်းရှုအင်မော်တယ်ဘုရင်က သိုင်းဘိုးဘေးကို ဖိနှိပ်နိုင်မည်ဟု ယုံကြည်လေသည်။ သူက သိုင်းဘိုးဘေးကို အလျင်အမြန် ဖယ်ရှားလိုသောကြောင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပတ်ဝန်းကျင်ရှိ အထွတ်အထိပ် အင်မော်တယ်ဘုရင်များကလည်း လင်းယွမ်ကို ကြည့်နေကြသည်။ လင်းယွမ်ထွက်ပေါ်လာခြင်းမှာ အလွန်ကြောက်စရာကောင်းပြီး ကောင်းကင်ဘုံ၏ အတားအဆီးများပင် သူ၏ ရှေ့တွင် စက္ကူများသဖွယ် ဖြစ်သွားခဲ့သည်။

" သိုင်းဘိုးဘေး။ သူက သိုင်းဘိုးဘေးလား။ "

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နေဦး အော်ရာက တူနေတယ်။ သူတို့က တကယ်တစ်ယောက်တည်း ဖြစ်နိုင်တယ်။ "

အထွတ်အထိပ် အင်မော်တယ်ဘုရင်များက အထူးသဖြင့် တာအိုပြည်နယ်သုံးထောင်ခေတ်မှ လူများက အစပိုင်းတွင် စိတ်ရှုပ်သွားကြသည်။ သို့သော် သူတို့ သေချာလေ့လာကြည့်သောအခါ သူတို့နှင့် ရင်းနှီးသော သိုင်းဘိုးဘေးင သူတို့ရှေ့မှ လူနှင့် အော်ရာချင်း ဆင်တူနေသည်ကို တွေ့လိုက်ရသည်။

ထိုတူညီမှုက အခြေခံကျလေသည်။ တူညီသော ဖန်တီးခြင်းစွမ်းအားနှင့် စိတ်ဝိညာဉ်ကမ္ဘာ၏ ကမ္ဘာစွမ်းအားကဲ့သို့ ကျယ်ပြန့်သော စွမ်းအားတို့ ဖြစ်ကြသည်။

" မဖြစ်နိုင်ဘူး။ မင်း မင်း ကိုယ်ပွားတစ်ခုဖြစ်ရင်တောင် မူလခန္ဓာကိုယ်နဲ့ ဒီလောက်ကွာခြားစရာအကြောင်းမရှိဘူး။ " လင်းရှုအင်မော်တယ်ဘုရင်က အားလုံး၏ စိတ်ထဲမှ သံသယများကို ရေရွတ်လိုက်သည်။

ယခင် သိုင်းဘိုးဘေးနှင့် ယခု သိုင်းဘိုးဘေးတို့၏ ခွန်အားကွာခြားမှုက အလွန်ကြီးမားလှသည်။ ထိုမျှ အစွမ်းကြီးမားသူတစ်ယောက်က လိမ်မည်မဟုတ်သော်လည်း သူက မယုံကြည်နိုင်သေးပေ။

" အဲ့ဒါကတော့ မင်းသိဖို့မလိုဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ယခင်အခြေအနေများတွင် ထိုက်ကျိမူလစိတ်ဝိညာဉ်က မူလခန္ဓာကိုယ်ထက် များစွာ နိမ့်ကျခြင်းမရှိပေ။ ဆန်းကြယ်သော ဘူးသီးခြောက်ကြောင့် အတွင်းကမ္ဘာနှင့် ရုပ်ခန္ဓာတို့က ဆယ်ဆ တိုးတက်လာခဲ့သည်။ သူ၏ အတွင်းကမ္ဘာက မိုင်၆၈၀၀၀၀မှ မိုင်သန်း ၇၀ထိ ကျယ်ပြန့်သွားခဲ့သည်။

