← Chapters

ရှင်သန်ခြင်းရေစင်၏ တန်ဖိုး

Vol. 3 Ch. 292

ရှင်သန်ခြင်းရေစင်၏ တန်ဖိုး

Vol. 3 Ch. 292

ဝိညာဉ်မြွေနှင့် ဓမ္မအစီအရင် ပေါင်းစည်း သည်နှင့် တစ်ပြိုင်နက် အစီအရင်က အသက် ဝင်လာသည်။

ဘုန်း…

မရေမတွက် နိုင်သော မိုးကြိုးများက လေထုတွင် ပေါက်ကွဲကာ ယင်မြွေ၏ မြူနှင်း ခန္ဓာကိုယ်က အသွင် ပြောင်းလဲခြင်း ဖြစ်ပေါ် လာသည်။ အထိုအရာက အစီအရင်နှင့် ချိတ်ဆက်ကာ အစစ်အမှန် အဇူရာ နဂါးအသွင် ပြောင်းလဲသည်။

အဇူရာ နဂါးက မီတာ တစ်ရာခန့် ရှည်လျား လာ၍ ချွန်ထက်သော ဦးချိုများဖြင့် လက်သည်း၊ ခြေသည်းရှည်များ စတင် ဖြစ်ပေါ်လာသည်။ သူ၏ ရှည်လျားသော မုတ်ဆိတ်မွေး များက လေထုတွင် ဝဲပျံကာ စီးဆင်းနေသည်။

နဂါးက ကျယ်လောင်သော ဟိန်းဟောက်သံကို ဖော်ထုတ်ရင်း လေထဲသို့ ပျံတက်ရန် ကြိုးစားသော်လည်း မရေမတွက် နိုင်သော အလင်းမှုန်များ အောက်၌ ခွန်အားမဲ့သည်။ အင်အား ကြီးမားသော သစ်သားနှင့် ရေစွမ်းအားက ထိုအရာ၏ အမြည်းကို ချုပ်နှောင်သည်။

"ဒီအဆင့်က အစီအရင်ရဲ့ အပြင်ဘက်မှာ အစစ်အမှန် ခန္ဓာကိုယ်ကို ဖွဲ့စည်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် …"

ချန်းဖန်၏ နဖူးတွင် စီးကျလာသော ချွေးများကို နောက်တစ်ကြိမ် သုတ်လိုက်သည်။ ယခု အစီအရင်၏ ဝိညာဉ်မှာလည်း ယင်မြွေ၏ ဝိညာဉ်ပင် ဖြစ်သည်။ ထိုသတ္တဝါမှာ မြူနှင်း တိမ်တိုက်များ ကြား၌ တစ်နှစ်ခန့် လေ့ကျင့်ခဲ့ရ သဖြင့် အရွယ်အစားက နှစ်ဆအထိ ဖြစ်လာခဲ့သည်။

ထို့ကြောင့် ယခု အစိမ်းရောင် နဂါး အစီအရင်နှင့် ပေါင်းစပ် လိုက်သည့် အခါ မီတာရာချီခန့် ရှည်သော နဂါးအဖြစ် အသွင် ပြောင်းလဲ သွားခဲ့သည်။ ထိုအရာသာ နောက်တစ်ဆင့်သို့ တက်နိုင်ခဲ့လျှင် ဓမ္မအစီအရင်၏ အပြင်သို့ အစစ်အမှန် ခန္ဓာဖြင့် ထွက်ပြေး နိုင်လိမ့်မည် ဖြစ်သည်။

အစိမ်းရောင်နဂါး အစီအရင်၏ ဝိညာဉ်တွင် အစိမ်းရောင် နဂါးရေကန် တစ်ခုလုံးနှင့် ရှေးဟောင်း သစ်ပင်ကြီးများ၏ စွမ်းအားများ ပိုင်ဆိုင်ရာ တန်ခိုးရှင် အဆင့် တစ်ဒါဇင်ခန့်ပင် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သော စွမ်းအားက ချန်းဖန်အား ကမ္ဘာကြီး၏ စစ်မှန်သော အရှင်သခင် ဖြစ်စေလိမ့်မည် ဖြစ်သည်။ ဆေးနတ်ဘုရား တောင်ကြားမှ အဆိပ်ခုနစ်မျိုး ကဲ့သို့သော အစီအရင် မျိုးမှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အသုံးပြု နိုင်သည့်တိုင် အစိမ်းရောင် နဂါး အစီအရင်နှင့် နှိုင်းယှဉ်ပါက အလွန် နိမ့်ကျသည်။

