နဝမကောင်းကင်ဘုံ....
Vol. 26 Ch. 398
သမိုင်းမတိုင်မီခေတ်အဆုံးသတ်တွင် ဟွမ်သွမ်အင်မော်တယ်ဘုရင်အပါအဝင် အထွတ်အထိပ် အင်မော်တယ်ဘုရင်များစွာ တိုက်ခိုက်ခဲ့ကြသော်လည်း စိတ်ဝိညာဉ်ကမ္ဘာ၏ အပေါ်ယံမျက်နှာပြင်ကိုသာ ထိခိုက်ခဲ့သည်။ ကောင်းကင်ကိုးခုဆိုလျှင် ပထမကောင်းကင်ဘုံကိုပင် မထိခိုက်ခဲ့ပေ။
ဝုန်း ဝုန်း ဝုန်း.....
ဒသမအလွှာတွင် လင်းယွမ်နှင့် သိုင်းဘိုးဘေးတို့က အကြိမ်တစ်ရာလောက် တိုက်ခိုက်ပြီးသွားပြီဖြစ်သည်။
သိုင်းတာအိုကျင့်ကြံခြင်းစနစ်၊ ဖန်တီးခြင်းစွမ်းအားများ၊ အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားများထက် ကျော်လွန်သော မူလစွမ်းအားမျှင်အနည်းငယ်နှင့် မိုင်သန်းတစ်ရာနီးပါး ကျယ်ဝန်းသော အတွင်းကမ္ဘာ၏ စွမ်းအားများ.... လင်းယွမ် ပိုင်ဆိုင်သည့်နည်းလမ်းအားလုံးကို ပြိုင်ဘက်က ပိုင်ဆိုင်လေသည်။
" ဒါက နည်းနည်းခက်တယ်။ " လင်းယွမ်၏ မျက်ခုံးများက အနည်းငယ် တွန့်သွားသည်။
ပြိုင်ဘက်က အားကောင်းသည်ဟု ပြော၍ရသလို အားနည်းသည်ဟုလည်း ပြောနိုင်လေသည်။
လင်းယွမ်က အားနည်းသည်ဟု ခံစားရခြင်းမှာ ပြိုင်ဘက်က သူ့ကိုသူ ပုံတူကူးထားခြင်းဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် သူ့ကိုသူထက် ပိုနားလည်သောသူ ရှိမည်မဟုတ်ပေ။
ထိုအခြေအနေတွင် ပြိုင်ဘက်က လင်းယွမ်ကို အနိုင်ယူရန် လုံးဝမဖြစ်နိုင်သော်လည်း လင်းယွမ်အတွက် ပြိုင်ဘက်ကိုအနိုင်ယူရန်လည်း ခက်ခဲနေသည်။
" ငါ့ရဲ့ ခွန်အားက နည်းနေသေးတာ စိတ်မကောင်းစရာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်ရှိ သက်ရှိပုံတူကူးခြင်းကလည်း ကန့်သတ်ချက်များ ရှိလေသည်။ ဥပမာ ၎င်းက ပြည့်စုံသော ကြီးမြတ်သူတစ်ယောက်ကို လုံးဝ ပုံတူကူးနိုင်မည်မဟုတ်ပေ။
လင်းယွမ်း၏ လက်ရှိခွန်အားက စိတ်ဝိညာဉ်ကမ္ဘာနှင့် နှိုင်းယှဉ်မရသည့်အပြင် သူ၏ မိုင်သန်းတစ်ရာနီးပါးရှိသော အတွင်းကမ္ဘာကလည်း စိတ်ဝိညာဉ်ကမ္ဘာ၏ ပြည်နယ်တစ်ခုနှင့်ပင် မယှဉ်နိုင်သေးသောကြောင့် သူ့ကို ပုံတူကူးရခြင်းမှာ လွယ်ကူလေသည်။
" ငါ အားဖြည့်ခြင်းနတ်စွမ်းရည်ကို စမ်းကြည့်ရမလား။ " လင်းယွမ်က တွေးလိုက်သည်။
