← Chapters

မဟာယုနိုင်ငံ့ဆရာ

Vol. 31 Ch. 465

မဟာယုနိုင်ငံ့ဆရာ

Vol. 31 Ch. 465

လျှို့ဝှက်ဂူတစ်ခုတွင် အရေးအကြောင်းများပြည့်နေသည့် မျက်နာပိုင်ရှင်အဘိုးအိုတစ်ယောက် သူ့လက်ထောက်ပြောသည့်သတင်းကြောင့် ထိုင်ရာမှ ဝုန်းခနဲ ထရပ်လာသည်။ ကြောက်စရာကောင်းသည့် သူ့စွမ်းအင်ရောင်က လေဟာနယ်ထဲတွင် တစ်လက်မမကျန် ပြည့်နက်သွားသည်။

"ဘာ...အရုဏ်အရှင်အဖမ်းခံလိုက်ရပြီပေါ့"

သူဒေါသထွက်နေသည်ကိုမြင်သဖြင့် လက်ထောက်က မဝံ့မရဲပြောသည်။

"ဟုတ်ပါတယ်၊ အရုဏ်အရှင်ကို မဟာရှားက ဖမ်းသွားပြီ။ တိန်ရှင်းမြို့ထဲမှာ ပုန်းအောင်းနေတဲ့ ညီအကိုတွေနဲ့ အဆက်အသွယ်ပြတ်သွားပြီ။ သူတို့လည်း အဖမ်းခံလိုက်ရပြီထင်တယ်"

အရုဏ်အရှင်သည် မဟာယုပြန်ရှင်သန်ဖို့ အရေးပါသည့်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည်။ မဟာရှားကို ထိုးဖောက်ဖို့ ရည်ရွယ်ထားသည့် ဓားတစ်လက်ဖြစ်သည်။

ယခု မဟာရှား၏ အစိတ်အပိုင်းတစ်ခုကိုပင် မယူနိုင်သေးမီ မထင်မှတ်ဘဲ သူအဖမ်းခံလိုက်ရသည်။

"တိတ်ရှင်းမြို့တော်က စည်းမျဉ်းတွေကို ငါကြည့်ခဲ့ပါတယ်။ လုံးဝထိုးဖောက်လို့မရဘူး။ အပြင်လူကလည်း မြို့ထဲကအခြေအနေတွေကို မသိနိုင်ဘူး။ မဟာရှား ဒီလောက်မြန်မြန် မရိပ်မိနိုင်ဘူး။

အရုဏ်အရှင်ကို သူတို့ဘယ်လိုတွေ့သွားလဲဆိုတာ ငါ့ကိုအသေးစိတ်ပြောပြပါ"

သတင်းက ရုတ်တရက်ဆန်လွန်းသည်။ ထိုမျှအချိန်တိုအတွင်း သတင်းအချက်အလက် သတင်းထပ်စုံစမ်းဖို့ လက်ထောက်အနေဖြင့် ခက်ခဲသည်။

"အရုဏ်အရှင်ကို တာအိုလမ်းစဉ်ဂိုဏ်းချုပ် တာအိုရှင်ဝစီပိတ်က ရှာတွေ့သွားတာပါ"

"တာအိုရှင်ဝစီပိတ်လား..."

မသေမျိုးငါးဂိုဏ်းထဲမှ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်၍ တာအိုရှင်ဝစီပိတ်ကို နိုင်ငံ့ဆရာ သတိထားခဲ့သည်။ ထိုလူသည် အလွန်အသိခက်သည်။ သူ့ရည်ရွယ်ချက်များကို လုံးဝခန့်မှန်းမှ။ အတော်ဒုက္ခပေးနိုင်သည့် ကျင့်ကြံသူဖြစ်သည်။

"ဆရာ..."

နိုင်ငံ့ဆရာ သူ့ဘာသာတီးတိုးရေရွတ်နေသည်ကိုမြင်သဖြင့် လက်ထောက် စကားရပ်စောင့်နေသည်။

"ဘာမှမဟုတ်ဘူး။ ဆက်ပြောပါ..."