"အစိမ်းရောင် နဂါး အစီအရင်တော့ ပြီးသွားပြီ။ ရှင်သန်ခြင်း ရေစင် ထုတ်လုပ်ဖို့ကို ငါ အာရုံစိုက်ရ တော့မယ်"

ချန်းဖန်၏ မျက်လုံးများက အတွေးဖြင့် လင်းလက် နေခဲ့၏။ သူ့အနေဖြင့် ရှင်သန်ခြင်း ရေစင်အပေါ် များစွာ မျှော်လင့် ထားခဲ့သည်။ ထိုထုတ်ကုန်အား ဈေးကွက်တွင် မိတ်ဆက် နိုင်သည်နှင့် လူသားများ၏ သမိုင်းကြောင်းကို လုံးဝ ပြောင်းလဲ နိုင်ပေလိမ့်မည်။ ထိုအရာက ကမ္ဘာမြေပေါ်၌ ချီစွမ်းအင်ကို ပထမဆုံး မိတ်ဆက်သည့် ထုတ်ကုန် ဖြစ်သည့် အပြင် လူသားများ အနေဖြင့် ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းရန်ပင် ဖြစ်လာနိုင်သည်။ ရှင်သန်ခြင်း ရေစင်၏ အာနိသင်မှာ ယွင်ဝူရေ၏ အပုံတစ်ရာပုံ တစ်ပုံသာ ရှိသည့်တိုင် ထိုအရာတွင် ပါဝင်သော ချီအမြုတေက လူသားများ အတွက် အချိန်ကာလ ကြာအောင် အကျိုးပြု လိမ့်မည် ဖြစ်သည်။ ထိုအရာက သေမျိုး ခန္ဓာကိုယ်ကို ပိုမို သန်မာစေနိုင်သည့် အပြင် အသက်ဓာတ် ကိုလည်း ပိုမို တိုးပွားစေမည် ဖြစ်သည်။

ထိုကဲ့သို့သော ထုတ်ကုန်မျိုးကို ပေါ့ပေါ့တန်တန် မတွက်သင့်ပေ။

လူသားကမ္ဘာမှ ရေနွေးငွေ့ အင်ဂျင်၊ ပင်နီဆီလင်၊ ပထမဆုံး ကွန်ပျူတာ စသည်တို့ကဲ့သို့ လမ်းသစ် တစ်ခုကို ဖွင့်လှစ်ကာ ပြောင်းလဲ တိုးတက်မှုကို အရှိန်အဟုန် မြင့်စေမည့် အရာမျိုး ဖြစ်၏။ ထိုရှင်သန်ခြင်း ရေစင်ကို အကျိုးရှိစွာ အသုံးချပါက အချိန်ကာလ တစ်ခုကြာလျှင် သိုင်းပညာ လမ်းစဉ် ပါရမီရှင်များ၊ အစီအရင် ပညာရှင်များ၊ အရှင်သခင် များစွာ ပေါ်ထွန်း လာလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့သော အချိန်ရောက်ဖို့ ဆိုလျှင် အနှစ် တစ်ဆယ်၊ နှစ်ဆယ်ခန့် ကြာလိမ့်မည် ဖြစ်သည်။ ထိုသို့သော အချိန်ရောက်လျှင် ချန်းဖန်မှာ မူလ ဝိညာဉ် အဆင့်သို့ ရောက်ရှိကာ ရွှေအမြုတေကို ပိုင်ဆိုင် နေလောက်ပြီ ဖြစ်သလို ကမ္ဘာမြေမှ ထွက်ခွာကာ အဆုံးမရှိသော စကြဝဠာ၌ လေလွင့် နေလောက်ပြီ ဖြစ်သည်။