အားဖြည့်ခြင်း ရုပ်ခန္ဓာနတ်စွမ်းရည်က ဤဆင်းသက်မှုအတွင်း လင်းယွမ်၏ ခန္ဓာကိုယ်မှ နိုးထလာခြင်းဖြစ်သည်။ တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် ရုပ်ခန္ဓာ၊ သွေး၊ ချီနှင့် စိတ်ဝိညာဉ် စသည်တို့က ဆယ်ဆ တိုးတက်လာမည်ဖြစ်သည်။ သို့သော် ၎င်းက အသက်ဆယ်ကြိမ်ရှူစာသာ ခံပြီးနောက် လင်းယွမ်က အားနည်းသော အခြေအနေသို့ ဝင်ရောက်သွားပေလိမ့်မည်။
ထိုနတ်စွမ်းရည် နိုးထလာချိန်မှစ၍ လင်းယွမ်က တစ်ခါမှ အသုံးမပြုဖူးပေ။ သူရင်ဆိုင်ခဲ့သော ပြိုင်ဘက်များကလည်း သူ့ကို ထိုစွမ်းရည်သုံးရသည်အထိ တွန်းအားမပေးနိုင်ကြပေ။ အားဖြည့်ခြင်းနတ်စွမ်းရည်က အားနည်းချက်ရှိသောကြောင့် နောက်ဆုံး ဝှက်ဖဲအဖြစ်သာ အသုံးပြုနိုင်လေသည်။
" ပြိုင်ဘက်ကလည်း အားဖြည့်ခြင်းနတ်စွမ်းရည်ကို ပုံတူကူးထားနိုင်ရင် ဘယ်လိုလုပ်မလဲ။ " လင်းယွမ်က သိုင်းဘိုးဘေးကို ကြည့်လိုက်သည်။
ထို့နောက် လင်းယွမ်က ရုတ်တရက် ခုန်ထွက်လိုက်ပြီး သူ၏ ဘယ်လက်ကို စတေးပြီး ပြိုင်ဘက်၏ ညာလက်ကို ကြေမွသွားအောင် ထိုးလိုက်သည်။
ဝုန်း....
သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်က အလိုအလျောက် အသက်ဝင်လာပြီး လင်းယွမ်၏ ညာလက်က လျင်မြန်စွာ ပြန်ကောင်းလာသည်။ သူက ပြိုင်ဘက် သိုင်းဘိုးဘေးကို ကြည့်လိုက်ရာ ပြိုင်ဘက်၏ ညာလက်ကလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်ကို တွေ့လိုက်ရသည်။
" သွေးပြန်လည်မွေးဖွားခြင်းကိုတောင် ပုံတူကူးထားနိုင်ရင် အားဖြည်းခြင်းစွမ်းရည်ကိုလည်း ပုံတူကူးထားလောက်တယ်။ " လင်းယွမ်က ချက်ချင်း နားလည်သွားသည်။
သူက အားဖြည့်ခြက်းနတ်စွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် ပြိုင်ဘက်ကလည်း ၎င်းကို ချက်ချင်း အသုံးပြုပေလိမ့်မည်။ ထိုနတ်စွမ်းရည်က မိမိကို ဆယ်ဆတိုးမြှင့်ပေးသော်လည်း နှစ်ယောက်လုံးက တိုးမြှင့်လိုက်လျှင် အတူတူပင် ဖြစ်သွားလိမ့်မည်။
အဋ္ဌမကောင်းကင်ဘုံ၊ နဝမကောင်းကင်ဘုံ၏ ဝင်ပေါက်။
သိုင်းဘိုးဘေးနှစ်ယောက်၏ တိုက်ခိုက်မှုက အဋ္ဌမကောင်းကင်ဘုံထိ ထိခိုက်စေသော်လည်း အထွတ်အထိပ် အင်မော်တယ်ဘုရင်များက အချင်းချင်း ကာကွယ်ပေးထားသဖြင့် ဒသမအလွှာမှ တိုက်ပွဲကို ဆက်လက်ကြည့်ရှုနိုင်ကြသည်။
