စိတ်ဝိညာဉ် ချုပ်နှောင်ခြင်း
Vol. 3 Ch. 287
လုံမိသားစု အနေဖြင့် သူတို့၏ စကားကို ပြန်လည် ရုပ်သိမ်းလိမ့်မည် မဟုတ်ပေ။ တိရိစ္ဆာန်နှင့် လူအကြားမှ ကွာခြားချက်မှာ စဉ်းစားချင့်ချိန် တတ်ခြင်းပင်။ လုံမိသားစု ချန်းဖန်အား စိန်ခေါ်ခဲ့ခြင်းမှာ ချန်းဖန်၏ အစစ်အမှန် စွမ်းအားကို နားမလည်သေးသောကြောင့် ဖြစ်သည်။ ယခု ချန်းဖန်၏ လွှမ်းမိုးမှုနှင့် လုပ်နိုင်စွမ်းတို့အား တွေ့သည်နှင့် ချန်းဖန်ကို ဆန့်ကျင်ရန် သူတို့ မရဲကြတော့ချေ။
သို့သော်လည်း ခွန်လွန်ကမူ ခြားနားသည်။ ခွန်လွန်မှာ အစွမ်းအထက်ဆုံး ဂွန်းတူမှော်နက် ဆရာများအနက် တစ်ယောက် ဖြစ်သည်။ အကယ်၍ သူသာ ယခုထက် ပိုမို အစွမ်းထက် လာခဲ့လျှင် ချန်းဖန်အား တစ်ခုခု မကောင်းကြံလိမ့်မည် မဟုတ်ဟု မပြောနိုင်ပေ။
ထို့အပြင် ခွန်လွန်မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း၌ လွှမ်းမိုးနိုင်စွမ်း ရှိပြီး စစ်တပ်တွင်ပင် သူ၏ တပည့် များပြားစွာ ရှိသည်။ သူ့အနေဖြင့် ချန်းဖန်ထံတွင် အဆောတလျင် အညံ့ခံခဲ့ခြင်း ဖြစ်ရာ နောင်တွင် နောင်တမရဟု မပြောနိုင်ပေ။ အကယ်၍ သူသာ လက်စားချေရန် ကြိုးစားခဲ့လျှင် သူ့အတွက် အန္တရာယ် မရှိသည့်တိုင် ချစ်ရသော လူများအတွက်မူ ချန်းဖန် စိုးရိမ်မိသည်။
ချန်းဖန်အနေဖြင့် ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ သို့မဟုတ် အထွတ်အထိပ် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို မသတ်လိုပေ။ ယခုလည်း ခွန်လွန်ကို သတ်လိုက်ခြင်းထက် သူ၏ လက်ထောက်အဖြစ် ခန့်ထားနိုင်လျှင် သူ့အတွက် ပိုအကျိုးများမည် ဖြစ်သည်။
"ခွန်လွန် ...”
ချန်းဖန် သူ၏ နာမည်အား ခေါ်လိုက်၏။
"ဟုတ်ကဲ့ပါ ဆရာ ...”
