← Chapters

ထာဝရမျိုးဆက် လေးယောက်မြောက်ခေါင်းဆောင်

Vol. 31 Ch. 455

ထာဝရမျိုးဆက် လေးယောက်မြောက်ခေါင်းဆောင်

Vol. 31 Ch. 455

တာအိုလမ်းစဉ်ဂိုဏ်း သန့်စင်မှုတစ်ရာတောင်ထိပ်

အတိတ်ဘဝက မူပိုင်ယိနှင့်ပတ်သက်သည့် အချက်အလက်များကို လီဟော်ရန် ပြန်စဉ်းစားနေဆဲဖြစ်သည်။

မျိုးဆက်သစ်ဒုဂိုဏ်းချုပ်ဖြစ်သည့် မူပိုင်ယိသည် ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးမားသည်။ ချင်ဟော်ရန်က သူ့ကို အတော်အလေးထားခဲ့သည်။

"မူပိုင်ယိလည်း သနားစရာကလေးတစ်ယောက်ပဲ။ ဆင်းဆင်းရဲရဲကြီးပြင်းလာတယ်။ ကျင့်ကြံသူဖြစ်တော့ ငွေရှာဖို့ရည်ရွယ်ချက်နဲ့ ဂိုဏ်းကျောင်းတစ်ခုကို ဝင်ခဲ့တယ်။ ဒါပေမယ့် ငွေသိပ်မရခင် သူ့ဂိုဏ်းကျာင်းက ပိတ်သိမ်းသွားတယ်။

နောက်တော့ ကိုးငရဲဂိုဏ်းမှာ လတိုင်း ဝင်ငွေကောင်းကောင်းရတာမြင်လို့ ဂိုဏ်းထဲဝင်လိုက်တယ်။ အစက ထာဝရဂိုဏ်းကိုဝင်ဖို့ ရည်ရွယ်ထားတာလို့ပြောတယ်။ အဲဒီ့ဂိုဏ်းရဲ့လစာက နယ်ခံအရာရှိတွေထက် သုံးဆများတယ်လေ"

"ဒါဆို သူဘာလို့မဝင်တာလဲ"

ချင်ယန်ယန် စကားဖြတ်မေးသည်။

"ထာဝရဂိုဏ်းက အရမ်းလျှို့ဝှက်တယ်။ ဝင်ဖို့လမ်းကြောင်း သူရှာမတွေ့ဘူး။ ကိုးငရဲဂိုဏ်းက ရှာရလွယ်တယ်။ လေလွင့်သရဲတစ်ကောင်ကို ရှာရုံပဲ။ သရဲဆယ်ကောင်မှာ တစ်ကောင်က ကိုးငရဲဂိုဏ်းကသရဲဖြစ်ဖို့များတယ်လေ။ ဒီလမ်းကြောင်းအတိုင်း စုံစမ်းပြီး ကိုးငဲဂိုဏ်းကို သူတွေ့ခဲ့တာ။

ဒါက သူဂိုဏ်းမဝင်ခင်အခြေအနေပေါ့။ နောက်ပိုင်းတော့ သူဝင်ခဲ့တဲ့နည်းလမ်းဟာ အရမ်းအန္တရာယ်များပြီး လမ်းမှန်ဂိုဏ်းက အလွယ်တကူ သတိထားမိနိုင်တယ်ဆိုတာ သူသိလာတယ်။

ဒီတော့ ထာဝရဂိုဏ်းလှုပ်ရှားပုံကို အတုယူတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကိုးငရဲဂိုဏ်းလည်း ရှာတွေ့ဖို့ အရမ်းခက်လာတယ်။

ချင်ဟောရန်နဲ့ မူပိုင်ယိက အတော်ရင်းနှီးတယ်။ ကိုးငရဲဂိုဏ်းကို ရောက်တဲ့အချိန်မှာ မူပိုင်ယိက ချင်ဟောရန်ကို အများကြီး ကူညီပေးခဲ့တယ်။

