← Chapters

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်များ....

Vol. 26 Ch. 404

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်များ....

Vol. 26 Ch. 404

"ဉာဏ်ပညာနတ်ဘုရား ငါက အခုဆို ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖြစ်ပြီမဟုတ်လား" လင်းယွမ်က ရုတ်တရက် မေးလိုက်သည်။

ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖြစ်ရန် အခြေအနေများစွာ ရှိပြီး စိန်ခေါ်မှုအကြီးဆုံးမှာ တည်ငြိမ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်တစ်ခုကို ဖန်တီးရန် ဖြစ်သည်။ လင်းယွမ်က ယခု ၎င်းကို အောင်မြင်ခဲ့ပြီဖြစ်သည်။

"နဂါးငွေ့တန်းကြယ်သခင်ရဲ့ အရည်အချင်းများကို စစ်ဆေးနေပါပြီ။ လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖြစ်လာတဲ့အတွက် နဂါးငွေ့တန်းကြယ်သခင်ကို ဂုဏ်ပြုပါတယ်" ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။

တစ်ချိန်တည်းတွင် အလယ်ပိုင်းကြယ်နယ်မြေမှ အီးမေးလ်အမျိုးမျိုးက လင်းယွမ်ဆီသို့ ဝင်လာခဲ့သည်။ အလယ်ပိုင်းကြယ်နယ်မြေက အလယ်ပိုင်းကြယ်ဒေသ၏ အဓိကကြယ်နယ်မြေတစ်ခုဖြစ်ပြီး လူသားမျိုးနွယ်၏ အရင်းအမြစ်မြောက်များစွာကို စုစည်းထားသည့်နေရာဖြစ်သည်။

အလယ်ပိုင်းကြယ်နယ်မြေတွင် နေထိုင်သော နိုင်ငံသားတိုင်းက ထင်ရှားသော နောက်ခံနှင့် အမွေအနှစ်များ ရှိလေသည်။

အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများစွာက အလယ်ပိုင်းကြယ်နယ်မြေရှိ သာမန်ဂြိုလ်တစ်ခုတွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ချင်ကြသည်။

သို့သော် ထိုသို့ရရှိရန် ခက်ခဲလေသည်။ အကြောင်းမှာ အလယ်ပိုင်းကြယ်နယ်မြေရှိ ပုံမှန်အသက်ဂြိုလ်တစ်ခုကပင် အလွန်တန်ဖိုးကြီးမားလေသည်။

လင်းယွမ်က အီးမေးလ်များကို စစ်ဆေးလိုက်သည်။ ထိုအီးမေးလ်များက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်၏ အဆင့်အတန်းနှင့် ပက်သက်သော အချက်အလက်များနှင့် ရှင်းလင်းချက်များ ဖြစ်ကြသည်။

ပထမဆုံးအနေဖြင့် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တိုင်းက အလယ်ပိုင်းကြယ်နယ်မြေတွင် သုတေသနဂြိုလ်တစ်ခုကို အလိုအလျောက် ပိုင်ဆိုင်နိုင်လေသည်။ ထိုသုတေသနဂြိုလ်များက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များ၏ ပိုင်ဆိုင်မှုဖြစ်လေသည်။

သုတေသနဂြိုလ်တစ်ခုတည်းကပင် အလွန်တန်ဖိုးရှိလှပြီး စကြာဝဠာသလင်းကျောက် သိန်းပေါင်းများစွာဖြင့်ပင် တန်ဖိုးဖြတ်၍ မရပေ။ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် သုတေသနဂြိုလ်တစ်ခုကို ပိုင်ဆိုင်ရန် အခွင့်အရေးမရှိပေ။

" ပြီးတော့ လူသားမျိုးနွယ်က စုဆောင်းထားတဲ့ လျို့ဝှက်ပစ္စည်းတွေကို ကြည့်ရှုခွင့်အပြင် သိပ္ပံအဖွဲ့အစည်းနဲ့ ဆင့်ကဲပြောင်းလဲခြင်းအဖွဲ့အစည်းတွေမှာလည်း ဝင်ရောက်ခွင့်ရှိတယ်။ " လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်၏ အဆင့်အတန်းကို နားလည်သွားသည်။

