ကောင်းကင်ရုံးတော်ဂိုဏ်းဝင်များအားလုံး ဖြောင့်မတ်ကြသည်
Vol. 31 Ch. 453
"ခင်ဗျားက ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား"
ချိုးကျင်အန်း မျက်လုံးပြူးသွားပြီး ထိုင်ခုံမှ ဝုန်းခနဲထရပ်သည်။ သူ့စကားသံလည်း တန်ပိုအတော်မြင့်သွားသည်။
တစ်ခြားလူမျာလးည်း ထိုနည်းတူပင်ဖြစ်သည်။ အမြဲတမ်းစိတ်တည်ငြိမ်သည့် စွန်စီးကျောင်းထိုင်ပင် မတည်ငြိမ်နိုင်တော့။
"ဒါက ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ နှစ်တစ်သန်းအစီအစဉ်ပါ။ လုံးဝမမှားနိုင်ပါဘူး"ဟု ယွမ်ကျိက သူတို့ကို အေးစက်စက်ပြုံး၍ပြောလာမည်ကို ကြောက်နေကြသည်။
ယွမ်ကျိ၏ အမြဲတည်ငြိမ်သည့်မျက်လုံးထဲတွင်လည်း နားမလည်သည့်အရိပ်တစ်ချို့ ပေါ်လာသည်။
သူ့စကားဘာအမှားပါသနည်း။ ကောင်းကင်ရုံးတ်ောဂိုဏ်းကို ဘယ်လိုမြင်လဲဟု မေးသည်။ သူအမှန်အတိုင်း ပြောလိုက်ရုံသာဖြစ်သည်။ ဘာကြောင့် အမူအရာပြောင်းသွားကြသည်မသိ။
သူတို့အမူအရာကို နားလည်နိုင်ပါသည်။ ဤနေရာသည် တော်ဝင်လမ်း၏အမာခံ မဟာရှားနန်းတော်ဖြစ်သည်။ ရှိနေသူအားလုံးကလည်း လမ်းမှန်ဂိုဏ်းခေါင်းဆာင်များဖြ်စသည်။
သူတို့နေ့တစ်ပိုင်းနီးပါး ဆွေးနွေးနေခဲ့သည်။ ကောင်းကင်ရုံးတော်ဂိုဏ်းက လောကကိုသိမ်းပိုက်ဖို့ မကောင်းသည့်အကြံအစည်မျိုးရှိနေသည်ဟု ယူဆလျက် နတ်ဆိုးဂိုဏ်းသစ်ဖြစ်မည်ဟု သုံးသပ်သည်၊ အန္တရာယ်ကြီးသည့်ဂိုဏ်းဟု ကောက်ချက်ချသည်။
ယခု ရုတ်တရက် ယွမ်ကျိက ကောင်းကင်ရုံးတော်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟု ရုတ်တရက်ပြောလိုက်သည်။ အမူအရာမပျက်ဘဲ ဘယ်သူနေနိုင်မည်နည်း။
အရေးကြီးဆုံးအချက်က ယွမ်ကျိသည် ဤခြောက်ယောက်ထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။
အားလုံး မျက်စိပျက်မျက်နှာပျက်ဖြစ်နေသည်ကိုကြည့်၍ ယွမ်ကျိ ဆက်ရှင်းပြသည်။
"အားလုံးပဲ၊ ဘာမှစိတ်ပူဖို့မလိုပါဘူး။ ကောင်းကင်ရုံးတော်ဂိုဏ်းဆိုတာ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းတွင်းအဖွဲ့အစည်းတစ်ခုပါ။ စိတ်ချယုံကြည်ရပါတယ်။
ကျွန်မရဲ့ဂိုဏ်းတူမောင်လေးလုယန်က ကိုးငရဲဂိုဏ်းကို အယုံသွင်းဖို့အတွက် ဒီဂိုဏ်းတည်ထောင်ဖို့ အကြုံပြုခဲ့တာပါ"
"လုယန်လား"
