နန်းမြို့တော်သို့ စရောက်ခြင်း
Vol. 32 Ch. 468
အင်ပါယာရှားနှင့် မသေမျိုးလေးဂိုဏ်းခေါင်းဆောင်များ ထိုင်ရမလို ထရမလို ဂဏာမငြိမ်ဖြစ်နေကြသည်။ စည်းဝေးပွဲများစွာထိုင်ခဲ့ဖူးသော်လည်း ယခုလိုအခြေအနေမျိုး ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။
လုယန်က တာအိုလမ်းစဉ်ဂိုဏ်းချုပ်နေရာတွင် ထိုင်နေသည်။ ယွမ်ကျိက သူ့ဘေးတွင် တပည့်တစ်ယောက်လို ရိုသေမှုအပြည့်ဖြင့် ရပ်နေသည်။
ယွမ်ကျိ ရပ်နေသဖြင့် ဘယ်သူမှမထိုင်ရဲကြ။
သို့သော် နတ်မယ်က ထိုင်ရဲသည်။
တာအိုလမ်းစဉ်ဂိုဏ်းချုပ်ကို စည်းဝေးပွဲဖိတ်ခြင်းဖြစ်သည်။ သူသည် ယာယီဂိုဏ်းချုပ်ဖြစ်သည်။ ရှေးဟောင်းခေတ်မသေမျိုးငါးယောက်၏ ခေါင်းဆောင်ဖြစ်သည်။ ဤနေရာတွင် သူထိုင်သည်မှာ ဘာမှမမှား။
ထိုနေရာမပြောနှင့်၊ ပလ္လင်ပေါ်သူတက်ထိုင်လျှင်ပင် သဘာဝကျသည်။
သိစိတ်နယ်မြေထဲမှလုယန်က နတ်မယ်လိုဟန်ပန်မူအရာမျိုးမရှိ။
အလယ်ပိုင်းတိုက်နယ်၏ စွမ်းအားအချက်အချာ အကြီးဆုံးအတိုးတက်ဆုံး နန်းမြို့တော်ကို ကျင့်ကြံသူများစွာ စိတ်ဝင်စားကြသည်။
လုယန်လည်း ထိုသို့ပင်ဖြစ်သည်။ နန်းမြို့တ်ောမှ ကွဲပြားခြားနားသည့် ကျင့်ကြံမှုရေမြေအနေအထားကို သွားကြည့်ဖို့ သူအမြဲစိတ်ကူးယဉ်ခဲ့သည်။
ယခုလောက်မြန်မြန် လာဖြစ်မည်ဟုတော့ ထင်မထား။
အစက နန်းမြို့တော်ကို တိတ်တဆိတ်ခိုးဝင်ဖို့ သူတွေးထားသည်။ ထိုသို့ခိုးဝင်ရင်း မရည်ရွည်ရွယ်ဘဲလုပ်မိသည့် သူ့လုပ်ရပ်ကြောင့် လူပေါင်းမှားပြီး နိုင်ငံတော်ပုန်ကန်မှုပြဿနာတစ်ခုထဲ ရောပါသွားမည်။
ထိုပြဿနာဖြေရှင်းချိန်တွင် ရာထူးပါဝါနှင့်နန်းပလ္လင်အတွက် ယှဉ်ပြိုင်နေသည့် နန်းတွင်းအရှုပ်အထွေးထဲ ရောပါမိနေကြောင်း သူ့ကိုယ်သူ သတိထားမိသွားမည်။ ဉာဏ်ကိုလွှာသုံး၍ ထိုရန်သူများကို ထိန်းချုပ်မည်။
နောက်ဆုံးတွင် ရှားအင်ပါယာက သူ့အကြောင်း သိသွားမည်။
နန်းတွင်းရုံးတော်သို့ ဆင့်ခေါ်ခံရမည်။ သူ့ရန်သူများက သစ္စာဖောက်ဟု စွပ်စွဲမည်။ အင်ပါယာရှားက လက်တစ်ဘက်ကာပြ၍ ထိုလူစုကို အဓိပ္ပါယ်ပါပါကြည့်မည်။
တာအိုရှင်ဝစီပိတ်၏တပည့် လုယန်သည် ဘယ်တော့မှ ရှားနိုင်ငံကို သစ္စာဖောက်မည်မဟုတ်ဟု အခိုင်အမာပြောမည်။ ရန်သူများ ထိတ်လန့်အံ့ဩသွားမည်။ ဝန်ကြီးများ အံ့ဩသွားမည်။ တော်ဝင်မြို့တော်မှာ ကျင့်ကြံသူများ အံ့ဩသွားမည်။
ထိုသို့ဖြင့် သူနာမည်ကျော်လာမည်။
ပုံမှန်လမ်းကြောင်းက ထိုသို့ဖြစ်သည်။
(**သမရိုးကျဝတ္ထုများ၏လမ်းကြောင်းကို ပြောနေခြင်းဖြစ်ဟန်ရှိပါသည်။)
ယခု ထိုအဆင့်များကိုကျော်လွန်ပြီး အင်ပါရာရှားနှင့် နန်းတော်တွင် တိုက်ရိုက်တွေ့ရမည်။
"ထိုင်ပါ တာအိုရှင်ယွမ်"
အင်ပါယာရှားက မနေနိုင်တော့ဘဲ မချိပြုံးပြုံး၍ ပြောသည်။
ယွမ်ကျိ ခေါင်းခါသည်။
"ကျွန်မက သာမန်ဂိုဏ်းတပည့်ပါ။ ဘယ်လိုလို့ ထိုင်ခွင့်ရှိမှာလဲ။ ဒါက ကျွန်မတို့ရဲ့ ယာယီဂိုဏ်းချုပ်ဖြစ်တဲ့ ဂိုဏ်းချုပ်လုပါ"
အင်ပါယာရှား "..."