၎င်းက ရတနာပင်ဖြစ်၏။ လူသားမျိုးနွယ်၏ ရတနာ။ လူသားမျိုးနွယ်အတွက် ကြယ်နယ်မြေတစ်ခု ဆုံးရှုံးခြင်းက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်ကို ဆုံးရှုံးရခြင်းနှင့် မယှဉ်နိုင်ပေ။

" လေးစားရပါသော နဂါးငွေ့တန်းကြယ်သခင် သင့်ရဲ့ အဆင့်အတန်းနဲ့ အခု နဂါးငွေ့တန်းကြယ်နယ်မြေက ထွက်ခွာခွင့်ကို လျှောက်ထားနိုင်ပြီး လူသားမျိုးနွယ်ရဲ့ ပိုမိုလုံခြုံတဲ့ အတွင်းပိုင်းနယ်မြေများကို ပြောင်းရွှေ့နိုင်ပါတယ်။ " ဉာဏ်ပညာနတ်ဘုရားက အကြံပေးလိုက်သည်။

" အခုထွက်သွားဖို့လား။ " လင်းယွမ်က စဉ်းစားလိုက်သည်။

ယခု သူက နဂါးငွေ့တန်းကြယ်နယ်မြေတွင် စကြာဝဠာသလင်းကျောက် တစ်သိန်းတစ်ဖိုးရှိသော ဂြိုလ်ကာကွယ်ရေးစနစ်အပါအဝင် အခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ပြုလုပ်ထားခဲ့သည်။

" ထားလိုက်တော့။ " လင်းယွမ်က ငြင်းပယ်လိုက်သည်။

ဉာဏ်ပညာနတ်ဘုရားက သူ့ကို လူသားမျိုးနွယ်၏ အတွင်းပိုင်းနယ်မြေများသို့ သွားစေခြင်းမှာ သူ၏ လုံခြုံရေးကို စိုးရိမ်သောကြောင့် ဖြစ်သည်။

လင်းယွမ်က ရှစ်ကြိမ်မြောက် ဆင်းသက်ခြင်းမတိုက်မီ ထိုကဲ့သို့ စိုးရိမ်မှုများ ရှိခဲ့လေသည်။ သို့သော် ယခု သူက စကြာဝဠာစွမ်းအားများစွာကို နားလည်ထားပြီး သူ၏ အတွင်းကမ္ဘာက အထွတ်အထိပ်သို့ ပြန်မရောက်သေလျှင်တောင် အဋ္ဌမအလွှာ တားဆီးမရသူများကို ချေမှုန်းနိုင်ဆဲ ဖြစ်သည်။

" လေးစားရပါသော ပညာရှင်လင်းယွမ်က သင့်ရဲ့ အဆင့်အတန်း မထွက်ပေါ်ခင် နဂါးငွေ့တန်းကြယ်နယ်မြေကို ဆက်လက်ဦးစီးနိုင်ပါတယ်။ သင့်ရဲ့ အဆင့်အတန်း ထွက်ပေါ်သွားတာနဲ့ လူသားမျိုးနွယ်ရဲ့ အတွင်းပိုင်းနယ်မြေများကို ပြောင်းရွှေ့ရပါမယ်။ " ဉာဏ်ပညာနတ်ဘုရားက ပြောလိုက်သည်။

လင်းယွမ် လက်ရှိပြသနေသော အရည်အချင်းများနှင့် ပါရမီက လူသားမျိုးနွယ်ကြားတွင် ထိပ်တန်းပါရမီရှင်ဟုသာ သတ်မှတ်နိုင်ပြီး မျိုးနွယ်ခြားများက ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ကြမည်မဟုတ်ပေ။

သို့သော် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်ဟူသေယ အဆင့်အတန်း ထွက်ပေါ်လာသည်နှင့် မျိုးနွယ်ခြားများက မရေသားထားသော စည်းမျဉ်းများကို အလွယ်တကူ ဖောက်ဖျက်ကြပေလိမ့်မည်။

လူသားမျိုးနွယ်၏ ထိပ်တန်းပါရမီရှင်က အထွတ်အထိပ်မျိုးနွယ်များ၏ အာရုံကို မဆွဲဆောင်နိုင်သော်လည်း ဆင့်ကဲပြောင်းလဲခြင်းပဘာရှင်တစ်ယောက်က ထိုမျိုးနွယ်များကြား စစ်ပွဲများပင် ဖြစ်စေနိုင်လေသည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ချီခွန်ကြယ်နယ်မြေ VR ကမ္ဘာ။