တစ်နေ့မှာ ချင်ဟော်ရန်က ဘဏ်လုပ်ငန်းလည်ပတ်တာ အကျိုးအမြတ်များတယ်လို့ကြားပြီး လုပ်ငန်းတစ်ခုစဖွင့်ချင်တယ်။ ဒါပေမယ့် ငွေရင်းနှီးမြှုပ်နှံမယ့်လူမရှိမှာကိုလုည်း စိုးရိမ်တယ်။ အဲလိုဆိုရင် အရှက်ကွဲမယ်လေ။

ဒီတော့ မူပိုင်ယိကို ကိုယ်ပွားပုံစံအမျိုးမျိုး ဖန်တီးခိုင်းပြီး ဘဏ်ဖွင့်တဲ့ရက်မှာ ငွေကြေးရင်းနှီးမြှုပ်နှံခိုင်းတယ်"

..မျက်နှာငှားသုံးတာပေါ့။ အသုံးများတဲ့ စီးပွားရေးဗျူဟာတစ်ခုပါပဲ"

ချင်ဟော်ရန်မှတ်ဉာဏ်များကြောင့် အောက်လမ်းစီးပွားရေနည်းဗျူဟာမျိုးစုံကို သူကျွမ်းကျင်နေပြီဖြစ်သည်။

"ဘဏ်ကဖွင့်ဖြစ်လား"

"မဖွင့်ဖြစ်ဘူး။ အစိုးရရုံးတော်ကနေ ထောက်ခံချက်ယူဖို့ မေ့သွားလို့ တရားမဝင်ငွေကြေးစုဆောင်းမှုနဲ့ နှစ်ယောက်လုံးအဖမ်းခံလိုက်ရတယ်။

ဘယ်သူမှတကယ်ငွေကြေးမြှုပ်နှံတာမဟုတ်ဘဲ အားလုံးကို ဗျူဟာကျသရုပ်ဆောင်ခဲ့တာပါလို့ သူတို့ပရှင်းပြတယ်"

"အဲတော့ ရုံးတော်က လွှတ်ပေးလား"

"မလွှတ်ပေးဘူး။ တရားမဝင်ငွေစုဆောင်းမှုရော လိမ်လည်မှုပါပေါင်းပြီး နှစ်ယောက်လုံး ထောင်ချခံလိုက်ရတယ်"

လုယန် - "..."

ချင်ယန်ယန် - "..."

"ထောင်ကျနေတဲ့အချိန်အတွင်းမှာ ဥပဒေကို သူတို့ဇွဲကောင်းကောင်းနဲ့လေ့လာတယ်။ ပြစ်ဒဏ်ရက်ကုန်တော့ ဥပဒေကျွမ်းကျင်သူတွေအဖြစ်နဲ့ ပြန်ထွက်လာတယ်"

ချင်ဟော်ရန်၏ မှတ်ဉာဏ်များကို အပြည့်အဝမရသေး။ ရခဲ့လျှင် ယခုချိန် သူသည် ဥပဒေပညာရှင်တစ်ယောက် ဖြစ်နေလောက်သည်။

"ကံကောင်းတာက ချင်ဟော်ရန်က ရှေ့ရေးအမြင်ရှိတယ်။ ထောင်ထဲမသွားခင် ဂိုဏ်းမှာငွေလိုနေတဲ့ကိစ္စ ဘယ်သူမှမသိမအောင် အားလုံးသေချာစီစဉ်ခဲ့တယ်"

ချင်ဟောရန်၏ ရှေ့ရေးအမြင်က တကယ်ထူးခြားသည်။

ကိုးငရဲဂိုဏ်း ခမ်းနားထည်ဝါခဲ့သည့် နေ့ရက်များကို လီဟော်ရန် ဆက်ပြောရန်ပြင်နေချိန်တွင် သူ့ဘေးသို့ အေးစက်သည့်မျက်နှာပိုင်ရှင်တစ်ယောက် ရောက်လာသည်။

"အမယွမ်"

"အမယွမ်"

