အင်ပါယာရှားရှိုယွမ်
Vol. 31 Ch. 454
ကျိပြည်နယ်အတွက် မသေမျိုးငါးဂိုဏ်းအထောက်အပံ့ရသဖြင့် အင်ပါယာရှား အတော်ဝမ်းသာနေသည်။
နောက်ထပ်ကိစ္စတစ်ခု ချက်ချင်းတွေးမိသည်။
"အလောင်းထိန်းဂိုဏ်းချုပ် ပူးကပ်ခံရတဲ့အကြောင်း ခင်ဗျားတို့အားလုံး ကြားထားပြီးဖြစ်မှာပါ။ သူ့ဝိညာဉ်မီးအိမ်ကို တာအိုလမ်းစဉ်ဂိုဏ်းမှာထားတယ်။
မဟာယုကျင့်ကြံသူတွေက တာအိုလမ်းစဉ်ဂိုဏ်းကိုကြောက်လို့ အလောင်းထိန်းဂိုဏ်းချုပ်ဝိညာဉ်ကို မဖျက်ဆီးရဲခဲ့ဘူးလို့ပြောတယ်"
"ဟုတ်ပါတယ်၊ ဟန်ရွှေ့မြို့တော် နောက်ဆက်တွဲကိစ္စတွေရှင်းနေတဲ့အချိန်မှာ ဟိုခွေးသူတောင်းစားလူပါချန်းက သူ့ရဲ့ကူးဖြတ်ခြင်းအဆင့်ခန္ဓာကိုယ်နဲ့ ကျုပ်ရှေ့မှာ နေ့တိုင်းကြွားလုံးထုတ်တယ်။ တကယ်အမြင်ကပ်စရာပါပဲ"
ချိုးကျင်အန်း နှာခေါင်းရှုံ့၍ ပြောသည်။
အင်ပါယာရှားက ချိုကျင်အန်းစကားကို မကြားချင်ယောင်ဆောင်၍ ဆက်ပြောသည်။
"ဒီအတွေ့အကြုံကနေ သင်ခန်းစာယူပြီး တစ်ခြားဂိုဏ်းတွေက ဝိညာဉ်မီးအိမ်တွေကို မသေမျိုးငါးဂိုဏ်းနဲ့ တော်ဝင်ရုံးတော်မှာ ကာကွယ်ထားကြမလား။
မဟာယုဘက်မှာ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူ အနည်းဆုံးလေးယောက်ရှိတယ်လို့ တာအိုရှင်ယွမ် ခုနကပြောတယ်။ စုစည်းခြင်းအဆင့်တူတွေချင်း ပူးကပ်ဖို့ကြိုးစားရင် တိုက်ပွဲသေချာပေါက်ဖြစ်မယ်။ ကျုပ်တို့အာရုံခံမိမှာပဲ။
ကူးဖြတ်ခြင်းအဆင့်တစ်ယောက်က စုစည်းခြင်းအဆင့်တစ်ယောက်ကို ပူးကပ်ဖို့ကြိုးစားရင်တော့ လွယ်လွယ်ကူကူနဲ့ အသံတိတ်အောင်မြင်သွားမှာလေ။
ဂိုဏ်းချုပ်လူလို ပူးကပ်ခံရတာမျိုး ထပ်ဖြစ်ရင် ဝိညာဉ်မီးအိမ်သိမ်းထားတဲ့စနစ်ကြောင့် မဟာယုကျင့်ကြံသူတွေ တုံ့ဆိုင်းသွားနိုင်တယ်။ သူတို့ပူးကပ်တဲ့လူရဲ့ဝိညာဉ်ကို အကောင်းပကတိ ချန်ထားလိမ့်မယ်"
"အဲဒါကောင်းပါတယ်"
ယွမ်ကျိက အရင်ဆုံး ခေါင်းငြိမ့်သဘောတူလိုက်သည်။
နန်းတော်သို့လာသည်လမ်းတွင် သူလည်း ထိုဖြေရှင်းနည်းမျိုး တွေးလာခဲ့သည်။ သို့သော် အင်ပါယာရှားက သူ့ထက်စကားဦးသွားသည်။။
"ကျုပ်လည်း ကောင်းတယ်လို့ ယူဆပါတယ်"
"ဟုတ်ပါတယ် ဟုတ်ပါတယ်"
