ကြီးမြတ်သူသုံးယောက်....
Vol. 26 Ch. 402
" လူသားမျိုးနွယ်က အရူးတွေ သူတို့ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်ကို ငါတို့ လုံးဝ သတ်လိုက်ရင် ငါတို့ကို ပွင့်ပွင့်လင်းလင်း ရန်မပြုရင်တောင် လျို့ဝှက်ပြီး လက်တုံ့ပြန်ဖို့ သေချာပေါက် ကြိုးစားမှာပဲ။ " နောက်ထပ် အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်က ပြောလိုက်သည်။
ပုံမှန်အားဖြင့် မူလကမ္ဘာတွင် အထွတ်အထိပ်မျိုးနွယ်များကြား တိုက်ပွဲများကို နဝမအလွှာအောက်တွင်သာ ကန့်သတ်ထားလေသည်။
နဝမအလွှာနှင့်အထက် အင်အားကြီးသူများသာ ရှိနိုင်သော စစ်မြေပြင်ကြီးများမှလွဲ၍ အခြားနေရာများတွင် နဝမအလွှာများကို ရှာတွေ့ရန် ခက်ခဲလေသည်။
၎င်းက စစ်ပွဲများ၏ ပြင်းထန်မှုကို ထိန်းချုပ်နိုင်ရန်အတွက် အထွတ်အထိပ်မျိုးနွယ်များကြားတွင် သဘောတူညီထားသော စည်းမျဉ်းတစ်ခုဖြစိသည်။
ထိုစည်းမျဉ်းသာမရှိခဲ့လျှင် မျိုးနွယ်မဟာမိတ်များကြား ရှုပ်ထွေးမှုများ ဖြစ်လာပြီး ကြီးမြတ်သူများပင် မကြာခဏ ဝင်ရောက်စွက်ဖက်နိုင်လေသည်။ ၎င်းက အထွတ်အထိပ်မျိုးနွယ်အားလုံးအတွက် ဘေအန္တရာယ်တစ်ခု ဖြစ်သည်။
သို့သော် မရေးထားသော စည်းမျဉ်းတစ်ခုဖြစ်သကဲ့သို့ ချိုးဖောက်လည်း ပြဿနာတော့မရှိပေ။ အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်က ထိုစည်းမျဉ်းကို မချိုးဖောက်ဘဲ နဂါးငွေ့တန်းကြယ်သခင်ကို သတ်နိုင်ခဲ့လျှင် လူသားမျိုးနွယ်၏ ဒေါသကို ခံရပေလိမ့်မည်။
အထူးသဖြင့် လူသားမျိုးနွယ်က မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကို ပစ်မှတ်ထားခြင်း သို့မဟုတ် အင်းဆက်မျိုးနွယ်နှင့် စစ်ပွဲကို တိုးမြှင့်ခြင်းများ ပြုလုပ်နိုင်လေသည်။
လူသားမျိုးနွယ်၏ သတ်ဖြတ်လိုစိတ်ကို အင်ဆက်မျိုးနွယ်ကသာ ခုခံနိုင်သောကြောင့် သူတို့၏ နောက်ကွယ်မှ မျိုးနွယ်များက ကြီးမားသော ဆုံးရှုံးမှုများကို မလွဲမသွေ ခံစားရမည်ဖြစ်ပြီး မျိုးတုန်းပျောက်ကွယ်နိုင်သော အန္တရာယ်ကိုပင် ရင်ဆိုင်ရနိုင်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်က ချီခွန်ကြယ်သခင်၏ တပည့်တစ်ယောက် သေဆုံးသွားချိန်တွင် ချီခွန်ကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူများဖြစ်သော သူ၏ မိတ်ဆွေများနှင့်အတူ အလတ်စားစစ်မြေပြင်များကို ဆင်းသက်ခဲ့ပြီး စစ်မြေပြင်များကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။