စိတ်ဝိညာဉ်ကမ္ဘာစတင်ချိန်မှစ၍ အသန်မာဆုံးနှစ်ာက်၏ တိုက်ပွဲက ယနေ့ပြီးလျှင် နောက်တစ်ကြိမ် မဖြစ်နိုင်တော့သည့်အတွက် သူတို့က သူတို့၏ ရုပ်ခန္ဓာများ စွန့်လွှတ်ရလျှင်တောင် တိုက်ပွဲကို ရအောင်ကြည့်ရှုကြမည်ဖြစ်သည်။
" သိုင်းဘိုးဘေးက ဘယ်လိုမှ အသာစီးမရသေးဘူး။ ဒီလိုသာဆက်ဖြစ်နေရင် မလွယ်လောက်ဘူး။ " ဟွမ်သွမ်အင်မော်တယ်ဘုရင်က ပြောလိုက်သည်။
" လူသားအထက်မှာ လူသားရှိတယ်။ ကောင်းကင်အထက်မှာ ကောင်းကင်ရှိတယ်။ နဝမကောင်းကင်ဘုံမှာ ကောင်းကင်အရှင်သခင်တွေရှိတယ်။ ဒါပေမယ့် သိုင်းဘိုးဘေးတောင် ဒီလောက်ရုန်းကန်နေရရင် နသမကောင်းကင်ဘုံကို ဘယ်သူ ရောက်နိုင်မှာလဲ။ " အင်မော်တယ်ဘုရင်တစ်ယောက်က စိတ်ပျက်စွာ ပြောလိုက်သည်။
ဟွမ်သွမ်အင်မော်တယ်ဘုရင်ကလည်း တိတ်ဆိတ်နေသည်။ တောင် တစ်တောင်ထက် ပိုမြင့်သော တောင် ရှိသည်ဆိုသကဲ့သို့ အားကောင်းသူထက် ပိုမိုအားကောင်းသူ ရှိလေသည်။ အထွတ်အထိပ် အင်မော်တယ်ဘုရင်များပင် ပြိုင်ဘက်ကင်းသည်ဟု မပြောနိုင်ပေ။ နောက်ဆုံး ကမ္ဘာသမိုင်းတစ်လျှောက်တွင် အသန်မာဆုံး သိုင်းဘိုးဘေးပင် ဒသမအလွှာ၌ ပိတ်မိနေခဲ့သည်။
ဒသမအလွှာ။
လင်းယွမ်က သူ၏ ပြိုင်ဘက် သိုင်းဘိုးဘေးနှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်။
" ပြိုင်ဘက်ကိုအနိုင်ယူဖို့အတွက် သူပုံတူကူးချလို့မရတဲ့ နည်းလမ်းကို သုံးရုံပဲရှိတော့တယ်။ " လင်းယွမ်က တွေးလိုက်သည်။
" ပုံတူကူးလို့မရတာ...."
လင်းယွမ်က သူ၏ ပြိုင်ဘက် သိုင်းဘိုးဘေးကို ကြည့်လိုက်သည်။ " မင်းက ငါ့မှာရှိတဲ့ အရာအားလုံးကို ပိုင်ဆိုင်နိုင်ပေမယ့် ငါ့ရဲ့ နားလည်နိုင်စွမ်းကိုရော မင်းပိုင်ဆိုင်နိုင်ပါ့မလား။ "
လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ဆင်းသက်လာခြင်းဖြစ်ပြီး စိတ်ဝိညာဉ်ကမ္ဘာက ကြီးမြတ်သူများကိုပင် ပုံတူကူးမချနိုင်လျှင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို မည်သို့ပုံတူကူးချနိုင်မည်နည်း။
" သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် တိုက်ခိုက်နေစဉ် ပြိုင်ဘက်ကို လေ့လာပြီး ပြိုင်ဘက်၏ အားနည်းချက်များကို တဖြည်းဖြည်း နားလည်လာပါပြီ။ "
ချက်ချင်း ပြိုင်ဘက်သိုင်းဘိုးဘေး၏ အားနည်းချက်များကို လင်းယွမ်က နားလည်ခဲ့သည်။
" မူလစွမ်းအား..."
