ဒဏ္ဍာရီထဲမှ အင်မော်တယ်ကမ္ဘာ....
Vol. 26 Ch. 399
နဝမကောင်းကင်ဘုံ။
လင်းယွမ်က တောင်ထိပ်ပေါ်တွင် ထိုင်ပြီး လေးနက်စွာ စဉ်းစားနေသည်။
" ဒီနဝမကောင်းကင်ဘုံမှာ ဘာသက်ရှိမှ မရှိဘူး။ ငါက အဲ့ဒီကောင်းကင်အရှင်သခင်လို့ ခေါ်တဲ့သူဖြစ်နိုင်လား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။
ကောင်းကင်အရှင်သခင်များက စိတ်ဝိညာဉ်ကမ္ဘာကို ကြီးကြပ်ပြီး ခေတ်အဆက်ဆက် မသေနိုင်သူများ ဖြစ်ကြသည်ဟု ဆိုကြသည်။ လင်းယွမ်သာ ဆန္ဒရှိလျှင် ထိုကဲ့သို့လုပ်နိုင်လေသည်။
သူ၏ နေထိုင်ချိန်က အကန့်အသတ်ရှိသော်လည်း သူ၏ လက်ရှိခန္ဓာကိုယ်၏ ခွန်အားဖြင့် ခေတ်အဆက်ဆက် မသေနိုင်ခြင်းကို အမှန်တကယ် ရနိုင်လေသည်။
လင်းယွမ်၏ ရုပ်ခန္ဓာက အဋ္ဌမအလွှာ အထွတ်အထိပ်သာမက ဆန်းကြယ်သော ဘူးသီးခြောက်၏ ဆယ့်သုံဆ အားဖြည့်ခြင်းကိုလည်း ခံထားရသည်။
" ဒါပေမယ့် အဲ့ဒီဆန်းကြယ်တဲ့အော်ရာက ဒီနေရာမှာ ပိုပြီးနက်ရှိုင်းတယ်။ ဒါက ဖန်တီးခြင်းစွမ်းအားကို နားလည်ဖို့ အကောင်းဆုံးပဲ။ "
နဝမကောင်းကင်ဘုံက ယခင် ကောင်းကင်ဘုံရှစ်ခုကဲ့သို့ ဆန်းကြယ်သော ပုံရိပ်များ ရှိမနေဘဲ အကန့်အသတ်မရှိ လွင့်မျောနေသော တိမ်ပင်လယ်နှင့် ဟင်လင်းပြင်ကို ဖုံးလွှမ်းနေသော ဆန်းကြယ်သည့် အော်ရာသာ ရှိနေသည်။
ထိုအော်ရာက အဋ္ဌမအလွှာတွင် ရှိသော်လည်း နဝမအလွှာနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးလှသည်။ ထိုအော်ရာက ဖန်တီးခြင်းစွမ်းအားအမျိုးမျိုး၏ သဘာဝကို သိမြင်နိုင်စေလေသည်။
" မူလကျောက်တုံး..." လင်းယွမ်က သူ၏ ခြေထောက်အောက်ရှိ တောင်ထိပ်ကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းက ဟွမ်သွမ်အင်မော်တယ်ဘုရင်ထံမှ ရခဲ့သော ရတနာကျောက်တုံးနှင့် အတူတူပင် ဖြစ်သည်။
ထိုကျောက်တုံးတွင် အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားထက် ကျော်လွန်သော အော်ရာ မူလစွမ်းအား ပါဝင်နေသည်။ လင်းယွမ်က ၎င်းကို မူလကျောက်တုံးဟု ခေါ်ခဲ့လေသည်။
" အဲ့ဒါက..." လင်းယွမ်က နဝမကောင်းကင်ဘုံ၏ အထက်ကို ကြည့်လိုက်သည်။
ဟင်းလင်းပြင်၏ အမြင့်ဆုံးနေရာတွင် စိတ်ဝိညာဉ်ကမ္ဘာထက် အဆပေါင်းများစွာ ကြီးမားသော ကမ္ဘာတစ်ခု၏ ထောင့်တစ်နေရာပေါ်နေသည်။
" အင်မော်တယ်ကမ္ဘာ.... ဒါက ဒဏ္ဍာရီလာ အင်မော်တယ်ကမ္ဘာပဲ..."