"တာအိုရှင်ဝစီပိတ်က တိန်ရှင်းမြို့ထဲမှာ မူမမှန်ဖြစ်နေတာတွေကို နည်းလမ်းတစ်ခုသုံးပြီး အာရုံခံနိုင်ခဲ့တယ်။ သူတစ်ယောက်တည်း မြို့တော်ကိုဝင်သွားတယ်။ သူက စုစည်းခြင်းအဆင့်ပဲရှိတော့ အရုဏ်အရှင်က သူ့ကိူသိပ်အရေးမစိုက်ခဲ့ဘူး။

ဝစီပိတ်ကလည်း ရက်အတော်ကြာအောင် ဘာမှမလုပ်ရှားဘဲ လက်ဖက်ရည်ဆိုင်မှာပဲ ပုံပြင်ပြေနေခဲ့တာ။

ဒါပေမယ့် အရုဏ်အရှင်ရဲ့ စည်းမျဉ်းအကာအကွယ် ထိုးဖောက်ပြီး စက္ကူကြိုးကြာတစ်ခု ခိုးဝင်လာတယ်။ ဝစီပိတ်အသုံးချစရာ ဟာကွက်တစ်ခု ဖြစ်လာတယ်။

ဝစီပိတ်က ကောင်ကင်ဖွင့်ဓားစွမ်းအားနဲ့ အကာအကွယ်ကို ချိုးဖျက်ပြီး အရုဏ်အရှင်နဲ့တိုက်ခိုက်တယ်။ အစပိုင်းမှာ လက်ရည်မျှနေတယ်။ ဒါပေမယ့် အရုဏ်အရှင်က အသာစီးရလာပြီး ဝစီပိတ်ကို အနိုင်ယူခဲ့တယ်။

သူ့ကိုသတ်ဖို့လုပ်နေတုန်းမှာ လော်ရွှေ့တပ်ရဲ့ ကိုးနန်းတော်အဖွဲ့ဝင် ရောက်လာပြီး သူ့ကိုတားတယ်။

အရုဏ်အရှင် ထွက်ပြေးနိုင်ခဲ့ရမှာပါ။ ဒါပေမယ် လူတွေထပ်ရောက်လာတယ်။ နောက်ထပ် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်နဲ့ မသေမျိုးငါးဂိုဏ်းက စုစည်းခြင်းအဆင့် သုံးဆယ်ကျော်နဲ့ တော်ဝင်နန်းတော်က စုစည်းခြင်းအဆင့်ဆယ်ယောက်လောက် ရောက်လာတယ်။

နိုင်ငံဆရာသက်ပြင်းချ၍ လက်ကာပြပြီး ဆက်ပြောဖို့မလိုတော့ကြောင်း အချက်ပြလိုက်သည်။ နောက်ဆက်ဖြစ်သည့်ကိစ္စက ခန့်မှန်းရလွယ်ပါသည်။

ရန်သူအင်အား ထိုမျှများပြားနေလျှင် အရုဏ်အရှင် လွတ်နိုင်စရာအကြောင်းမရှိ။ ကိုယ့်ကိုယ်ကိုသတ်သေဖို့ပင် အခွင့်အရေးရမည်မဟုတ်။

လက်ထောက်က မကျေမနပ်ဖြစ်နေသည့်လေသံဖြင့်

"အဲဒီ့လူတွေသာထပ်ရောက်မလာရင် အရုဏ်အရှင် လွတ်ခဲ့လောက်တယ်"

နိုင်ငံ့ဆရာခေါင်းခါသည်။ အခြေအနေက ထင်ရသည်ထက် များစွာပိုရှုပ်ထွေးသည်။ စိတ်တည်ငြိမ်အောင်ထားပြီး အကျိုးအကြောင်း သုံးသပ်ကြည့်သည်။

"ဒီကိစ္စမှာ သံသယဖြစ်စရာ သုံးချက်ရှိတယ်။ တစ်အချက်၊..ဝစီပိတ်က တိန်ရှင်းမြို့ထဲကို ဘာလို့ဝင်တာလဲ။ ဒါက တိုက်ဆိုင်မှုသက်သက်လား။

နှစ်အချက်...စက္ကူကြိုးကြာက စည်းမျဉ်းအကာအကွယ်ကို ဘယ်လိုထိုးဖောက်ဝင်ခဲ့တာလဲ။ အဲဒီ့စက္ကူကြိုးကြာကို ဘယ်သူလုပ်တာလဲ။ သူ့ကျင့်စဉ်စွမ်းအား ဘယ်လောက်ရှိလဲ။

