← Chapters

နတ်မယ်ကင်းလှည့်ခြင်း

Vol. 31 Ch. 458

နတ်မယ်ကင်းလှည့်ခြင်း

Vol. 31 Ch. 458

သေမျိုးလောကတွင် မွေ့နေ့များကို နှစ်စဉ်အလေးထား၍ ကျင်းပကြသည်။ သို့သော် ကျင့်ကြံသူများကတော့ ထိုသို့မဟုတ်။ နှစ်ရာချီထောင်ချီကြာအောင် တံခါးပိတ်ကျင့်ကြံ၍ နေလေ့ရှိသည်။ နှစ်တိုင်းသာမွေးနေ့ကျင်းပနေလျှင် အတော်ဒုက္ခများပေလိမ့်မည်။

ထို့ကြောင့် ဆယ်နှစ်တစ်ကြိမ် နှစ်ပတ်လည်ပွဲငယ်များနှင့် ရာပြည့်နှစ်ပတ်လည်ပွဲများသာ ကျင်းပကြသည်။

ထိုဓလေ့က ဂိုဏ်းတိုင်းလိုလိုရှိသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ နှစ်တစ်သိန်းနှစ်သောင်းပြည့် နှစ်ပတ်လည်နေ့သည် ခမ်းနားစွာဂုဏ်ပြုထိုက်သည့် နေ့တစ်နေ့ဖြစ်သည်။

အလယ်ပိုင်းတိုက်နယ်တွင် သူတို့ဂိုဏ်းထက် သက်တမ်းရှည်သည့်ဂိုဏ်း မရှိသလောက်ရှားသည်။ မသေမျိုးငါးဂိုဏ်းထဲမှာပင် သူတို့ဂိုဏ်းသည် ရှေးအကျဆုံးဖြစ်သည်။

နှစ်ပတ်လည်နေ့ရောက်လျှင် ထိပ်သီးဂိုဏ်းမျိုးစုံ လာရောက်ဂုဏ်ပြုကြလိမ့်မည်။ တော်ဝင်ရုံးတော်၊ တစ်ခြားမသေမျိုးလေးဂိုဏ်းနှင့် ထိပ်တန်းအဆင့်ဂိုဏ်းများ သေချာပေါက်ရောက်လာမည်။ ပထမအဆင့်ဂိုဏ်းများ လာနိုင်မည်မလာနိုင်မည်တော့ မသေချာ။

တစ်နည်းပြောရလျှင် တာအိုလမ်းစဉ်ဂိုဏ်း၏ ဂုဏ်ပြုပွဲသို့ တက်ခွင့်ရခြင်းသည် အဆင့်အတန်းမြင့်သည့် လက္ခဏာတစ်ခုဖြစ်သည်။

နှစ်လအတွင်း သူတို့ဂိုဏ်း ဘယ်လောက်စည်ကားလာမည်ကို စိတ်ကူးယဉ်ကြည့်နိုင်သည်။

ထိုအကြောင်းတွေးရင်း လုယန် ခေါင်းကိုက်လာသည်။

သူသည် ရွှေသန္ဓေအဆင့်သာဖြစ်သည်။ ဘာကြောင့် ယခုလိုကြီးလေးသည့်တာဝန်မျိုး ပေးကြသနည်း။ သူသဘာနုလွန်းသေးသည်။

"နင့်တာဝန်ဆိုတာ ဘာစကားလဲ။ ယာယီဂိုဏ်းချုပ်လုပ်နေတာက ငါပဲလေ"

နတ်မယ်က လုယန်အမြင်ကို တည့်မတ်ပေးသည်။

ရာထူးသစ်လက်ခံပြီးစဖြစ်၍ သူ့ဩဇာကိုပြရန် နတ်မယ်စိတ်အားထက်သန်နေသည်။ သူ့ပထမဆုံးပစ်မှတ်က လုယန်ဖြစ်သည်။

"ကဲ...နင့်ခန္ဓာကိုယ် ငါ့ကိုလွှဲပေးပါ"

ဂိုဏ်းချုပ်အမိန့်ဖြစ်သည်။ လုယန်လွန်ဆန်၍မရ။

နတ်မယ် လုယန်ခန္ဓာကိုယ်ကို လွှဲယူပြီးနောက် ပျင်းရိပျင်းတွဲ အညောင်းတစ်ချက်ဆန့်၍ ပြုံးလိုက်သည်။