သူ၏ ကြီးမားလှသော ကမ္ဘာစွမ်းအားကြောင့်သာ လင်းယွမ်က သတ္တမကောင်းကင်ဘုံထိ တိုက်ရိုက်ထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရုပ်ခန္ဓာနှင့် အတွင်းကမ္ဘာအပြင် လင်းယွမ်ကျွမ်းကျင်သော အားဖြည့်ခြင်းနတ်စွမ်းရည်ကြောင့် မူလခန္ဓာကိုယ်နှင့် ထိုက်ကျိမူလစိတ်ဝိညာဉ်တို့ကြား ကွာဟမှုက ပို၍ ကြီးမားသွားခဲ့သည်။ ရုပ်ခန္ဓာနတ်စွမ်းရည်ဟု ဆိုသည့်အတိုင်း ရုပ်ခန္ဓာမရှိသော ထိုက်ကျိမူလစိတ်ဝိညာဉ်က အားဖြည့်ခြင်းနတ်စွမ်းရည်ကို အသုံးပြုနိုင်ခြင်းမရှိပေ။

ဝုန်း....

ကြောက်စရာကောင်းသော ကမ္ဘာစွမ်းအားများက သတ္တမကောင်းကင်ဘုံ၏ လေဟာနယ်လမ်းကြောင်းများအတိုင်း လင်းရှုအင်မော်တယ်ဘုရင်ဆီသို့ တိုက်ရိုက်တိုးဝင်သွားကြသည်။

လင်းရှုအင်မော်တယ်ဘုရင်၏ ရုပ်ခန္ဓာက ချက်ချင်း ပျက်ဆီးသွားပြီး အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားဖြစ်သော မဟာဖျက်ဆီးခြင်းစွမ်းအားလုံးက လင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားသည်။ အခြား သာမန်ဖန်တီးခြင်းစွမ်းအားခြောက်မျိုးကလည်း လင်းယွမ်၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားကြသည်။

အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားများကို လင်းယွမ်က အလွန်တန်ဖိုးထားလေသည်။ ၎င်းတို့ကို မူလကမ္ဘာသို့ ယူဆောင်သွားပြီး စကြာဝဠာစွမ်းအားများအဖြစ် ပြောင်းလဲနိုင်လျှင် သူ၏ နဝမအလွှာ တက်လှမ်းခြင်းအတွက် များစွာ အထောက်အကူပြုနိုင်လေသည်။

ဝှစ်....

လင်းရှုအင်မော်တယ်ဘုရင်၏ ရုပ်ခန္ဓာပျက်ဆီးသွားပြီးနောက် စိတ်ဝိညာဉ်က ပြေးထွက်သွားသည်။ အင်မော်တယ်ကျင့်ကြံခြင်းစနစ်၏ နည်းလမ်းအများစုက စိတ်ဝိညာဉ်ကို အာရုံစိုက်ထားကြသည်။ အထွတ်အထိပ် အင်မော်တယ်ဘုရင်များကြား တိုက်ပွဲများက သေခြင်းဖြင့် အဆုံးသတ်ခဲလှသည်။ အကြောင်းမှာ သူတို့က ရုပ်ခန္ဓာများကို စွန့်လွှတ်ရုံသာဖြစ်သည်။ စိတ်ဝိညာဉ်က ထွက်ပြေးနိုင်သရွေ့ အမြဲတမ်း အသက်ရှင်နိုင်လေသည်။

" အရမ်းကြောက်စရာကောင်းတယ်။ " လင်းရှုအင်မော်တယ်ဘုရင်၏ စိတ်ဝိညာဉ်က အလွန်ထိတ်လန့်နေသည်။ ပြင်းထန်သော ကမ္ဘာစွမ်းအား၏ အောက်တွင် သူ၏ စိတ်ဝိညာဉ်ပင် လွတ်မြောက်ရန် ခက်ခဲသွားခဲ့သည်။

" အဲ့ဒီသိုင်းဘိုးဘေး သူ့ရဲ့ နောက်ခံက မရိုးရှင်းဘူး။ သူက ရှေးအကျဆုံးခေတ်တွေက ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခု ဖြစ်ရမယ်။ " လင်းရှုအင်မော်တယ်ဘုရင်၏ စိတ်ဝိညာဉ်က လေဟာနယ်ကို ဖြတ်ကျော်ပြီး အဋ္ဌမကောင်းကင်ဘုံ၏ ဝင်ပေါက်သို့ ထွက်ပြေးသွားသည်။