ချီခွန်ကြယ်သခင်၏ တပည့်က အရည်အချင်းရှိလျှင်တောင် နဂါးငွေ့တန်းကြယ်သခင်နှင့် မယဉ်နိုင်သေးပေ။ နဂါးငွေ့တန်းကြယ်သခင်သာ အမှန်တကယ်သေဆုံးခဲ့လျှင် လူသားမျိုးနွယ်က မည်သို့သော ကပ်ဆိုးများကို ယူဆောင်လာနိုင်မလဲ မသိနိုင်ပေ။
အင်ဆက်မျိုးနွယ်ကလည်း သူတို့ငါးယောက်ကို ကတ်များပေးထားခဲ့သည်။ သူတို့၏ မျိုးနွယ်ကို မထိခိုက်စေသည့်အပြင် အောင်မြင်လျှင် သူတို့၏ စွန့်စားမှုနှင့် ထိုက်တန်သော ဆုလာဒ်များကိုလည်း ရရှိဦးမည်ဖြစ်သည်။
လျို့ဝှက်ဆန်းကြယ်သော အာကာသတစ်ခုတွင် ကြီးကျယ်ခမ်းနားသော ပလ္လင်ကိုးခုရှိနေသည်။ ရုတ်တရက် ထိုခမ်းနားသေယ ပလ္လင်ကိုးခုထဲမှ သုံးခုတွင် ပုံရိပ်သုံးခုထွက်ပေါ်လာသည်။ သူတို့ထဲမှ တစ်ယောက်က ကြီးမြတ်သူရှချင်ပင် ဖြစ်၏။
" ဉာဏ်ပညာနတ်ဘုရား... " ကြီးမြတ်သူရှချင်က ရေရွတ်လိုက်သည်။ " ပြီးတော့ လွတ်လပ်ခြင်းနတ်ဘုရားနဲ့ တရားမျှတခြင်းနတ်ဘုရား..."
လူသားမျိုးနွယ်၏ နတ်ဘုရားသုံးပါးက ကြီးမြတ်သူကိုးယောက်နှင့် တန်းတူအဆင့်အတန်းတွင် ရှိလေသည်။
" ကြီးမြတ်သူရှချင်၊ ကြီးမြတ်သူယုတိုင်နဲ့ ကြီးမြတ်သူ ကုလီ..." ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
လူသားမျိုးနွယ်တွင် ကြီးမြတ်သူကိုးယောက်ရှိသော်လည်း သူတို့က ဒေသတစ်ခုစီကို ဦးဆောင်နေကြပြီး သူတို့၏ ကိုယ်ပိုင်အလုပ်များနှင့် မအားလပ်ကြပေ။ ယေဘုယျအားဖြင့် နတ်ဘုရားသုံးပါးက ကြီးမြတ်သူများကို ဆက်သွယ်ခဲ့လျှင် နှစ်ယောက် သို့မဟုတ် သုံးယောက် တုံ့ပြန်ခြင်းက လုံလောက်လေသည်။
" ငါတို့ လူသားမျိုးနွယ်က နောက်ထပ် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ရှိလာတော့မယ်။ " ဉာဏ်ပညာနတ်ဘုရားက ပြောလိုက်သည်။
" အိုး.... အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်တစ်ခု ထပ်ပေါ်လာတာလား။ " ကြီးမြတ်သူရှချင်က မျက်ခုံးများပင့်သွားသည်။