စွန်စီးကျောင်းထိုင်ကိုယ်တော်က အသံတိတ်နေသည်။ သဘောတူသည့်လက္ခဏာဖြစ်သည်။
အင်ပါယာရှား ဆက်ပြောသည်။။
"ဆွေးနွေးပွဲပြီးရင် ကျုပ်စာရင်းတစ်ခုလုပ်ပြီး ခင်ဗျားတို့အားလုံးကို ပေးမယ်။ စာရင်းထဲကဂိုဏ်းတွေကို အကြောာင်းကြားပေးပါ"
မဟာရှားမှ ဂိုဏ်းများအားလုံး မှတ်ပုံတင်စနစ်ကို လိုက်နာကြရသည်။ ဂိုဏ်းဝင်အရေအတွက်၊ စွမ်းအားအဆင့်၊ တည်နေရာနှင့် ဂိုဏ်းချုပ်၊ စသည့်အခြေခံအချက်အလက်များ ရုံးတော်သို့ သတင်းပို့ရုံဖြင့် သုံးသပ်ချက်၊ ထောက်ခံချက် စောင့်စရာမလိုဘဲ မှတ်ပုံတင်သည့်ကိစ္စ ပြည့်စုံပြီဟု ယူဆကြသည်။
ဂိုဏ်းချုပ်အပြောင်းအလဲကိစ္စမျိုး နောက်ပိုင်းဆက်ကြုံလျှင်လည်း သတင်းပို့ရသည်။
ထိုစနစ်ကြောင့် မဟာရှားသည် ဂိုဏ်းအရေအတွက်နှင့် တည်နေရာများအကြောင်း အတိအကျသိသည်။ အရာရှိများက အင်ပါယာသတ်မှတ်ချက်အတိုင်း စာရင်းတစ်ခု အမြန်ဖန်တီးသည်။
အရေးကြီးကိစ္စများ ဆွေးနွေးပြီးနောက် သူတို့ငါးယောက် နန်းတော်ခန်းမအပပြင်ဘက်သို့ ပြောဆိုရယ်မောရင်း ထွက်လာကြသည်။ စွန်စီးကျောင်းထိုင်လည်း လိုက်လျောညီထွေဖြစ်အောင် ပြုံး၍လမ်းလျှောက်နေသည်။
ကုန်းကုန်းများ အစေခံများက ခန်းမအပြင်ဘက်တွင် ရိုရိုသေသေရပ်စောင့်နေကြသည်။ သူတို့ငါးယောက်ကိုလိုက်ပို့ရန် အသင့်ပြင်ထားသည်။
"အဟွတ် အဟွတ်....အဟွတ်..""
တာအိုရှင်ဝစီပိတ်အကြောင်း ချိုးကျင်အန်းနှင့် ဆွေးနွေးနေရင်းမှ အင်ပါယာရှား ရုတ်တရက် အပြင်းအထန် ချောင်းဆိုးလာသည်။ ပါးစပ်နှစ်နှစ်ခေါင်းကို လက်ဖြင့်အုပ်ထားသည်။ သူ့လက်ဝါးပေါ်တွင် သွေးစက်တစ်ချို့ ပေါ်လာသည်။
နက်မှောင်နေသည့် သူ့ဆံပင်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည် ဆံပင်ဖြူတစ်ချောင်း သူ့ငယ်ထိပ်တွင် ပေါ်လာသည်။
"မင်းကြီး"
ခေါင်းဆောင်ကုန်းကုန်း သေမတတ်လန့်ဖြတ်သွားသည်။ အမြန်ရှေ့တက်လာပြီး အင်ပါယာရှားကို တွဲကူထားသည်။
"နန်းတွင်းသမားတော်ကို မြန်မြန်ခေါ်ကြ"
တစ်ခြား ကုန်းကုန်းများ နန်းတွင်းအစေခံများ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အမြန်ထွက်သွားကြသည်။
