← Chapters

ပုံပြောဆရာ

Vol. 31 Ch. 462

ပုံပြောဆရာ

Vol. 31 Ch. 462

" ဒီရွှေခန္ဓာရဲ့ ခုခံနိုင်စွမ်းက တကယ်အထင်ကြီးလောက်စရာပါပဲ"

နတ်မယ်သည် ကောင်းကွက်ကိုသာ အမြဲရွေးပြောလေ့ရှိသည်။

"နင့်ကိုယ်ပိုင်ရွှေခန္ဓာနဲ့ တိုက်ခိုက်မယ်ဆိုရင် တစ်ခြားတိုက်ခိုက်မှုက အရေပြားပေါ်မှာ ခြစ်ကြောင်းရာတောင် ထင်မှာမဟုတ်ဘူး။ ရွာလက်ဝါးပညာဆိုရင်တော့ နည်းနည်းပျက်စီးနိုင်တာပေါ့"

"အဲလောက်တောင် မာတယ်ပေါ့"

လုယန် အံ့အားသင့်သွားသည်။ ဓားပညာများသည် ရွှေခန္ဓာကို ထိုးဖောက်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော်ယခု နတ်မယ်ကိုယ်တိုင်ပင် အလေးထားသည့် ပညာရပ်တစ်ခုဖြစ်နေသည်။

"ဘာပဲပြောပြော ဒါက ကျုပ်တို့ဂိုဏ်းရဲ့ ပညာပဲလေ။ ခုခံနိုင်စွမ်းရှိရင် မဆိုးပါဘူး"

လုယန် ခေါင်းငြိမ့်သည်။ခြောက်ပေရွှေခန္ဓာကို တစ်နေကုန်လေ့ကျင့်ပြီးနောက် အကျိုးကျေးဇူးတစ်ခုရလိုက်သည်ဟု ခံစားရသည်။

ယခု သူသည် တိုက်ခိုက်ရန်အတွက် ရွာလက်ဝါးပညာတတ်ထားသည်။ ခုခံကာကွယ်ဖို့ ခြောက်ပေရွှေခန္ဓာရှိသည်။ သူ့ကိုဘယ်သူအနိုင်ယူနိုင်မည်နည်း။

..........

လက်ဖက်ရည်ဆောင်။

ပုံပြောဆရာကလက်ထဲမှ သစ်သားအုန်းမောင်းကိုချ၍ ပုံပြင်တစ်ပုဒ်စပြောသည်။

(**တရုတ်ဘုန်းကြီးများ ဘုံကျောင်းတွင်ခေါက်လေ့ရှိသည့် သစ်သားအုန်းမောင်းဖြစ်သည်)

သူ့အဝတ်အစားများက ခပ်နွမ်းနွမ်းဖြစ်သည်။ ဖုန်ခါသည့် သူ့မြင်းမြီးကြာပွတ်ကို စားပွဲပေါ်တင်ထားသည်။ မျက်လုံးများက အရောင်တောက်သည်။ သို့သော် သူ့ဟန်ပန်က နည်းနည်းထူးဆန်းနေသည်။

"တာအိုလမ်းစဉ်ဂိုဏ်းမှာ လုယန်လို့ခေါ်တဲ့ လူငယ်တစ်ယောက်ရှိတယ်။ သူ့ပါရမီက အရမ်းထူးခြားတယ်။ ဂိုဏ်းကိုစတင်တဲ့အချိန်မှာ အံ့ဩစရာကောင်းတဲ့ သူ့ပါရမီစွမ်းပေါ်လာတယ်။ သူက အလွန်တရာရှားပါးတဲ့ ဧကဝိညာဉ်မြစ်ပိုင်ရှင်လေ။

ဧကဝိညာဉ်မြစ်ဆိုတာ ဘာကိုဆိုလိုသလဲ ခင်ဗျားတို့အားလုံးသိပါတယ်။ မဟာကပ်မတိုင်ခင်က တစ်နှစ်ရာမှာ တစ်ခါတွေ့ဖို့ခဲယဉ်းတဲ့ ဗီဇစွမ်းရည်မျိုးပဲ။

