← Chapters

ပြန်ရောက်လာခြင်း....

Vol. 26 Ch. 400

ပြန်ရောက်လာခြင်း....

Vol. 26 Ch. 400

လင်းယွမ်၏ အတွေးများက အနည်းငယ် လှုပ်ရှားသွားပြီး သူ၏ ရှေ့တွင် လက်ဝါးအရွယ် ခေါင်းလောင်းသဏ္ဍန် ရတနာတစ်ခု ပေါ်လာသည်။ ၎င်းက ယွမ်ရှန်းကျင်းပင် ဖြစ်၏။

စိတ်ဝိညာဉ်ကမ္ဘာသို့ ရောက်ပြီးနောက် လင်းယွမ်က ယွမ်ရှန်းကျင်းကို ယူဆောင်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်း ပျိုးထောင်ခဲ့သည်။ ၎င်းက ကြီးထွားနိုင်သော စွမ်းရည် ရှိသည့်အတွက် အဆက်မပြတ် ပျိုးထောင်ရန် လိုအပ်လေသည်။

မူလကမ္ဘာတွင် လင်းယွမ်၏ ခွန်အားက အဆက်မပြတ် တိုးတက်နေသဖြင့် ယွမ်ရှန်းကျင်းကို ပျိုးထောင်ရန် အချိန်မရှိပေ။ ထို့ကြောင့် သူဆင်းသက်ချိန်တွင် ယွမ်ရှန်းကျင်းကို ပျိုးထောင်ရန် ယူဆောင်လာခဲ့သည်။ ၎င်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်သာ ကုန်သောကြောင့် လင်းယွမ်အတွက် ပြဿနာမရှိပေ။

ဝှစ်....

ယွမ်ရှန်းကျင်းက လင်းယွမ်၏ ရှေ့တွင် ပျံသန်းနေသည်။ တစ်ချိန်တည်းတွင် လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားထက် ကျော်လွန်သော မူလစွမ်းအားမျှင်တစ်ခုက သူ၏ ခြေလက်အင်္ဂါများသို့ လှည့်ပတ် စီးဆင်းနေသည်။

မူလစွမ်းအားက ရှေးဦးစွမ်းအားတစ်ခုဖြစ်ပြီး အရာအားလုံးကို အသန့်စင်ဆုံး မူလချီနှင့် အနှစ်သာရအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။

မူလစွမ်းအားက ဆက်တိုက်လှည့်ပတ်နေသည်နှင့်အမျှ လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ ချီနှင့် သွေးများက ယွမ်ရှန်းကျင်းထဲသို့ ဝင်ရောက်သွားကြသည်။ လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို မူလကမ္ဘာသို့ တိုက်ရိုက် ပြန်မယူသွားနိုင်သော်လည်း ၎င်းကို ယွမ်ရှန်းကျင်းအား မြှင့်ဆင်ရန် အသုံးပြုနိုင်လေသည်။

သွေးနှင့်ချီစွမ်းအားများ ဝင်ရောက်လာသည်နှင့်အမျှ ယွမ်ရှန်းကျင်းကလည်း ကြောက်စရာကောင်းသော အော်ရာကို ထုတ်လွှတ်နေသည်။ နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်၏ ခန္ဓာကိုယ်က ယွမ်ရှန်းကျင်းနှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့သည်။

ယွမ်ရှန်းကျင်း၊ ဘူးသီးခြောက်နှင့် လင်းယွမ်၏ စိတ်အသိတို့က အနန္တကမ္ဘာများ၏ ဂ်တ်တံခါးထဲသို့ ဝင်ရောက်ပြီး မူလကမ္ဘာသို့ ပြန်သွားကြသည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က ခန်းမထဲတွင် ထိုင်နေပြီး သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

" နောက်ဆုံးတော့ပြန်ရောက်လာပြီ။ "

လင်းယွမ်က စိတ်ဝိညာဉ်ကမ္ဘာတွင် နှစ်ပေါင်း ၉၂၀ ကြာမြင့်ခဲ့ပြီး မူလကမ္ဘာတွင် နှစ်နှစ်ပင်မပြည့်သေးပေ။ အကြမ်းဖျင်းအားဖြင့် မူလကမ္ဘာတွင် တစ်နှစ်က စိတ်ဝိညာဉ်ကမ္ဘာတွင် နှစ်ငါးရာနှင့် ညီမျှလေသည်။

" စိတ်ဝိညာဉ်ကမ္ဘာအထက်က အင်မော်တယ်ကမ္ဘာမှာဆိုရင် နှစ်တစ်ရာကို တစ်နှစ်ဖြစ်မလား။ ဒါမှမဟုတ် ဆယ်စုနှစ်အချို့ပဲ ကြာမလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။