နှစ်ယောက်လုံး နှုတ်ဆက်ကြသည်။

ချင်ယန်ယန်သည် ကောင်းကင်ရုံးတော်ဂိုဏ်းဝင်ဖြစ်၍ ယွမ်ကျိကို ဂိုဏ်းချုပ်ဟု ခေါ်ရမလား အမဟုခေါ်ရမလား စိတ်လွန်ဆွဲနေခဲ့သည်။ နောက်ဆုံးတွင် အများခေါ်သလိုခေါ်ရန်သာ ဆုံးဖြတ်လိုက်သည်။

"အမယွမ်၊ ကျုပ်က ဟန်ရွှေ့မြို့မှာတွေခဲ့တဲ့ စက္ကူဦးထုပ်နဲ့လူဟာ ကိုးငရဲဂိုဏ်းချုပ်မူပိုင်ယိဟုတ်မဟုတ် ညီလေးလီနဲ့အတူ အတည်ပြုနေတာပါ"

"ကိုးငရဲဂိုဏ်းချုပ်နာမည်က မူပိုင်ယိလား။ ဟုတ်ပြီ၊ မင်းလုပ်တာကောင်းပါတယ်။ အခု ငါနဲ့လိုက်ခဲ့ဦး"

လုယန် ကောင်းကင်ဂိတ်တောင်ထိပ်သို့ ယွမ်ကျိနှင့်အတူ လိုက်သွားသည်။

"အမယွမ်၊ ကျုပ်ကိုပြောစရာတစ်ခုခုရှိလို့လား"

"မင်းကိုမဟုတ်ဘူး။ ထာဝရနတ်မယ်ကိုပါ"

"ငါ့ကိုလား"

ယွမ်ကျိစကားကြောင့် ထာရနတ်မယ် ကုတင်ပေါ်မှ ခုန်ထလာပြီး သိစိတ်နယ်မြေမှ ပျော်ပျော်ရွှင်ရွှင် ထွက်လာသည်။

"ဘာကိစ္စရှိလို့လဲ"

ယွမ်ကျိသည် သူ့ဆီမှအကူအညီတောင်းခဲသဖြင့် အတော်စိတ်အားတက်ကြွနေသည်။ ဆယ်နှစ်လောက် အသက်ပြန်ငယ်သွားသလို ခံစားရသည်။

ယခုလက်ရှိတွင် သူအသက်က ဆယ့်ခြောက်နှစ်သာဖြစ်သည်။

"အင်ပါယာရှားမှာ သက်တမ်းနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုကြုံနေတယ်။ သူ့သက်တမ်း ဆယ်နှစ်လောက်ပဲ ကျန်တော့တယ်။ ဆေးဘုရင်တွေနဲ့လည်း အလုပ်မဖြစ်တော့ဘူး။ ရှင့်မှာ အကြံပေးစရာတစ်ခုခုရှိလား"

လုယန် အံ့အားသင့်သွားသည်။ အပြင်လောကတွင် အင်ပါယာရှားသည် ကျန်းကျန်းမာမာရှိနေသည်၊ အောင်မြင်မှုများစွာ ရနေသည်၊ မဟာရှားအနာဂတ် တောက်ပနေသည်ဟု ပြောကြသည်။ ယခု ဘာကြောင့် သက်တမ်းကုန်ခါနီးဖြစ်နေသည်မသိ။

ထာဝရနတ်မယ် ပို၍စိတ်အားထက်သန်လာသည်။

"ဒါဆိုငါတို့ ဘယ်အချိန်စပြီး တော်လှန်ကြမလဲ"

တာအိုလမ်းစဉ်ဂိုဏ်းသည် လောကကို သိမ်းပိုက်နိုင်သည့် အစွမ်းမျိုးရှိသည်ဟု သူယုံကြည်သည်။ ယခု အခွင့်အခါသင့်လာပြီဖြစ်သည်။ ကျိန်းသေ အောင်မြင်မှုရလိမ့်မည်။

ကိုးငရဲဂိုဏ်းကို လုယန်အကြံပေးခဲ့သည့်ဗျူဟာနှင့် ကွက်တိဖြစ်နေသည်။

သူနှင့်ယွမ်ကျိလို ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားရှင်များ ရှိနေလျှင် အင်ပါယာဖြစ်ဖို့ဆိုသည်မှာ ဘာမှမခက်လှ။

