← Chapters

သိုင်းတာအို အဋ္ဌမအလွှာကဏ္ဍ....

Vol. 26 Ch. 401

သိုင်းတာအို အဋ္ဌမအလွှာကဏ္ဍ....

Vol. 26 Ch. 401

လင်းယွမ်က ဖန်တီးခြင်းစွမ်းအား တစ်မျိုးပြီးတစ်မျိုးကြည့်နေသည်။ ထိုအချိန်တွင် မမြင်နိုင်သော လှိုင်းတစ်ခုက အပြင်ဘက်ကြယ်စကြာဝဠာထဲမှ လင်းယွမ်၏ ရုပ်ခန္ဓာထဲသို့ စီးဝင်နေသည်။

လင်းယွမ်က သူ၏ အတွင်းကမ္ဘာနှင့် ကြယ်စကြာဝဠာကြားမှ အတားအဆီးကို ဖွင့်လိုက်သည်နှင့် ထိုဖန်တီးခြင်းစွမ်းအားများက ကြယ်စကြာဝဠာထဲတွင် တံဆိပ်ခတ်နှိပ်ပြီး စကြာဝဠာစွမ်းအားများအဖြစ် ပြောင်းလဲကာ လင်းယွမ် တစ်ယောက်တည်းသာ ပိုင်ဆိုင်သွားပေလိမ့်မည်။

" အခု ငါက အဋ္ဌမအလွှာ တားဆီးမရသူလို့ ပြောလို့ရပြီလား။ " လင်းယွမ်က အံ့ဩစွာ ရေရွတ်လိုက်သည်။

သီအိုရီအရ စကြာဝဠာစွမ်းအားတစ်ခုကို နားလည်ခြင်းက အဋ္ဌမအလွှာ တားဆီးမရသူကို ဆိုလိုလေသည်။ ယခု လင်းယွမ်က စကြာဝဠာစွမ်းအားများစွာကို နားလည်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့တွင် အဆင့်မြင့် စကြာဝဠာစွမ်းအား ဆယ်မျိုးကျော်နှင့် ၎င်းထက် ကျော်လွန်သော မူလစွမ်းအားတို့ဖြစ်ကြသည်။

စိတ်ဝိညာဉ်ကမ္ဘာတွင် ပြည့်စုံသော ဖန်တီးခြင်းစွမ်းအားကို ပထမနယ်ပယ်ထိ နားလည်ထားသော အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ယောက်က မူလကမ္ဘာမှ အဋ္ဌမအလွှာ တားဆီးမရသူနှင့် ညီမျှလေသည်။

လင်းယွမ်က စိတ်ဝိညာဉ်ကမ္ဘာမှ ခွန်အားနှင့်ဆိုလျှင် အဋ္ဌမအလွှာမှ သာမန် တားဆီးမရသူများကို သတ်ဖြတ်နိုင်စွမ်းရှိလေသည်။ ထိုသတ်ဖြတ်ခြင်းက ဖိနှိပ်ခြင်း သို့မဟုတ် မောင်းထုတ်ခြင်းမဟုတ်ပေ။

ယခု သူ၏ ခွန်အား အပြည့်အဝ ပြန်မရသေးသော်လည်း သူနားလည်ထားသော စကြာဝဠာစွမ်းအားများနှင်လ အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို သတ်ရန် မခက်ခဲပေ။

စကြာဝဠာစွမ်းအား တစ်ခုကို နားလည်ပြီး အတွင်းကမ္ဘာက မိုင်သန်းဆယ်ဂဏန်းလောက်ရှိလျှင် လင်းယွမ်ကို အဋ္ဌမအလွှာ တားဆီးမရသူများထဲတွင် အားကောင်းသူဟု သတ်မှတ်နိုင်လေသည်။ စကြာဝဠာဆယ်ခုကျော်နားလည်ထားသည်ကို ပြောစရာပင် မလိုပေ။

၎င်းတို့ထဲတွင် တတိယနယ်ပယ်ထိ နားလည်ထားသော ထိုက်ကျိစွမ်းအားလည်း ပါဝင်လေသည်။

" စကြာဝဠာစွမ်းအားက အတွင်းကမ္ဘာအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ ငါခံစားမိတယ်။ " လင်းယွမ်က စိတ်ဝိညာဉ်ကမ္ဘာတွင် တွေ့ရှိခဲ့သော စကြာဝဠာစွမ်းအားက အတွင်းကမ္ဘာအား ပို၍ တည်ငြိမ်စေသည်ကို ခံစားလိုက်ရလေသည်။

