← Chapters

အဋ္ဌမကောင်းကင်ဘုံ...

Vol. 26 Ch. 393

အဋ္ဌမကောင်းကင်ဘုံ...

Vol. 26 Ch. 393

ရှေးခေတ်ကတည်းက အစွမ်းထက်ဆုံး အင်မော်တယ်ဘုရင်ဟုဆိုလျှင် လင်းရှုအင်မော်တယ်ဘုရင်နှင့် အခြားသူများကို အဋ္ဌမကောင်းကင်ဘုံအား စောင့်ကြပ်ရန် ဦးဆောင်ခဲ့သော ဟွမ်သွမ်အင်မော်တယ်ဘုရင်ပင်ဖြစ်သည်။

ထိုအင်မော်တယ်ဘုရင်များက အဆင့်မြင့်ဖန်တီးခြင်းစွမ်းအားများစွာကို ပိုင်ဆိုင်ထာပြီး အားလုံးကို တတိယနယ်ပယ်ထိ ကျင့်ကြံထားသဖြင့် သူတို့၏ ခွန်အားမှာ တိုင်တာ၍ မရပေ။

လင်းရှုအင်မော်တယ်ဘုရင်၏ အမြင်တွင် ဟွမ်သွမ်အင်မော်နယ်ဘုရင်၏ လက်အောက်ရှိ အစွမ်းထက်ဆုံး အင်မော်တယ်ဘုရင်များ ပူးပေါင်းလျှင်တောင် သိုင်းဘိုးဘေးကို ယှဉ်နိုင်မည်မဟုတ်ပေ။

လင်းရှုအင်မော်တယ်ဘုရင်တွင် ရွေးချယ်စရာများစွာ မရှိပေ။ သိုင်းဘိုးဘေးက အဋ္ဌမကောင်းကင်ဘုံသို့ မကြာမီ ဝင်ရောက်လာတော့မည်ဖြစ်သောကြောင့် သူ မှီခိုနိုင်သော တခုတည်းသောအရာမှာ ဟွမ်သွမ်အင်မော်တယ်ဘုရင်နှင့် သူ၏အပေါင်းအဖော်များပင် ဖြစ်သည်။

" ဟွမ်သွမ်အင်မော်တယ်ဘုရင်က နဝမကောင်းကင်ဘုံကို ဒီလောက်နှစ်တွေကြာအောင် လေ့လာနေတာ သိုင်းဘိုးဘေးကို ရပ်တန့်နိုင်မယ့် နည်းလမ်းတစ်ခု သူ့မှာ ရှိလောက်တယ်။ "

လင်းရှုအင်မော်တယ်ဘုရင်က လင်းယွမ်၏ စွမ်းအားကို ခံစားခဲ့ရပြီး ဟွမ်သွမ်အင်မော်တယ်ဘုရင်နှင့် အခြားသူများပင် ခက်ခဲစွာ ခုခံရပေလိမ့်မည်။

လင်းယွမ်က လင်းရှုအင်မော်တယ်ဘုရင်ကို စိတ်ဝိညာဉ်ရှာဖွေမှုပြုလုပ်ပြီးနောက် အဋ္ဌမကောင်းကင်ဘုံနှင့် သမိုင်းမတိုင်မီခေတ်၏ လျို့ဝှက်ချက်များစွာကို သိခဲ့ရသည်။

" ဒီတော့ သမိုင်းမတိုင်မီခေတ်က အင်မော်တယ်ဘုရင်တွေကို ဟွမ်သွမ်အင်မော်တယ်ဘုရင်က ဦးဆောင်ပြီး သူက အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား လေးမျိုးကို တတိယနယ်ပယ်ထိ ကျင့်ကြံထားတာပေါ့။ "

" သမိုင်းမတိုင်မီခေတ်အဆုံးသတ်သွားကတည်းက ဟွမ်သွမ်အင်မော်တယ်ဘုရင်က အခြားသူတွေနဲ့ အဋ္ဌမကောင်းကင်ဘုံကို တက်လှမ်းပြီး နဝမကောင်းကင်ဘုံကို တက်လှမ်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ထိ မအောင်မြင်နိုင်သေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။

ဟွမ်သွမ်အင်မော်တယ်ဘုရင်က အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား လေးမျိုးကို တတိယနယ်ပယ်ထိ ကျင့်ကြံထားသဖြင့် လင်းယွမ်က ထိုကဏ္ဍတွင် ယှဉ်နိုင်ခြင်းမရှိပေ။

သူက အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား လေးမျိုးကို နားလည်ထားသော်လည်း အားလုံးက ပထမနယ်ပယ်တွင်သာ ရှိကြလေသည်။ သို့သော် မိုင်သန်းခုနှစ်ဆယ် ကျယ်ဝန်းသော အတွင်းကမ္ဘာနှင့် လင်းယွမ်အတွက် ဟွမ်သွမ်အင်မော်တယ်ဘုရင်က စိတ်ပူစရာမလိုပေ။