"ဟီးဟီး ခန္ဓာကိုယ်ရှိတာနဲ့ မရှိတာ ခံစားချက်ချင်း တကယ်မတူဘူးပဲ"

နတ်မယ် ယွမ်ကျိကို လှည့်ကြည့်၍ ဒုတိယမီးတောက်ကို စပျိုးသည်။

"ကဲ ရှောင်ယွမ်၊ ဒီမသေမျိုး ယာယီဂိုဏ်းချုပ်လုပ်နေတယ်ဆိုတာ တာအိုလမ်းစဉ်ဂိုဏ်းထဲမှာ သတင်းဖြန့်လိုက်ပါ"

"ဟုတ်ကဲ့"

ယွမ်ကျိအမူအရာက ဝစီပိတ်ကိုဆက်ဆံသည်ထက်ပင် ပို၍လေးစားသယောင်ဖြစ်နေသည်။ နတ်မယ်ဘာခိုင်းခိုင်း ချက်ချင်းလုပ်သည်။

.....

ယွမ်ကျိသတင်းဖြန့်မှုကြောင့် လုယန် နောက်တစ်ကြိမ် ယာယီဂိုဏ်းချုပ်ဖြစ်လာသည့်သတင်းက တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး ပျံ့နှံ့သွားသည်။

"ဘယ်လို၊ လုယန် ဂိုဏ်းချုပ်ဖြစ်ပြန်ပြီလား။ ဒီတစ်ခါ သူဘာတွေလုပ်ခဲ့တာလဲ"

"ဂိုဏ်းချုပ်ကိုယ်တိုင် သူ့ကို ယာယီဂိုဏ်းချုပ်ခန့်လိုက်တာလား"

"အမယွမ်ပဲ အမြဲတမ်း ယာယီဂိုဏ်းချုပ်လုပ်နေခဲ့တာမဟုတ်လား။ ဘာလို့ လုယန်ဖြစ်လာတာလဲ"

ဉာဏ်ကြီးရှင်ဂိုဏ်းဝင်တစ်ချို့က အတော်ကြာအောင် အသံတိတ်နေပြီးမှ တွေးတွေးဆဆလေသံဖြင့် တစ်ခြားလူများကိုပြောသည်။

"ငါ့အထင် ဒီဂိုဏ်းချုပ်အပြောင်းအလဲကိစ္စဟာ ထိပ်ပိုင်းမှာ ဩဇာအပြိုင်အဆိုင်ကြောင့်ပဲဖြစ်မယ်"

နားထောင်နေသူများ အံ့အားသင့်သွားသည်။ အားလုံးက ဉာဏ်ထက်သူများဖြစ်၍ ထိုစကားထဲမှ အဓိပ္ပါယ်ကို နားလည်ကြသည်။

"အမယွမ် ရာထူးယူထားတာ ကြာလွန်းပြီထင်လို့ ဂိုဏ်းချုပ်က လုယန်ကို အစားထိုးတယ်။ အဲဒါကြောင့် ဆရာတူမောင်နှမကြားမှာ အပြိုင်အဆိုင်ဖြစ်နေတယ်လို့ ပြောချင်တာလား"

"မဟုတ်ဘူး။ အမယွမ်က အနားယူချင်လို့ ဂိုဏ်းချုပ်ကို ပြန်လာဖို့ တောင်းဆိုတာဖြစ်မယ်။ ဒါပေမယ့် ဂိုဏ်းချုပ်က ပြန်မလာချင်လို့ လုယန်ကို နာမည်တပ်ပြီး လက်လွှဲလိုက်တာဖြစ်မယ်လို့ပြောတာ"

"..."

"ဖြစ်နိုင်တယ်"

.......