"ခင်ဗျား ဘယ်လိုဖြစ်တာလဲ"
ချိုးကျင်အန်း မျက်မှောင်ကျုံ့၍ အင်ပါယာရှား၏ လက်ကောက်ဝတ်ကို လှမ်းကိုင်ကြည့်သည်။ သူနည်းနည်းမျက်နှာပျက်သွားသည်။
"ဘာလို့ ခင်ဗျားခန္ဓာကိုယ် ဒီလောက်အားနည်းနေတာလဲ"
ပုံမှန်ဆိုလျှင် ထိုသို့မဖြစ်သင့်။ အင်ပါယာကို ကာကွယ်ပေးသည့် နိုင်ငံ့ကံကြမ္မာစွမ်းအားရှိသည်။ အဆိပ်နှင့် ရောဂါအားလုံးကို ခုခံနိုင်သည်။ သူ့ခန္ဓာကိုယ် ဘာပြဿနာမှမရှိသင့်။
အင်ပါယာရှား မချိပြုံးပြုံး၍ လက်ခါပြလိုက်သည်။ ဆက်ရှင်းပြလိုပုံမပေါ်။ စွန်စီးကျောင်းထိုင်က ဗုဒ္ဓကျမ်းစာတစ်ခု အသံတိတ်ရေရွတ်နေသည်။
စွမ်းအားအကြီးဆုံးဖြစ်သည့် ယွမ်ကျိက အင်ပါယာရှား၏ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် တန်းသိသည်။
"သူက သက်တမ်းကုန်တော့မှာ"
"သက်တမ်းကုန်တော့မယ်..ဟုတ်လား"
လော်ဟုန်ရှား ထိတ်လန့်တုန်လှုပ်သွားသည်။ အင်ပါယာရှား ထိုပြဿနာမျိုးကြုံနေရမည်ဟု သူထင်မထား။
အင်ပါယာရှားကလည်း ယွမ်ကျိကို တအံ့တဩကြည့်နေသည်။ နိုင်ငံ့စွမ်းအားက သူ့ကိုအမြဲကာကွယ်ထားသည်။ သူ့အခြေအနေကိုဘယ်သူမှထိုးဖောက်မမြင်နိုင်။ သို့သော် ယွမ်ကျိက ချက်ချင်းတန်းမြင်သည်။
ဆက်ဖုံးကွယ်၍ မရတော့မှန်း သူသိလိုက်သည်။
"ဘာပဲပြောပြော၊ ကျုပ်က ဝိညာဉ်ပြောင်းအဆင့်ပဲရှိတာလေ"
ထိုခြောက်ယောက်ထဲတွင် ယွမ်ကျိက ကျင့်စဉ်စွမ်းအားအမြင့်ဆုံး၊ အင်ပါယာရှားက အနိမ့်ဆုံးဖြစ်သည်။
အင်ပါယာဖြစ်ခြင်းသည့် ကျင့်စဉ်စွမ်းအားနှင့် ဘာမှမဆိုင်။ အင်ပါယာတစ်ယောက် ကျင့်စဉ်စွမ်းအားဘယ်လောက်မြင့်သည်ဖြစ်စေ လောကကို တစ်ကိုယ်တော် မနှိပ်ကွက်နိုင်။
"ဒါပေမယ့် ခင်ဗျားအသက်က နှစ်တစ်ထောင်လောက်ပဲ ရှိသေးတာပါ။ ဝိညာဉ်ပြောင်းအဆင့်ရဲ့ သက်တမ်းဟာ ထောင့်ငါးရာကနေ နှစ်ထောင်ကြားမှာရှိတာပဲ"
ထောင်ချုပ်ဂိုဏ်းချုပ်က တွေးရခက်နေဟန်ဖြင့် မျက်မှောင်ကျုံ့၍ပြောသည်။
ယခု မဟာရှားနိုင်ငံသည် ပြည်တွင်းပြည်ပ အန္တရာယ်များ ကြုံနေရသည်။ အင်ပါယာ၏ခန္ဓာကိုယ် ပြဿနာရှိနေလျှင်....အထူးသဖြင့် သက်တမ်းနှင့်ဆိုင်သည့်ပြဿနာဖြစ်နေလျှင် အခွင့်အရေးသမားမျိုးစုံပေါ်လာပြီး အဆိုးဘက်သို့ ဦးတည်တော့မည်။ ထိုအဖြစ်သည် ကောင်းသည့်ကိစ္စမဟုတ်။