" ဒီလောက်ကြာတာတောင် နဝမကောင်းကင်ဘုံကို မတက်နိုင်သေးဘူးလား။ " လင်းယွမ်က ဟွမ်သွမ်အင်မော်တယ်ဘုရင်ကို စိတ်ဝင်စားနေသည်။ ထိုလူ၏ အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား လေးမျိုးတွင် သူမသိသော စွမ်းအား တစ်မျိုး နှစ်မျိုးပါဝင်နိုင်လေသည်။

" သူတို့ကတော့..." လင်းယွမ်က အထွတ်အထိပ် အင်မော်တယ်ဘုရင်များကို ကြည့်လိုက်သည်။

" ပြေး..."

" အဋ္ဌမကောင်းကင်ဘုံကို ပြန်ဆုတ်..."

သမိုင်းမတိုင်မီခေတ်မှ အင်မော်တယ်ဘုရင်များက ချက်ချင်း အဋ္ဌမကောင်းကင်ဘုံ၏ ဝင်ပေါက်သို့ ထွက်ပြေးသွားကြသည်။

နောက်နေတာလား။ သူတို့က ယခုမပြေးရင် လင်းရှုအင်မော်တယ်ဘုရင်လို ဖြစ်ချင်လို့ စောင့်နေရမှာလား။

သူတို့က လင်းယွမ်၏ ခွန်အားကို အပြည့်အဝ နားမလည်သော်လည်း လင်းရှုအင်မော်တယ်ဘုရင်ကို သတ်ပစ်ရာတွင် အသုံးပြုသော နည်းလမ်းကို ကြည့်ခြင်းဖြင့် သူတို့ထက် များစွာသာလွန်သည်ကို သိကြလေသည်။

လင်းယွမ်က အထွတ်အထိပ်အင်မော်တယ်ဘုရင်များ ထွက်ပြေးသွားကြသည်ကို တားဆီးခြင်းမရှိပေ။ အမှန်တကယ် မလိုအပ်ပေ။ အပေါ်တွင် အဋ္ဌမကောင်းကင်ဘုံသာ ရှိသောကြောင့် သူတို့က မည်သည့်နေရာကို ပြေးနိုင်မှာလဲ။

သတ္တမကောင်းကင်ဘုံတွင် လင်းယွမ်၊ ကောင်းကင်ဖွင့်လှစ်ခြင်း၊ ကျစ်ကောင်းနှင့် အခြားအင်မော်တယ်ဘုရင် နှစ်ဆယ်ကျော်တို့ ကျန်နေခဲ့သည်။

" သိုင်းဘိုးဘေး။ " ခဏအကြာတွင် ကောင်းကင်ဖွင့်လှစ်ခြင်းက သတ္တိမွေးပြီး လင်းယွမ်အနီးသို့ လာကာ စကားပြောလိုက်သည်။

" ကောင်းကင်ဖွင့်လှစ်ခြင်း... " လင်းယွမ်က ပြုံး၍ သူ၏ အော်ရာကို ထိန်းချုပ်လိုက်သည်။

နှစ်သုံးရာအတွင်း လင်းယွမ်က သူတို့နှင့် ရင်းနှီးမှုများ ရှိခဲ့သောကြောင့် သူ၏ ခွန်အားကို အသုံးပြုပြီး သူတို့ကို ဖိနှိပ်ရန် ရည်ရွယ်ချက်မရှိပေ။

လင်းယွမ်၏ တုန့်ပြန်မှုကြောင့် ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်က သက်ပြင်းချလိုက်သည်။ ထိုသို့ပြောလိုက်ခြင်းက လင်းယွမ်မှာ ယခင်အတိုင်း ရှိနေသေးသည်ကို နားလည်နိုင်လေသည်။

" သိုင်းဘိုးဘေး မင်းက ဘယ်လိုဖန်တီးခြင်းစွမ်းအားကို ပိုင်ဆိုင်တာလဲ။ " ကျစ်ကောင်းအင်မော်တယ်ဘုရင်က ရှေ့တိုးလာပြီး သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

ယခင် လင်းယွမ်ပြသခဲ့သော စွမ်းအားက ကြောက်းရာကောင်းလှသည်။ အင်မော်တယ်ဘုရင်၏ အထက်အဆင့်အတွက် ဒဏ္ဍာရီများသာ မရှိခဲ့လျှင် လင်းယွမ်ကို ထိုအဆင့်သို့ ရောက်သွားပြီဟုပင် ထင်မိကြပေလိမ့်မည်။