ခွန်လွန်က ရိုသေစွာ ပြန်ဖြေသည်။
"မင်းက ငါ့ရဲ့ တပည့် ဖြစ်သွားပြီ ဆိုတော့ ငါ့ရဲ့ စည်းကမ်းတွေ ပြောပြမယ်”
ချန်းဖန်က ကုလားထိုင်ပေါ်တွင် ထိုင်ရင်းက ပြောလိုက်၏။ သူ၏ မျက်လုံးတွင် အဇူရာ အလင်းတစ်ခု တောက်ပနေပုံက သူ့အား နတ်ဘုရား တစ်ပါးအလား ထင်ရစေသည်။
"ဆရာရဲ့ စည်းကမ်းတွေကို သိပါရစေ”
ခွန်လွန်က ပြန်ပြောလိုက်သည်။ သူ၏ စိတ်အတွင်းတွင်မူ အနည်းငယ် တုန်လှုပ်နေခဲ့၏။ သူက ချန်းဖန်ကို ဆရာအဖြစ် လက်ခံကြောင်း ပရိယာယ်သုံးကာ သေဘေးမှ လွတ်မြောက်အောင် ကြံစည်ခဲ့သည်။ ချန်းပေ့ရွှမ်းမှာ မည်မျှပင် အစွမ်း ထက်ပါစေ။ ကလေးသာ ရှိသေးသည်။ ထို့ကြောင့် ချန်းပေ့ရွှမ်း၏ တွက်ချက်မှုက သူတို့ကဲ့သို့ ခွေးအိုကြီးများကို မယှဉ်နိုင်ပေ။ တစ်နေ့၌ သူ ချန်းဖန်၏ လက်မှ ထွက်ပြေးကာ ထိုင်းနိုင်ငံသို့ ပြန်ရန် တွေးတောခဲ့ပြီး ဖြစ်သည်။ ခွန်လွန်မှာ အမြဲတမ်း လူတိုင်း၏ အထက်၌ နေခဲ့သော လူဖြစ်ရာ အခြား တစ်ယောက်၏ အစေခံ လုပ်ရခြင်းက အနည်းငယ် ကသိကအောက် နိုင်သည်။
"မင်း ငါ့ကို ဆန့်ကျင်ရင် မင်းအသက်ကို ပေးရမယ်”
ချန်းဖန်က ခပ်လေးလေး ပြောလိုက်သည်။
"အသက် ပေးရမယ် ...”
လူတိုင်းက ချန်းဖန် မည်သည်ကို ဆိုလိုကြောင်း နားလည်သည်။ ချန်းဖန်၏ စကားက ခွန်လွန်၏ သေခြင်း၊ ရှင်ခြင်းကို သူကသာ ဆုံးဖြတ်မည်ဟု ဆိုလိုသည်။
"ကျွန်တော် နားလည်ပါတယ်”
ခွန်လွန်က ပြန်ဖြေလိုက်သည်။ သို့သော်လည်း သူ၏ စိတ်တွင်မူ "အခွင့်အရေး ရသည်နှင့် ထိုင်းသို့ ပြန်ပြေးမည်။ ထို့နောက် ဟောင်ကောင်သို့ တစ်သက်လုံး ခြေမချတော့" ဟု တွေးနေခဲ့သည်။ ချန်းဖန်မှာ ချင်းမိုင်သို့ လာရောက်၍ သူ့အားရှာလျှင်ပင် စစ်တပ်၏ အကူအညီဖြင့် သူကောင်းစွာ ရှောင်ရှား နိုင်လိမ့်မည်။
"ကောင်းပြီလေ ...”
ချန်းဖန်က ပြောရင်း လက်ဟန် တစ်ခုကို ပြုလုပ်လိုက်သည်။ လေထဲ၌ အစစ်အမှန် ချီများက အစီအရင်တစ်ခု ဖွဲ့စည်းကာ အဇူရာရောင် သင်္ကေတ တစ်ခုကို ဖြစ်ပေါ်စေသည်။
"သွား ...”
ချန်းဖန်က လက်ညွှန် လိုက်သည်နှင့် အဇူရာရောင် သင်္ကေတက ခွန်လွန်ထံသို့ ပြေးဝင်သွားကာ ခန္ဓာကိုယ်အတွင်း တိုးဝင်ပျောက်ကွယ် သွားသည်။
"ဘာဖြစ်တာလဲ ...”