ယခုမူ မည်သည့် အစိုးရ၊ လူပုဂ္ဂိုလ်ကမှ ရှင်သန်ခြင်း ရေစင်၏ အစစ်အမှန် အကျိုး သက်ရောက်မှုကို တွေ့မြင် လိမ့်ဦးမည် မဟုတ်ပေ။ ရှင်သန်ခြင်း ရေစင်မှာ လူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုကို တိုးမြှင့်ပေးပြီး အသက်ရှည် စေသည့် ဆေးရည် တစ်မျိုး ဟုသာ ယူဆ ကြလိမ့်ဦးမည် ဖြစ်သည်။

သို့သော်လည်း ထိုအရာ၏ လူသား ခန္ဓာကိုယ် အပေါ် အကျိုး သက်ရောက်မှုက ရူးသွပ်ဖွယ် ဖြစ်နေ လိမ့်ဦးမည် ဖြစ်သည်။

ထို့ကြောင့်ပင် အစိမ်းရောင် နဂါး အစီအရင် မပြီးဆုံးခင် ရှင်သန်ခြင်း ရေစင် ထုတ်လုပ်မှုကို ချန်းဖန် ရပ်တန့် ထားခဲ့ခြင်း ဖြစ်သည်။ အစိမ်းရောင် နဂါး အစီအရင်သာ မရှိလျှင် နိုင်ငံတကာရှိ အဖွဲ့အစည်း အမျိုးမျိုး၏ နည်းလမ်း ပေါင်းစုံ ချဉ်းကပ်မှု များအား ခံနိုင်ရည် ရှိလိမ့်မည်ဟု ချန်းဖန် အာမ မခံရဲပေ။

သိပ်မကြာခင်က ရရှိထားသော သတင်းများ အကြောင်း တွေးမိသည်နှင့် ချန်းဖန် နှာခေါင်း ရှုံ့လိုက်မိသည်။

"ဟမ့် … ဆမ်ဆောင်း ဂရု၊ အိဒ်အင်တာ နေရှင်နယ်၊ ဟောင်ဂိုဏ်း၊ အမှောင် တိုတမ် … ရှင်သန်ခြင်း ရေစင်ကြောင့် မင်းတို့ ဖင်မထိုင် နိုင်အောင် ဖြစ်နေ ကြတယ်ပေါ့"

သို့သော် အစိမ်းရောင် နဂါး အစီအရင် အောင်မြင်ခြင်းကို မည်သူမျှ သတိထားမိ လိမ့်မည် မဟုတ်ပေ။

ပျံသန်းနေသော အဇူရာ နဂါးကို ကြည့်ရင်း သူ၏ မျက်နှာ၌ အပြုံးတစ်ခု မွေးဖွားလာသည်။ တောင်ခြေတွင် နေထိုင်သော လူနည်းစု ပင်လျှင် မိုကြိုးများ ပေါက်ကွဲခြင်း၏ အကြောင်းရင်းကို သိလိမ့်မည် မဟုတ်ပေ။ လှည့်ဖြားခြင်း အစီအရင်၏ အစွမ်းဖြင့် ဆိုလျှင် အရှေ့တောင်ကြား ဒေသ၏ ပုံစံက သာမန်လိုပင် ဖြစ်နေလိမ့်မည် ဖြစ်ရာ တစ်ယောက်ယောက် သတိထားမိရန် မဖြစ်နိုင်ပေ။ ချန်းဖန် အရှေ့တောင်မှ ထွက်ခွာကာ ကျောင်းသို့ ပြန်လာခဲ့သည်။ သာမန် ကျောင်းသား တစ်ယောက် အနေဖြင့် သူလုပ်စရာ တစ်ခု ရှိသေးသည်။ ထိုအရာက ရှင်သန်ခြင်း ရေစင် ထုတ်လုပ်မှုကို လုပ်ဆောင်ရန် ဆေးဝါး အလုပ်ရုံ တစ်ခု တည်ဆောက်ရန်ပင်။

***

အနာဂတ် ဘဝသိပ္ပံ လက်တွေ့ခန်း အတွင်း …

"ခဏလောက် နားထောင် ပေးကြပါ … လုပ်လက်စ အလုပ်တွေကို ခဏထားခဲ့ပြီး ဒီနေရာမှာ စုပေးကြပါ"