သုံးအချက်၊ တော်ဝင်ရုံးတော်နဲ့ မသေမျိုးဂိုဏ်းကလူတွေအများကြီး ဘာလို့ ကျိပြည်နယ်မှာ ရှိနေတာလဲ။ တိုက်ဆိုင်တာလား။ ဒါမှမဟုတ် ကြိုတင်စီစဉ်ထားတာလား။

သေချာပြန်စဉ်းစားကြည့်ရင် ဒီသုံးချက်က ဆက်စပ်နေနိုင်တယ်"

ပုံမှန်အားဖြင့် ယုံကြည်ချက်ရှိပြီး စွမ်းအားကြီးသည့် လက်ထောက်သည် ယခု နိုင်ငံ့ဆရာရှေ့တွင် အတော်ရိုသေညွှတ်ကျိုးနေသည်။ သူသည် မဟာယုခေတ်အစောပိုင်းကာလတွင် ဉာဏ်ရည်ထက်မြက်မှုကြောင့် နာမည်ကျော်ခဲ့သူဖြစ်သည်။

ထင်မှတ်မထားသည့် သတင်းကြောင့် သူထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သို့သော် နိုင်ငံ့ဆရာ စကားလမ်းခင်းပေးသည့် သုံးသပ်ချက်ကြောင့် သူ့စိတ်များ ပြန်တည်ငြိမ်လာသည်။

နိုင်ငံ့ဆရာအတွေးလမ်းကြောင်းအတိုင်း သူသုံးသပ်ကြည့်သည်။

"တာအိုရှင်ဝစီပိတ်ဟာ မြို့ထဲကိုမဝင်ခင်ကတည်းက မူမမှန်တာကို သတိထားမိခဲ့တာဖြစ်မယ်။ ဒါကြောင့် မြို့တော်ကို အလစ်ဝင်တိုက်နိုင်အောင် တော်ဝင်ရုံးတော်ကို ကြိုတင်အကြောင်းကြားတယ်။

မြို့ထဲမှာ စုံစမ်းဖို့ တစ်ယောက်တည်းဝင်တယ်။ ရက်တစ်ချို့ကြာလို့ သူ့ဆီကနေ သတင်းမကြားရင် အပြင်ဘက်ကလူတွေက စက္ကူကြိုးကြာနဲ့ စည်းမျဉ်းအကာအကွယ်ကိုဖောက်ဖို့ ကြိုတင်သဘောတူထားခဲ့တာဖြစ်မယ်။

သုံးလေးရက်ကြာတော့ စက္ကူကြိူးကြာ ခိုးဝင်လာတယ်။ တိုက်ပွဲကို အစပျိုးတယ်"

နိုင်ငံ့ဆရာ ခေါင်းငြိမ့်သည်။ သူ့လက်ထောက်၏ ဉာဏ်ရည်ကို အတော်ကျေနပ်သွားသည်။ အချက်တစ်ချို့ သူထပ်ဖြည့်ပေးသည်။

"ဒီစက္ကူကြိုးကြာဟာ ကူးဖြတ်ခြင်းအဆင့်တွေသုံးနိုင်တဲ့ နည်းလမ်းမျိုး မဟုတ်လောက်ဘူး။ မသေမျိုးတစ်ဝက်အဆင့်တစ်ယောက် လုပ်ခဲ့တာဖြစ်မယ်"

နိုင်ငံ့ဆရာ သူ့ထိုင်ခုံကို လက်ဖြင့်ခေါက်၍ စိတ်သက်သာရာရသည့်အရိပ်မျိုး ပေါ်လာသည်။

"အဲဒီတုန်းက တိန်ရှင်းမြို့ထဲမှာ ကူးဖြတ်ခြင်းနှစ်ယောက်၊ စုစည်းခြင်းလေးဆယ်ကျော်နဲ့အတူ မသေမျိုးတစ်ဝက်အဆင့်တစ်ယောက် ရှိခဲ့လိမ့်မယ်။ အဲဒီအင်အားက အရုဏ်အရှင်ကို ဖမ်းဖို့ရည်ရွယ်ထားတာလား။

