← Chapters

ခြေပေရွှေခန္ဓာပညာသင်ယူခြင်း

Vol. 31 Ch. 461

ခြေပေရွှေခန္ဓာပညာသင်ယူခြင်း

Vol. 31 Ch. 461

ခြောက်ပေရွှေခန္ဓာကျင့်စဉ်သည် အဆင့်မြင့်ဆုံးဗုဒ္ဓဂိုဏ်းမှော်ပညာဖြစ်သည်။ ကျွမ်းကျင်သွားသည်နှင့် ခုခံဖို့ရော တိုက်ခိုက်ဖို့ပါသုံးနိုင်သည့် ရွှေခန္ဓာတစ်ခု ဖန်တီးနိုင်သည်။ ဟာကွက်မရှိသည့် ပူးတွဲပညာရပ်ဖြစ်သည်။

ရွှေခန္ဓာကျင့်စဉ်ကိ အမြင့်ဆုံးကျွမ်းကျင်ထားသူသည် ရွှေခန္ဓာပိုင်ရှင်အဖြစ် အပြည့်အဝအသွင်ပြောင်းနိုင်သည်။ ဗုဒ္ဓခန္ဓာကိုယ် ချက်ချင်းဖန်တီးနိုင်သည်။

ဗုဒ္ဓနိုင်ငံတွင် ဗောဓိသစ်ပင်အောက်၌ ဉာဏ်အလင်းရသည့် ကိုယ်တော်တစ်ပါးရှိခဲ့သည်။ သူ့ခြောက်ပေခန္ဓာကိုယ်သည် ဟာကွက်လုံးဝမရှိ။ ဘယ်တိုက်ခိုက်မှုမှ မချိုးဖြစ်နိုင်။ လောကတွင် ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်ဟု ပြောကြသည်။

ထိုအဓိပဓိမှော်ပညာသည် တတ်မြောက်ဖို့ ခဲယဉ်းသော်လည်း စကြာဝဠာလက်ဝါးပညာလောက်တော့မခက်။ လုယန်သင်နိုင်လောက်သည်ဟု ယွမ်ကျိယူဆသည်။

ခြောက်ပေရွှေခန္ဓာတတ်မြောက်ကျွမ်းကျင်ပြီး ရွှေသန္ဓေထိပ်ဆုံးရောက်နေသည့် ဆရာတူအကိုလည်းရှိနေပြီးဖြစ်သည်။

"ခြောက်ပေရွှေခန္ဓာက ဗုဒ္ဓဂိုဏ်းမှော်ပညာလို့ ဘယ်သူပြောလဲ။ ဒီပညာက ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့တာပါ"

ထိုကိစ္စမျိုးတွင် ဝါအရင့်ဆုံးဖြစ်သည် နတ်မယ်က အော်လိုက်သည်။

"ရှေးဟောင်းခေတ်ကတည်းက ရှိတာလား"

လုယန်ရော ယွမ်ကျိပါ ထိုအချက်ကို မသိကြ။

နတ်မယ်က နှာခေါင်းရှုံ့လျက်

"ဒါပေါ့။ ရှေးဟောင်းခေတ်မှာ လူတိုင်းက သူတို့ရွှေခန္ဓာကို ခြောက်ပေရွှေခန္ဓာလို့ ခေါ်ကြပေမယ့် အတိုင်းအတာက အမျိုးမျိုးကွဲပြားတယ်။ ငါတို့ငါးယောက် မသေမျိုးဖြစ်လာပြီးမှ ခြေပေ‌ရွှေခန္ဓာလို့ သတ်မှတ်ခဲ့တာ"

လုယန် တွေးရခက်သွားသည်။

"ခင်ဗျားတို့မသေမျိုးဖြစ်တာနဲ့ ခြောက်ပေရွှေခန္ဓာနဲ့ ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့။ အတိုင်းအတာ စံသတ်မှတ်ချက်တွေအားလုံး ငါတို့တစ်ပြေးညီလုပ်ခဲ့တာလေ။ အရင်က မျိုးနွယ်အမျိုးမျိုး စံသတ်မှတ်ချက်အမျိုးမျိုးရှိတယ်။ ငါတို့မသေမျိုးဖြစ်လာတော့ ခြောက်ပေဆိုတဲ့အယူအဆကို စံသတ်မှတ်တယ်"