ချန်းဖန် လက်ခုပ်တီးရင်း အော်လိုက်သည်။ စုကျောင်းနှင့် အခြား လူများမှာ လုပ်လက်စ အလုပ်များကို ရပ်လိုက်ကြကာ သူ့ထံသို့ လျှောက်လာကြသည်။ သူတို့ အားလုံးက အနက်ရောင် ဝတ်စုံနှင့် ချောမောသော လူငယ်ကို လေးစားစွာ ကြည့်ကြသည်။ ထိုလူငယ်၏ ဦးဆောင်မှု အောက်၌ ခေတ်သစ် တော်လှန်ရေး ထုတ်ကုန်ဟု ဆိုနိုင်သော ရှင်သန်ခြင်း ရေစင်ကို သူတို့ ထုတ်လုပ် နိုင်ခဲ့ပြီ ဖြစ်သည်။

ရှင်သန်ခြင်း ရေစင်၏ အကျိုး သက်ရောက်မှုကို ပိုမို နားလည်လေလေ၊ သူတို့ အနေဖြင့် ပိုမို အံအားသင့်ရ လေလေ ဖြစ်လာခဲ့သည်။

ရှင်သန်ခြင်း ရေစင်မှာ လူသားများ၏ ဆင့်ကဲပြောင်းလဲမှု အတွက် အဖိုး မဖြတ်နိုင်သော အရာဖြစ်သည်။ လူသားများ၏ ဂျင်း(မျိုးရိုးဗီဇ)၏ လျှို့ဝှက်ချက် များကို တိုက်ရိုက် ဖော်ထုတ်ရန် ဖြစ်နိုင်သည်။ လက်တွေ့ စမ်းသပ်မှုများ အရ ရှင်သန်ခြင်း ရေစင်မှာ သက်ရှိအားလုံး အပေါ် အကျိုး သက်ရောက်မှု ရှိသည်။ ထို့အပြင် ဆိုးကျိုး တစ်ခုမျှ မရှိလေရာ ဘုရားသခင်၏ ရေစင်အလား တန်ဖိုးဖြတ်၍ မရပေ။

သို့သော် သူတို့ စမ်းသပ်ခဲ့သည်မှာ သုံးလ အတွင်းသာ ဖြစ်သည်။ သုံးလခန့် အသုံးပြုလျှင်ပင် ဤမျှ အကျိုး သက်ရောက်မှု ရှိရာ အနှစ်သုံးဆယ် ဆိုလျှင် မည်ကဲ့သို့ ထူးဆန်းသော အရာများ ကြုံရမည်ကို မည်သူမျှ မပြောနိုင်ချေ။

သာမန် လူများပင်လျှင် ပြည့်စုံသော ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ရရှိကာ ပိုမို ရှည်လျားသော သက်တမ်းကို ရရှိစေနိုင် လိမ့်မည်လား။

ခမ်းနားသော အတွေးများက သူတို့အား စိုးမိုးထားသည်။

"ကျုပ်တို့ရဲ့ ရှင်သန်ခြင်း ရေစင် ပထမ စတော့ဈေးကွက် အတွက် ထုတ်လုပ်မှုက ပြီးဆုံးခဲ့ပြီ။ ဒါကြောင့် ဒီနေ့က စပြီး ရေသန်ခြင်း ရေစင်ကို အမြောက်အမြား ထုတ်လုပ်တော့မယ်။ ကျုပ်တို့ အနေနဲ့ ပိုပြီးကြီးတဲ့ စက်ရုံ တစ်ခုမှာ ထုတ်လုပ်ဖို့ လိုနေပြီ။ အဲဒါမှ ဈေးကွက်ကို လုံလုံ လောက်လောက် ဖြန့်ချိ နိုင်လိမ့်မယ်"

ချန်းဖန် ဖြည်းညင်းစွာ ပြောရင်း အခန်းထဲရှိ လူများကို အကဲခတ် လိုက်သည်။ ချန်းဖန် ထိုလူများ ထံသို့ နတ်ဘုရား စိတ်အာရုံကို လွှမ်းခြုံလိုက်သည်။ လွန်ခဲ့သည့် လအနည်းငယ် အတွင်း အချိန် အများစုမှာ ဤလက်တွေ့ခန်းတွင် မရှိခဲ့ရာ လူတိုင်း နီးပါး၏ မျက်နှာများက သူ့အတွက် စိမ်းနေခဲ့သည်။