၎င်းက စကြာဝဠာရတနာများဖြင့် ယှဉ်နိုင်လေသည်။ ထို့အပြင် ၎င်းက သာမန်ဖန်တီးခြင်းစွမ်းအားသာဖြစ်ပြီး အဆင့်မြင့် ဖန်တီးခြင်းစွမ်းအားသာဆိုလျှင် ပြောစရာပင်မလိုပေ။ မူလစွမ်းအားမျှင်တစ်ခုကလည်း လင်းယွမ်၏ အတွင်းကမ္ဘာ တည်ငြိမ်မှုကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။

အတွင်းကမ္ဘာက ပို၍ တည်ငြိမ်လာသည်နှင့်အမျှ ထုတ်လွှတ်သော ကမ္ဘာစွမ်းအားက ပို၍ အားကောင်းလေသည်။ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ တိုက်ခိုက်သည့်အခါ သူတို့၏ ကမ္ဘာစွမ်းအားများ ယှဉ်ကြသကဲ့သို့ အတွင်းကမ္ဘာများကလည်း ယှဉ်ကြလေသည်။

လင်းယွမ်၏ အတွင်းကမ္ဘာက လက်ရှိတည်ငြိမ်မှုကြောင့် ထိလိုက်လျှင်တောင် အခြား အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ၏ အတွင်းကမ္ဘာက ပြိုကွဲသွားပေလိမ့်မည်။

" ငါ့ရဲ့ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားက အပြည့်အဝ ထုတ်ရင် နဝမအလွှာထက် အားမနည်းဘူး။ " လင်းယွမ်က သူ့ကိုသူ အကဲဖြတ်လိုက်သည်။

အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်က နဝမအလွှာရှေ့တွင် အသက်ရှင်နိုင်စွမ်းရှိပြီး လင်းယွမ်ကတော့ စစ်မှန်သော နဝမအလွှာတစ်ယောက်နှင့် ယှဉ်တိုက်နိုင်လေသည်။

" ဟုတ်သားပဲ။ အားဖြည့်ခြင်းနတ်စွမ်းရည်လည်း ရှိသေးတယ်။ "

လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ အလွန်ရှုပ်ထွေးသော တံဆိပ်တစ်ခုပေါ်လာသည်။ ၎င်းက စိတ်ဝိညာဉ်ကမ္ဘာတွင် လင်းယွမ် နိုးထခဲ့သော ရုပ်ခန္ဓာနတ်စွမ်းရည်ပင် ဖြစ်သည်။ ထိုစွမ်းရည်က လင်းယွမ်၏ နောက်ဆုံး ဝှက်ဖဲအဖြစ် သတ်မှတ်နိုင်လေသည်။

အားဖြည့်ခြင်းနတ်စွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် လင်းယွမ်ကို ဆယ်ဆမြှင့်တင်ပေးပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းစွာ တိုးတက်လာပေလိမ့်မည်။ တစ်ခုတည်းသော အားနည်းချက်မှာ အသက်ဆယ်ကြိမ်ရှူစာပြီးနောက် ခဏတာ အားနည်းသွားပေလိမ့်မည်။

သို့သော် လင်းယွမ်က ထိုနတ်စွမ်းရည်ကို အထူးအလေးထားခဲ့ပြီး အပြည့်အဝ နားလည်ရန် နှစ်ပေါင်း သုံးဆယ်နီးပညး အချိန်ယူခဲ့ရလေသည်။

" ခုနှစ်ကြိမ်မြောက်မှာ ငါဆင်းသက်ခဲ့တဲ့ကမ္ဘာက အဆင့်နိမ့်လွန်းတယ်။ မဟုတ်ရင် ငါ နောက်ထပ် နတ်စွမ်းရည်တစ်ခုကို နိုးထနိုင်လောက်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ခုနှစ်ကြိမ်မြောက်ဆင်းသက်ခြင်းက သူ၏ စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ခဲ့သော အရန် ဆင်းသက်မှုတစ်ခုသာ ဖြစ်သည်။

" ငါ့မှာ လက်ရှိ ရုပ်ခန္ဓာနတ်စွမ်းရည် သုံးမျိုးရှိတယ်။ သွေးပြန်လည်မွေးဖွားခြင်း၊ တောင်ရွေ့လျားခြင်းနဲ့ အားဖြည့်ခြင်းတို့ပဲ။ အဲ့ဒီထဲမှာ တောင်ရွေ့လျားခြင်းနတ်စွမ်းရည်ကို အပြည့်အဝနားမလည်သေးဘူး။ "