"အိမ်ရှေ့မင်းသားဘဝမှာ ကျုပ်အပြင်းအထန် နာမကျန်းဖြစ်ခဲ့ဖူးတယ်။ သေလုမျောပါးပဲ။ ဒီရောဂါကို ကုသဖို့ အဖိုးတန်ဆေးမြစ်တွေ အများကြီးသောက်ခဲ့ရယ်။ ဆေးဘုရင်တွေရဲ့ အမြစ်နှစ်ခုနှင့် အရွက်တွေလည်း အပါအဝင်ပေါ့။ ဒါပေမယ့် အားနည်းနေတဲ့ ကျုပ်ခန္ဓာကိုယ်က ဆေးဝါးအာနိသင်ကို မခံနိုင်ဘူး။
အသက်မသေခဲ့ပေမယ့် အသက်ဓာတ်အများကြီး ဆုံးရှုံးခဲ့ရတယ်"
ဂိုဏ်းချုပ်ငါးယောက်နှင့် နန်းတွင်းကုန်းကုန်းများ အစေခံများလည်း ထိုအကြောင်းကို ကြားဖူးပါသည်။
"ကျုပ်တို့ဂိုဏ်းမှာ သက်တမ်းဆွဲဆန့်နိုင်တဲ့ ဆေးဘုရင်တစ်ချို့ရှိပါတယ်။ မဟာသက်ရှည်အမ်းပင်တို့ ထာဝရအသက်ကျောက်တုံးတို့ရှိတယ်"
ချိုးကျင်အန်းက ပြောသည်။ ယခုအခြေအနေတွင် အင်ပါယာရှား လုံးဝနာမကျန်းဖြစ်၍မရ။
မဟာသက်ရှည်အမ်းပင်သည် အပင်ပေါက်ဖို့ နှစ်ရှစ်ထောင်ကြာသည်။ ရင့်သန့်ကြီးထွားဖို့ နှစ်ရှစ်ထောင်ကြသည်။ အလွန်တရာရှားပါး၍ အာနိသင်ထူးကဲ့သည့် သက်ရှည်ဆေးပင်ဖြစ်သည်။
ထာဝရအသက်ကျောက်တုံးသည် နှစ်စဉ်ကြီးထွားနေသည့် ကျောက်တစ်မျိုးဖြစ်သည်။ သို့သော် ကြီးထွားးနှုန် အလွန်နှေးသည်။ သာမန်မျက်လုံးဖြင့်ကြည့်လျှင် မသိသာ။ ကျောက်တုံးအကာတစ်ချို့ကိုခြစ်ယူလိုက်လျှင် သက်တမ်းဆွဲဆန့်နိုင်သည့် ရတနာတစ်ခုဖြစ်လာသည်။
စုစည်းခြင်းအဆင့်များပင် မက်မောကြသည်။
ချိုးကျင်အန်းစကားကြောင့် အင်ပါယာရှား မျက်လုံးအရောင်လက်လာသည်။ သိုသော် ချက်ချင်းပြန်မှိန်ကျသွားသည်။
"အကျိုးမရှိနိုင်ဘူး။ သဘာဝဆေးပင်တွေ ရတနာတွေအများကြီး ကျုပ်သုံးဖူးပါတယ်။ နန်းတွင်းသမားတော်ကပြောတယ်။ ကျုပ်ခန္ဓာကိုယ်က အဲဒါတွေကို ဆန့်ကျင့်တဲ့အနေအထားရောက်နေပြီ။ ဘယ်ဆေးဘုရင်မှ အလုပ်မဖြစ်နိုင်ဘူးတဲ့"
သက်တမ်းလျော့ပါးသည့် ပြဿနာများသည် သေခြင်းနိမိတ်ဖြစ်သည်။ နိုင်ငံ့ကံကြမ္မာစွမ်းအားပင် ထောက်ပံ့ပေးနိုင်ဖို့ခက်ခဲသည်။ အဆုံးစမဲ့သက်တမ်းရှိသည့် မသေမျိုးအဆင့်သို့မရောက်လျှင် ဖြေရှင်းနိုင်သည့်နည်းလမ်းမရှိ။