၎င်းက မူလကမ္ဘာ၏ အချိန်စီးဆင်းမှုနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။ အင်မော်တယ်ကမ္ဘာတွင် အင်မော်တယ်လမ်းစဉ်၏ အဆုံးစွန်သော တည်ရှိမှု တာအိုဘိုးဘေးရှိနေသော်လည်း ၎င်း၏ အရွယ်အစားက မူလကမ္ဘာထက် သေးငယ်မည်မှာ သေချာလေသည်။

အင်မော်တယ်ကမ္ဘာတွင် တာအိုဘိုးဘေးနှင့်အဆင့်တူ ဘယ်နှစ်ယောက်ရှိနိုင်မှာလဲ။ မူလကမ္ဘာတွင် အခြားမျိုးနွယ်များမပါဘဲ လူသားမျိုးနွယ်မှာပင် ကြီးမြတ်သူကိုးယောက်ရှိလေသည်။

" ယွမ်ရှန်းကျင်း..." လင်းယွမ်၏ ညာလက်ကို မြှောက်လိုက်ရာ ခေါင်းလောင်းပုံရတနာတစ်ခု ပေါ်လာသည်။

စိတ်ဝိညာဉ်ကမ္ဘာတွင် နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့သည့်အပြင် သူ၏ ခန္ဓာကိုယ်နှင့်ပါ ပေါင်းစပ်ခဲ့သောကြောင့် ယွမ်ရှန်းကျင်းက ထင်ရှားသော ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ရသည်။

လင်းယွမ်က ဆင်းသက်ချိန်တွင် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်မယူဆောင်နိုင်သောကြောင့် သို့မဟုတ် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည်ဖြစ်သောကြောင့် သူက ၎င်းကို ယွမ်ရှန်းကျင်းနှင့် ပေါင်းစပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆုံးတွင် ယွမ်ရှန်းကျင်းကို ပြန်လည်ယူဆောင်ခြင်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်သာ ကုန်ပြီး ၎င်းက ပိုမိုစွမ်းအားကောင်းလာလျှင်တောင် ပမာဏက တိုးလာမည်မဟုတ်ပေ။

" အခု ငါ့ရဲ့ ယွမ်ရှန်းကျင်းက နဝမအဆင့်လက်နက်ထက် သိပ်နိမ့်ကျမှာမဟုတ်တော့ဘူး။ နဝမအလွှာကို ရောက်ပြီး နည်းနည်းလောက် ပျိုးထောင်လိုက်ရင် နဝမအဆင့် လက်နက်တစ်ခု ဖြစ်လာလိမ့်မယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

စိတ်ဝိညာဉ်ကမ္ဘာတွင် ကျင့်ကြံခဲ့သော သူ၏ ခန္ဓာကိုယ်နှင့် အတွင်းကမ္ဘာက နဝမအလွှာနှင့် တူညီလုနီးပါး ဖြစ်လေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ နိယာမများအပေါ် နားလည်ခြင်းသာ ဖြစ်သည်။

" အချိန်ကုန်သက်သာသွားပြီ။ " လင်းယွမ်က ကျေနပ်နေသည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အခြားကမ္ဘာများမှ အရာဝတ္ထုများကို ယူဆောင်နိုင်ပြီး သူ၏ ခန္ဓာကိုယ်ကို အရာဝတ္ထုတစ်ခုအဖြစ် သတ်မှတ်နိုင်သော်လည်း သုံးစွဲရမည့် ကုန်ကျစရိတ်ကို လင်းယွမ်မတတ်နိုင်ပေ။ ထိုဖြေရှင်းချက်က အကောင်းဆုံးဖြစ်သည်။ အနည်းဆုံးတော့ သူ၏ ခန္ဓာကိုယ်က အလကားမဖြစ်တော့ပေ။

" ဒီဆင်းသက်မှုက ထင်ထားတာထက် အကျိုးအမြတ်တွေရခဲ့တယ်။ " လင်းယွမ်က ယွမ်ရှန်းကျင်းကို သိမ်းဆည်းလိုက်ပြီး ဆန်းကြယ်သော ဘူးသီးခြောက်ကို စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် သူရရှိခဲ့သော အကျိုးအမြတ်များကို စတင်စဉ်းစားလိုက်သည်။ ပထမတစ်ခုမှာ ပင်မလေဟာနယ်ပုံစံများကို နားလည်ခြင်း ဖြစ်သည်။ ဆင်းသက်ခြင်းမတိုင်မီ လင်းယွမ်က ပင်မလေဟာနယ်ပုံစံ ၂၉၃၂ခုကိုသာ နားလည်ခဲ့သည်။