လင်းယွမ်က ကမ္ဘာစွမ်းအားကို အသက်သွင်းပြီး အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားထက် ကျော်လွန်သော မူလစွမ်းအားနှင့် ပေါင်းစပ်ကာ ကြောက်စရာကောင်းသော တိုက်ခိုက်မှုဖြင့် ပြိုင်ဘက်သိုင်းဘိုးဘေးကို ထိုးဖောက်သွားသည်။
ပြိုင်ဘက်သိုင်းဘိုးဘေးက ထိုနေရာတွင် မှင်သက်စွာ ရပ်နေသည်။ သူ၏ အတွင်းကမ္ဘာက လင်းယွမ်၏ ထိုးနှက်ချက်ကြောင့် လျင်မြန်စွာ ပြိုကွဲလာပြီး သူ၏ ရုပ်ခန္ဓာကလည်း ဖုန်မှုန့်များအဖြစ် လျင်မြန်စွာ ပျက်ဆီးလာသည်။ နောက်ဆုံး ဒသမအလွှာရှိ ပြိုင်ဘက်က ပျောက်ကွယ်သွားသည်။
ထို့နောက် လင်းယွမ်ကလည်း ရှေ့သို့ လှမ်းလိုက်ရာ ဒသမအလွှာမှ ပျောက်ကွယ်သွားသည်။
နဝမကောင်းကင်ဘုံ။
တိမ်များက လွင့်မျောနေပြီး အဆုံးမရှိကျယ်ပြောလှသည်။ လင်းယွမ်က တောင်ထိပ်တစ်ခုပေါ်တွင် တစ်ယောက်တည်းရပ်နေသည်။
" လူသားတွေအထက်မှာ လူသားတွေရှိပြီး ကောင်းကင်တွေအထက်မှာ ကောင်းကင်တွေရှိတယ်။ နဝမကောင်းကင်ဘုံမှာ ကောင်းကင်အရှင်သခင်တွေရှိတယ်လို့ ပြောကြတယ်။ "
လင်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး ဤကမ္ဘာကြီးတွင် သူတစ်ယောက်တည်း ရှိသကဲ့သို့ ခံစားလိုက်ရသည်။
" ဒါပေမယ့် လူတွေက ဘယ်မှာလဲ။ "
အဋ္ဌမကောင်းကင်ဘုံ။
အထွတ်အထိပ် အင်မော်တယ်ဘုရင်များက တိတ်ဆိတ်သွားကြသည်။
" သိုင်း သိုင်းဘိုးဘေးက နဝမကောင်းကင်ဘုံကို ရောက်သွားပြီလား။ " အချိန်အတော်ကြာပြီးနောက် ကျစ်ကောင်းအင်မော်တယ်ဘုရင်၏ အသံက တုန်ယင်စွာ ထွက်ပေါ်လာသည်။
နှစ်သန်းပေါင်းများစွာ ရှင်သန်လာကြသော အထွတ်အထိပ် အင်မော်တယ်ဘုရင်များအနေဖြင့် ထိတ်လန့်တုန်လှုပ်ခြင်းကို မခံစားရသည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ သူတို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရသော ပန်းတိုင်သို့ သိုင်းဘိုးဘေးက ရောက်သွားသဖြင့် သူတို့အားလုံးက ထိတ်လန့်တုန်လှုပ်ခြင်းကို ခံစားခဲ့ရလေသည်။
" သူရောက်သွားလောက်ပြီ။ " ကောင်းကင်ဖွင့်လှစ်ခြင်းက ပင့်သက်ရှိုက်သွားပြီး ပြောလိုက်သည်။ " ဒသမအလွှာကို ကျော်ရင် နဝမကောင်းကင်ဘုံရှိတယ်။ အခု သိုင်းဘိုးဘေးက နဝမကောင်းကင်ဘုံမှာ ရှိလောက်တယ်။ "
သူတို့အားလုံးက သိုင်းဘိုးဘေး၏ တက်ရောက်ခြင်းကို အစအဆုံးကြည့်ခဲ့ကြပြီး ခံစားချက်အမျိုးမျိုးကို ခံစားနေရသည်။