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ထွက်ပေါ်လာခြင်းက အဋ္ဌမအလွှာဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာခြင်းနှင့် လုံးဝမတူပေ။
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများစွာကို မွေးထုတ်ပေးနိုင်ပြီး မျိုးနွယ်တစ်ခု၏ အခြေခံအုတ်မြစ်ဟုလည်း ပြောနိုင်လေသည်။
အထူးသဖြင့် နတ်ဘုရားသုံးပါးအပြင် ကြီးမြတ်သူသုံးယောက်ကိုပင် အသိပေးခြင်းဖြစ်သောကြောင့် ၎င်းက အလွန်ထူးခြားပြီး အလားအလာကောင်းများ ရှိပေလိမ့်မည်။
" ငါကြည့်ရအောင်။ " ကြီးမြတ်သူရှချင်က ဉာဏ်ပညာနတ်ဘုရားပေးပို့သော သိုင်းတာအိုအဋ္ဌမအလွှာကဏ္ဍကို ကြည့်လိုက်သည်။
" အဲ့ဒီကောင်လေးလား။ " ကြီးမြတ်သူရှချင်က အနည်းငယ် အံ့ဩသွား၏။ သူက လင်းယွမ်ကို တစ်ကြိမ်တွေ့ဖူးပြီး အတော်လေးအထင်ကြီးသည့်အပြင် စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲကိုပင် လက်ဆောင်ပေးခဲ့လေသည်။
ကြီးမြတ်သူရှချင်၏ အမြင်တွင် လင်းယွမ်က အသက်တစ်ရာမပြည့်မီ အဋ္ဌမအလွှာကို ရောက်ခဲ့ရုံသာမက ကြီးအားသော အလားအလာရှိသည့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုလည်း ဖန်တီးနိုင်ခဲ့သည်။
သူ၏ အရည်အချင်းနှင့် ပါရမီတို့က လူသားမျိုးနွယ်၏ သမိုင်းတွင် အဆင့်တစ်ဆယ် သို့မဟုတ် အဆင့်နှစ်ဆယ်ထဲသို့ ဝင်နိုင်သည်ဟုပင် သတ်မှတ်ခဲ့သည်။
" သိုင်းတာအိုရဲ့ အဋ္ဌမအလွှာကို ဖန်တီးတာ မြန်လှချည်လား။ " ကြီးမြတ်သူရှချင်က အနည်းငယ် မယုံကြည်နိုင်ဖြစ်နေသည်။ သိုင်းတာအို၏ အဋ္ဌမအလွှာကဏ္ဍကို တင်ပြခြင်းမှာ လင်းယွမ်ကလည်း အဋ္ဌမအလွှာကို ပြည့်စုံသွားပြီဟု ဆိုလိုလေသည်။
သို့သော် လင်းယွမ်က အဋ္ဌမအလွှာကို ဝင်ရောက်သည်မှာ မည်မျှကြာသေးလို့လဲ။ ထို့အပြင် အဋ္ဌမအလွှာကဏ္ဍကို ဖန်တီးရခြင်း၏ ခက်ခဲမှုကို ကြီးမြတ်သူရှချင်က နက်နက်ရှိုင်းရှိုင်း နားလည်ထားလေသည်။
အချိန်တိုအတွင်း အဋ္ဌမအလွှာ စဦးအဆင့်မှ အထွတ်အထိပ်အဆင့်သို့ တိုးတက်ရန်မှာ အလွန်ခက်ခဲလေသည်။ အဋ္ဌမအလွှာကဏ္ဍကို ဖန်တီးရန်မှာ ပို၍ပင် ခက်ခဲလေသည်။
ကြီးမြတ်သူရှချင်က ကြယ်စကြာဝဠာ၏ ကြီးကြပ်သူအနေဖြင့် မရေတွက်နိုင်သော ပါရမီရှင်များကို မြင်တွေ့ခဲ့ရသည်။ လင်းယွမ်နှင့် ပထဆုံးအကြိမ် တွေ့စဉ်က သူ၏ အရည်အချင်းကို လူသားမျိုးနွယ်၏ သမိုင်းတွင် ထိပ်ဆုံးဆယ်ယောက် သို့မဟုတ် နှစ်ဆယ်တွင် ပါဝင်သည်ဟု အသိအမှတ်ပြုခဲ့သော်လည်း စိတ်ခံစားမှုအနည်းငယ်သာ ပါဝင်ခဲ့သည်။