အလယ်ပိုင်းဧရိယာတွင် ဆင့်ကဲပြောင်းလဲသူများစွာ ရှိနေပြသည်။

" နှစ်နှစ်ဆယ်နီးပါးရှိနေပြီ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာကဏ္ဍကို မထုတ်သေးဘူးလား။ " ဆင့်ကဲပြောင်းလဲသူတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် ကျဆင်းသွားမည့်ပုံမရှိဘဲ အဆင့်နှစ်တွင် ဆက်လက်ရပ်တည်နေခဲ့သည်။

" အဋ္ဌမအလွှာကဏ္ဍလား။ "

" အဋ္ဌမအလွှာကဏ္ဍကို အဲ့လောက်အလွယ်တကူ ဖန်တီးနိုင်ပါ့မလား။ " အစိမ်းရောင်မျက်လုံးနှင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ပြောလိုက်သည်။

အဆင့်မြင့်ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များအတွက်ပင် ပြည့်စုံသော အဋ္ဌမအလွှာကဏ္ဍကို ဖန်တီးခြင်းက လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။ မဟုတ်လျှင် လူသားမျိုးနွယ်တွင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ဤမျှ နည်းပါးနေမည်မဟုတ်ပေ။

ထို့အပြင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဋ္ဌမအလွှာကဏ္ဍက သာမန်အဋ္ဌမအလွှာကဏ္ဍများကဲ့သို့ ရိုးရှင်းခြင်းမရှိပေ။ ၎င်းပြသခဲ့သော အလားအလာများကို ထည့်တွက်လျှင် ပြည့်စုံသော အဋ္ဌမအလွှာကဏ္ဍကို ဖန်တီးရန် များစွာ ခက်ခဲပေလိမ့်မည်။

" သိုင်းတာအိုရဲ့ ဖန်တီးသူက အဋ္ဌမအလွှာကဏ္ဍကို ဖန်တီးနိုင်ရင်တောင် နှစ်ပေါင်းရာချီထောင်ချီကြာလိမ့်မယ်လို့ ငါထင်တယ်။ " အစိမ်းရောင်မျက်လုံးနှင့် ဆင့်ကဲပြောင်းလဲသူက ခန့်မှန်းလိုက်သည်။

" သိုင်းတာအိုရဲ့ ဖန်တီးသူက အဋ္ဌမအလွှာကဏ္ဍကို သေချာပေါက် ဖန်တီးနိုင်လိမ့်မယ်။ " လင်းယွမ်၏ ပရိတ်သတ်များက ချက်ချင်း သူတို့၏ အမြင်များကို ထုတ်ပြောလိုက်ကြသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ကျော်ကြားမှုနှင့်အတူ ၎င်းကို သဘောကျသူများစွာ ရှိကြလေသည်။ ထို့ကြောင့် ဖန်တီးသူဖြစ်သော လင်းယွမ်ကလည်း သဘာဝအလျောက် ပရိတ်သတ်များစွာ ရှိလာလေသည်။

" ဟုတ်ပါပြီ ဟုတ်ပါပြီ။ " အစိမ်းရောင်မျက်လုံးနှင့် ဆင့်ကဲပြောင်းလဲသူက ငြင်းခုန်ခြင်းမရှိပေ။

၎င်းက သူတစ်ယောက်တည်းမဟုတ်ဘဲ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများနှင့် နိုင်ငံသားများ၏ ထင်မြင်ချက် ဖြစ်၏။ သိုင်းတာအိုလမ်းစဉ်ကို တည်ထောင်သူအတွက် ပထမအလွှာမှ သတ္တမအလွှာထိ ဖန်တီးရန် လွယ်ကူသော်လည်း ယခင် ခုနှစ်ဆင့်နှင့် ညီမျှသော အဋ္ဌမအလွှာကဏ္ဍကို ဖန်တီးရန်မှာ အချိန်ယူရပေလိမ့်မည်။