" မင်း လွတ်နိုင်မယ်ထင်နေတာလား။ " လင်းယွမ်က သူရပ်နေသော နေရာမှ ပျောက်ကွယ်သွားသည်။

ထိုခဏတွင် လင်းရှုအင်မော်တယ်ဘုရင်၏ စိတ်ဝိညာဉ် ဘေးနားတွင် လက်တစ်ဖက် ထွက်လာပြီး ဆုပ်ကိုင်လိုက်သည်။

" အား...." လင်းရှုအင်မော်တယ်ဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လင်းယွမ်က သူ့ကို စိတ်ဝိညာဉ်ရှာဖွေမှုပြုလုပ်ပြီးနောက် သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲပစ်လိုက်သည်။

အဋ္ဌမကောင်းကင်ဘုံ၊ နယ်မြေတစ်ခုအတွင်းရှိ နန်းတော်များ၏ ခန်းမတစ်ခုထဲတွင်။

လင်းရှုအင်မော်တယ်ဘုရင်နှင့် ရုပ်ချင်းဆင်တူသော လူတစ်ယောက်က မျက်လုံးများ ဖွင့်လာသည်။ သမိုင်းမတိုင်မီခေတ်မှ အသက်ရှင်ကျန်ရစ်သူတစ်ယောက်အနေဖြင့် လင်းရှုအင်မော်တယ်ဘုရင်က အသက်ကယ်နည်းလမ်းများစွာ ရှိလေသည်။ သူ၏ မူလခန္ဓာကိုယ်ပျက်ဆီးသွားလျှင်တောင် ကြိုတင်ပြင်ဆင်ထားသော ခန္ဓာကိုယ်တစ်ခုအတွင်း၌ ပြန်လည်ရှင်သန်နိုင်လေသည်။

သို့သော် ယခုအချိန်တွင် လင်းရှုအင်မော်တယ်ဘုရင်က သူ၏ ပြန်လည်ရှင်သန်လာခြင်းကို ပျော်ရွှင်နိုင်ခြင်းမရှိဘဲ စိုးရိမ်ပူပန်နေသည်။

" အဲ့ဒီ သိုင်းဘိုးဘေးက အရမ်းကြောက်စရာကောင်းတယ်။ ငါက မဟာဖျက်ဆီးခြင်းစွမ်းအားကို တတိယနယ်ပယ်ထိ ကျင့်ကြံထားတဲ့အပြင် သာမန်ဖန်တီးခြင်းစွမ်းအား ခြောက်ခုနဲ့ အားဖြည့်ထားပေမယ့် သိုင်းဘိုးဘေးရှေ့မှာ ငါက ရုန်းကန်ဖို့တောင် မတတ်နိုင်ခဲ့ဘူး။ " လင်းရှုအင်မော်တယ်ဘုရင်က စိတ်ထဲမှ အေးစက်မှုကို ခံစားလိုက်ရသည်။

သမိုင်းမတိုင်မီခေတ်မှ ယခုအချိန်ထိ ရှည်လျားသော နှစ်များအတွင်း သူက နောက်ဆုံး၌ သေခြင်း၏ အငွေ့အသက်က်ု ခံစားလိုက်ရလေသည်။

" သိုင်းဘိုးဘေးရဲ့ ခွန်အားနဲ့ဆို မကြာခင် အဋ္ဌမကောင်းကင်ဘုံကို ဝင်လာမှာ သေချာတယ်။ " လင်းရှုအင်မော်တယ်ဘုရင်က စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ " ငါ ဟွမ်သွမ်အင်မော်တယ်ဘုရင်နဲ့ အခြားသူတွေကို အသိပေးထားရမယ်။ "

သမိုင်းမတိုင်မီခေတ်တွင် လင်းရှုအင်မော်တယ်ဘုရင်က ထင်ရှားသော်လည်း အသန်မာဆုံးတော့မဟုတ်ပေ။

All Chapters