← Chapters

ကျိုးဆောင်မှတ်တန်ဖိုး

Vol. 31 Ch. 457

ကျိုးဆောင်မှတ်တန်ဖိုး

Vol. 31 Ch. 457

နတ်မယ်ကိုယ်တိုင် အသိအမှတ်ပြုသဖြင့် ထိုပညာသည် တကယ်စစ်မှန်သည့် ရှားပါးရတနာဖြစ်ကြောင်း သေချာသွားသည်။

"ထာဝရရှင်သန်ခြင်းပညာ"စာအုပ်ကိုငှား၍ စာဖတ်ရန် ကောင်းကင်ဂိတ်တောင်ထိပ်သို့ သူပြန်လာသည်။ သူပုံမှန်ကျင့်ကြံသည့်နေရာတွင် စာအုပ်ကိုဖွင့်၍ စကားတစ်လုံးချင်း သေချာအာရုံစိုက်၍ဖတ်သည်။

"ထာဝရ...အဆုံးမရှိ...ရပ်တန့်ခြင်းမရှိ...ရှင်သန်ဖို့..."

ထာဝရရှင်သန်ခြင်းပညာ အဖွင့်စာမျက်နှာမှာပင် အဓိပ္ပါယ်ကို ရှင်းလင်းစွာဖော်ပြသည်။ ထိုပညာ မကောင်းသူများလက်ထဲရောက်သွားလျှင် အန္တရာယ်ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။

လုယန် ခဏစဉ်းစားသည်။ သူသည် ဖြောင့်မတ်ရိုးသားသူဖြစ်သည်။ မကောင်းသည့်လူတစ်ယောက်ဟု သူ့ကိုယ်သူမမြင်။ ထို့ကြောင့် ယုံကြည်ချက်အပြည့်ဖြင့် ထာဝရရှင်သန်ခြင်းပညာကို စဖတ်သည်။

အသက်ကိုဝအောင်ရှူ၍ ထွက်သက်တစ်ချို့ မှုတ်ထုတ်လိုက်သည်။ ထို့နောက် အာရုံကိုစုစည်း၍ ရှင်သန်ခြင်းပညာကိုဖတ်သည်။

လုယန်၏ လေ့လာမှုပါရမီ တကယ်ထူး၍လား၊ သို့မဟုတ် ထိုမှော်ပညာကပင် သင်ယူရလွယ်၍လားမသိ။ သူဖတ်နေရင်း လေ့ကျင့်ကြည့်သည်။ ပညာရပ်အခြေခံသဘောတရားများကို ချက်ချင်းနားလည်လာသည်။

"လေ့ကျင့်ရတာ ဒီလောက်လွယ်တယ်ပေါ့"

သူ့ကိုယ်သူပင် အံ့ဩနေသည်။ ထာဝရရှင်သန်ဖို့ဖို့ ကံပါလာပုံရသည်။

"ဒါပေမယ့် ဒီပညာတတ်သွားတာဟုတ်မဟုတ် ဘယ်လိုစမ်းသပ်ရမလဲ"

သူစဉ်းစားသည်။ သက်တမ်းဆုံးချိန်ထိစောင့်၍ သူသေမသေအကဲဖြတ်ဖို့တော့ မဖြစ်နိုင်။

ထိုအတည်ပြုနည်းမျိုးက အရင်းအနှီး ကြီးလွန်းသည်။

"ကဲပါလေ...ဒီမှော်ပညာကို အရင်အသက်သွင်းကြည့်လိုက်မယ်။ တစ်ခုခု ထူးခြားလာတာကို ငါခံစားရလောက်ပါတယ်"

ထာဝရရှင်သန်ခြင်းပညာစွမ်းအားကို သူလည်ပတ်လိုက်သည်။ သိပ်မကြာမီ သူ့ဦးရေပြားများ ယားယံလာသည်။

သူ့ခေါင်းမှဆံပင်များ လျင်မြန်စွာ ရှည်ထွက်လာသည်ကို သူမသိသေး။

အမှတ်တမဲ့ ခေါင်းကိုလက်ဖြင့်စမ်းမိသည်။

"ဟ..ငါ့ဆံပင်တွေ ဘာလို့ဒီလောက်ရှည်နေတာလဲ"

ထာဝရရှင်သန်ခြင်းပညာသည် ဆံပင်ပေါက်နှုန်းကို တိုးမြင့်စေသည့် အာနိသင်ရှိလေသလော...