"...တော်လှန်တိုက်ခိုက်ဖို့မဟုတ်ဘူး။ သူ့သက်တမ်းကို ဆွဲဆန့်နိုင်မယ့်နည်းလမ်းရှိလားလို့ မေးတာပါ"

ထာဝရနတ်မယ်၏ အရိယဖလသည် မသေမျိုးဘဝ၏စရိုက်သဘာဝမျိုးရှိသည်။ သူသေသွားလျှင်လည်း သူ့နာမည်နှင့်ဘွဲ့ကို ရွတ်ဆိုသူရှိလျှင် ပြန်ရှင်သန်နိုင်သည်။ ဆေးဘုရင်များပင် ထိုစွမ်းရည်မျိုးကို မနာလိုဖြစ်ကျလိမ့်မည်။

ထို့ကြောင့် အင်ပါယာရှား၏ပြဿနာကို နတ်မယ်သာ ဖြေရှင်းနိုင်ခြေအရှိဆုံးဟု ယွမ်ကျိယူဆခြင်းဖြစ်သည်။

"သူ့ကို အရိယဖလသန္ဓေပုံရိပ်တစ်ခုပေးပြီး ထာဝရမျိုးဆက်ရဲ့ လေးယောက်မြောက်ခေါင်းဆောင်အဖြစ် ခန့်လိုက်ရမလား"

အားလုံး သူ့အစီအစဉ်နှင့်သူရှိသည်။ နောက်ဆုံးမှဝင်လာသူသည် နောက်ဆုံးအဆင့်သာရမည်။

ထာဝရမျိုးဆက်သည် အင်အားတောင့်တင်းလှသည်။ ပထမခေါင်းဆောင်က ရှေးခေတ်မသေမျိုးငါးယောက်၏ စွမ်းအားအကြီးဆုံး၊ ဒုတိယခေါင်းဆေင်က ရွှေသန္ဓေအဆင့်ဘိုးဘေး၊ တတိယခေါင်းဆောင်က မသေမျိုးတစ်ဝက်အဆင့်၊ လေးယောက်မြောက်ခေါင်းဆောင်က လက်ရှိအင်ပါယာ...

လုယန်စိတ်ထဲတွင် ဒုခေါင်းဆောင်ဟူသည့် သူ့ရာထူးသည် အတော်အရေးပါသည်ဟု ခံစားလိုက်ရသည်။

"တော်ဝင်မိသားစုက အဲဒါကို သဘောတူမှာမဟုတ်ဘူး"

ယွမ်ကျိ ခေါင်းခါသည်။

အင်ပါယာရှားသာ ထာဝရမျိုးဆက်၏ စတုတ္ထခေါင်းဆောင်ဖြစ်လာလျှင် တော်ဝင်မိသားစု သေချာပေါက် ဒေါသထွက်လိမ့်မည်။ နယ်မယ်ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ စိန်ခေါ်လာနိုင်သည်။

ထို့ပြင် နတ်မယ်အကြောင်းလည်း သိသွားကြလိမ့်မည်။

အများရှေ့တွင် မြင်သာထင်သာရှိသည့် နည်းလမ်းမျိုးကိုသာ ယွမ်ကျိလိုချင်သည်။

"ဆေးဘုရင်လေးတွေနဲ့ အကျိုးမထူးဘူးဆိုရင်...မသေမျိုးသစ်သီးပဲရှိတယ်။ ငါ့ရဲ့မသေမျိုးသစ်သီးက အလောင်းတစ်ခုကို မပုပ်မဆွေးအောင် ထိန်းနိုင်တယ်။ ဒါပေမယ့် အဲဒါက သူသေပြီးမှပဲ အသုံးဝင်မှာ။