ခွန်လွန်၏ မျက်နှာက မည်းမှောင်သွားသည်။ ချန်းဖန်၏ သင်္ကေတက သူ၏ နှလုံးကို ဝန်းရံကာ နေကြောင်း သူခံစား၍ ရသည်။
"အဲဒါက စိတ်ဝိညာဉ် ချုပ်နှောင်ခြင်း လို့ ခေါ်တယ်။ ဒီနေ့က စပြီး မင်းက ငါ့ရဲ့ အမိန့်ကို အမြဲလိုက်နာ ရမယ်။ တကယ်လို့ မင်း ငါ့ကို သစ္စာဖောက်ရင် အတွေး တစ်ချက်နဲ့ပဲ မင်းရဲ့ ခန္ဓာနဲ့ ဝိညာဉ်ကို ငါဖျက်ဆီးပစ်မယ်”
ချန်းဖန်က ရေခဲကဲ့သို့ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ...”
ခွန်လွန် ငြိမ်ကျသွားသည်။ သူက မျက်လုံးကန်း နေသည့်တိုင် အလွန် ကောင်းမွန်သော အာရုံ ခံစားမှုနှင့် အားကောင်းသော စိတ်ဝိညာဉ် ရှိသည်။ ထို့ကြောင့် ချန်းဖန်၏ စကားလုံးများက အမှန်ဖြစ်ကြောင်း သူနားလည်သည်။
သူ၏ ဘဝမှာ ချန်းဖန်၏ လက်သို့ ကျရောက်သွားကြောင်း ခွန်လွန် ကောင်းကောင်း နားလည်လိုက်သည်။ ချန်းဖန်အား အစဉ်အမြဲ ရိုသေစွာ သူ ခစားရတော့မည်။ ထိုသို့ မလုပ်လျှင် ထိုရက်စက်သော လူငယ်က သူ့အား အတွေး တစ်ချက်ဖြင့်ပင် သတ်လိမ့်မည်။
လုံမိသားစုဝင် များစွာမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရှော့ခ်ရ နေခဲ့သည်။ လုံကျန်းရှင်းနှင့် လုံချန်တို့ပင် သူတို့၏ တုန်နေသော ကိုယ်များကို မနည်း အားစိုက်ကာ ထိန်းချုပ် နေရသည်။
"အရမ်းကြီး မတွေးနဲ့။ မင်း ငါ့ကို သစ္စာမဖောက်ရင် ငါက မင်းကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူး။ မင်းက ငါ့အတွက် တန်ဖိုးရှိတဲ့ လက်ထောက် တစ်ယောက်ပဲလေ”
ချန်းဖန်က ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ ...”
ခွန်လွန်က မျက်နှာများ ဖြူရော် နေသည့်တိုင် ခေါင်းညိတ်လိုက်သည်။
ချန်းဖန် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဟင်းလင်းပြင် ဓမ္မရတနာထဲမှ ဆေးတစ်လုံးအား ထုတ်ယူလိုက်သည်။ ထိုအရာက သလင်းကျောက်ကဲ့သို့ ကြည်လင်နေကာ သန့်စင်သော ဝိညာဉ် စွမ်းအားများ ပေါ်ထွက်နေသည်။ ထိုအရာ၏ အငွေ့အသက်ကို ရသည်နှင့် ခွန်လွန်၏ စိတ်ဝိညာဉ်က ပြန်လည် လန်းဆန်း လာသလို ခံစားလိုက် ရသည်။
ချန်းဖန်က ဆေးလုံးကို လေထဲ၌ပင် ကြေမွစေလျက် စွမ်းအင်လှိုင်း တစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုလှိုင်းက ခွန်လွန်၏ ခန္ဓာကိုယ်ကို ဝန်းရံကာ သူ၏ ဝိညာဉ်အား အားဖြည့်ပေးသည်။ သိပ်မကြာခင်မှာပင် ခွန်လွန်၏ စိတ်ဝိညာဉ် ပြန်လည် အားပြည့်လာကာ နဖူးတွင်လည်း ရွှေရောင် မျက်လုံး ပြန်လည် ပေါ်ထွက်လာသည်။ ထိုမျက်လုံး၏ အလင်းရောင်က မူလကထက်ပင် ပိုမို တောက်ပနေသည်။
"အဲဒါ ဘာလဲ ...”