မဟုတ်ဘူး။ အဲဒါ ငါ့ကိုဖမ်းဖို့ပဲ။

တာအိုရှင်ဝစီပိတ်အကြောင်း ငါစုံစမ်းခဲ့တဘ်။ သူ့လုပ်ရပ်တွေက ထူးဆန်းတယ်။ ခန့်မှန်းလို့မရဘူး။ ဂိုဏ်းချုပ်တစ်ယောက်က သူ့ဂိုဏ်းကိုဂရုမစိုက်ဘဲ ဘာလို့လှည့်ပတ်လျှောက်သွားပြီး ပုံပြင်ပြောနေမှာလဲ။

ဒါမျိုးကို စုစည်းခြင်းအဆင့်တစ်ယောက် ဂိုဏ်းချုပ်တစ်ယောက်က လုပ်ပါ့မလား"

လက်ထောက် ခေါင်းငြိမ့်သည်။ သူသည်လည်း စုစည်းခြင်းအဆင့် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်။ ထိုကိစ္စမျိုး ဘယ်တော့မှလုပ်မည်မဟုတ်။

"ဒီကိစ္စဖြစ်ပြီးမှပဲ သူ့ရည်ရွယ်ချက်ကို ငါနားလည်လာတယ်။ သူက နေရာစုံမှာလှည့်ပြီး ပုံပြောချင်ယောင်ဆောင်တယ်။ တကယ်တော့ သူက ငါတို့ရဲ့သဲလွန်စကို ရှာနေတာပဲ"

လက်ထောက် သဘောပေါက်သွားသည်။ နိုင်ငံ့ဆရာ၏ဦးနှောက်ကို တကယ်လိုက်မမီနိုင်။

"ဪ...ဒီလိုကိုး"

"ဒီတာအိုရှင်ဝစီပိတ်ဟာ...မဟုတ်ဘူး...သူတင်မကဘူး။ တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံးဟာ မဟာယုပြန်ရှင်သန်ဖို့အတွက် အတားအဆီးတစ်ခုပဲ။

ကပ်ဆိုးအရှင်ကို ချင်းကျိုးပွဲတော်မှာ သူတို့ဖမ်းသွားတယ်။ အလောင်းထိန်းဂိုဏ်းမှာ ပုန်းအောင်းနေတဲ့ ဟွမ်မင်ရဲ့သရုပ်မှန်ကို တာအိုလမ်းစဉ်ဂိုဏ်းတပည့်တစ်ယောက်က ဖော်ထုတ်ခဲ့တယ်။ မင်းကြီး

ဝူယွီထောင် အချိန်မတိုင်ခင် ထွက်ပြီးလှုပ်ရှားရတယ်။ အစီအစဉ်ပျက်သွားတယ်။ ဒီဖြစ်ရပ်သုံးခုကို ငါတို့ဆက်စပ်ပြီး မတွေးနိုင်ခဲ့ဘူး။

ပြီးတော့အခု ဝစီပိတ်က ငါတို့ရှိတဲ့နေရာကို ရှာနေတယ်။ ငါတို့အစီအစဉ်ကို တာအိုလမ်းစဉ်ဂိုဏ်းက တစ်ခုချင်းတားဆီးနေတာ။ တစ်ကြိမ်နှစ်ကြိမ်ဆိုရင် တိုက်ဆိုင်တာလို့ ပြောလို့ရတယ်။ ဒါပေမယ့် အခုသုံးကြိမ်လေ။

ဒီတော့ မဟာယနိုးထဖို့ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ကံကြမ္မာက ပိတ်ဆို့တားဆီးနေတဲ့သဘောပဲ။

တာအိုလမ်းစဉ်ဂိုဏ်းက နှစ်တစ်သိန်းနှစ်သောင်း သမိုင်းကြောင်းရှိတယ်။ မဟာယုခေတ်အတွင်းမှာ တည်ထောင်ခဲတာ။ အခုသူတို့က ငါတို့ကို နေရာစုံမှာ ဆန့်ကျင်နေတယ်။ အတော်ကျေးဇူးကန်းကြတာပဲ။

ရုံးတော်နဲ့ပေါင်းပြီး မသေမျိုးငါးဂိုဏ်းဆိုတာ တည်ထောင်ထားရုံနဲ့ သူတို့အသက်ကို ကယ်နိုင်မယ်ထင်နေကြပုံပဲ"

နိုင်ငံ့ဆရာမျက်လုံးတွင် ပြင်းထန်သည့်လူသတ်ရိပ်ပေါ်လာသည်။ လက်ထောက် ကြက်သီးထသွားသည်။