နံနက်ခင်းအချိန်သို့ ရောက်သောအခါ ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က အဆင့်များကို ပြန်လည်သတ်မှတ်ခဲ့လေသည်။

အလယ်ပိုင်းဧရိယာရှိ ဆင့်ကဲပြောင်းလဲသူများအားလုံးက အဆင့်သတ်မှတ်ချက်များကို သေချာကြည့်နေကြသည်။

အစိမ်းရောင်မျက်လုံးနှင့် ဆင့်ကဲပြောင်းလဲသူကလည်း ကြည့်ရှုလိုက်ရာ ထိပ်ဆုံးရှိအမြင်ကို မြင်လိုက်ရချိန်တွင် သူက မှင်သက်သွားသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အခု အဆင့်တစ် ဖြစ်သွားပြီလား။ " အစိမ်းရောင်မျက်လုံးနှင့် လူက တုန်လှုပ်သွား၏။ ၎င်းက အဆင့်တစ်ဆင့်သာ တက်လုံခြင်းဖြစ်သော်လည်း ထိပ်ဆုံးအဆင့်ဖြစ်နေသည်။

ထို့အပြင် ပို၍ တုန်လှုပ်စရာကောင်းသော အချက်တစ်ချက်လည်း ရှိနေသည်။ ၎င်းမှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာကဏ္ဍကို တင်လိုက်ပြီဖြစ်သည်။

ထိုအတွေးကို တွေးမိပြီး အစိမ်းရောင်မျက်လုံးနှင့် လူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အသေးစိတ်အချက်အလက်များကို ဖွင့်ကြည့်လိုက်ရာ သတ္တမအလွှာကဏ္ဍ၏ နောက်တွင် အဋ္ဌမအလွှာကဏ္ဍဟု တွေ့လိုက်ရလေသည်။

" အဋ္ဌမအလွှာကဏ္ဍကို တကယ်ပဲ ဖန်တီးနိုင်ခဲ့တာလား။ " သူက အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ထွက်ပေါ်လာတာကို မြင်တွေ့လိုက်ရတာလား။

" အန်နန်ကြယ်မဟာမိတ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို ကြည့်ရမယ်။ "

ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က သိုင်းတာအိုအဋ္ဌမအလွှာကို ယခင် အဆင့်ခုနှစ်ဆင့်နှင့် ကိုက်ညီမှုရှိမရှိ သတ်မှတ်နိုင်မည်မဟုတ်ပေ။ ပြောရလျှင် သတ္တမအလွှာသာ ရှိသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ ထိပ်ဆုံးသို့ ရောက်လုနီးပါး ဖြစ်ခဲ့သည်။

ထို့ကြောင့် အနည်းငယ် တိုးတက်လိုက်သည်နှင့် အဆင့်တစ်နေရာကို ရောက်သွားမည်ဖြစ်သည်။ ၎င်းက အဋ္ဌမအလွှာကြောင့်မဟုတ်ဘဲ ယခင်အဆင့်ခုနှစ်ဆင့်က ကြောက်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။

" အန်နန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်... " အစိမ်းရောင်မျက်လုံးနှင့် ဆင့်ကဲပြောင်းလဲသူက အောက်မှအပေါ်သို့ ကြည့်ရှုနေသည်။

ယခင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်တစ်ရာတွင် ရှိခဲ့သည်ကို သူသိလေသည်။ တိုးတက်လာလျှင်တောင် ထိပ်ဆုံးငါးဆယ်အတွင်းသာ ရှိသင့်သော်လည်း သူက ရှာမတွေ့ခဲ့ပေ။ သူက မသိစိတ်နှင့် အပေါ်သို့ ဆက်လက်ကြည့်ရှုသွားသည်။

ရုတ်တရက် သူက အံ့အားသင့်သွားသည်။ အန်နန်ကြယ်မဟာမိတ် ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ နံပါတ်တစ်နေရာတွင် လက်ရှိရှိနေသော အမည်မှာ....

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အန်နန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာ အဆင့်တစ်ဖြစ်သွားပြီလား။ " အစိမ်းရောင်မျက်လုံးနှင့် ဆင့်ကဲပြောင်းလဲသူက တံတွေးများမျိုချပြီး ရေရွတ်လိုက်သည်။

All Chapters