ခွန်လွန်က ကြောက်ကြောက်လန့်လန့်နှင့် ချန်းဖန်အား မေးသည်။
"အဲဒါက ဝိညာဉ် ဖွဲ့စည်းခြင်းဆေးလို့ ခေါ်တယ်။ ငါက အဲဒါက ယင်နဂါးရေအိုင်က ဝိညာဉ်ချီတွေနဲ့ ဖန်တီးထားတာ။ သူက ဝိညာဉ် ပိုပြီး အစွမ်း ထက်လာဖို့ ကူညီပေးနိုင်တယ်။ တကယ်လို့ မင်းရဲ့ ခန္ဓာကိုယ် ပျက်စီးပျောက်ကွယ် သွားရင်တောင် ဒီဆေးကို သုံးပြီး မင်းဝိညာဉ်ကို ပြန်အသက်သွင်းလို့ ရတယ်”
ချန်းဖန်က ရှင်းပြလိုက်သည်။ ဆုပေး ဒဏ်ပေး နှစ်ခုရောစပ်ထားသော အုပ်ချုပ်ခြင်း နည်းလမ်းက သစ္စာရှိမှုကို ဖြစ်ပေါ်စေကြောင်း ချန်းဖန် နားလည်ထားသည်။ ခွန်လွန်မှာ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ကာ တန်ခိုးရှင် အဆင့်သို့ တက်လှမ်းရန် အိပ်မက် မက်နေသူ တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် ချန်းဖန်က သူ့ကို အခွင့်အရေး တစ်ခု ပေးလိုက်ခြင်းပင်။ အကယ်၍ လူတစ်ယောက်က စိတ်ဝိညာဉ် ကျင့်ကြံခြင်းတွင် နတ်ဘုရား အဆင့်သို့ ရောက်လိုပါက ပြင်ပ အကူအညီ များစွာ လိုအပ်သည်။
"ကျေးဇူးတင်ပါတယ် တန်ခိုးရှင် ဆရာချန်း ...”
ခွန်လွန်က ဒူးများကို ထောက်ကာ ချန်းဖန်အား အရိုအသေ ပေးလိုက်သည်။ ထိုဆေးများမှာ မည်မျှ အစွမ်းထက်ကာ တန်ဖိုး ကြီးကြောင်း သူကောင်းကောင်း နားလည်သည်။ သို့သော်လည်း ချန်းဖန်က သူ့ကဲ့သို့သော အစေခံကိုပင် ဆေးတစ်လုံးအား သာမန်ကာ လျှံကာ ပေးခဲ့သည်။ ထိုဆေး၏ အကူအညီဖြင့် သူ၏ ရည်ရွယ်ချက်သို့ ခြေတစ်လှမ်း ပိုမို နီးကပ်သွားကြောင်း ခွန်လွန် ခံစားမိနေသည်။
မစ္စတာရှီ၊ ချူးယူလင်နှင့် အခြား လုံမိသားစုဝင်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့် နေကြသည်။ အရှေ့တောင် အာရှမှ အစွမ်းအထက်ဆုံး ဂွန်းတူမှော်နက် ဆရာကား လူငယ်လေး တစ်ယောက်၏ ရှေ့၌ စိတ်ရော ကိုယ်ပါ ခစားနေခြင်းက သူတို့အတွက် ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်သည်။
"ငါ ဟောင်ကောင်ကနေ ပြန်သွားရင် ခွန်လွန်င ငါ့ကိုယ်စား ဒီမှာ ကျန်ရစ်လိမ့်မယ်။ သူက ကျန်းလုပ်ငန်းစုနဲ့ ကျန်းအန့်ချီကို ငါ့ကိုယ်စား စောင့်ရှောက် ပေးလိမ့်မယ်”