သို့သော် ယခု လင်းယွမ်က ပင်မလေဟာနယ်ပုံစံ ၅၅၀၀ကို နားလည်သွားပြီဖြစ်သည်။ အရေအတွက်က နှစ်ဆတိုးလာသည့်အပြင် နောက်ပိုင်း ပင်မလေဟာနယ်ပုံစံများက အစောပိုင်းထက် များစွာ ပိုမိုခက်ခဲလေသည်။

ပင်မလေဟာနယ်ပုံစံ ၇၇၈၂ခု ရှိလေသည်။ ပထမ လေဟာနယ်ပုံစံသုံးထောင်ကို နားလည်သည်နှင့် အခြားနိယာမများကို ပေါင်းစပ်ရန် ကြိုးစားနိုင်လေသည်။

ပင်မလေဟာနယ်ပုံစံ ၅၅၀၀ကို နားလည်ထားသဖြင့် လင်းယွမ်က မူလကမ္ဘာမှ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများကြားတွင် ထိပ်ဆုံးထဲ၌ ရပ်တည်နေပေလိမ့်မည်။

သူ့ကို ကျော်လွန်နိုင်သူများမှာ စကြာဝဠာ၏ နှစ်သက်ခြင်းခံရသော ကြယ်ပင်လယ်ခွန် သို့မဟုတ် ချီခွန်ကြယ်သခင်ကဲ့သို့သော လူများပင် ဖြစ်သည်။ ချီခွန်ကြယ်သခင်နားလည်သော ပင်မလေဟာနယ်ပုံစံမှာ ခြောက်ထောင်ကျော်ပြီဖြစ်သော်လည်း ၎င်းက ကြယ်ပင်လယ်ခွန်၏ မျိုးရိုးပါရမီကြောင့် ဖြစ်သည်။

" အတွင်းကမ္ဘာ..." လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဝင်ရောင်သွားသည်။

လင်းယွမ်၏ စိတ်အသိပြန်ရောက်လာသည်နှင့် လေဟာနယ်နိယာမအပေါ် နားလည်မှုနှင့်အတူ အတွင်းကမ္ဘာက လျင်မြန်စွာ ကျယ်ပြန့်သွားသည်။ ပင်မလေဟာနယ်ပုံစံ ၅၅၀၀က အတွင်းကမ္ဘာကို မိုင် ၇.၅သန်း ချဲ့ထွင်ပေးနိုင်လေသည်။

ဆင်းသက်ခြင်းမတိုင်မီ ဘူးသီခြောက်မှအရည်ကို စုပ်ယူခြင်းမှ လင်းယွမ်၏ အတွင်းကမ္ဘာက ငါးဆတိုးလာခဲ့သည်။ ထို့ကြောင့် ပုံမှန်အခြေအနေတွင် လင်းယွမ်၏ အတွင်းကမ္ဘာက ၃၇.၅သန်းအထိ တိုးလာခဲ့သည်။

ထို့ကြောင့် လက်ရှိ မိုင်ဆယ်သန်းဝန်းကျင်မှ နောက်ထပ် မိုင် ၂၇.၅သန်း တိုးချဲ့ရန် ကြီးမားသော စွမ်းအားပမာဏကို လိုအပ်လေသည်။

လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ အတွင်းကမ္ဘာချဲ့ထွင်မှုကို ဖိနှိပ်ပြီး ရပ်တန့်စေလိုက်သည်။ သူ၏ အတွင်းကမ္ဘာချဲ့ထွင်မှုကို ထိန်းချုပ်မထားလျှင် ခဏအတွင်း သူ၏ခန္ဓာကိုယ်က ခမ်းခြောက်သွားပေလိမ့်မည်။

မိုင် ၂၇သန်းကျော်အတွက် လိုအပ်သော စွမ်းအားပမာဏက ကြောက်စရာကောင်းလှသည်။ စိတ်ဝိညာဉ်ကမ္ဘာတွင် တဖြည်းဖြည်း ကြီးထွားရန်ပင် လင်းယွမ်က နှစ်ပေါင်း နှစ်ရာမှ သုံးရာအထိ အချိန်ယူခဲ့ရသည်။

" စိတ်မကောင်းစရာပဲ။ ဒီတစ်ခါတော့ ငါဆရာကို အားကိုးလို့မရတော့ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ယခင်အတွင်းကမ္ဘာချဲ့ထွင်ချိန်တွင် လင်းယွမ်က အနီရောင်စိတ်ဝိညာဉ်အရည်ပေါ်တွင် မှီခိုခဲ့သည်။ ၎င်းက ချီခွန်မျိုးနွယ်မှ တောင်ထိပ်သခင်တစ်ယောက်၏ အခွင့်အရေးဖြစ်ပြီး အနီရောင်စိတ်ဝိညာဉ်အရည်ကို အကန့်အသတ်မရှိ တောင်းခံနိုင်လေသည်။