နတ်မယ်က လုယန်ခန္ဓာကိုယ်ဖြင့် ဂိုဏ်းထဲတွင် အေးအေးလူလူ လမ်းလျှောက်နေသည်။ သူ့မျက်နှာမှအပြုံးကြောင့် လုယန်၏အသက် ပိုငယ်သွားသယောင်ထင်ရသည်။

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

လုယန်၏ အကိုအမများ...မဟုတ်သေး...ယခု သူ့အမြင်အရ တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်နေသူအားလုံးက သူ့ကိုလေးလေးစားစား နှုတ်ဆက်ကြသည်။

"ဟုတ်ပါပြီ...ဟုတ်ပါပြီ"

နတ်မယ်က ခေါင်းတငြိမ့်ငြိမ့်လုပ်၍ ဟန်ပါပါလက်ကာပြသည်။ ယခုလောက် လောကဝတ်ပြုဖို့မလိုကြောင်း အချက်ပြသည့်သဘောဖြစ်သည်။ ရာထူးယူသည်က နာရီဝက်သာရှိသေးသည်။ နောက်ထပ်နှစ်လကျန်သေးသည်။

ဂိုဏ်းတပည့်များ မကြာခဏသုံးသည့် သိုင်းပြိုင်ကွင်းဆီ လျှောက်သွားသည်။ စင်မြင့်ပေါ်တွင် ဝိညာဉ်ပြောင်းအဆင့်တပည့်နှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေသည်။ တစ်ယောက်က မိုးကြိုးစွမ်းအားသုံးသည်။ နောက်တစ်ယောက်က လေဟာနယ်ပညာသုံးသည်။ မှော်စွမ်းအားပုံစံအမျိုးမျိုး မြင်နေရသည်။

ပြိုင်ပွဲကွင်းပတ်လည်မှ တပည့်များ လုယန်ကို သတိဖြင့်စောင့်ကြည့်နေသည်။ အရင်တစ်ခါကလို ရာထူးအရှိန်သုံးပြီး စကားလုံးဖြင့် အနိုင်ယူမည်ကို စိုးရိမ်နေကြသည်။

လုယန်လည်း ရင်တထိတ်ထိတ်ဖြင့်ဖြင့် သူ့ခန္ဓာကိုယ်သူ စောင့်ကြည့်နေသည်။

နတ်မယ် လက်နှစ်ဘက်နောက်ပစ်၍ ပြိုင်ပွဲစင်ဘေးတွင်ရပ်လျက် တိုက်ပွဲကို ငြိမ်သက်စွာကြည့်နေသည်။ စင်ပေါ်တက်မည့်အရိပ်အယောင် မတွေ့ရ။

သူ့အကူအညီဖြင့် လုယ်န် ပြိုင်ဘက်ကင်းသန္ဓေ တည်ဆောက်ပြီးဖြစ်သည်။ ပြိုင်ဘက်ကင်းစွမ်းအင်ရောင် ကျင့်ကြံဖို့ ကိုယ့်ထက်အဆင့်မြင့်သူများကို တိုက်ခိုက်ဖို့ မလိုတော့။

စင်ပေါ်တက်၍ တိုက်ခိုက်လျှင်လည်း ဘာမှအကျိုးမရှိနိုင်။ စင်ပေါ်မှနှစ်ယောက်က သူယာယီဂိုဏ်းချုပ်ဖြစ်နေသည်ကို မသိချင်ယောင်ဆောင်ပြီး အပြတ်နွှာချင်နွှာနိုင်သည်ဟု ပြိုင်ဘက်ကင်းသန္ဓေက သတိပေးနေသည်။ အတော်အကျိုးရှိသည့် ရွှေသန္ဓေဖြစ်သည်။

နတ်မယ် ပြိုင်ဘက်ကင်းသန္ဓေ၏ သတိပေးချက်ကို လိုက်နာပြီး စင်အောက်တွင်သာ ရပ်နေသည်။ ထက်သန်နေသည့်စိတ်ကို ထိန်းချုပ်ထားသည်။ စင်ပေါ်မတက်ရဲ။

"မဆိုးပါဘူး"

ခပ်တိုတို သူမှတ်ချက်ပေးသည်။ လေသံက တည်ငြိမ်သည်။ အဓိပဓိစွမ်းအားရှင်ကြီးတစ်ယောက်၏ ဟန်ပန်မျိုးဖြစ်သည်။

တောင်ထိပ်မှဆင်းကတည်းက နတ်မယ်ဘာမှလုပ်စရာမရှိသဖြင့် သူ့အဆင့်အတန်းကို လာကြွားနေခြင်းသာဖြစ်သည်။