လင်းယွမ်က စိတ်ဝိညာဉ်ကမ္ဘာတွင် ပျံ့နှံ့နေသော အင်မော်တယ်ကမ္ဘာ၏ ဒဏ္ဍာရီများကို တွေးမိသွားသည်။
၎င်းက စစ်မှန်သော အထက်ဘုံ၊ တာအိုဘိုးဘေး၏ နေထိုင်ရာဖြစ်သည်။ တာအိုဘိုးဘေးဆိုသည်မှာ အင်မော်တယ်စဉ်၏ ဘိုးဘေး သို့မဟုတ် အင်မော်တယ်ကျင့်ကြံခြင်းစနစ်၏ မူလအစပင် ဖြစ်သည်။ ဥပမာ မူလကမ္ဘာတွင်ဆိုလျှင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆုံးစွန်သော တည်ရှိမှု၊ တစ်နည်းအားဖြင့် ကြီးမြတ်သူတစ်ယောက် ဖြစ်၏။
အင်မော်တယ်တာအိုကမ္ဘာတွင် ရှိစဉ် လင်းယွမ်က အင်မော်တယ်ကျင်ကြံခြင်းစနစ်၏ ကြောက်စရာကောင်းသော သဘာဝကို အနည်းငယ် ခံစားမိခဲ့သည်။ ၎င်းက မူလကမ္ဘာမှ အမြင့်ဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ကိုးမျိုးအောက် နိမ့်ကျခြင်းမရှိပေ။
ထို့ကြောင့် အင်မော်တယ်တာအိုကမ္ဘာတွင် အင်မော်တယ်ကျင့်ကြံခြင်းစနစ် ပြန့်ပွားခြင်းမှာ ထိုအဆုံးစွန်သော တည်ရှိမှု၏ ဆန္ဒဖြစ်နိုင်ကြောင့် ခန့်မှန်းခဲ့သည်။ ထို့ကြောင့်လည်း လင်းယွမ်က အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို မူလကမ္ဘာတွင် ဖြန့်ကျက်ခြင်းမပြုခဲ့ခြင်းဖြစ်သည်။
အဆုံးစွန်သော တည်ရှိမှုများက သူတို့၏ ကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံကြသော သက်ရှိတိုင်းကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်ကြလေသည်။
စိတ်ဝိညာဉ်ကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာက မူလကမ္ဘာနှင့် တူညီသော ဒိုင်မင်းရှင်းပေါ်တွင် မရှိပေ။ အလွန်စွမ်းအားကြီးသူများပင် မတူညီသော ဒိုင်မင်းရှင်းများကို ဖြတ်ကျော်ပြီး အခြားအချိန်နှင့် လေဟာနယ်တစ်ခုသို့ ဆင်းသက်နိုင်မည်မဟုတ်ပေ။
သို့သော် လမ်းညွှန်မှတ်ရှိမည်ဆိုလျှင် ကြီးမားသော ပင်လယ်ထဲတွင် သံလိုက်အိမ်မြှောင်ရှိသကဲ့သို့ ကွဲပြားသွားပေလိမ့်မည်။ အင်မော်တယ်လမ်းစဉ်ကျင့်ကြံသူများက အင်မော်တယ်လမ်းစဉ်ဘိုးဘေးအတွက် လမ်းညွှန်မှတ်များ ဖြစ်သွားကြပေလိမ့်မည်။
မူလကမ္ဘာတွင် အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ဖြန့်ကျက်ခြင်းက အင်မော်တယ်လမ်းစဉ်ဘိုးဘေး၏ အခြေခံကို တိုးမြှင့်ပေးရုံသာမက မူလကမ္ဘာ၏ အချိန်နှင့်လေဟာနယ်သတ်မှတ်ချက်များကိုလည်း သိသွားပေလိမ့်မည်။
လင်းယွမ်က ထိုမျှအန္တရာယ်ရှိသော ကိစ္စတွင် ပါဝင်မည်မဟုတ်ပေ။ ထို့အပြင် အင်မော်တယ်ကျင့်ကြံခြင်းစနစ်၏ အဆုံးစွန်သော တည်ရှိမှုကို သူပင် ခံစားမိခဲ့လျှင် မူလကမ္ဘာရှိ လူသားမျိုးနွယ်၏ ကြီးမြတ်သူများကလည်း ခံစားနိုင်လေသည်။ ထိုအချိန်ကျလျှင် လင်းယွမ်က လူသားမျိုးနွယ်ကို ရှင်းပြချက် ပေးနိုင်မည်မဟုတ်ပေ။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လင်းယွမ်ဖန်တီးခဲ့ခြင်းဖြစ်ပြီး အဆုံးစွန်သော တည်ရှိမှုဟူ၍ မရှိပေ။ လင်းယွမ် ပထမဆုံး ဆင်းသက်ခဲ့သော ကမ္ဘာက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက် ကနဦးအသိအမြင်များ ရရှိခဲ့ပြီး နောက်ပိုင်းတိုးတက်မှုများက သူ၏ ကိုယ်ပိုင်လမ်းကြောင်းသာ ဖြစ်လေသည်။