" ဘယ်လိုဖန်တီးခြင်းစွမ်းအားလဲ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ " အဲ့ဒါကို ကမ္ဘာစွမ်းအားလို့ ခေါ်သင့်လား။ "

အတွင်းကမ္ဘာထဲမှ ကမ္ဘာစွမ်းအားက ဖန်တီးခြင်းစွမ်းအား သို့မဟုတ် စကြာဝဠာစွမ်းအညးများနှင့် မတူသော စွမ်းအားတစ်မျိုးဖြစ်သည်။ ၎င်းကို ပိုင်ဆိုင်ရန် ဉာဏ်အလင်းများ မလိုအပ်ဘဲ အတွင်းကမ္ဘာကို ဖွင့်လှစ်နိုင်သရွေ့ ပိုင်ဆိုင်နိုင်လေသည်။

" ကမ္ဘာစွမ်းအားလား..."

ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်၊ ကျစ်ကောင်းအင်မော်တယ်ဘုရင်နှင့် အခြားအင်မော်တယ်ဘုရင်များက အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က ထိုသို့သော ဖန်တီးခြင်းစွမ်းအားမျိုးကို တစ်ခါမှ မကြားဖူးခဲ့ကြပေ။ သို့သော် သိုင်းဘိုးဘေးက ပြောသောကြောင့် ထိုစွမ်းအားက ရှိကိုရှိရပေလိမ့်မည်။

" သွားစို့။ "

" အဋ္ဌမကောင်းကင်ဘုံကို သွားကြည့်ကြစို့။ " လင်းယွမ်က စကားပြောပြီးသည်နှင့် အဋ္ဌမကောင်းကင်ဘုံဝင်ပေါက်သို့ ဦးတည်သွားသည်။

ယခုအချိန်တွင် အဋ္ဌမကောင်းကင်ဘုံ၏ ဝင်ပေါက်က သမိုင်းမတိုင်မီခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များ စောင့်ကြပ်ခြင်းမရှိတော့ဘဲ လေဟာနယ်ထဲတွင် စိတ်ကူးယဉ်ဆန်သော စွမ်းအားအချို့ လွင့်မြောနေသည်။

၎င်းက သတ္တမကောင်းကင်ဘုံမှ အဋ္ဌမကောင်းကင်ဘုံသို့ တက်လှမ်းသော စမ်းသပ်မှုဖြစ်ပြီး ဖျက်ဆီးခံရလျှင်တောင် ပြန်လည်ကောင်းမွန်လာပေလိမ့်မည်။

" ဝင်ပေါက်က သွားရမှာပဲ။ " လင်းယွမ်က တစ်ချက်ကြည့်လိုက်သည်။

ယခင် ထိုက်ကျိမူလစိတ်ဝိညာဉ်က လင်းရှုအင်မော်တယ်ဘုရင်၏ တိုက်ခိုက်ခြင်းခံရသောကြောင့် လင်းယွမ်၏ ခန္ဓာကိုယ်အစစ်က ကြမ်းတမ်းသော နည်းလမ်းဖြင့် ထိုးဖောက်သွားခဲ့သည်။ ယခု ဝင်ပေါက်က ရှေ့တွင် ရှိနေပြီး ထိုသို့ လုပ်ရန် မလိုတော့ပေ။

စမ်းသပ်မှုက စိတ်ဝိညာဉ်ပုံရိပ်ယောင်နှင့် ဆင်တူပြီး စိတ်နှလုံးနတ်ဆိုးကပ်ဘေး၊ စိတ်ဝိညာဉ်ကပ်ဘေးတို့နှင့် မခြားနားသော်လည်း ပိုမိုအားကောင်းလေသည်။ သို့သော် နှစ်ပေါင်းများစွာ အသက်ရှင်လာကြသော အင်မော်တယ်ဘုရင်များအနေဖြင့် သူတို့၏ စိတ်စွမ်းအားက ထိုစမ်းသပ်မှုကို မကျော်လွှားနိုင်သည်အထိ အားနည်းခြင်းမရှိပေ။

လင်းယွမ်က အဋ္ဌမကောင်းကင်ဘုံသို့ အလွယ်တကူ ရောက်ရှိသွားသည်။ ထိုနေရာကလည်း သတ္တမကောင်းကင်ဘုံနှင့် ဆင်တူလေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ နယ်မြေတစ်ခုလုံးတွင် နက်နဲသော အော်ရာတစ်ခု ပျံ့နှံ့နေပြီး ၎င်းက နဝမကောင်းကင်ဘုံမှ လာခြင်းဖြစ်သည်။

လူများအထက်တွင် လူများရှိပြီး ကောင်းကင်အထက်တွင် ကောင်းကင်များရှိ၏။ ကောင်းကင်ဘုံကိုးခုအထက်တွင် ကောင်းကင်အရှင်သခင်များ ရှိ၏။