"ဗုဒ္ဓဂိုဏ်းတွေမှာ ဆံပင်ဆိုတာ 'သောကချည်မျှင်သုံးထောင်'လို့ ပြောကြတယ်။ ထာဝရအသက်ဆိုတာ အထီးကျန်ပြီး စိုးရိမ်သောကတွေ ပြည့်နေတယ်။ ထာဝရရှင်သန်မှုကို အထီးကျန်မှုက အဖော်ပြုနေတယ်။ ဒါဟာ ကျိန်စာတစ်ခုဖြစ်လို့ ထာဝရအသက်ကို မရှာဖွေသင့်ဘူးလို့ ဒီစာရေးဆရာက ပြောချင်တာများလား"

သူနက်နက်နဲနဲတွေး၍ စာရေးသူ ဆိုလိုရင်းကို နားလည်ရန်ကြိုးစားနေသည်။

ထာဝရနတ်မယ် ရပ်ကြည့်မနေနိုင်တော့ဘဲ သတိပေးသည်။

"စာအုပ်ရဲ့ နောက်ကျောဖုံးကို ကြည့်လိုက်ပါလား"

"ဘယ်လိုရယ်၊ နောက်ကျောဖုံးမှာ စာရေးထားတယ်ပေါ့"

နတ်မယ်အကြံအတိုင်း စာအုပ်နောက်ကျောဖုံးကို လှန်ကြည့်လိုက်သည်။

"- ဤပညာသည် ဆံပင်ပေါက်နှုန်းကို တိုးမြှင့်ပေးသည်။ ထိပ်ပြောင်ခြင်းကို ကုသနိုင်သည်။ ထိုပညာကို ဗုဒ္ဓဂိုဏ်းဝင်များအပေါ်မသုံးပါနဲ့။ ပြဿနာတက်နိုင်သည်"

လုယန် "..."

"ဆံပင်ပေါက်ပညာဆို ဆံပင်ပေါက်ပညာလို့ ပြောလိုက်ပါလား။ ဘာလို့ ထာဝရရှင်သန်ခြင်းတွေဘာတွေ ရေးထားတာလဲ။ အဲလောက်ထိ စကားကိုချုံ့ပြောစရာလိုလို့လား။

..ဒီပညာကို ဘယ်သူရေးခဲ့တာလဲ"

ဒေါသထွက်နေသဖြင့် လုယန် စာအုပ်ကိုပိတ်လိုက်သည်။ စာအုပ်ရှေ့မျက်နှာဖုံးတွင် စာရေးသူနာမည်ပါသည်။ ...ထန်ရှန်းယိ။

ထန်ရှန်းယိ။ တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးဖော်၏ ဆရာ။ ယခု အငြိမ်းစားယူထားသည့် လုယန်၏ ဘိုးဘေးဆရာ။

လုယန်စိတ်လျှော့လိုက်သည်။ ဒေါသကို ဖြေဖျောက်လိုက်သည်။

"ဘိုးဘေးဆရာနာမည်ပေးတဲ့ပုံစံက ဒီလိုမျိုးတဲ့လား။...ဒါနဲ့ နေပါဦး...နတ်မယ်။ ခင်ဗျားဒီပညာအကြောင်း သိနေခဲ့တာမဟုတ်လား"

"သိတာပေါ့။ ငါ့ဝိညာဉ်အာရုံနဲ့ ကျမ်းစာတိုက်ထဲစာဖတ်ရင်း ဒီစာအုပ်ကို မြင်ခဲ့တာလေ"

"ဒါတောင်ခင်ဗျားက ဒီပညာ ကျုပ်နဲ့သင့်တော်တယ်လို့ ပြောခဲ့တယ်ပေါ့"

"ထာဝရရှင်သန်ခြင်းပညာနဲ့ နင့်ရဲ့အရဟတ်လက်သီးပညာက လိုက်ဖက်ညီနေတာပဲလေ"

လုယန် "..."

နတ်မယ်...ဒီလိုအချိန်မျိုးကျမှ ခင်ဗျားဦးနှောက်ကို ဒီလိုသုံးရသလား...

နတ်မယ်ကိုရန်တွေ့ရန်ပြင်နေစဉ် ယွမ်ကျိက အကြီးအကဲများနှင့် သွားဆွေးနွေးရာမှ ပြန်ရောက်လာသည်။

နည်းနည်းတွေးရခက်နေဟန်ဖြင့် လုယန်ကို ကြည့်သည်။ သူထွက်သွားစဉ်က လုယန်ဆံပင် ယခုလောက်မရှည်သေး...