" အင်မော်တယ်ကမ္ဘာ.... အင်မော်တယ်လမ်းစဉ်ဘိုးဘေးလို အဆုံးစွန်တဲ့တည်ရှိမှုကို မွေးထုတ်ပေးနိုင်လို့ မူလကမ္ဘာထက် အများကြီး အားမနည်းလောက်ဘူး။ ကွာခြားမှုတွေရှိရင်တောင် အဆင့်တူမှာလည်း ရှိနေနိုင်တယ်။ " လင်းယွမ်က အင်မော်တယ်ကမ္ဘာ၏ ထောင့်တစ်နေရာကို ကြည့်ပြီး စဉ်းစားနေသည်။
ယခု လင်းယွမ်က အင်မော်တယ်ကမ္ဘာကို ဒုတိယအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ပထမဆုံးအကြိမ်မှာ ဆင်းသက်ခြင်းမပြုမီ သူ၏ စိတ်အသိမျှင်တစ်ခုကို အနန္တကမ္ဘာများ၏ ဂိတ်တံခါးသို့ ပို့လွှတ်ပြီး ကြည့်မိခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း လင်းယွမ်က အပြည့်အဝ ကျင့်ကြံခဲ့ပြီး စိတ်ဝိညာဉ်ကမ္ဘာ၏ လေဟာနယ်ကို ဆုတ်ဖြဲကာ ကမ္ဘာပြင်ပရှိ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ခဲ့သည်။ သို့သော် သူက အင်မော်တယ်ကမ္ဘာ၏ အော်ရာကို မခံစားမိခဲ့ပေ။
အင်မော်တယ်ကမ္ဘာက မတူညီသော အလွှာတစ်ခုတွင် ရှိနေသကဲ့သို့ နဝမကောင်းကင်ဘုံကို ရောက်မှသာ အင်မော်တယ်ကမ္ဘာ၏ တိကျသော နေရာကို ရှာဖွေတွေ့ရှိနိုင်လေသည်။
လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါး ရှုထောင့်မှ ကြည့်လျှင် အင်မော်တယ်ကမ္ဘာကို ရှာတွေ့နိုင်လေသည်။ ၎င်းရှုထောင့်မှ ကြည့်လျှင် အင်မော်တယ်ကမ္ဘာက စိတ်ဝိညာဉ်ကမ္ဘာနှင့် လေဟာနယ်အလွှာများ မည်မျှ ခြားနားစေကာမူ ဖုံးကွယ်၍ မရခဲ့ပေ။
လင်းယွမ်က အထက်ရှိ ကြီးမားသော ကမ္ဘာကြီးကို သေချာအာရုံစိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ စိတ်ထဲရှိ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ရုတ်တရက် တောက်ပလာသည်။ မမြင်နိုင်သော လှိုင်းတစ်ခုက အင်မော်တယ်ကမ္ဘာရှိရာသို့ ပျံ့နှံ့သွားသည်ဟု ထင်ရသည်။ ခဏကြာသောအခါ ဂိတ်တံခါးမှ အချက်အလက်များက လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
" အင်မော်တယ်ကမ္ဘာရဲ့ ဆုံမှတ်တွေ..." လင်းယွမ်က ပြုံးလိုက်သည်။
စိတ်ဝိညာဉ်ကမ္ဘာ၏ နဝမကောင်းကင်ဘုံနှင့် အင်မော်တယ်ကမ္ဘာတို့က တူညီသော လေဟာနယ်အလွှာတွင် တည်ရှိကြသည်။ ထို့ကြောင့် အင်မော်တယ်ကမ္ဘာ၏ ထောင့်တစ်နေရာကို မြင်နိုင်ခြင်းဖြစ်သည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ကမ္ဘာဆုံမှတ်များကို မှတ်တမ်းတင်ထားနိုင်စွမ်းရှိလေသည်။ လင်းယွမ်က အင်မော်တယ်တာအိုကမ္ဘာတွင် စိတ်ဝိညာဉ်ကမ္ဘာ၏ ဆုံမှတ်များကို ရရှိကတည်းက သိနေခဲ့သည်။
" နဝမကောင်းကင်ဘုံကနေ အထက်ကို ပျံသန်းသွားရင် အင်မော်တယ်ကမ္ဘာကို ရောက်နိုင်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သို့သော် စိတ်ဝိညာဉ်ကမ္ဘာ၏ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီးသွားလျှင် အင်မော်တယ်ကမ္ဘာသို့ ရောက်နိုင်မည်မဟုတ်ပေ။ အကြောင်းမှာ စိတ်ဝိညာဉ်ကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာတို့က တူညီသော လေဟာနယ်အလွှာတွင် ရှိနေကြခြင်းမဟုတ်ပေ။