သူ့ဝိညာဉ်မြစ်ကလည်း ဧကဝိညာဉ်မြစ်တွေထဲမှာ အကောင်းဆုံးအမျိုးအစားပါ။ သူနဲ့အတူ နောက်ထပ်ဧကဝိညာဉ်မြစ်ပိုင်ရှင်တစ်ယောက်လည်း ဂိုဏ်းထဲကိုဝင်လာတယ်။ မုန်မိသားစုရဲ့ အကြီးဆုံးသားတော်လေ။

မုန်မိသားစုဟာ လောကမှာ ရှေးအကျဆုံးတော်ဝင်မိသားစုပါ။ ဒီကောင်လေးကလည်း အစောဆုံးမွေးလာတဲ့ လူငယ်မျိုးဆက်ပဲ။

ဒီလိုနောက်ခံအဆင့်အတန်းရှိတဲ့ ရှောင်မုန်တောင် လုယန်ရဲ့ ဧကဝိညာဉ်မြစ်ကို လေးစားအားကျရတယ်။

လုယန်ဧကဝိညာဉ်မြစ်ရှိမှန်းသိတော့ အဆင့်မြင့်မိသားစုတွေ ဂိုဏ်းတွေက သူတို့သမီးပျိုတွေနဲ့ လက်ဆက်ပေးဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် အားလုံးကို တာအိုလမ်းစဉ်ဂိုဏ်းက တားဆီးခဲ့တယ်။

ဂိုဏ်းထဲရောက်ပြီးတော့ လုယန်က တာအိုရှင်ဝစီပိတ်ရဲ့ နောက်ဆုံးတပည့်အဖြစ် သတ်မှတ်ခံရတယ်"

နားထောင်နေသည့်ဧည့်သည်များ တအံ့တဩရေရွတ်ကြသည်။ လုယန်၏ဝိညာဉ်မြစ် ထိုမျှထူးခြားမည်ဟု ထင်မထားကြ။

ထိုခရီးသွားပုံပြောဆရာသည် ဤလက်ဖက်ရည်ဆိုင်သို့ ရောက်လာသည်မှာ ရက်ပိုင်းသာရှိသေးသည်။ ဧည့်သည်များသည်လည်း အစက အပျင်းပြေလာနားထောင်ကြခြင်းသာဖြစ်သည်။ ထူးထူးခြားခြားမျှော်လင့်မထား။

သို့သော် ထိုလူ ပုံပြင်စပြောသည်နှင့် အားလုံးမင်သက်မိသွားသည်။ "တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ"ကို ပြောနေခြင်းဖြစ်သည်။ သူယခုပြောသည့် ပုံပြင်များကိုလည်း ဘယ်သူမှမကြားဖူးသေး။

"တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ"၏ နောက်ဆုံးထွက်ဇာတ်လမ်းများဖြစ်သည်။

ထိုဒဏ္ဍာရီသည် လူအများကြားတွင် ရေပန်းအစားဆုံးဖြစ်သည်။ ကန္တဝင်ဆန်သည့်ထိုဇာတ်လမ်းများအကြောင်း မကြာခဏပြောဆိုဆွေးနွေးကြသည်။

ရှန်ထန်တာအိုရှင် မသေမျိုးတစ်ယောက်နှင့်တွေ့၍ တာအိုလမ်းစဉ်ဂိုဏ်းတည်ထောင်ခြင်း။ တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးဖော် တောင်တန်းပေါ်မှဆင်း၍ နတ်ဆိုးများကိုသုတ်သင်ရှင်းလင်းပြီး တရားမျှတမှုတည်ဆောက်ခြင်း။

တာအိုရှင်ဝစီပိတ် ကောင်းကင်ဂိတ်တံခါးကို သူ့ဓားဖြင့်ဖွင့်၍ သူရဲကောင်းအားလုံးကို အညံ့ခံစေခြင်း။

လက်ရှိကာလတွင် တာအိုလမ်းစဉ်ဂိုဏ်းအကြောင်းမသိသူကို ခေတ်မမီဟု သတ်မှတ်ကြသည်။

ထို့ကြောင့် ယခုနောက်ဆုံးထွက်ဇာတ်လမ်းများကို အားလုံးက စိတ်အားထက်သန်စွာ နားထောင်နေကြသည်။