အဓိကအကြောင်းရင်းမှာ လင်းယွမ်က မူလကမ္ဘာတွင် အချိန်အနည်းငယ်သာ နေခဲ့ရသောကြောင့် တောင်ရွေ့လျားခြင်းနတ်စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာရန် အချိန်မရခဲ့ပေ။

" နောက်တစ်ခုက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပဲ။ " လင်းယွမ်က ပြင်ပကမ္ဘာသို့ ပြန်ရောက်လာပြီး သူ၏ အမူအရာက လေးနက်သွားသည်။

စိတ်ဝိညာဉ်ကမ္ဘာတွင် နှစ်ပေါင်း ၉၂၀ ကြာပြီးနောက် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဋ္ဌမအလွှာကို ပြည့်စုံစွာ ဖန်တီးနိုင်ခဲ့ပြီး ပေါင်းစပ်နိယာမများကိုပင် စဉ်းစားနေပြီဖြစ်သည်။

" အဋ္ဌမအလွှာကဏ္ဍ..." လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။

မူလကမ္ဘာတွင် အဋ္ဌမအလွှာက အလွန်အရေးကြီးသော အဆင့်တစ်ခုဖြစ်ပြီး တည်ငြိမ်သော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖန်တီးနိုင်သည်နှင့် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

" အဋ္ဌမအလွှာကဏ္ဍကို အရင်စီစစ်ပြီးမှ ဉာဏ်ပညာနတ်ဘုရားဆီကို တင်လိုက်မယ်။ "

လင်းယွမ်က တွေးလိုက်သည်။ သူက အဋ္ဌမအလွှာကဏ္ဍကို အခြေခံအားဖြင့် ပြည့်စုံခဲ့ပြီး အသေးစားချိန်ညှိမှုများသာ ပြုလုပ်ရမည်ဖြစ်သည်။ ၎င်းက အချိန်သိပ်မယူရပေ။

နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။

" လေးစားရပါသော နဂါးငွေ့တန်းကြယ်သခင် ဘာများအလိုရှိပါသလဲ။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။

" ငါ သိုင်းတာအိုရဲ့ အဋ္ဌမအလွှာကဏ္ဍကို တင်ချင်တယ်။ "

ခဏကြာသောအခါ လင်းယွမ်က သိုင်းတာအို၏ အဋ္ဌမအလွှာကဏ္ဍကို ဉာဏ်ပညာနတ်ဘုရားထံ တင်ပြလိုက်သည်။ အဋ္ဌမအလွှာကဏ္ဍအတွက် လင်းယွမ်က စိတ်ဝိညာဉ်ကမ္ဘာ၏ ဖန်တီးခြင်းစွမ်းအားများ၏ အနှစ်သာရမှ အသိအမြင်များကို ရရှိခဲ့သည်။

အဋ္ဌမအလွှာသို့ ဝင်ရောက်လာသော သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများက အခြားဆင့်ကဲပြောင်းလဲသူများထက် စကြာဝဠာစွမ်းအားကို နားလည်ရန် ပိုမိုဖြစ်နိုင်လေသည်။

ဖြစ်နိုင်သည်ဆိုသည်မှာ အခက်အခဲ အနည်းငယ် လျော့နည်းသွားခြင်းသာဖြစ်သည်။ လင်းယွမ်၏ အမြင်အရ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူအများစုက အဋ္ဌမအလွှာတွင် စကြာဝဠာစွမ်းအားကို နားလည်နိုင်မည် မဟုတ်ပေ။

သို့သော် သိုင်းတာအိုအဋ္ဌမအလွှာက စကြာဝဠာစွမ်းအားနှင့် သက်ဆိုင်သောကြောင့် အလွန်တန်ဖိုးရှိသည်ဟု လင်းယွမ်က ယုံကြည်လေသည်။

လူသားမျိုးနွယ်၏ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထဲတွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မည်မျှက စကြာဝဠာစွမ်းအားကို နက်နက်ရှိုင်းရှိုင်း လေ့လာဖူးသနည်း။

လူသားမျိုးနွယ်၏ ဖော်ပြာချက်အရ စကြာဝဠာစွမ်းအားက အခြေခံအားဖြင့် အတုယူ၍ မရဘဲ ကျပန်းဖြစ်သည်ဟုသာ သတ်မှတ်ခဲ့သည်။

လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဋ္ဌမအလွှာကို တင်ပြီးသည်နှင့် နဂါးငွေ့တန်းကြယ်နယ်မြေနှင့် အလွန်ဝေးကွာသော ဆန်းကြယ်သည့်နေရာတစ်ခုတွင် အလင်းမျက်နှာပြင်များက တဖျပ်ဖျပ်လင်းလက်နေပြီး ၎င်းကို စတင်အကဲဖြတ်နေသည်။