ချိုးကျင်အန်းနှင့် လော်ဟုန်ရှားတို့က လုယန်အကြောင်းသိသည်။ သို့သော် အင်ပါယာရှား၊ စွန်စီးကျောင်းထိုင်နှင့် ထောင်ချုပ်ဂိုဏ်းချုပ်တို့က မသိကြ။
လုယန်သည် ပါရမီမြင့်သည်။ ကျင့်စဉ်ဖျက်၍ ပြန်စကျင့်ကြံသူများနှင့် ရင်ဆိုင်လျှင်ပင် သက်တောင့်သက်သာ အနိုင်ယူနိုင်သည်။ လူငယ်မျိုးဆက်၏ နံပတ်တစ်ဆိုသည်မှာ အငြင်းပွားစရာမရှိ။
သို့သော် သူ့ကျင့်စဉ်အဆင့်က ဤထိပ်သီးပုဂ္ဂိုလ်များ၏ အာရုံကို ဆွဲဆောင်နိုင်ဖို့ နိမ့်လွန်းသေးသည်။ အကယ်၍ ရှေးဟောင်းသမိုင်းပညာရှင်တစ်ယောက်ဖြစ်ခဲ့လျှင်တော့ သူအလွယ်တကူ နာမည်ကြီးနိုင်ပါသည်။
ထာဝရဂိုဏ်းကိုဖျက်ဆီးရာတွင် စွမ်းစွမ်းတမံပါဝင်ခဲ့သည်။ သို့သော် ထိုတိုက်ပွဲတွင် ယွမ်ကျိဝင်လှုပ်ရှားခဲ့သဖြင့် လုယန်သည် အဓိကဇာတ်လိုက်ကျော်ဖြစ်သည်ဟုပြောလျှင် ဘယ်သူမှယုံမည်မဟုတ်။
"လုယန်ဆိုတာ ကျွန်မဆရာရဲ့ နောက်ဆုံးတပည့်၊ ကျွန်မရဲ့ ဆရာတူမောင်လေးပါ။ သူက မှော်ပညာနဲ့ ကျင့်စဉ်ပညာမှာ အရမ်းပါရမီထူးပါတယ်။ ထာဝရဂိုဏ်းကို ဖျက်ဆီးတဲ့ကိစ္စမှာ အဓိကလှုပ်ရှားခဲ့တာ သူပါပဲ"
အားလုံး အံ့အားသင့်သွားသည်။ ယွမ်ကျိ လုယန်ကို "အရမ်း"ဟူသည့်စကားလုံးဖြင့် မှော်ပညာပါရမီကောင်းကြောင်း ချီးကျူးနေသည်။ လုယန်ပါရမီ ဘယ်လောက်ကြောက်စရာကောင်းနေသည်မသိ။
ထာဝရဂိုဏ်းဖြိုခွဲသည့်ကိစ္စတွင် အရေးပါခဲ့သည့်လူဟုပြောသည်။ လုယန်ကြောင့် ထိုဂိုဏ်းပြိုကွဲခဲ့ခြင်းလားမသိ။
ထို့ပြင် လုယန်၏ ကျင့်စဉ်အဆင့် ဘယ်လောက်ရှိခဲ့သနည်း။ ဘယ်လိုနည်းလမ်းဖြင့် အောင်မြင်အောင်လုပ်ခဲ့သနည်း။
"လုယန်ကို ကျုပ်တွေ့ဖူးတယ်။ သမရိုးကျမဟုတ်တဲ့အတွေးအခေါ်မျိုးရှိပြီး တကယ်ရှားပါးတဲ့ ပါရမီရှင်ပါ။ ကျင့်စဉ်ဖျက်ဆီးပြီးပြန်ကျင့်ကြံနေတဲ့ မဟာယုကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကို အဆင့်တူချင်းမှာ သူအနိုင်ယူခဲ့ပါတယ်"
ချိုးကျင်အန်းလည်း လုယန်ပါရမီကို သက်သေခံပေးသည်။
"အဲလိုလား"
လော်ဟုန်ရှား အံ့ဩသွားပြီး ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်သည်။ သူတို့အားလုံးသည်လည်း ငယ်စဉ်က ထိပ်တန်းပါရမီရှင်များဖြစ်သည်။ သို့သော် လုယန်လိုအတိုင်းအတာအထိ အောင်မြင်ဖို့တော့ ခဲယဉ်းလှသည်။