ထို့နောက်တွင် ဈေးလမ်းမှ နောက်တစ်ခေါက်အသားကင်ဆိုင်သို့ သူသွားသည်။ ထာဝရဂိုဏ်း၏ထိပ်သီးများ ထိုနေရာတွင် ရှိနေသည်။

ထာဝရမျိုးဆက်ခေါင်းဆောင်အားလုံး စုံလင်သွားသည်။ ထာဝရဂိုဏ်းထိပ်သီးများလည်းရှိသည်။ အတော်တောင့်တင်းသည့် အင်အားစုဖြစ်သည်။

ထာဝရဂိုဏ်း၏ထိပ်သီးများ အတော်ဝမ်းသာနေသည်။ လုဘန်နောက်သို့လိုက်ခြင်းသည် အနာဂတ်အလားအလာ တကဘ်ကောင်းသည်။ ပြီးခဲ့သည့် နှစ်ရက်သုံးရက်ကပင် လုယန်သည် ဂျုနီယာဂိုဏ်းတပည့်ဖြစ်သည်။ ယခု ယာယီဂိုဏ်းချုပ်ဖြစ်နေသည်။

သခင်လျိုနှင့် သခင်ကောင်းက အတိတ်အကြောင်း ပြန်တွေးမိသဖြင့် ထူးဆန်းသည့်အမူအရာမျိုးရှိနေသည်။ ပြီးခဲ့သည့်တစ်ခေါက် လုယန် ယာယီဂိုဏ်းချုပ်လုပ်စဉ်က သူတို့ကို ဤနေရာတွင် အသားကင်စားဖိုမှူးများဖြစ်လာအောင် လှည့်စားခဲ့သည်။

လေးလဟူသည့်အချိန်က ဘာမှမကြာလိုက်။

"ဆိုင်အခြေအနေ ကောင်းတယ်မဟုတ်လား"

"ခေါင်းဆောင်ရဲ့ကျေးဇူးကြောင့် အရမ်းရောင်းကောင်းပါတယ်"

လုယန်အမူအရာ ထူးခြားနေသည်ကို တစ်ခြားလူများ သတိမပြုမိကြသော်လည်း ထာဝရအရိယဖလပုံရိပ်ပိုင်ရှင်၊ ထာဝရမျိုးဆက်၏ တတိယခေါင်းဆောင်ဖြစ်သည့် ထာဝရအရှင်ကတော့ အဖြစ်မှန်ကို ရိပ်မိသည်။

"ကြိုးစားပါ။ ဒီအသားကင်ဆိုင်ဟာ ငါတို့ထာဝရမျိုးဆက်ရဲ့ ဂုဏ်သရေပဲ။ နာမည်ပျက်အောင်မလုပ်နဲ့"

"ဟုတ်ကဲ့"

ခေါင်းဆောင်က အားပေးတိုက်တွန်းနေသဖြင့် အားလုံး စိတ်အားတက်ကြွလာသည်။

"ကောင်းတယ်။ အခု ကိုးငရဲဂိုဏ်းက ဒီအသားကင်လုပ်ငန်းကို ဈေးကွက်ချဲ့ထွင်နေတယ်။ နေရာတိုင်းမှာ ဆိုင်ခွဲတွေ ဖွင့်နေတယ်။ ရှောင်ယွမ်ကလည်း ငါ့ညွှန်ကြားချက်အတိုင်း အင်ပါယာရှားကို တောင်းဆိုပြီးပြီ။

ငါတို့ဆိုင်ခွဲတွေကို ထောက်ပံ့ပေးမယ်လို့ အင်ပါယာရှားက ကတိပေးလိုက်တယ်"

ယခု သူသည်ယာယီဂိုဏ်းချုပ်ဖြစ်၍ အရင်ယာယီဂိုဏ်းချုပ်ဟောင်းက ဆွေးနွေးပွဲအကြောင်းအရာများ သူ့ကိုပြန်ပြောရသည်မှာ သဘာဝကျပါသည်။

"ဒါတကယ့်သတင်းကောင်းပဲ"