သို့သော် လက်ထဲမှ ထာဝရရှင်သန်ခြင်းစာအုပ်ကို မြင်ပြီးနောက် သူသဘောပေါက်သွားသည်။

"အမယွမ်၊ သက်တမ်းဆွဲဆန့်နိုင်မယ့်နည်းလမ်း ရှာတွေ့ခဲ့လား"

ယွမ်ကျိ ခေါင်းခါသည်။

"နတ်မယ်ပြောတဲ့ လောကဝိညာဉ်မြစ်တစ်ခုပဲ မျှော်လင့်စရာရှိတယ်။ အကြီးအကဲတွေ အကြံပြုကြတဲ့နည်းလမ်းက နည်းနည်း..."

သူစကားဆုံးအောင်မပြော။ သို့သော် အကြီးအကဲများပေးမည့် နည်းလမ်းများကို လုယန်အကြမ်းဖျင်း မှန်းဆနိုင်ပါသည်။

'အင်ပါယာရှားကို ဖုတ်ကောင်အဖြစ်သန့်စင်ပြီး အသက်ရှင်နေသယောင် ဟန်ပြထား'ဖို့ပင် အကြံပေးကြလောက်သည်။

"ရှောင်ယွမ်၊ ငါဖမ်းလာတဲ့ ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်သုံးယောက်ကို မှတ်မိသေးလား"

ထာဝရနတ်မယ် သူ့ကိစ္စကို ပြန်သတိရပြီး လုယန်ကိုယ်ထဲမှ ထွက်လာသည်။

"မှတ်မိပါတယ်။ ရှင်ဖမ်းခဲ့တဲ့ဝိညာဉ်တွေက အတော်လေးအသုံးဝင်ပါတယ်"

"ဒါဆို သူတို့အတွက်ငါ ကျိုးဆောင်မှတ်မရသင့််ဘူးလား"

"ရသင့်ပါတယ်"

"အဲဒါတွေနဲ့ ဂိုဏ်းချုပ်လုပ်ခွင့်ကူပွန် ဘယ်လောက်ရနိုင်မလဲ"

နတ်မယ် သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်မထား။

ယွမ်ကျိ ခဏငြိမ်၍ စဉ်းစားတွက်ချက်ကြည့်သည်။

"နှစ်လစာလောက်ရမယ်"

"အများကြီးပဲ"

ထာဝရနတ်မယ် ဝမ်းသာသွားသည်။ အရင်တစ်ခေါက်က သုံးရက်သာ ဂိုဏ်းချုပ်လုပ်ခဲ့ရသည်။ သူအားမရ။ ယခု အချိန်နှစ်လရသဖြင့် အတော်စိတ်ကျေနပ်နေသည်။

"ဒါဆိုငါ ဂိုဏ်းချုပ်နှစ်လဖြစ်ချင်တယ်"

ယွမ်ကျိစိတ်ပြောင်းသွားမည်ကို သူစိုးရိမ်နေသည်။

လုယန် အမြန်ကြားဝင်ပြောသည်။

"မဖြစ်ဘူး အမယွမ်၊ နတ်မယ်က ကျုပ်ခန္ဓာကိုယ်ကိုပဲ အမြဲတမ်းသုံးတာ။ ပြီးခဲ့တဲံတစ်ခေါက်ကရတဲ့ သုံးရက်ဆိုတာ ဆယ်နှစ်ကြာပျောက်နေတဲ့ ကျုပ်ဆရာကို ကျုပ်ရှာနိုင်လို့ဆိုပြီး ရှင်းပြလို့ရသေးတယ်။ ဒါပေမယ့်ဒီတစ်ခါ ကျုပ်တို့မှာ ဘာအကြောင်းပြစရာရှိလို့လဲ။ ကျုပ်ဆရာကို အကြိမ်နှစ်ဆယ် ထပ်ရှာတွေ့တယ်လို့ ပြောရမှာလား"

ယွမ်ကျိက ပုံမှန်လေသံဖြင့် ပြန်ပြောသည်။

"ကိစ္စမရှိပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် မင်းယာယီဂိုဏ်းချုပ်လုပ်တာကို ဆရာကသဘောကျလို့ မင်းကိုထပ်လေ့ကျင့်တဲ့အနေနဲ့ နောက်ထပ်ဂိုဏ်းချုပ်လုပ်ခွင့်နှစ်လပေးတယ်လို့ ပြောလိုက်ရုံပါပဲ"

တာအိုရှင်ဝစီပိတ်သည် ဂိုဏ်းချုပ်ဖြစ်၍ ဘယ်သူ့ကိုမဆို ယာယီဂိုဏ်းချုပ်ခန့်အပ်ခွင့်ရှိသည်။

တပည့်ဖြစ်သည့် ယွမ်ကျိကလည်း သူဖြစ်စေချင်တာမှန်သမျှ သူ့ဆရာကို ပြောခိုင်းနိုင်သည့်စွမ်းရည်ရှိသည်။