လက်ဖက်ရည်ဆိုင်ရှင်လည်း ဤရက်ပိုင်းတွင် ပြုံးနေရလွန်းသဖြင့် သူ့မျက်နှာပေါ်တွင် အရေးအကြောင်းများပင် ထင်လာသည်။

"အဲဒီတုန်းက တာအိုလမ်းစဉ်ဂိုဏ်းထဲမှာ မဟာနတ်ဆိုးတစ်ယောက်ရှိတယ်။ တာအိုရှင်ဝစီပိတ်ကို အဲဒီ့နတ်ဆိုးက ဖိနှိပ်ထားပြီး ဂိုဏ်းချုပ်ရာထူးကို ဝင်ယူတယ်။ တာအိုလမ်းစဉ်ဂိုဏ်းဝင်တွေက ဒီအကြောင်း လုံးဝမရိပ်မိခဲ့ကြဘူး။

ပါရီရှင်လုက မူမမှန်တာကို ပထမဆုံးရိပ်မိတဲ့လူပဲ။ အယောင်ဆောင်ထားတဲ့နတ်ဆိုးကို အာရုံခံမိတယ်။ တာအိုရှင်ဝစီပိတ်ကို သူတွေ့တယ်။

မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ဖြတ်ကျော်ပြီးနောက်မှာ တာအိုရှင်ဝစီပိတ်ကို ချုပ်နှောင်ထားတဲ့ မှော်တံဆိပ်ကို ချိုးဖျက်ပြီး လောကထဲကို ပြန်ခေါ်လာခဲ့တယ်။

အဲလိုဖြစ်ပြီးတော့ ဝစီပိတ်က လောကကိစ္စတွေကို ဖြေရှင်းဖို့ ခရီးထွက်သွားတယ်။ ဂိုဏ်းကိစ္စတွေကို သူ့အယုံကြည်ရဆုံးဖြစ်တဲ့ တပည့်ကြီးလက်ထဲကို လွှဲခဲ့တယ်"

ပါရမီရှင်လုက သူ့ဆရာကိုကယ်ခဲ့တဲ့အတွက် ဂိုဏ်းရဲ့အသိအမှတ်ပြုခြင်းခံရတယ်။ မဟာသူရဲကောင်းအဖြစ် သတ်မှတ်ခံရတယ်။

ဓာတ်ငါးမျိုးဂိုဏ်းချုပ်ကတောင် ဒီလူငယ်သူရဲကောင်းကိုတွေ့ချင်လို့ တာအိုလမ်းစဉ်ဂိုဏ်းကို ကိုယ်တိုင်လာလည်တယ်။

ပါရမီရှင်လုနဲ့တွေ့တော့ ဓာတ်ငါးမျိုးဂိုဏ်းချုပ်က တကယ်လေးလေးစားစားနဲ့ သူနှင့်တန်းတူ ဂိုဏ်းချုပ်တစ်ယောက်လို ဆက်ဆံခဲ့တယ်"

ပရိတ်သတ်ကြီး ကျိတ်၍ချီးကျူးကြသည်။ ဝစီပိတ်ကိုကယ်တင်သည့် သူရဲကောင်းကို ဓာတ်ငါးမျိုးဂိုဏ်းချုပ် ထိုသို့ဆက်ဆံသည်ကိုကြည့်လျှင် တာအိုရှင်ဝစီပိတ်၏အဆင့်အတန်းကို သူမည်မျှလေးစားကြောင်း ထင်ရှားနေသည်။

"ပါရမီရှင်လုက ထူးခြားတဲ့အမြင်ရှိတယ်၊ တိုက်ပွဲအောင်မြင်မှုတွေ အများကြီးရတယ်။ တာအိုလမ်းစဉ်ဂိုဏ်းဟာ မသေမျိုးငါးဂိုဏ်းထဲမှာ အစောဆုံးပေါ်ထွက်ခဲ့တာ။ ဂိုဏ်းတပည့်တွေအားလုံးက ပြိုင်ဘက်ကင်းပါရမီရှင်တွေပဲ။