သို့သော် နဝမကောင်းကင်ဘုံနှင့် အင်မော်တယ်ကမ္ဘာတို့က တူညီသော အလွှာတွင် ရှိနေပြီး နဝမကောင်းကင်ဘုံမှ ဆက်တိုက်ပျံသန်းသွားလျှင် အင်မော်တယ်ကမ္ဘာနှင့် နီးကပ်နိုင်လေသည်။
" ထားလိုက်တော့.... အချိန်မရှိတော့ဘူး။ " လင်းယွမ်က အင်မော်တယ်ကမ္ဘာသို့ ဝင်ရောက်မည့်အတွေးကို စွန့်လွှတ်လိုက်သည်။
သူ၏ နေထိုင်ချိန်က ဆယ်နှစ်ကျော်သာ ကျန်တော့လေသည်။ နဝမကောင်းကင်ဘုံမှ တည့်တည့်ပျံသန်းလျှင်တောင် လမ်းခရီးမှာပင် မူလကမ္ဘာသို့ ပြန်ရောက်သွားနိုင်လေသည်။ ထို့အပြင် သူက အင်မော်တယ်ကမ္ဘာ၏ ဆုံမှတ်များ ရရှိထားသောကြောင့် အချိန်မရွေး ဆင်းသက်နိုင်လေသည်။
" နဝမကောင်းကင်ဘုံမှာ ဆယ်စုနှစ်တစ်ခုလောက် ကျင့်ကြံရမှာပေါ့။ " လင်းယွမ်က အောက်ရှိ တိမ်ပင်လယ်ကို ကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
နဝမကောင်းကင်ဘုံတွင် ဆန်းကြယ်သော အော်ရာက ထူထပ်နေပြီး ဖန်တီးခြင်းစွမ်းအားကို နားလည်ရန် သင့်တော်လေသည်။ လင်းယွမ်က ထိုအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း ၁၇ နှစ်ကြာသွားခဲ့သည်။
အမည် - လင်းချန် (လင်းယွမ်)။
အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်။
စွမ်းရည် - ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်း။
နတ်စွမ်းရည် - သွေးပြန်လည်မွေးဖွားခြင်း၊ အားဖြည့်ခြင်း။
လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း။
နေထိုင်ချိန် - တစ်ရက်။
လင်းယွမ်က မျက်လုံးများ ဖွင့်ပြီး အချက်အလက်များကို ကြည့်လိုက်သည်။
" ပြန်ဖို့အချိန်ကျပြီ။ "
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လင်းယွမ်က ဖန်တီးခြင်းစွမ်းအားများကို နားလည်ရန်သာ အချိန်ပေးခဲ့ပြီး ထိုက်ကျိစွမ်းအားကိုလည်း တတိယနယ်ပယ်ထိ နားလည်နိုင်ခဲ့သည်။ ထို့အပြင် အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား ခုနှစ်မျိုးကလည်း ဒုတိယနယ်ပယ်အထိ ရောက်ခဲ့သည်။
စိတ်ဝိညာဉ်ကမ္ဘာမှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များပင် ဖန်တီးခြင်းစွမ်းအားကို ထပ်မံတိုးတက်ရန် နှစ်ပေါင်း သောင်းချီ သိန်းချီ ကြာနိုင်လေသည်။
ဆယ်စုနှစ်အတွင်း လင်းယွမ်က ထိုအဆင့်သို့ ရောက်နိုင်ခြင်းမှာ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းအပြင် နဝမကောင်းကင်ဘုံကြောင့်လည်း ပါဝင်လေသည်။
" နောက်ဆုံး ဒီခန္ဓာကိုယ်ကို ဘယ်လိုလုပ်ရမလဲ စဉ်းစားရမယ်။ " လင်းယွမ်က အတွေးနက်နေသည်။ နှစ်ပေါင်းတစ်ထောင်နီးပါး ကျင့်ကြံခဲ့သော ထိုခန္ဓာကိုယ်ကလည်း သူ၏ ကြိုးစားမှုရလဒ်တစ်ခုဖြစ်သည်။
လင်းယွမ်က မူလကမ္ဘာသို့ ပြန်သွားသည်နှင့် သူ၏ စိတ်အသိက ထွက်ခွာသွားပြီး ထိုခန္ဓာကိုယ်ကို ပြန်ယူသွား၍ မရပေ။
" ကောင်းပြီလေ။ မင်းလည်း အနားယူလိုက်ပါတော့။ "