လင်းယွမ်က ထိပ်ဆုံးဆယ်ယောက်ဖြစ်စေ သုံးယောက်ဖြစ်စေ ကြီးမြတ်သူတစ်ယောက်မဖြစ်လျှင် သမိုင်းထဲတွင်သာ မှေးမှိန်သွားပေလိမ့်မည်။
သို့သော် ယခု လင်းယွမ်က အဋ္ဌမအလွှာကဏ္ဍကို ဖန်တီးခဲ့သည်ဟု သိရသောအခါ ကြီးမြတ်သူရှချင်က အမှန်တကယ် အံ့အားသင့်ခဲ့ရသည်။
၎င်းက လျင်မြန်လွန်းလှသည်။ နတ်ဘုရားသုံးပါးက သူ့ကို လှည့်စားမည်မဟုတ်ပေ။ လင်းယွမ်၏ အဋ္ဌမအလွှာကဏ္ဍက စံနှုန်းများနှင့် မကိုက်ညီလျှင် လုံးဝ ပယ်ချခံရမည်ဖြစ်သည်။
သူတို့က ကြီးမြတ်သူများအား အတည်ပြုကန် အကြောင်းကြားခဲ့ပြီဖြစ်ရာ အဋ္ဌမအလွှာကဏ္ဍတွင် ပြဿနာမရှိကြောင်း စစ်ဆေးပြီးသွားပြီဖြစ်သည်။
ကြီးမြတ်သူရှချင်က သိုင်းတာအိုအဋ္ဌမအလွှာကဏ္ဍ၏ အချက်အလက်များကို ကြည့်ရှုလိုက်သည်။ ကြီးမြတ်သူအဆင့်တွင် အဋ္ဌမအလွှာကဏ္ဍတစ်ခုကို ပြန်လည်သုံးသပ်ခြင်းက မခက်ခဲပေ။ မကြာမီ ကြီးမြတ်သူသုံးယောက်က သိုင်းတာအိုအဋ္ဌမအလွှာကဏ္ဍကို သုံးသပ်ပြီးသွားကြသည်။
" ဒီအဋ္ဌမအလွှာကဏ္ဍက..." ကြီးမြတ်သူရှချင်က အတွေးနက်နေသည်။ သူ၏ အဆင့်နှင့် အဋ္ဌမအလွှာကဏ္ဍ၏ အလားအလာကို သိမြင်နိုင်လေသည်။
၎င်းက စွမ်းအားလမ်းကြောင်းအားလုံးကို ဖုံးလွှမ်းထားပြီး စွမ်းအားပုံစံအားလုံးနီးပါးကိုလည်း ပါဝင်စေသည်။ ကြီးမြတ်သူရှချင်က သိုင်းတာအိုအဋ္ဌမအလွှာကဏ္ဍက စကြာဝဠာစွမ်းအားများကိုပင် နားလည်နိုင်ကြောင်း ခံစားမိခဲ့သည်။
" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဖန်တီးသူကို အတည်ပြုပြီးသွားပြီမလား။ သူက မျိုးနွယ်ခြားတစ်ယောက်တော့ မဟုတ်ဘူးမလား။ " ကြီးမြတ်သူကုလီက ဖတ်ပြီးသည်နှင့် ဉာဏ်ပညာနတ်ဘုရားကို တိုက်ရိုက်မေးလိုက်သည်။
သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာကို မြင်တွေ့ခဲ့ရပြီး ၎င်းကို ဖန်တီးသူက လူသားမျိုးနွယ်မှဖြစ်ကြောင်း သေချာစေရမည်ဖြစ်သည်။
" သူက လူသားမျိုးနွယ်ကပါ။ ကြီးမြတ်သူရှချင်ကိုယ်တိုင် အတည်ပြုပြီးသွားပါပြီ။ " ဉာဏ်ပညာနတ်ဘုရားက ပြန်ဖြေလိုက်သည်။