လုယန် အတော်အံ့အားသင့်သွားသည်။ တစ်ခြားမသေမျိုးလေးယောက်ကို သူမဆိုလိုပါ။ နတ်မယ်လိုဦးနှောက်မျိုးဖြင့် အတိုင်းအတာစံနှုန်းသတ်မှတ်ခဲ့သည်ဟု ပြောနေသဖြင့် သူအံ့ဩခြင်းဖြစ်သည်။

"ဒီကိစ္စကို အရင်ဆုံးအကြံပြုခဲ့တာက ယင်ထန်မသေမျိုးပါ။ တစ်နေ့မှာသူက ငါတို့ကိုအလေးအနက်ပြောတယ်။ သူ့အရပ်က လေးဆယ့်ရှစ်ပေရှည်တယ်လို့ အပြင်လူတွေက ကောလဟာလဖြန့်နေတယ်။ တစ်ချို့ကလည်း သူ့အရပ်က ၉ လက်မလို့ပြောနေတယ်တဲ့။

မျိုးနွယ်တွေကွဲပြားလို့ အတိုင်းအတာစံနှုန်းကွဲပြားနေတာဖြစ်မယ်လို့ သူယူဆတယ်။ အဲလိုကွဲပြားလို့ သူ့အရပ်က အချိုးအစားမကျလောက်အောင် ရှည်နေသလိုလို ပုနေသလိုလို ကောလဟာလတွေပြန့်လာတယ်။

ငါတို့ အတိုင်းအတာတွေ စံသတ်မှတ်လိုက်တော့ အဲဒီ့ပြဿနာ ပျောက်သွားတယ်"

"အတိုင်းအတာတွေ စံသတ်မှတ်တာက အဲလောက်ထိရောက်တယ်ပေါ့"

"ဟုတ်တယ်၊ အဲဒီတုန်းက မျိုးနွယ်တွေကြားက အတိုင်းအတာကွဲပြားမှုတွေကို ချိန်ညှိရင်း ငါအလုပ်ရှုပ်နေတာ။ အပြင်လောကကို ယင်ထန်မသေမျိုး အရပ်ဘယ်လောက်ရှည်လဲဆိုတာ ငါပြောဖို့အချိန်မရခဲ့ဘူးလေ"

"ဒါဆို အဲဒီ့ကောလဟာလတွေဖြန့်ခဲ့တာ ခင်ဗျားလား"

"ကောလဟာလဖြန့်တယ်လို့တော့ ပြောလို့မရပါဘူး။ ယင်ထန်မသေမျိုး အရပ်ဘယ်လောက်ရှည်လဲဆိုပြီး နောက်လိုက်တစ်ယောက်က ငါ့ကိုစမေးတယ်။

ငါလည်း အိပ်ချင်မူးတူးနဲ့ ၄၈ ပေလို့ ပြောလိုက်တယ်။ အဲဒီ့စကားက ထိန်းမရအောင်ပြန့်သွားတယ်။ ဒီလိုတော့ အဆင်မပြေဘူးဆိုပြီး ယင်ထန်မသေမျိုးရဲ့ အရပ်ဟာ ၉ လက်မပါလို့ နောက်လိုက်တွေကို ငါချက်ချင်းပြန်ပြောလိုက်ရတယ်။

စည်းစားကြည့်လေ။ တစ်ယောက်က ၄၈ လို့ပြောမယ်။ နောက်တစ်ယောက်က ၉ လက်မလို့ ပြောမယ်။ သူတို့နှစ်ယောက် ဆတူပျမ်းမျှယူပြီး တွက်လိုက်ရင် ပုံမှန်အရပ်အတိုင်းအတာ ရလာမယ်မဟုတ်လား"

နတ်မယ်ပြောသည့်စကား ယုတ္တိကျသည်ဟု လုယန်တွေးမိသည်။ ဟာကွက်ရှာမရ။

(** ၉ - ၇၂ - ၅၇၆ လက်မ။ ၉ ကို ၈ နှင့်မြှောက်လျှင် ၇၂(၆ပေ) ရသည်။ ၇၂ ကို ၈ နှင့်မြှောက်လျှင် ၅၇၆ (၄၈ ပေ) ဖြစ်သည်။ ထို့ကြောင့် ၆ပေ သည် ၉ လက်မနှင့် ၄၈ ပေကြားမှ ဆတူပျမ်းမျှအတိုင်းအတာဖြစ်သည်)

နတ်မယ် ဆက်ပြောသည်။

"ပြီးတော့ ငါလည်း‌ ရွှေခန္ဓာစွမ်းအားသုံးနိုင်တယ်လေ။ ဒါပေမယ့် ခြောက်ပေရွှေခန္ဓာသုံးဖို့မလိုတဲ့ ပညာတွေအများကြီး ငါသိထားတယ်။