ယခု လင်းယွမ်က ထိုအခွင့်အရေးကို ဆုံးရှုံးသွားခြင်းမဟုတ်ပေ။ သို့သော် အတွင်းကမ္ဘာကို မိုင် ၃၇.၅သန်းထိ ချဲ့ထွင်ရန် လိုအပ်သော အနီရောင်စိတ်ဝိညာဉ်အရည်က ချီခွန်မျိုးနွယ်အတွက်ပင် ကြီးမားသော ပမာဏဖြစ်နိုင်လေသည်။

လင်းယွမ်ကလည်း ချီခွန်ကြယ်သခင်အတွက် ထိုမျှ ကြီးမားသော စွန့်လွှတ်မှုကို တောင်းခံရန် စိတ်မပါပေ။

" ငါ့ကိုငါပဲ အားကိုးရတော့မယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

လင်းယွမ်၏ လက်ရှိပိုင်ဆိုင်မှုတွင် အတွင်းကမ္ဘာ၏ ချဲ့ထွင်ခြင်းကို ထောက်ပံ့ပေးနိုင်သော စွမ်းအားမှာ စကြာဝဠာသလင်းကျောက်များသာဖြစ်သည်။ သို့သော် စကြာဝဠာသလင်းကျောက်များက အလွန်တန်ဖိုးရှိလှပြီး ၎င်းကို အတွင်းကမ္ဘာကို ချဲ့ထွင်ရန် အာဟာရအဖြစ် အသုံးပြုခြင်းက ဖြုန်းတီးခြင်းဖြစ်လေသည်။

လင်းယွမ်က စကြာဝဠာသလင်းကျောက်ကို အနီရောင်စိတ်ဝိညာဉ်အရည်နှင့် ဆင်တူသော စွမ်းအားတစ်မျိုးကို ဝယ်ယူရန် စီစဉ်ခဲ့သည်။ စကြာဝဠာသလင်းကျောက်တစ်ခုနှင့် ထိုကဲ့သို့ သန့်စင်သော စွမ်းအား များကို ဝယ်ယူနိုင်လေသည်။

စကြာဝဠာသလင်းကျောက်များ တန်ဖိုးကြီးရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့တွင် အလွန်သန့်စင်ပြီး အဆင့်မြင့်သော စကြာဝဠာစွမ်းအားများ ပါဝင်နေသည်။ သို့သော် အတွင်းကမ္ဘာ ချဲ့ထွင်ရန်အတွက် မည်သည့်စွမ်းအားမဆို လုံလောက်ပြီး သန့်စင်မှုအတွက် များစွာ မလိုအပ်ပေ။

ထို့ကြောင့် စကြာဝဠာသလင်းကျောက်ကို အတွင်းကမ္ဘာချဲ့ထွင်ရန် အသုံးပြုခြင်းက မဖြစ်မနေ လုပ်ဆောင်ရခြင်းမဟုတ်ဘဲ ပုံမှန်အားဖြင့် မည်သည့်ဆင့်ကဲပြောင်းလဲသူမှ ထိုကဲ့သို့ ပြုလုပ်မည်မဟုတ်ပေ။

ထို့အပြင် လင်းယွမ်၏ အတွင်းကမ္ဘာ ချဲ့ထွင်မှုက မိုင်ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်း မဟုတ်ဘဲ မိုင်ပေါင်း သန်းဆယ်ဂဏန်းအထိ ကျယ်ပြန့်လေသည်။

" ဖန်တီးခြင်းစွမ်းအား.... မဟုတ်ဘူး ဒါက စကြားဝဠာစွမ်းအား..."

လင်းယွမ်က သူ၏ အတွင်းကမ္ဘာမှ ကောင်းကင်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် ထိုက်ကျိစွမ်းအား၊ ယင်နှင့်ယန်တို့၏ အဖြူအနက်စွမ်းအားများက တစ်နေရာကို သိမ်းပိုက်ထားပြီး အဆင့်မြင့် ဖန်တီးခြင်းစွမ်းအား ဆယ့်နှစ်မျိုးက အခြားတစ်နေရာကို သိမ်းပိုက်ထားသည်။ နောက်ဆုံးတွင် သာမန်ဖန်တီးခြင်းစွမ်းအား ခြောက်ဆယ်ကျော်က တတိယနေရာကို သိမ်းပိုက်ထားသည်။

၎င်းတို့ထဲတွင် တတိယနယ်ပယ်သို့ ရောက်နေသော ထိုက်ကျိစွမ်းအားပင် ဖြစ်သည်။

All Chapters