" အော် ရှချင်က အတည်ပြုပြီးသွားပြီပေါ့။ " ကြီးမြတ်သူကုလီက ခေါင်းညိမ့်လိုက်ပြီး နောက်ထပ် မေးခွန်းများ မမေးတော့ပေ။
ဉာဏ်ပညာနတ်ဘုရားထံမှ အတည်ပြုချက်မရဘဲ လူသားမျိုးနွယ်မှမဟုတ်လျှင် ချက်ချင်း သတ်ပစ်မည်ဖြစ်သည်။
" ရှချင် နင့်ရဲ့ အမြင်က မဆိုးဘူးပဲ။ " သိမ်မွေ့သော အမျိုးသမီးတစ်ယောက်ဖြစ်သည့် ကြီးမြတ်သူယုတိုင်က ကြီးမြတ်သူရှချင်ကို ကြည့်လိုက်သည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ထဲတွင် ကြီးမြတ်သူယုတိုင်က အလွန်ထူးခြား၏။ သူမက ပုံရိပ်ယောင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် အမြင့်ဆုံးဖြစ်ပြီး တိုက်ရိုက်တိုက်ခိုက်မှုတွင် ကျွမ်းကျင်ခြင်းမရှိပေ။
သို့သော် ကြီးမြတ်သူယုတိုင်၏ လူသားမျိုးနွယ်အပေါ် အရေးပါမှုက အခြားကြီးမြတ်သူများအောက် နိမ့်ကျခြင်းမရှိပေ။ အကြောင်းမှာ လူသားမျိုးနွယ်တစ်ခုလုံးကို လွှမ်းခြုံထားသော VR ကမ္ဘာက ကြီးမြတ်သူယုတိုင်၏ အခွင့်အာဏာမှ ဆင်းသက်လာသောကြောင့်ပင် ဖြစ်သည်။
" ဟဲဟဲ..." ကြီးမြတ်သူရှချင်က အနည်းငယ် ပြုံးလိုက်သည်။
မကြာသေးမီက သူက လင်းယွမ်နှင့် တွေ့ဆုံခဲ့ပြီး စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲကို ချီးမြှင့်ပြီးနောက် လုံခြုံမှုမရှိသေးဟု ခံစားရသဖြင့် ကြီးမြတ်သူယုတိုင်အား လင်းယွမ်ကို အာရုံစိုက်ပေးရန် တောင်းဆိုခဲ့သည်။
VR ကမ္ဘာ၏ မူလအစဖြစ်သည့်အလျောက် နယ်မြေများစွာကို လွှမ်းခြုံထားသော ကွန်ရာ ကွန်ရက်က သူမ၏ အာရုံခံနိုနယ်ပယ်အတွင်း ရှိလေသည်။ သူမအား လင်းယွမ်ကို စောင့်ကြည့်စေခြင်းမှာ အခြားမျိုးနွယ်ခြားများက နဝမအလွှာ သို့မဟုတ် အဆင့်မြင့်သူများကို စေလွှတ်၍ လင်းယွမ်အား လုပ်ကြံမည့်အခြေအနေကို အဟန့်အတားဖြစ်စေခဲ့သည်။
ကြီးမြတ်သူယုတိုင်က လင်းယွမ်အပေါ် အနည်းငယ် အာရုံစိုက်ပေးခြင်းသာဖြစ်ပြီး စောင့်ရှောက်ပေးခြင်းမဟုတ်ပေ။ လင်းယွမ်က လုံးဝပျက်ဆီးမည့်အန္တရာယ်နှင့် ကြုံတွေ့မှသာ ဥပမာ ကိုယ်ပွားအားလုံးနှင့် မူလခန္ဓာကိုယ်ပါ သေဆုံးပြီး ပြန်လည်ရှင်သန်ခြင်းကို မဖြစ်နိုင်မှသာ ကြီးမြတ်သူ ယုတိုင်က ဝင်ရောက်စွက်ဖက်မည်ဖြစ်သည်။
ကြီးမြတ်သူယုတိုင်၏ အမြင်တွင် အသက်အန္တရာယ်အချို့ ရင်ဆိုင်ရခြင်းက ကောင်းသောအရာသာ ဖြစ်သည်။