စကြာဝဠာလက်ဝါးလို မြေချုံ့ပညာလို ပညာတွေကလည်း တိုက်ပွဲကျရင် ကြီးမားတဲ့ကိုယ်ထည်တစ်ခုကို သုံးကြတာချည်းပါပဲ"

ယွမ်ကျိ ခေါင်းငြိမ့်သည်။ နတ်မယ် အယူအဆကို ထောက်ခံသည်။ မဟာတာအိုသည် ရိုးရှင်းသည်။ မတူကွဲပြားသည့် လမ်းကြောင်းများအားလုံး ပန်းတိုင်တစ်ခုတည်းဖြစ်သည်ဟူသည့် စကားရှိသည်။ မှော်ပညာအတော်များများတွင် တူညီသည့်လက္ခဏာများရှိသည်။ တစ်မျိုးကျွမ်းကျင်လျှင် လုံလောက်သည်။ သူ့လို အရာအားလုံး ကျွမ်းကျင်ဖို့မလို။

"ငါ့နောက်ကလိုက်ခဲ့ပါ"

ယွမ်ကျိက လူယန်ကို မြေချုံ့ပညာသင်ပေးခဲ့သည့်နေရာသို့ ခေါ်သွားသည်။

နတ်မယ်လည်း လုယန်ကိုယ်ထဲမှ ထွက်လာပြီး လမ်းညွှန်သင်ပြရန်ပြင်သည်။

လုယန်၏ ယုံကြည်ချက်များ တိုးပွားလာသည်။ တိုက်ပွဲစိတ်ဓာတ်များ မြင့်တက်လာသည်။ ခေတ်သစ်စွမ်းအားရှင် အမယွမ်နှင့် ရှေးဟောင်းခေတ်စွမ်းအားရှင် ထာဝရနတ်မယ်တို့ နှစ်ယောက်လုံးက သူ့ကိုသင်ပေးတော့မည်။ သူမတတ်စရာအကြောင်းမရှိ။

"ခြောက်ပေရွှေခန္ဓာကိုယ် ကျင့်ကြံဖို့ အရင်ဆုံးစိတ်ကို တည်ငြိမ်အောင် ထားရမယ်"

"ခြောက်ပေရွှေခန္ဓာကိုယ် ကျင့်ကြံဖို့ နင့်ရဲ့သွေးနဲ့ချီကို အရင်ဆုံးလည်ပတ်ရမယ်"

ယွမ်ကျိနှင့်နတ်မယ် ပြိုင်တူပြောသည်။ လုယန် မျက်လုံးပြူးသွားသည်။

သူဘယ်သူ့စကားကို နားထောင်ရမည်မသိ။

ယွမ်ကျိက နတ်မယ်ကို တည်ငြိမ်စွာကြည့်သည်။

"တည်ငြိမ်တဲ့စိတ်ဟာ အကောင်းဆုံးစွမ်းဆောင်နိုင်တယ်။ ကိုယ့်စွမ်းအားအကန့်အသတ်ထက်တောင် ကျော်သွားနိုင်တယ်။ ရှင်ကဘာလို့ သွေးနဲ့ချီကိုလည်ပတ်ခိုင်းတာလဲ နတ်မယ်"

နတ်မယ်က အမူအရာမပျက်ဘဲ လုယန်ကို စိုက်ကြည့်နေသည်။ သူ့ဟန်ပန်က နည်းနည်းမှလျော့မသွားသည်။

"သွေးနဲ့ချီဟာ စွမ်းအင်သွေးကြောတွေကို ဆက်သွယ်ပေးတယ်။ ဝိညာဉ်စွမ်းအားကို သယ်ဆောင်တယ်။ ခြောက်ပေရွှေခန္ဓာကျင့်စဉ်ဟာ သွေးရယ်၊ ချီရယ်၊ ဝိညာဉ်စွမ်းအားရယ်ပေါင်းပြီး ဖန်တီးရတာ။ ဒီတော့ သွေးနှင့်ချီကို အရင်လည်ပတ်ဖို့လိုတယ်"

လုယန် "..."

နတ်မယ်၊ ကျုပ်ကို စိုက်ကြည့်မနေဘဲ အမယွမ်ကို ကြည့်ပြောပါလား...

ဒီလိုအခြေအနေမှာ ကျုပ်ဘယ်သူ့ဘက်က ရပ်တည်ကြောင်းပြရမှာလဲ...