ဒါပေမယ့် ပါရမီရှင်လုက သူ့ထက်မြင့်တဲ့ ကျင့်စဉ်အဆင့်သုံးဆင့်ကလူတွေ စိန်ခေါ်တိုက်ခိုက်တယ်။ အခြေတည်အဆင့်နဲ့ ရွှေသန္ဓေအဆင့် ဝိညာဉ်ပြောင်းအဆင့် နတ်ဝိညာဉ်အဆင့်ပြိုင်ဘက်တွေကို ဆက်တိုက်အနိုင်ယူခဲ့တယ်။

ဒီဖြစ်ရပ်ကြောင့် ဂိုဏ်းတစ်ခုလုံး အံ့ဩသွားကြတယ်။

ပါရမီအရမ်းထူးခြားပေမယ့် သူကအတော်မာန်မာနကင်းတဲ့လူပါ။ သူ့ဂိုဏ်းတူအကိုအမတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းတယ်။ မကြာခဏယှဉ်ပြိုင်လေ့ကျင့်တယ်။ နှစ်ဘက်လုံးတိုးတက်တယ်။ အတ်ောချစ်ချင်စည်းလုံးကြတယ်"

လုယန်အကြောင်းကို ပရိတ်သတ်များ အကြမ်းဖျင်းနားလည်လာကြသည်။ ကျင့်စဉ်စွမ်းအားမြင့်သည်။ စိတ်ဓာတ်မွန်မြတ်သည်။ အဘက်ဘက်က ပြည့်စုံသည်။

တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီပုံပြင်သည် လောကတစ်ခွင်နာမည်ကျော်နေသည်။ ဝစီပိတ်ရောက်သည့် နေရာတိုင်းတွင် လူအများက အသိအမှတ်ပြုကြသည်။ စားသောက်ပွဲများသို့ နွေးနွေးထွေးထွေးဖိတ်ခေါ်သည်။

ဓားသိုင်းအလှကစားပြဖို့ပင် တောင်းဆိုကြသည်။ သို့သော် ဝစီပိတ်က လူရည်မွန်တစ်ယောက်၏ ခင်မင်မှုသည် ရေကဲ့သို့ကြည်လင်၍ အနှောင်အဖွဲ့ကင်းရမည်ဟုပြော၍ ဖိတ်ကြားချက်များကို ငြင်းပယ်သည်။ အငြင်းခံရသူများ ဝမ်းနည်းပက်လက်ဖြစ်ကုန်ကြသည်။

ထိုအပြုအမူက ဘာကိုရည်ညွှန်းသနည်း။ တစ်လောကလုံးတွင် တာအိုဝစီပိတ်၏မိတ်ဆွေများ ရှိနေသည့်သဘောဖြစ်သည်။

လုယန်၏ မာနကင်း၍ ခင်မတ်တတ်သည့်စရိုက်သည်။ ထိုစရိုက်သည် တာအိုရှင်ဝစီပိတ်ထံမှ သင်ယူခဲ့ခြင်းဖြစ်ရမည်။

တာအိုရှင်ဝစီပိတ်၏ နောက်ဆုံးတပည့်ဖြစ်၍ ဆရာ၏အပြူအမူစရိုက်များ အမွေခံထားသည်မှာ အံ့ဩစရာမရှိတော့။

ထိုအဘိုးအို ပုံပြောကောင်းသည်။ လုယန်၏စွမ်းဆောင်မှုများကို တစ်မနက်လုံးပြောသည်။ နောက်ဆုံးတွင် သစ်သား အုန်းမောင်းကိုတီးသည်။

"မနက်ဖြန် တာအိုလမ်းစဉ်ဂိုဏ်းရဲ့ နောက်ထပ်နာမည်ကျော်တပည့်ဖြစ်တဲ့ မုန်ကျင်းကျိုးအကြောင်း ပြောပါမယ်။ မုန်ကျင်းကျိုးဟာ မသေမျိုးလမ်းစဉ်ပေါ်မှာ နှစ်မြှုပ်ထားတဲ့လူပါ။ စိတ်ဓာတ်ယိုင်နဲ့ထွေပြားခြင်းမရှိဘူး။ ဉာဏ်အလင်းရဘုန်းကြီးတစ်ယောက်ရဲ့ စရိုက်မျိုးရှိပါတယ်။