"ဒါတင်မကသေးဘူး။ ဓာတ်ငါးမျိုးဂိုဏ်းနဲ့ တာအိုလမ်းစဉ်ဂိုဏ်း နှီးနှောဖလှယ်ပွဲမှာ လုယန်ရဲ့တိုက်ခိုက်စွမ်းအားက ထူးခြားတယ်လို့ သူတို့ပြောခဲ့တယ်။ အခြေတည်ဆင့်နဲ့ ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့်နဲ့ ဝိညာဉ်ပြောင်းအဆင့်တွေကို အနိုင်ယူခဲ့တယ်တဲ့"
ကျင့်စဉ်ပြန်စသူကို အနိုင်ယူသည်ထက်ပင် ဤကိစ္စက ပိုအံ့ဩစရာကောင်းနေသည်။
"အဲဒါအမှန်ပဲလား တာအိုရှင်ယွမ်"
ယွမ်ကျိ တစ်ချက်တုံ့ဆိုင်းသွားသည်။ ထို့နောက် ခေါင်းငြိမ့်သည်။ အာမေဋိတ်သံများ ပို၍ကျယ်လောင်လာလေသည်။
ပြောနေသည့်အကြောင်းအရာက လမ်းကြောင်းလွဲသွားပြီဟု ယူဆသဖြင့် ယွမ်ကျိ စကားပြန်ကောက်သည်။
"ကျွန်မက ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။ ဒီဂိုဏ်းမှာ ဂိုဏ်းကာကွယ်သူ ကောင်းကင်ဘုရင် ကိုးယောက်ရှိတယ်။ ကျွန်မဆရာနဲ့ ဂိုဏ်းအကြီးအကဲရှစ်ယောက်ပေါ့။ ဆရာကတော့ သူအဖွဲ့ဝင်ဖြစ်နေမှန်း မသိသေးဘူး။
ပြီးတော့ တာအိုလမ်းစဉ်ဂိုဏ်းနေ စုစည်းထားတဲ့ တပည့်သစ်ငါးယောက်ရှိတယ်။ လုယန်၊ မုန်ကျင်းကျိုး၊ ထောင်ယော်ယဲ့၊ အရိုးရိုင်းနဲ့ လီဟော်ရန်ပါ"
ထာဝရနတ်မယ်အကြောင်းကို သူထုတ်မပြော။
"ရှင်တို့ ကောင်းကင်ရုံးတော်ဂိုဏ်းကို နည်းနည်းအထင်မှားနေကြတယ်။ ဂိုဏ်းဝင်တွေအားလုံးကလည်း ကျွန်မတို့ဂိုဏ်းက အကြီးအကဲတွေ ပါရမီရှင်တပည့်တွေပါ။ ဘယ်လိုလုပ် နတ်ဆိုးဂိုဏ်းဖြစ်နိုင်မှာလဲ"
ယွမ်ကျိသုံးသပ်ချက်ကရှင်းသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းဝင်များသည် လမ်းမှန်ကျင့်ကြံသူများဖြစ်သည်။ ထို့ကြောင့် ထိုဂိုဏ်းသည်လည်း လမ်းမှန်ဂိုဏ်းဖြစ်သည်။
ကျန်သည့်ငါးယောက် မျက်ခုံးလှုပ်လာကြသည်။ သူတို့အဆင့်အတန်းနှင့် ဝါစဉ်အရ ယွမ်ကျိကို တစ်ခုခုစွပ်စွဲပြောဆိုဖို့ အဆင်မပြေ။
"ဒါဆို ပဲဝါအရှင်က-"
ချိုးကျင်အန်း စကားစပြိးမှ တစ်ဝက်တစ်ပျက် ရပ်သွားသည်။ ကိုးငရဲဂိုဏ်းချုပ်ပြောသည့်စကားကို ပြန်သတိရလာသည်။ ပဲဝါအရှင်သည် ကြယ်များကို ပဲ့စေ့လိုထိန်းချုပ်နိုင်သည်။
ကောင်းကင်မှကြယ်များသည် ယွမ်ကျိ၏ ရွှေသန္ဓေများဖြစ်သည်။ ထို့ကြောင့် ကြယ်များကို သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်သည်။