" အဋ္ဌမအလွှာကဏ္ဍက စကြာဝဠာစွမ်းအားနှင့် သက်ဆိုင်နေပြီး ဖြစ်နိုင်ချေကို မြှင့်တင်ပေးနိုင်သောကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်လည်အကဲဖြတ်နေပါပြီ။ "

" အဋ္ဌမအလွှာကဏ္ဍက နိယာမများ၏ အခြေခံရှင်းလင်းချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။ "

" လူသားမျိုးနွယ်ရဲ့ အရေးပေါ်အစီအစဉ်အရ လွတ်လပ်ခြင်းနတ်ဘုရားနဲ့ တရားမျှတခြင်းနတ်ဘုရားတို့ကို ဆက်သွယ်နေပါပြီ။ "

" လူသားမျိုးနွယ်ရဲ့ သတ်မှတ်ချက်အရ ကြီးမြတ်သူရှချင်နဲ့ ကြီးမြတ်သူယုတိုင်တို့ကို ဆက်သွယ်နေပါပြီ။ "

နတ်ဘုရားသုံးပါး၏ ကြီးမားသော တွက်ချက်နိုင်စွမ်းနှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဋ္ဌမအလွှာကို အမျိုးမျိုး တွက်ချက်နေကြသည်။

" နတ်ဘုရားသုံးပါးက အဋ္ဌမအလွှာကဏ္ဍကို ဘယ်လိုအကဲဖြတ်မလဲမသိဘူး။ " နဂါးငွေ့တန်းပင်မကြယ်ပေါ်တွင် လင်းယွမ်က မျှော်လင့်ချက်များနှင့် ရေရွတ်လိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက် လေဟာနယ်ထဲတွင် အမှောင်အကြေးခွံမျိုးနွယ်မှ ဆာရတ်နှင့် အဋ္ဌမအလွှာ တားဆီးမရသူလေးယောက်တို့က စောင့်ဆိုင်းနေဆဲဖြစ်သည်။ သူတို့က အမှောင်ထဲတွင် ပုန်းအောင်းနေသော မုဆိုးများကဲ့သို့ သားကောင်ထွက်လာမည့်အချိန်ကို စောင့်ဆိုင်နေကြသည်။

သူတို့က အလွန်စိတ်ရှည်ကြသည်။ သူတို့၏ ပစ်မှတ်က နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပွားကို သတ်ရန်မဟုတ်ပေ။ ထိုအစား နဂါးငွေ့တန်းကြယ်သခင်ကို လုံးဝသတ်ပစ်ရန်ဖြစ်ပြီး ကြီးမြတ်သူတစ်ယောက်၏ ပြန်လည်ရှင်သန်ခြင်းကပင် ကယ်တင်နိုင်မည်မဟုတ်ပေ။

ကိုယ်ပွားတစ်ခုကို သတ်ရန်သာ ဆိုလျှင် သူတို့က လွန်ခဲ့သော ဆယ်စုနှစ်မှ နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက်သို့ ရောက်သည်နှင့် လုပ်ငန်းစတင်ပြီဖြစ်သည်။

သူတို့က နဂါးငွေ့တန်းပင်မကြယ်ကို ပိတ်ဆို့ပြီး ၎င်း၏ အဆင့်နှစ် ဂြိုလ်ကာကွယ်ရေးစနစ်ကလည်း သူတို့ကို အသက်ရှူကြိမ်အနည်းငယ်သာ ခုခံနိုင်ပေလိမ့်မည်။ ထိုအခါ နဂါးငွေ့တန်းကြယ်သခင်က လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။

" နဂါးငွေ့တန်းကြယ်သခင်ကို သတ်ပြီးရင် ငါတို့ စစ်မြေပြင်တွေကို မသွာယဘဲနေရာမယ်။ လူသားမျိုးနွယ်ရဲ့ လက်တုံ့ပြန်မှုကို ခုခံဖို့မလွယ်ဘူး။ " ဆာရတ်က အခြားလေးယောက်ကို ပြောလိုက်သည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သူတို့က နဂါးငွေ့တန်းပင်မကြယ်ကို စောင့်ကြည့်ခြင်းအပြင် အချင်းချင်း စကားများပြောဆိုခဲ့သောကြောင့် အနည်းငယ် ရင်းနှီးလာကြပြီဖြစ်သည်။

All Chapters