အားလုံးပဲ...မနက်ဖြန်မှ ထပ်တွေ့ကြတာပေါ့"

ဝစီပိတ် ခွက်ထဲမှလက်ဖက်ရည်ကိုသောက်၍ ထပြန်ရန်ပြင်သည်။

"ရော...ဒါက ဒီနေ့ ခင်ဗျားပုံပြောတဲ့အတွက် ဉာဏ်ပူဇော်ခပါ"

ဆိုင်ရှင်က ငွေတစ်အိတ် ကိုယ်တိုင်လာပေးသည်။

သူ့အတွက် ဝစီပိတ်သည် ငွေပင်ကြီးဖြစ်သည်။ ဝစီပိတ်ရှိနေလျှင် သူ့ဆိုင် နေ့တိုင်းရောင်းကောင်းသည်။

ဝစီပိတ်က ပြုံး၍ ငွေအိတ်ကို အင်္ကျီလက်ထဲ ထိုးထဲလိုက်သည်။

ထိုစဉ် စက္ကူကြိုးကြာတစ်ကောင် တောင်ပံပတဖျတ်ဖျတ်ခတ်၍ သူ့ပုခုံးပေါ်လာနားသည်။

သူလန့်သွားသည်။ ရှောင်ယွမ်ထံမှ စာပို့ခြင်းဖြစ်ကြောင်း သူရိပ်မိသည်။

"ရှောင်ယွမ်က ငါ့ကို တစ်ခုခုခိုင်းမလို့များလား"

မဖြစ်နိုင်ဟု သူတွေးလိုက်သည်။ ပြီးခဲ့သည့်နှစ်ရက်သုံးရက်ကမှ သူထောင်ကလွတ်ဖို့ စာရွက်စာတမ်းကိစ္စများ ရှောင်ယွမ်လုပ်ပေးသွားသည်။ ချက်ချင်းကြီး သူ့ကိုရှာစရာအကြောင်းမရှိ။

စာထဲတွင် ယွမ်ကျိ၏ ဂရုတစိုက်ယဉ်ယဉ်ကျေးကျေးရေးထားသည့် စာသားများတွေ့ရသည်။ ကျိပြည်နယ်အကြောင်းရှင်းပြသည်။ ယခု ယာယီဂိုဏ်းချုပ်သည် လုယန်ဖြစ်ကြောင်း သူက စာကူရေးပေးခြင်းသာဖြစ်ကြောင်း ပြောသည်။

စာအဆုံးတွင်

"မောင်လေးလုက စကားပြောမတတ်လို့ပါ။ ကျိပြည်နယ်ကကိစ္စ အရေးကြီးတယ်ဆိုတာ ဆရာ့ဆီအကြောင်းကြားပေးဖို့ ကျွန်မကိုပြောတယ်။ မငြင်းပါနဲ့ ဆရာ။ မြန်မြန်သွားပါ"

"ကျိပြည်နယ်တဲ့လား...ငါကအခု ကျိပြည်နယ်မှာပဲလေ"

စက္ကူကြိုးကြာကိုသိမ်း၍ သူသက်ပြင်းချလိုက်သည်။

"ရှောင်ယွမ်ကျင့်စဉ်စွမ်းအားက ဘယ်အဆင့်ထိများ ရောက်နေပြီလဲ။ စက္ကူကြိုးကြာတစ်ကောင်က ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ဖန်တီးထားတဲ့စည်းမျဉ်းအကာအကွယ်ကို ဖြတ်ကျော်ပြီး ငါဆီရောက်အောင် သတင်းပို့နိုင်တယ်ပေါ့"

မြို့တော်ကို ဖုံးအုပ်ထားသည့် ကောင်းကင်ကို သူမော့ကြည့်သည်။ စက္ကူကြိုးကြာကြောင့် ဖြစ်ပေါ်ခဲ့သည့် အပေါက်ငယ်တစ်ပေါက်ကို မြင်ရသည်။

All Chapters