ထို့ပြင် အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းမှတ်တမ်း ရှိထားသည့် ယွမ်ကျိသည် နိုင်ငံကံကြမ္မာစွမ်းအားသုံး၍ ပြိုင်ဘက်သုံးယောက်ကို တစ်ကိုယ်တော်တိုက်ခိုက်နိုင်သည်မှာ မဆန်းတော့။
လုယန်သည် ယွမ်ကျိ၏ ဂျူနီယာမောင်လေးဖြစ်သည်။ ယွမ်ကျိက သူ့လျှို့ဝှက်ကာကွယ်ပေးခဲ့ခြင်းဖြစ်မည်။
အားလုံး အဓိပ္ပါယ်ရှိလာသည်။
ဤနေရာတွင် ရှိနေသူအားလုံး ဉာဏ်ထက်ကြသည်။ ပဲဝါအရှင်သည် ယွမ်ကျိဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားသည်။
"ကောင်းကင်ရုံးတော်ဂိုဏ်းက ကိုးငရဲဂိုဏ်းရဲ့ယုံကြည်မှုကို ရထားပါပြီ။ လောလောဆယ် ကိုးငရဲဂိုဏ်းကို မတိုက်ခိုက်ကြပါနဲ့ဦး။ သတိပေးသလို ဖြစ်မသွားအောင်လို့ပါ"
"မှန်တာပေါ့၊ မှန်တာပေါ့"
အားလုံး ပြုံး၍ခေါင်းငြိမ့်ကြသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းက ကိုယ့်ဘက်သားမှန်း သိလိုက်ရသဖြင့် အားလုံးစိတ်အေးသွားကြသည်။
"ကောင်းကင်ရုံးတော်ဂိုဏ်းနဲ့ ကိုးငရဲဂိုဏ်းက စပြီးပူးပေါင်းလုပ်ဆောင်နေတဲ့ အနေအထားကိုရောက်နေပါပြီ။ ကောင်းကင်ရုံးတော်ဂိုဏ်းက နည်းပညာထောက်ပံ့တယ်။ ကိုးငရဲဂိုဏ်းက လူအင်အားစိုက်တယ်။
ကျွန်မတို့ အတူပူပေါင်းပြီး အသားကင်ဆိုင်တွေ ဖွင့်ထားပါတယ်။ လုပ်ငန်းက အခုမှစတာပါ။ ဂိုဏ်းနောက်လိုက်တွေ ဆိုင်လုပ်ငန်းထဲ များများဝင်လာလေ အပြင်မှာ သူတို့ပြစ်မှုကျူးလွန်နိုင်ခြေ နည်းလေပါ။
ဒါကြောင့် ရုံးတော်အနေနဲ့ ဆိုင်လုပ်ငန်းကိုတိုးမြှင့်ဖို့ အဆင်ပြေမယ့် စည်းမျဉ်းဥပဒေတစ်ချို့ ပြဌာန်းပြီး အသားကင်ဆိုင်လုပ်ငန်းကို လျှို့ဝှက်ကူညီပေးပါ"
အင်ပါယာရှား ခဏစဉ်းစားသည်။
ဆိုင်လုပ်ငန်း တိုးမြှင့်နိုင်လျှင် အခွန်များများရမည်။ လူအများအတွက်လည်း အကျိုးရှိသည်။ ကောင်းသည့်ကိစ္စဖြစ်သည်။
"ဒါတော့ မခက်ပါဘူး"
"ကောင်းပါပြီ။ နောက်တစ်ခုပြောချင်တာက ဝူယွီထောင်တို့သုံးယောက်ဟာ တာအိုလမ်းစဉ်ဂိုဏ်းကို ရောက်နေပါပြီ။ သူတို့ဆီက ကျွန်မ သတင်းနည်းနည်းရခဲ့ပါတယ်"
အားလုံး နားလည်သဘောပေါက်သည့်အကြည့်ဖြင့် ကြည့်ကြသည်။ ယွမ်ကျိ ဟန်ရွှေ့မြို့သို့ ရောက်ခဲ့လျှင် ဝူယွီထောင်တို့ကို အလွတ်ပေးစရာ အကြောင်းမရှိ။
ဝူယွီထောင် ထုတ်ပြောခဲ့သည့် အကြောင်းများကို ယွမ်ကျိထပ်ပြောပြသည်။ အားလုံး၏မျက်နှာ လေးနက်တည်ကြည်လာသည်။