ထိုလူများထဲတွင် အမေရိကန်နှင့် ဂျပန်မှ သူလျိုများ ၊ ဆေးကုမ္ပဏီကြီး များမှ ပညာရှင်များ၊ ဇီဝဗေဒ ပညာရှင်များနှင့် စစ်ဘက်မှ သုတေသန ပညာရှင် တစ်ယောက် ပါဝင်နေသည်။ ထူးဆန်းသည်က ကျင်းတက္ကသိုလ်မှ ကျောင်းသား များမှာ လူနည်းစုသာ ဖြစ်နေကြသည်။

စုကျောင်းပင်လျှင် ရုပ်သေးရုပ် တစ်ရုပ် အဖြစ်သို့ ပြောင်းလဲ သွားကြောင်း ချန်းဖန် သတိထား မိသည်။

သို့သော် သူ ဂရုမစိုက်ပေ။ ရှင်သန်ခြင်း ရေစင် ဖော်မြူလာမှာ သူ့ထံတွင်သာ ရှိနေသည်။

"ဓာတ်ခွဲခန်းကို ဒီနေ့ အောင်အောင်မြင်မြင် ပိတ်သိမ်းနိုင် လိမ့်မယ်။ လူတိုင်း အနေနဲ့ ခင်ဗျားတို့ရဲ့ နောက်ဆုံး ဘွန်းနက်စ် ချက်လက်မှတ် တွေကို ယူနိုင်တယ်"

ချန်းဖန်၏ ကြေညာသံကြောင့် သုတေသီ များစွာ၏ မျက်လုံးများတွင် ထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်ထွက် လာခဲ့သည်။

သူတို့အနေဖြင့် ဆေးညွှန်းများကို ရရှိပြီး ဖြစ်ရာ သူတို့၏ အစစ်အမှန် လုပ်ငန်းများသို့ ပြန်ကာ အစီအရင်ခံရန် မစောင့်နိုင်တော့ပေ။ ချန်းဖန် ဘာမှ မလုပ်ရသေးခင် မှာပင် ရှင်သန်ခြင်း ရေစင်ကို အမြောက်အများ ထုတ်လုပ်ရန် သူတို့ တွေးနေကြသည်။

စုကျောင်းမှာ ချန်းဖန်၏ ကြေညာသံကြောင့် စိတ်ပျက်သည့် အမူအရာများ ဖြစ်ပေါ်လာသည်။ သူမက ချန်းဖန်အား စိုးရိမ်စွာ ကြည့်လိုက်ကာ တစ်ခုခု ပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ချန်းဖန်မှာ သူမ၏ အမူအရာကို သတိပြုမိပုံ မရပေ။

လူတိုင်းက သူတို့၏ ချက်လက်မှတ် များကို ထုတ်ယူကာ ထွက်ခွာ သွားကြသည်နှင့် စုကျောင်းက ချန်းဖန် အနားသို့ တိုးကပ်၍ ပြောလိုက်သည်။

"ပါမောက္ခချန်း … သူတို့ကို ဘာလို့ ထွက်ခွာခွင့် ပေးလိုက်တာလဲ"

"ဘာဖြစ်လို့ မပေးရမှာလဲ။ အားလုံးက စာချုပ် အတိုင်းပဲလေ။ သူတို့က ငါ့ကို ရှင်သန်ခြင်း ရေစင် ထုတ်လုပ်ဖို့ ကူညီတယ်။ ငါက ဘွန်းနက်စ် ချက်လက်မှတ်တွေ ပြန်ပေးတယ်"

ချန်းဖန်က ပြန်ပြောသည်။

"ဒါပေမဲ့ … ဒါပေမဲ့ ရှင်သန်ခြင်း ရေစင်က ဘယ်လောက် အရေးကြီးလဲ ရှင်သိတာပဲ။ မဟုတ်ဘူးလား"