"တစ်ခြားအဆင်မပြေတာရှိသေးလား။ မရှိရင် ငါဂိုဏ်းချုပ်လုပ်တော့မယ်"

နတ်မယ်က နှစ်သစ်ကူးချိန်ကြုံရသကဲ့သို့ ပျော်ရွှင်နေသည်။

"အချိန်ကိုက်ပဲ။ နောက်နှစ်လကြာရင် တာအိုလမ်းစဉ်ဂိုဏ်းရဲ့ နှစ်တစ်သိန်းနှစ်သောင်းနှစ်ပတ်လည်ဂုဏ်ပြုပွဲ ကျင်းပမှာ။ နတ်မယ်အနေနဲ့ ဒီနှစ်လကိုအသုံးချပြီး မဟာဂုဏ်ပြုပွဲအတွက် ကောင်းကောင်းစီစဉ်လို့ရတယ်။

ရှေးဟောင်းမသေမျိုးတစ်ယောက်ရဲ့ ထည်ဝါမှုကို လောကကြီးသိအောင် ပြလိုက်ပါ"

ယွမ်ကျိမျက်နှာမှအပြုံး ချက်ချင်း‌ပျောက်ကွယ်သွားသည်။

"မဟာဂုဏ်ပြုပွဲ"

လုယန်နှင့်နတ်မယ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ အူတူတူဖြစ်နေကြသည်။

ယွမ်ကျိက အကျဉ်းချုပ်ရှင်းပြပြီးနောက် သူတို့နားလည်သွားကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းသည် နှစ်တစ်သိန်းနှစ်သောင်းရှိပြီဟုပြောကြသည်။ သို့သော် အတိအကျပြောရလျှင် နှစ်လလိုသေးသည်။

လပြက္ခဒိန် ဆယ့်တစ်လပိုင်း ခြောက်ရက်နေ့တွင် ဂိုဏ်းတည်ထောင်ခဲ့သည်။

ထိုနေ့သည် ရှန်ထန်တာအိုရှင် လမ်းပျောက်သည့်နေဖြစ်သည်။

မဟာဂုဏ်ပြုပွဲတွင် ထိပ်တန်းဂိုဏ်းမျိုးစုံ လာလည်ကြလိမ့်မည်။ အတော်စည်ကားလိမ့်မည်။

ထိုပွဲအကြောင်းကြားပြီးနောက် နတ်မယ်မျက်နှာတွင် နောင်တရိပ်ပေါ်လာသည်။

"ဒီပွဲအတွက်တော့ ဂိုဏ်းဝင်တွေစီမံတာပဲ ပိုကောင်းမယ်ထင်တယ်။ ငါပြန်လွှဲပေးပါ့မယ်"

ယွမ်ကျိက နည်းနည်းအံ့ဩသွားဟန်ဖြင့် နတ်မယ်ကိုကြည့်သည်။

"နတ်မယ်က ကျွန်မတို့ဂိုဏ်းရဲ့ ဧည့်သည်အကြီးအကဲပဲလေ။ ကျွန်မတို့ ဂိုဏ်းဝင်ပဲမဟုတ်လား။ ဧည့်သည်အကြီးအကဲမဟုတ်ရင် ကျိုးဆောင်မှတ်တွေ မရနိုင်ဘူး"

"အား.."

နတ်မယ် နှုတ်ခမ်းစူ၍ စိတ်ထဲတွင်လွန်ဆွဲနေသည်။

"ဒါမှမဟုတ် နတ်မယ်က ဂုဏ်ပြုပွဲက အရမ်းခက်ခဲပြီး စီမံဖို့ခက်ခဲတယ်ထင်လို့ နောက်ဆုတ်ချင်တာများလား"

"မဟုတ်ပါဘူး မဟုတ်ပါဘူး။ ဘာလို့ခက်ခဲရမှာလဲ။ ပွဲတစ်ပွဲစီစဉ်ရုံပဲလေ။ နောက်နှစ်လအတွင်း ငါယာယီဂိုဏ်းချုပ်လုပ်မယ်"

နတ်မယ်၏စိတ်ဓာတ်များ တက်ကြွလာသည်။ မျက်လုံးတွင် တည်ကြည်ပြတ်သားသည့်အရိပ်မျိုး ပေါ်လာသည်။

"ဒါဆိုရင် ကျွန်မ ဒီတာဝန်ကို နတ်မယ်လက်ထဲပဲ လွှဲလိုက်တော့မယ်"

"ကိစ္စမရှိပါဘူး"

All Chapters