နိုင်ငံ့ဆရာ ထိုအမူအရာမျိုးပြခဲ့သည်မှာ လွန်ခဲ့သည့် နှစ်တစ်သိန်းရှစ်သောင်းကဖြစ်သည်။ ထိုစဉ်က နိုင်ငံ့ဆရာ ကျင့်စဉ်ဝင်နေသည်။ ကူးဖြတ်ခြင်းအဆင့်အများစုက ဂူအောင်းအိပ်စက်၍ မဟာကပ်ကို စောင့်နေကြသည်။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ကူးဖြတ်ခြင်းအဆင့်ခြောက်ယောက် အတူပူးပေါင်းပြီး နိုင်ငံကို သိမ်းယူရန် ကြံစည်ကြသည်။

ထိုခြောက်ယောက်အင်အားသည် ကောင်းကင်ပင် တုန်ခါလောက်သည်။ ဘယ်သူက သူတို့ကို ဆန့်ကျင်နိုင်မည်နည်း။ မြို့တော်တစ်မြို့ပြီးတစ်မြို့ သိမ်းယူသည်။ သူတို့အရှိန်အဝါက တားဆီး၍မရ။ နန်းမြို့တော်ကိုပင် မျက်စောင်းထိုးလာကြသည်။

ထိုအချိန်တွင် နိုင်ငံ့ဆရာ တံခါးပိတ်ကျင့်ကြံရမှ ထွက်လာသည်။ ထိုခြောက်ယောက်ကို တစ်ကိုယ်တော်တိုက်ခိုက်ပြီး အသာစီးရသည်။ နောက်ဆုံးတွင် ခြောက်ယောက်လုံးကို တစ်ယောက်ချင်းသတ်သည်။

နောက်လိုက်နောက်ပါ စစ်သည်တစ်သန်းကိုပါ သတ်ဖြတ်သည်။ သွေးတိမ်တိုက်များ အလယ်ပိုင်းတိုက်နယ်တွင် သုံးရက်ကြာ အုံ့ဆိုင်းနေခဲ့သည်။

ယခု တာအိုလမ်းစဉ်ဂိုဏ်းကို သူတိုက်ခိုက်တော့မည်လော...

လက်ထောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍ စိတ်အားတက်ကြွနေသည်။ မဟာယုဒေါသကို တာအိုလမ်းစဉ်ဂိုဏ်းသိအောင် ထုတ်ပြဖို့ အချိန်တန်ပြီဖြစ်သည်။

ကူးဖြတ်ခြင်းခြောက်ယောက်ပင် နိုင်ငံ့ဆရာကို မယှဉ်နိုင်ခဲ့။ တာအိုလမ်းစဉ်ဂိုဏ်းတစ်ဂိုဏ်းလောက်က သူ့ဒေါသကို ဘယ်လိုယှဉ်နိုင်မည်နည်း။

နိုင်ငံ့ဆရာ ဖြေးညှင်းစွာ ထရပ်လာသည်။ ရှေးဟောင်းသားရဲတစ်ကောင် နိုးထ၍ ကောင်းကင်တွင် လေဟာနယ်တုန်ခါအောင် အောဟစ်ကြုံးဝါး၍ သူ့ဂုဏ်သရေနှင့်စွမ်းအားကို တစ်လောကလုံးသိအောင် ထုတ်ပြတော့မည့် အသွင်မျိုးရှိသည်။

"လူအာလုံးစုပြီး ထွက်ဖို့အသင့်ပြင်ပါ"

ပြတ်သားသည့်လေသံဖြင့် သူအမိန့်ပေးသည်။

လက်ထောက်က သူ့ကို စိတ်အားထက်သန်စွာ မော့ကြည့်သည်။

"ကျုပ်တို့ တာအိုလမ်းစဉ်ဂိုဏ်းကို တိုက်ခိုက်တော့မှာလား"

နိုင်ငံ့ဆရာက သူ့ကို အရူးတစ်ယောက်ကဲ့သို့ကြည့်သည်။

"အရုဏ်အဖမ်းခံရပြီဆိုတော့ မဟာရှားက ဒီလှိုဏ်ဂူရဲ့တည်နေရာကို သေချာပေါက် ရှာတွေ့မှာပဲ။ နေရာပြောင်းမှဖြစ်မယ်"

လက်ထောက် "..."

All Chapters