သူမက ဆက်ပြော လိုက်သည်။

"သူတို့ အားလုံးမှာ မေးခွန်း ထုတ်စရာ နောက်ခံတွေ ရှိတယ်။ နိုင်ငံခြားက သူလျှိုတွေ ရောပဲလို့ ကျွန်မ သံသယ ရှိတယ်။ သူတို့က ခုချိန်မှာ အလုပ်ရှင်တွေနဲ့ မဆက်သွယ် နိုင်ရင်တောင် ရှင်သူတို့ကို ထွက်ခွာခွင့် ပေးတာနဲ့ လုပ်ထားသမျှ အားလုံး ဆုံးရှုံးရမှာ သိရဲ့လား"

"အဲဒီတော့ ဘာဖြစ်လဲ …"

ချန်းဖန်က မိန်းကလေးအား ပြုံးရင်း မေးသည်။

"ဘာလဲ …"

စုကျောင်းမှာ ချန်းဖန်၏ ထူးဆန်းသော အပြုအမူကို ကြည့်ရင်း သံသယများ ဖြစ်ပေါ်လာသည်။

ချန်းဖန်က လက်ကို ဝှေ့ယမ်းကာ ဓာတ်ခွဲခန်း အတွင်း သူတပ်ဆင် ထားခဲ့သည့် ဓမ္မအစီအရင်ကို ဖယ်ရှား လိုက်သည်။ ထို့နောက် ပြုံးကာ စုကျောင်းအား ကြည့်ရင်း …

"မင်း နောက်တစ်ကြိမ် စမ်းသပ်မှုကို လုပ်ကြည့်လိုက်။ မင်းကိုယ်တိုင် ရှင်သန်ခြင်း ရေစင် ထုတ်လုပ် နိုင်မလား ကြည့်ရအောင်"

သံသယ ဖြစ်စွာပင် စုကျောင်း ချန်းဖန် ပြောသည့် အတိုင်း လုပ်ကြည့်သည်။ သူမ အကြိမ်ကြိမ် ကြိုးစားသည့်တိုင် လုံးဝ မအောင်မြင်ခဲ့ပေ။

"ဘယ်လို ဖြစ်ရတာလဲ"

စုကျောင်း ရေရွတ်လိုက်သည်။ ပါဝင် ပစ္စည်းများ၊ ထုန်လုပ်မှု နည်းလမ်း၊ အသုံးပြုသော စက်ကိရိယာများ အားလုံးက အတူပင် ဖြစ်သည့်တိုင် လိုချင်သော ရလဒ် မရခဲ့ပေ။

"ငါ ပြောခဲ့တယ်လေ။ ရှင်သန်ခြင်း ရေစင်က သိပ္ပံပညာကို သုံးပြီး ဖန်တီးထားတာ မဟုတ်ဘူးလို့။ အဲဒါက ဓမ္မအစီအရင်ကို သုံးထားတာ"

ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူမ၏ စိုးရိမ်မှုများက အပို ဖြစ်နေကြောင်း စုကျောင်း နားလည် သွားခဲ့ပြီ ဖြစ်သည်။ ချန်းဖန်၏ အစီအရင် မရှိလျှင် ရှင်သန်ခြင်း ရေစင် ထုတ်လုပ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

"မင်း ယုချင်နဲ့ လက်တွဲ ခဲ့သေးတယ် မလား"

ချန်းဖန်က ရုတ်တရက် မေးလိုက်သည်။

"ရှင် … ရှင် ဘယ်လို သိတာ"

စုကျောင်းက စိတ်လှုပ်ရှား လာကာ အထစ်ထစ် အငေါ့ငေါ့ မေးသည်။

ချန်းဖန်က ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ ထို့နောက် သူမအား ကြည့်ကာ …

"မင်း အလုပ် မဟုတ်ပါဘူး။ ငါ့ကို သူ့ဆီ ခေါ်သွားပေး"

ရှင်သန်ခြင်း ရေစင်မှာ စတင် ထုတ်လုပ် နိုင်ခဲ့ပြီ ဖြစ်ရာ စစ်တပ်နှင့် ညှိနှိုင်း ဆွေးနွေးရန် ချန်းဖန် တွေးမိသည်။

***

All Chapters