၎င်းက စိတ်ဝိညာဉ်ကမ္ဘာ၏ နဝမကောင်းကင်ဘုံနှင့် ပက်သက်သော ရှေးစကားတစ်ခုဖြစ်သည်။ ကောင်းကင်အရှင်သခင်ဆိုသည်မှာ နဝမကောင်းကင်ဘုံတွင် နေထိုင်သော မည်သူမှ မယှဉ်နိုင်သည့် တည်ရှိမှုတစ်ခု ဖြစ်လိမ့်မည်ဟု အင်မော်တယ်ဘုရင်များက ခန့်မှန်းကြလေသည်။

သမိုင်းမတိုင်မီခေတ်နှင့် တာအိုပြည်နယ်သုံးထောင်ခေတ်မှ အင်မော်တယ်ဘုရင်များ နဝမကောင်းကင်ဘုံသို့ အလွန်အမင်း ဝင်ရောက်လိုကြခြင်းမှာ ထိုပုဂ္ဂိုလ်၏ လမ်းညွှန်မှုကို ရယူလိုကြသောကြောင့် ဖြစ်သည်။

" ဒါက အဋ္ဌမကောင်းကင်ဘုံပဲ။ "

" တကယ်ထူးခြားတယ်။ သတ္တမကောင်းကင်ဘုံနဲ့ မတူဘူး။ "

အထွတ်အထိပ် အင်မော်တယ်ဘုရင်များက နောက်မှ လိုက်ပါလာကြသည်။ သူတို့က အဋ္ဌမကောင်းကင်ဘုံသို့ ပထမဆုံးအကြိမ် တက်လှမ်းဖူးကြခြင်းဖြစ်သည်။

" နဝမကောင်းကင်ဘုံ..." လင်းယွမ်က အပေါ်သို့ မော့ကြည့်လိုက်သည်။

ယခင် ကောင်းကင်ရှစ်ခု၏ အတားအဆီးများနှင့် ယှဉ်လျှင် နဝမကောင်းကင်ဘုံ၏ အတားအဆီးက ရွှေရောင်အလင်းကို ထုတ်လွှတ်နေပြီး လင်းယွမ်ပင် ထိုးဖောက်နိုင်မည်ဟု မသေချာပေ။ ထိုးဖောက်နိုင်လျှင်တောင် အချိန်ယူရပေလိမ့်မည်။

" နဝမကောင်းကင်ဘုံရဲ့ ဝင်ပေါက်ကို သွားကြစို့။ " လင်းယွမ်က ပြောလိုက်သည်။

လင်းရှုအင်မော်တယ်ဘုရင်ကို စိတ်ဝိညာဉ်ရှာဖွေခြင်းလုပ်ပြီးနောက် သူက အဋ္ဌမကောင်းကင်ဘုံကို ကောင်းစွာသိနေပြီး နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်သို့ တိုက်ရိုက်ပျံသန်းသွားသည်။

နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်တွင် ပုံရိပ်အချို့ ရပ်နေကြသည်။ သူတို့က သမိုင်းမတိုင်မီခေတ်မှ အစွမ်းထက်ဆုံး အထွတ်အထိပ် အင်မော်တယ်ဘုရင်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီက အနည်းစုက အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားကို တတိယနယ်ပယ်အထိ ကျင့်ကြံထားကြလေသည်။

အများစုက တတိယနယ်ပယ်ရှိသော အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား နှစ်မျိုးထက် ပိုပြီး နားလည်ထားကြသည်။ လင်းရှုအင်မော်တယ်ဘုရင်က တာအိုပြည်နယ်သုံးထောင်ခေတ်မှ အင်မော်တယ်ဘုရင်များကို ဖိနှိပ်ထားခဲ့သော်လည်း သူတို့အဖွဲ့ထဲတွင် သူက အဆင့်အနိမ့်ဆုံး ဖြစ်လေသည်။

သမိုင်းမတိုင်မီခေတ်တွင် ပြည့်စုံသော ခေတ်တစ်ခေတ်ကို ဖြတ်သန်းခဲ့ရသည့်အပြင် လက်ရှိနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သောကြောင့် တာအိုပြည်နယ်သုံးထောင်ခေတ်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များထက် များစွာ ပိုမိုအားကောင်းကြလေသည်။

ဝှစ် ဝှစ်....

လင်းယွမ်၏ ပုံရိပ်က မလှမ်းမကမ်းတွင် ပေါ်လာသည်။

ကောင်းကင်ဖွင့်လှစ်ခြင်း အင်မော်တယ်ဘုရင်၊ ကျစ်ကောင်းအင်မော်တယ်ဘုရင်နှင့် အခြားသူများကလည်း နောက်မှ လိုက်ပါလာကြသည်။

All Chapters