"ခင်ဗျားသက်တမ်း ဘယ်လောက်ကျန်သေးလဲ"
"ဆယ်နှစ်လောက်ပေါ့"
သူ့ခန္ဓာကိုယ်အကြောင်း သူအသိဆုံးဖြစ်သည်။
အားလုံး အသံတိတ်သွားကြသည်။ ကျင့်ကြံသူများအတွက် ဆယ်နှစ်ဆိုသည့်အချိန်သည် အလွန်တိုတောင်းလွန်းသည့်ကာလလေးသာဖြစ်သည်။
မဟာကပ်ရောက်လာတော့မည်ကိုမြင်၍ အင်ပါယာမျက်လုံးမှိတ်လိုခြင်းလော။
သူနန်းတက်ကတည်းက နိုင်ငံနှင့်ပြည်သူအတွက် မရပ်မနားအလုပ်လုပ်ခဲ့သည်။ မဟာရှား၏စွမ်းအား တစ်နေ့ပြီးတစ်နေ့ တိုးတက်ခဲ့သည်။ နိုင်ငံ့ကံကြမ္မာစွမ်းအားလည်း ပိုတိုးပွားခဲ့သည်။ သူသည် ရှားပါးသည့် ဉာဏ်ရည်မြင့်အုပ်ချုပ်သူတစ်ယောက်ဖြစ်သည်။
မဟာရှားသမိုင်းတွင် ထိပ်တန်းသုံးယောက်စာရင်းဝင်သည်။ ကောင်းကင်က သူ့ပါရမီကို မနာလိုဖြစ်၍ မဟာကပ်ကို မြင်တွေ့ခွင့်မပေးပဲ အရေးကြီးသည့် ယခုလိုကာလမျိုးတွင် သေဒဏ်စီရင်လေသလော။
ထိုလုပ်ရပ်သည် တရားမျှတမှုမရှိ။
သို့သော် မတရားလည်း ဘာတတ်နိုင်မည်နည်း။
"အချိန်တွေအများကြီးရှိပါသေးတယ်။ ဂိုဏ်းကိုပြန်ပြီး အကြီးအကဲတွေနဲ့ ကျုပ်ဆွေးနွေးလိုက်မယ်။ လောကကြီးက ကျယ်ပါတယ်။ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ"
ထောင်ချုပ်ဂိုဏ်းချုပ်က ပြောသည်။
အင်ပါယာရှား၏သက်တမ်းကို ဖြည့်နိုင်မည့် သို့မဟုတ် နောက်ထပ် ဆယ်စုနှစ်တစ်ချို့ ဆွဲဆန့်နိုင်မည့် နည်းလမ်းရှိရမည်ဟု သူယုံကြည်သည်။
ဂိုဏ်းချုပ်ငါးယောက် လေထုကိုထိုးခွဲပျံသန်း၍ နန်းတော်မှထွက်လာသည်။ အားလုံး သက်ပြင်းကိုယ်စီချရင်း နည်းလမ်းရှာဖို့ ဂိုဏ်းသို့ ပြန်ကြသည်။
"ဒါနဲ့...အိမ်ရှေ့မင်းသားနေရာကို အတည်မပြုရပေးဘူးမဟုတ်လား။ နောက်ထပ်သွေးထွက်သံယိုတွေ ဖြစ်လာဦးမှာပဲ"
"မဟာယု၊ မဟာချန်၊ နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်...အတွင်းအပြင်ရန်သူတွေ ဝိုင်းနေတဲ့အချိန်မှာ သူ့သက်တမ်းက ကုန်တော့မယ်။ တကယ်ခက်ခဲတဲ့အချိန်ပဲ"
အားလုံးထွက်သွားပြီးနောက် အင်ပါယာရှားက ဘယ်သူ့ကိုမှအတွေ့မခံတော့ဘဲ တော်ဝင်နန်းတော်၏ဘိုးဘေးမြေသို့ သွားသည်။ သူ့ဘိုးဘေးများထံတွင် အဖြေတစ်ခုရှိမည်ဟု မျှော်လင့်မိသည်။