"ထင်တဲ့အတိုင်းပဲ။ မဟာယုကောင်တွေက နိင်ငံ့ကံကြမ္မာစွမ်းအားကိုတောင် မျက်စောင်းထိုးရဲတယ်ဆိုရင် သူတို့မှာ မသေမျိုးအဆင့် တိုက်ခိုက်စွမ်းအားမျိုး ရှိလို့ပဲပေါ့"
နိုင်ငံ့ဆရာနှစ်ယောက်၏ ကျင့်စဉ်အဆင့်များအကြောင်းကြားရသော်လည်း အင်ပါယာရှားက အံ့ဩဟန်မပြဘဲ နှာခေါင်းရှုံ့သည်။
မဟာယု၏ ရည်ရွယ်ချက်က မဟာရှားကို အစားထိုးဖို့ဖြစ်သည်။ နိုင်ငံ့ကံကြမ္မာစွမ်းအားကို မသေမျိုးတစ်ယောက်ဖန်တီးထားမှန်း သိသည့်တိုင် ယခုလို လုပ်ရဲသည်ဆိုလျှင် မဟာယုဘက်တွင်လည်း မသေမျိုးများရှိ၍သာဖြစ်မည်။
"မဟာယုရဲ့ နောက်ပစ်မှတ်က ကျိပြည်နယ်ပါ။ ကျိပြည်နယ်ဟာ အလယ်ပိုင်းလွင်ပြင်ဒေသမှာရှိတယ်။ လူတွေမြို့တော်တွေ အများကြီးရှိတယ်။ ရုံးတော်အနေနဲ့ နှံ့နှံ့စပ်စပ် ရှာဖွေစစ်ဆေးဖို့ ခက်လိမ့်မယ်။ မသေမျိုးငါးဂိုဏ်းက အကူအညီပေးဖို့လိုမယ်"
မဟာယုသဲလွန်စများရှာဖို့ အနည်းဆုံး စုစည်းခြင်းအဆင့် ကျင့်ကြံသူများလိုသည်။ တော်ဝင်ရုံးတော်တွင် စုစည်းခြင်းအဆင့် ကျင့်ကြံသူများစွာရှိပါသည်။ သို့သော် အားလုံးကို ကျိပြည်နယ်သို့ လွှတ်လိုက်၍မရ။ သူတို့ကိုလိုအပ်သည့် တစ်ခြားနေရာများရှိသေးသည်။
ထို့ပြင် ခြုံငုံ၍ပြောရလျှင် မသေမျိုးငါးဂိုဏ်း၏ စုစည်းခြင်းအဆင့်ကျင့်ကြံသူများက ရုံးတော်မှလူများထက် ပိုသာကြသည်။
မဟာယုကျင့်ကြံသူများနှင့် ရင်ဆိုင်တွေ့လျှင် လှုပ်ရှားဖို့နှင့် သတင်းပို့ဖို့ အချိန်ပိုရလိမ့်မည်။
"မဟာရှား တည်ငြိမ်အေးချမ်းဖို့အတွက်ပဲလေ၊ ဓာတ်ငါမျိုးဂိုဏ်းက ရပ်ကြည့်မနေပါဘူး"
"ထောင်ချုပ်ဂိုဏ်းလည်း ဒီလိုပါပဲ"
စွန်စီးကျောင်းထိုင်မှလွဲလျှင် ကျန်သည့်မသေမျိုးဂိုဏ်းကိုယ်စားပြုများအားလုံး သူတို့ရပ်တည်ချက်ကို ထုတ်ပြောကြသည်။
စွန်စီးကိုယ်တော်က သူလည်း တစ်ခြားလူများနှင့် တစ်သဘောတည်းဖြစ်ကြောင်းသိစေရန် ခေါင်းကိုသာ အထပ်ထပ်ငြိမ့်ပြနေရသည်။
သူအတော်အခက်တွေ့သည်။ ဝစီပိတ်ကျင့်ရသည်က တကယ်ခက်ခဲသည်။ စကားပြောချင်စိတ် မကြာခဏပေါ်လာသည်။ ထိုစိတ်များကို ထိန်းရသည်။
ယခုလို့တွေ့ဆုံပွဲနှင့်စာလျှင် တာအိုရှင်ဝစီပိတ်နှင့် တွေ့ရသည်က ပိုကောင်းဦးမယ်။ စကားပြောစရာမလိုဘဲ ချက်ချင်းတိုက်ခိုက်နိုင်သည်။