" နဝမကောင်းကင်ဘုံမှာ ဘာတွေရှိမလဲမသိဘူး။ "
" ဘယ်သူသိနိုင်မှာလဲ။ ဒါပေမယ့် နဝမကောင်းကင်ဘုံမှာ ကောင်းကင်ဘုံသားတွေရှိတယ်လို့ ပြောကြတယ်။ သိုင်းဘိုးဘေးက သူတို့နဲ့ တွေ့နေလောက်ပြီ။ "
အထွတ်အထိပ် အင်မော်တယ်ဘုရင်များက စကားများပြောဆိုနေကြသည်။ သူတို့က ကြီးကျယ်ခမ်းနားသော တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရပြီး ယခုအချိန်တွင် သမိုင်းမတိုင်မီခေတ်မှ သို့မဟုတ် တာအိုပြည်နယ်သုံးထောင်ခေတ်မှဟူ၍ ခွဲခြားခြင်းမရှိတော့ပေ။
" သိုင်းဘိုးဘေးက လွဲရင် နဝမကောင်းကင်ဘုံကို တက်နိုင်မယ့်သူ ရှိတော့မှာမဟုတ်ဘူး။ " ဟွမ်သွမ်အင်မော်တယ်ဘုရင်က နဝမကောင်းကင်ဘုံဝင်ပေါက်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
နဝမကောင်းကင်ဘုံသို့ တက်လှမ်းခြင်းက စိတ်ဝိညာဉ်ကမ္ဘာမှ အစွမ်းထက်သူတိုင်း၏ ပန်းတိုင်ဖြစ်လေသည်။ သူတို့မသိသေးသော ရှေးခေတ်ကာလများတွင် နဝမကောင်းကင်ဘုံသို့ တက်ရောက်ဖူးသူ ရှိပေလိမ့်မည်။
ဥပမာ ရှေးခေတ်ကာလတွင် အသန်မာဆုံးများ ဖြစ်ခဲ့ကြသော နဂါးဘိုးဘေး သို့မဟုတ် ကောင်းကင်ဖီးနစ်ဘိုးဘေးတို့ဖြစ်သည်။ သူတို့က နဝမကောင်းကင်ဘုံသို့ တက်ရောက်သွားနိုင်ချေရှိလေသည်။
သို့သော် ဟွမ်သွမ်အင်မော်တယ်ဘုရင်အတွက် သေချာသည်မှာ အနာဂတ်တွင် အခြားသူများက နဝမကောင်းကင်ဘုံသို့ တက်ရောက်ရန် လုံးဝ မျှော်လင့်ချက်မရှိတော့ပေ။
သိုင်းဘိုးဘေး၏ သက်ရှိပုံရိပ်က ဒသမအလွှာတွင် ရှိနေလျှင် နောက်ခေတ်ကာလများတွင် နဝမကောင်းကင်ဘုံသို့ တက်လှမ်းရန် ရည်ရွယ်ထားသော အင်မော်တယ်ဘုရင်များအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။
သိုင်းဘိုးဘေး၏ ခွန်အားက အလွှာကိုးခုမှ သက်ရှိကိုးယောက်နှင့် ယှဉ်လျှင် ကွာခြားလွန်းလှသည်။ သူတို့ကိုးယောက်လုံးပေါင်းလျှင်တောင် သိုင်းဘိုးဘေး၏ ရှေ့တွင် အနည်းငယ်သာ ခုခံနိုင်ပေလိမ့်မည်။ ယခင် အလွှာကိုးခုမှ သက်ရှိများ၏ ခွန်အားမှာ များစွာ ကွာခြားခြင်းမရှိသော်လည်း ဒသမအလွှာမှ သိုင်းဘိုးဘေးနှင့် ယှဉ်လျှင် အဆတစ်ထောင် အဆတစ်သောင်း ကွာခြားပေလိမ့်မည်။
စိတ်ဝိညာဉ်ကမ္ဘာ၏ နောက်အနာဂတ် ခေတ်များတွင် အစွမ်းထက်သူများစွာက သိုင်းဘိုးဘေး၏ ကြောက်မက်ဖွယ်ရာ အရိပ်အောက်တွင် နေထိုင်ကြရတော့မည်ဖြစ်သည်။