ချန်းဖန်က ကြေညာလိုက်သည်။
"လုံမိသားစုကတော့ ငါလိုအပ်တဲ့ ကုန်ကြမ်းတွေ စုဆောင်းပေးဖို့ တာဝန်ယူရမယ်”
ကျန်းလုပ်ငန်းစု၏ အခြေအနေက ခုတွင် မတည်ငြိမ်သေး သဖြင့် ချန်းဖန် လိုအပ်သမျှကို ဖြည့်ဆည်း ပေးနိုင်ရန် မလွယ်ကူချေ။ သို့သော်လည်း လုံမိသားစုမှာမူ ဈေးကွက်ကို တည်ငြိမ်စွာ လွှမ်းမိုးထားနိုင်၍ ချန်းဖန်အတွက် ပိုမို အသုံးဝင်လိမ့်မည်။
"စိတ်မပူနဲ့။ မင်းတို့ ပိုက်ဆံတွေကို ငါ အလကား မယူဘူး။ အရှေ့တောင်ကြား ပရောဂျက် ပြီးတာနဲ့ သွေးရည်ကြည် အတွက် လုံမိသားစုက ရှယ်ယာ တစ်ခု ရမယ်။ နောက်ပြီးတော့ နိုင်ငံခြားမှာ ယွင်ဝူရေ ဖြန့်ဖြူးဖို့ အခွင့်ပေးမယ်”
ချန်းဖန်က အေးဆေးစွာ ထပ်မံ ကြေညာလိုက်သည်။
"ဓာတ်ကူသွေးရည်ကြည်။ ယွင်ဝူရေ ...”
လူတိုင်းအား ထိုစကားလုံး နှစ်ခုက ရှော့ခ်ရစေသည်။
"အိဒ်အင်တာ နေရှင်နယ် ကုမ္ပဏီနဲ့ အခြား ဆေးကုမ္ပဏီကြီးတွေ ကျင်းမြို့တော်မှာ ရင်းနှီးမြှုပ်နှံ ထားတဲ့ လျှို့ဝှက် ပရောဂျက်လား ...”
"မှန်တယ် ...”
ချန်းဖန်က လုံချန်အား ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"ဆရာက အဲဒီ ပရောဂျက်ရဲ့ ပိုင်ရှင်လား ...”
လုံချန်က ချန်းဖန်အား အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။
"အိဒ်အင်တာ နေရှင်နယ် ကုမ္ပဏီက ငါ့ကို လိုအပ်တဲ့ စက်ပစ္စည်းတွေ ထောက်ပံ့ပေးရုံပဲ။ ငါက ဓာတ်ကူ သွေးရည်ကြည် ပရောဂျက်ကို ပိုင်တယ်။ ပရောဂျက် ပြီးသွားတဲ့ အခါကျ ငါရောင်းချင်တဲ့လူကို ရောင်းမယ်”
ချန်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ ချန်းဖန်၏ ကြေညာမှုက လုံမိသားစုဝင်များ အပြင် ကျန်းအန့်ချီ၊ မစ္စတာရှီ၊ ဒါရှီဘာ စသည့် လူများကိုပင် ပါးစပ် အဟောင်းသား ဖြစ်စေခဲ့သည်။ သူတို့ မည်မျှပင် ချမ်းသာစေကာမူ ချန်းဖန်၏ ခြေဖျားပင် မမှီကြောင်း နောက်ဆုံး၌ သူတို့အားလုံး နားလည် သွားကြသည်။ ထိုအချိန်၌ ချန်းဖန်မှာ လူအားလုံး၏ လေးစားသော အကြည့်များကို လျစ်လျူရှုကာ မေးစေ့ကို ပွတ်၍ တွေးတော နေခဲ့သည်။
"ဓာတ်ကူ သွေးရည်ကြည် ပရောဂျက်က ခုလောက်ဆိုရင် အောင်မြင်သင့်ပြီ ...”
***