သူကံဆိုးသည်။ ဘယ်သူ့ကိုမှ ဆန့်ကျင်၍မရ။

ခေတ်ဟောင်းခေတ်သစ် စွမ်းအားရှင်နှစ်ယောက်ကြား ညပ်နေသဖြင့် လုယန် အသံတိတ်၍သာနေရသည်။

"ငါက ယာယီဂိုဏ်းချုပ်ပါ။ ဒီတော့ ငါ့စကားကို နားထောင်ပါ"

နတ်မယ် သူ့နိုင်ကွက်ကိုထုတ်သုံးသည်။ ယွမ်ကျိကို နောက်ဆုတ်ရန် ဖိအားပေးသည်။

"...ကောင်းပြီလေ"

အဓိပဓိနှစ်ယောက်ကြားတိုက်ပွဲက အဆုံးသတ်သွားသည်။ သူတို့မှော်စွမ်းအားပြိုင်ဆိုင်မှုက အသံဆက်ဖြစ်နေသည်။ ဘယ်သူမှ သတိမထားမိ။

"ငါနင့်ကို သင်ပေးမယ်။ မျက်လုံးမှိတ်ပြီး ကိုယ်ထဲက သွေးနဲ့ချီကို လှည့်ပတ်ကြည့်ပါ"

လုယန် မျက်လုံးမှိတ်၍ သူ့ကိုယ်တွင်းကို အာရုံပြုသည်။ သွေးနှင့်ချီစွမ်းအင်များ မြစ်ရေပမာ စီးဆင်းနေသံကိုကြားရသည် ရွှေသန္ဓေအဆင့်ထက် များစွာသာလွန်သည်။ နတ်ဝိညာဉ်အဆင့်ပင် မယှဉ်နိုင်လောက်။

"သွေးနဲ့ချီစွမ်းအားကို လည်ပတ်ပါ။ သူတို့လှုပ်ရှားမှုတွေကို နင့်သွေးကြောတွေနဲ့ ညီမျှအောင်ထားပါ။ ညီမျှလေ နင့်ရဲ့သွေးစွမ်းအင်၊ ချီစွမ်းအင်၊ ဝိညာဉ်စွမ်းအင်တွေ အားကောင်းလေပဲ"

ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ ပြင်းထန်သည့်လုယန်၏ နှလုံးခုန်သံသာ ထွက်ပေါ်နေသည်။

"သွေးနဲ့ချီကို အပြင်ဘက်ကို ဖြန့်လိုက်ပါ။ သူတို့ကို မာကျောတဲ့အရာတစ်ခုလို့သဘောထားပြီး အတွင်းကနေ အပြင်ကို ဝုန်းခနဲဖြန့်ထုတ်ပြီး နင့်စိတ်ကူးထဲကနေ ခန္ဓာကိုယ်ပုံရိပ်တစ်ခု တည်ဆောက်ပါ"

ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်သည်။ နတ်မယ်သင်ကြားပုံက သူနှင့်အတော်တူသည်။ စိတ်တည်ငြိမ်အောင်ထားသည်ဖြစ်စေ သွေးချီလည်ပတ်မှုသည်ဖြစ်စေ ခြောက်ပေရွှေခန္ဓာကိုယ်ကို ကျင့်ကြံနိုင်သည်။

ယခု လုယန်အပေါ်သာ မူတည်တော့မည်။

ယွမ်ကျိအတွေးကို လုယန်သတိမထားမိ။ မျက်လုံးကိုလုံးဝမဖွင့် သွေးနှင့်ချီစွမ်းအင်များ ရုန်းကြွလှုပ်ရှားလာသည်။ သို့သော် သူ့စိတ်က တည်ငြိမ်နေသည်။

ပုံရိပ်တစ်ခု သူ့အာရုံတွင် ‌ခပ်ရေးရေးပေါ်လာသည်။ နီးကပ်စွာရှိနေသာ်လည်း ထိကိုင်၍မရ။ သို့သော် တကယ်အစစ်လိုပင်ဖြစ်သည်။

ထိုပုံရိပ်ကို အာရုံအပြည့်စိုက်၍ အပြင်သို့တွန်းထုတ်လိုက်သည်။

သူ့သွေးနှင့်ချီများ လှိုင်းထန်သွားသည်။ ဝိညာဉ်စွမ်းအားများ ထိုးထွက်လာသည်။ သူ့ကိုယ်ထဲမှ စွမ်းအင်လည်ပတ်မှုနှင့် ချက်ချင်းရောယှက်၍ အပြင်သို့ တွန်းကန်ထွက်သွားသည်။

ဝိညာဉ်စွမ်းအား သွေးချီစွမ်းအားများ ပေါ်လာသည်။ ရွှေရောင်တလက်လက်တောက်နေသည်။

"ဘုန်း"

ခြောက်ပေရွှေခန္ဓာတစ်ခု ရုတ်တရက် ပေါ်လာသည်။

သို့သော် လုယန်နှင့် ဆယ်မီတာခန့်ဝေးနေသည်။

လုယန် "..."