ထာဝရဂိုဏ်းထိပ်သီးများ အတော်ဝမ်းသာသွားသည်။ ဤယာယီဂိုဏ်းချုပ်ရာထူးကို အမည်ခံသက်သက်ဟု သူတို့ထင်ခဲ့သည်။

ယခု ယွမ်ကျိကိုပင်အမိန့်ပေးပြီး အင်ပါယာရှားကိုယ်တိုင် ကူညီအောင် တောင်းဆိုနိုင်သည့် ရာထူးဩဇာမျိုးဖြစ်ကြောင်း သိလိုက်ရသည်။

တော်ဝင်ရုံးတော်ကူညီထောက်ပံ့လျှင် အသားက်ဆိုင်လုပ်ငန်း တိုက်နယ်တစ်ခွင် တိုးတက်အောင်မြင်လာမည်မှာ သေချာနေသည်။ အသားကင်လုပ်ငန်းများ၏ ရှေ့ဆောင်ဖြစ်လာမည်။

"ဘယ်သူ ပန်းချီဆွဲတတ်သလဲ။ ငါဂိုဏ်းချုပ် ဒီဆိုင်ကိုလာစစ်ဆေးတဲ့မြင်ကွင်းကို ပန်းချီဆွဲပြီး ဆိုင်တံခါးဝမှာ ချိတ်ထားပါ"

အင်ပါယာ၏ လက်ရေးပန်းချီကို သာမန်လူတို့ အတော်တန်ဖိုးထားကြသည်ဟု နတ်မယ်ကြားဖူးသည်။ ထိုလက်ရေးပန်းချီ ဆွဲထားသည့်ဆိုင်တိုင်း ဖောက်သည်အင်အားများသည်ဟု ဆိုသည်။

မသေမျိုးတစ်ယောက်၊ ယာယီဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည် သူ့အဆင့်အတန်းသည် အင်ပါယာယာထက်ပင် ပိုတန်ဖိုးထားထိုက်သည်ဟု သူယူဆသည်။

"ကျုပ်ဆွဲပါ့မယ်"

သူ့ခေါင်းဆောင်ကို အလုပ်အကျွေးပြုဖို့ အမြဲအသင့်ဖြစ်နေသည့် ထာဝရအရှင်က လိုလိုလားလား လက်ခံသည်။

ထိုအလုပ်သည် ထာဝရနတ်မယ်ပေးသည့် အခွင့်အရေးဖြစ်သည်။ လက်လွတ်ခံ၍မဖြစ်။

နတ်မယ်ဘယ်လောက်စွမ်းအားကြီးသည်ကို သူအသိဆုံးဖြစ်သည်။

မကြာမီ ထာဝရအရှင် ပုံဆွဲ၍ပြီးသွားသည်။

ပန်းချီထဲတွင် လုယန်က အလယ်တ၌ရပ်နေသည်။ ထာဝရအရှင်နှင့် ထာဝရဂိုဏ်း၏ထိပ်သီးဂိုဏ်းဝင်များက သူ့ကို မော့ကြည့်နေကြသည်။

ဆိုင်ထဲဝင်လာသူတိုင်း မြင်နိုင်စေဖို့ ထိုပန်းချီကို ဆိုင်တံခါးဝတွင် ချိတ်ထားသည်။

လုယန် မေးကိုပွတ်၍ စဉ်းစားနေသည်။ ထိုပန်းချီပုံ သိပ်တော့အဆင်မပြေဟု ခံစားရသည်။ သို့သော် ဘယ်နေရာအဆင်မပြေမှန်း သူမပြောတတ်။

နတ်မယ် ဆက်၍တိုင်းခန်းလှည့်လည်လိုသေးသည်။ အကြီးအကဲရှစ်ယောက်နေထိုင်သည့် တောင်ထိပ်များသို့ သွားလည်ပြီး တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး သူ့နာမည်ကို သိသွားအောင်လုပ်လိုသည်။ ထိုစိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ရန် ပြင်နေစဉ် ယွမ်ကျိ သူ့ဘေးတွင်ပေါ်လာသည်။

"ဂိုဏ်းချုပ်၊ ဂိုဏ်းကိစ္စတွေစီမံဖို့ အချိန်တန်ပါပြီ"

All Chapters