...ချီလင်မသေမျိုးနဲ့ ယင်ထန်မသေမျိုးရဲ့ မသေမျိုးသစ်သီးတွေက မသေမျိုးအာနိသင်မျိုး သက်တမ်းဆွဲဆန့်နိုင်တဲ့ စွမ်းရည်မျိုး မရှိကြဘူး။

...သူ့မှာ သားတော်တစ်ယောက်မှမရှိဘူးလား။ သားအမိမြစ်ကရေနည်းနည်းယူပြီး သူ့ကိုတိုက်လိုက်ရင် မျိုးဆက်တစ်ယောက်လောက်တော့ ရလာမှာပါ"

"သူ့မှာ သားကိုးယောက် သမီးခုနစ်ယောက်ရှိပါတယ်"

"ဪ...အများကြီးပါလား၊ ဝက်တွေ သားမွေးတဲ့အတိုင်းပဲ"

နတ်မယ် သူ့ဘာသာရေရွတ်လိုက်သည်။ သားအမိမြစ်နှင့် အမွှာမြစ်မှ ရေသည်ပင် ရှားအင်ပါယာလောက် သားဖောက်စွမ်းရည်မမြင့်လောက်ဟု သူတွေးနေသည်။

ချီလင်နှင့် နဂါးမ၊ ဖီးနစ်မတို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သည့်တိုင် ချီလင်တစ်ယောက်မှ မွေးမထုတ်နိုင်ခဲ့။

ကျင့်စဉ်အဆင့်မြင့်လေ သားသမီးရဖို့ ခက်ခဲလေဖြစ်သည်။

"နေဦး..."

နတ်မယ် တစ်စုံတစ်ခု တွေးမိဟန်ရှိသည်။

"လောကဝိညာဉ်မြစ်ဖြစ်တဲ့ မက်မွန်ပင်တစ်ပင်ရှိတယ်။ သဘာဝအတိုင်း ပေါက်ဖွားလာတာ။ ကောင်းကင်ရတနာလို့ သတ်မှတ်လို့မရဘူး။ ဒီမက်မွန်ပင်ကသီးတဲ့ မက်မွန်သီးဟာ သက်တမ်းကို ဆွဲဆန့်နိုင်တယ်။

ငါတို့ငါးယောက် အဲဒီ့သစ်ပင်က မက်မွန်သီးတွေကို စားဖူးတယ်။ အရည်ရွှမ်းပြီး အရမ်းစားကောင်းတာ"

"အဲဒီ့လောကဝိညာဉ်မြစ်က ဘယ်မှာရှိတာလဲ"

ထိုအပင်အကြောင်း ယွမ်ကျိတစ်ခါမှမကြားဖူး။ ရှေးမှတ်တမ်းထဲတွင်လည်း မတွေ့ဖူး။

"ငါမသိဘူး။ ဒီမက်မွန်ပင်မှာ ခြေထောက်တွေပါတယ်။ ငါတို့ မက်မွန်သီးခူးပြီးတဲ့အချိန်မှာ သူထွက်ပြေးသွားတယ်"

ယွမ်ကျိ ခေါင်းငြိမ့်သည်။ သဲလွန်စတစ်ခုရလာပြီဖြစ်သည်။ ရှာဖို့တော့ သိပ်မလွယ်လောက်။ လုယန်ကို ကျင့်ကြံမှုဆက်လုပ်ဖို့ပြောပြီး တစ်ခြားအကြီးအကဲများနှင့်ဆွေးနွေးရန် သူထွက်သွားသည်။

ယွမ်ကျိထွက်သွားပြီးနောက် အတွေးနစ်နေသည့်လုယန် ကျမ်းစာတိုက်ဆီ လှည့်ကြည့်လိုက်သည်။

"နင်ဘယ်သွားမလို့လဲ"

"ကျမ်းစာတိုက်မှာ သက်ရှည်နည်းနဲ့ပတ်သက်တဲ့ မှော်ပညာတစ်ခု ကျုပ်တွေ့ဖူးသလိုပဲ။ တစ်ခြားစာအုပ်တွေအောက်မှာ မြုပ်နေတာ။ အဲဒါ အသုံးဝင်နိုင်တယ်"

All Chapters