ရွှေခန္ဓာက ငါ့ကိုယ်ပေါ်မှာ ကာကွယ်ထားရမှာမဟုတ်လား။ ဘာလို့ အဝေးရောက်နေတာလဲ....

"အင်း...ငါနဲ့အတော်ဝေးနေတယ်။ ဒါပေမယ့် ဒီခန္ဓာကိုယ်က ငါ့ကိုမကာကွယ်နိုင်ရင်တောင် တိုက်ခိုက်ဖို့တော့ သုံးလို့ရလောက်ပါတယ်"

ခြောက်ပေရွှေခန္ဓာက အလွန်တရာမာကျောသည်။ လက်တစ်ဘက်သာမန်ရမ်းလိုက်သည့် စွမ်းအားကိုပင် ရွှေသန္ဓေအဆင့်တစ်ယောက် ခုခံနိုင်မည်မဟုတ်။

ရွှေခန္ဓာကို လှမ်းထိန်းချုပ်ရန် ကြိုးစားသည်။ သို့သော် ရွှေခန္ဓာက ကျောက်ရုပ်လို ဖြစ်နေသည်။ နေရာမှ လုံးဝမရွေ့။

"..."

တစ်ခြားလူတွေရဲ့ ရွှေခန္ဓာက တိုက်ခိုက်ဖို့ရော ခုခံဖို့ရော သုံးလို့ရတယ်ပြောပါတယ်။ ငါ့ရွှေခန္ဓာကျတော့ ဘာတစ်ခုမှအသုံးမဝင်ပါလား....

"ရွှေခန္ဓာထဲကို နင်ဝင်ကြည့်လိုက်ပါလား"

နတ်မယ်အကြံပြုသည်။ သူလည်းထိုအခြေအနေမျိုး ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။

တစ်ချို့လူများက ရွှေခန္ဓာကိုယ်ထဲသို့ဝင်၍ အသုံးပြုကြသည်။ လုယန်လည်း ထိုသို့လုပ်ရမည်ထင်သည်။

ယွမ်ကျိလည်း တွေးမရဖြစ်နေသည်။ နတ်မယ်သင်ပြသည့်နည်းလမ်းက ဟာကွက်လုံးဝမရှိ။ ဘာကြောင့် ယခုလိုဖြစ်လာသည်ကို နားမလည်။

လုယန် ဘာမှမတတ်နိုင်။ နတ်မယ်အကြံအတိုင်း ကြိုးစားကြည့်ရုံသာရှိသည်။

ရွှေခန္ဓာခြေရင်ဆီပြေးသွားသည်။ ကိုယ်ထည်က တကယ်မာကျောလှသည်။ အထဲဝင်ဖို့ နည်းလမ်းရှိပုံမပေါ်။

"ခြေထောက်အောက်ခြေကနေဝင်ကြည့်ပါ"

နတ်မယ် နောက်တစ်ကြိမ်အကြံပြုသည်။

ရွေးချယ်စရာမရှိသဖြင့် လုယန်ဆောင်ကြောင့်ထိုင်၍ ရွှေခန္ဓာ၏ ခြေထောက်ကိုမ၍ အထဲသို့ဝင်သည်။

အထဲရောက်ပြီးနောက် လုယန်အတော်စိတ်လှုပ်ရှားလာသည်။ ဤအရာသည် သူ့ကိုယ်ပိုင်‌ရွှေခန္ဓာဖြစ်သည်။

သူ့ရွှေခန္ဓာစွမ်းအားကို လောကကြီး မြင်စေရမည်။

စိတ်ဖြင့်ထိန်းချုပ်၍ ရွှေခန္ဓာကို လှုပ်ရှားကြည့်သည်။ လုံးဝမရွေ့။

ထပ်လှုပ်ရှားကြည့်သည်။ မရွေ့သေး။

တောင်တန်းတစ်ခုလို ခိုင်မာနေသည်။

"...သောက်လခွမ်း လိပ်ခွံရွေခန္ဓာမျိုး ငါကျင့်ကြံခဲ့မိတာများလား"

All Chapters