တကယ်သာမန်ဂိုဏ်းတပည့်လား...
"ဒီဂိုဏ်းချုပ်လုဆိုတာ လွန်ခဲ့တဲ့လဝက်လောက်ကပြောတဲ့ လုယန်ဆိုတာလား"
အင်ပါယာရှား ရိပ်မိပြီးဖြစ်သော်လည်း ထပ်မေးသည်။ လွန်ခဲ့သည့်လဝက်ကဆွေးနွေးပွဲတွင် လူငယ်ပါရမီရှင်လုယန်က ကောင်းကင်ရုံးတော်ဂိုဏ်းကို တည်ထောင်သည်ဟု ယွမ်ကျိပြောခဲ့သည်။
ယခု ထိုလုယန်က သူ့နှင့်အဆင့်တူအနေအထား ရောက်လာသည်။
လုယန် သိစိတ်နယ်မြေမှ အင်ပါယာရှားကို အကဲခတ်နေသည်။ တော်ဝင်လမ်း၏ခေါင်းဆောင်ဖြစ်သည့် ဤအင်ပါယာသည် အများပြောကြသလို ရက်စက်ပြီး တင်းမာပြတ်သားသည့် ဟန်ပန်မျိုးမရှိ။
စာပေပညာရှင်ပုံစံမျိုးလည်းမဟုတ်။ သူ့နားထင်နှစ်ဘက်မှ ဆံစများ မီးခိုးရောင်သန်းနေသည်။ ပါးနှစ်ဘက်က အနည်းငယ်ချိုင့်ဝင်နေသည်။ အသက်ဓာတ်နှင့်စွမ်းအင် လျော့ပါးနေသည့်လက္ခဏာဖြစ်သည်။
အကြောင်းမသိသူအဖို့ အများခေါ်ကြသည့် မသေမျိုးအင်ပါယာဟု ထင်ကြမည်မဟုတ်။
အင်ပါယာရှားသည် တစ်ချိန်က တင်းမာပြတ်သားသည့် ဉာဏ်ရည်မြင့်အုပ်ချုပ်သူဟန်ပန်မျိုး ရှိကောင်းရှိခဲ့မည်။ သို့သော်ယခု အသက်ဓာတ်များ ကုန်ခမ်းနေသဖြင့် အရင်လို ခံ့ညားထည်ဝါမှု မရှိတော့ခြင်းဖြစ်မည်။
"ဒါက အင်ပါယာရှားပါ။ ဂိုဏ်းချုပ်ချိုးကိုတော့ သိပြီးသားဖြစ်မှာပါ"
ယွမ်ကျိကက လုယန်နှင့် ထာဝရနတ်မယ်ကို မိတ်ဆက်ပေးသည်။
"ဒါက လသံလွင်မသေမျိုးနန်းတော်သခင် လော်ဟုန်ရှားပါ။ အရင်က လန်ထင်ကို လက်ထပ်ပေးဖို့ ခေါ်လာခဲ့ဖူးတယ်လေ"
လော်ဟုန်ရှား မျက်ခုံးတစ်ချက်လှုပ်သွားသည်။ အမှန်တော့ ထိုအချိန်က လက်ထပ်ပွဲကမ်းလှမ်းဖို့ သွားခဲ့ခြင်းမဟုတ်။
လုယန်ကို သူအကဲခတ်ကြည့်သည်။ ရုပ်ရည်သန့်ပြန့်ကြည်လင်သည်။ လန်ထင်မျက်စိကျနေသည့် လုယန်ဆိုသည်မှာ ဤကောင်လေးဖြစ်မည်။ သို့သော် လန်ထင်ပြောသလောက် ကြည့်ကောင်းသည်ဟုတော့ သူမထင်မိ။
ချင်းကျိုးပွဲတော်မှ ပြန်လာပြီးနောက် လုယန်၏ တိုက်ခိုက်စွမ်းအားအကြောင်း လန်ထင်အားတက်သရောပြောပြခဲ့သည်ကို ပြန်သတိရလာသဖြင့် သူစိတ်ပျက်သွားသည်။
သူနှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ လုယန်ကို တည့်တည့်မကြည့်ချင်တော့။
"ဒါက အလောင်းချုပ်ဂိုဏ်းသခင် ယန်တိန့်ပါ"
"တွေ့ရတာ ဝမ်းသာပါတယ်"
ယန်တိန်က လုယန်အပေါ် ရန်လိုမုန်းတီးခြင်းမရှိ။
လုယန်သည် ဝစိပိတ်၏ တပည့်ဖြစ်သည်။ သို့သော် ယွမ်ကျိ၏ဂျူနီယာလည်းဖြစ်သည်။ ကောင်းကွက်ဆိုးကွက် အချင်းချင်းကြေသွားသည်။ ထို့ကြောင့် ရန်လိုမုန်းတီးစိတ်မဖြစ်မိ။
"ဒါက စွန်စီးဘုံကျောင်းက သခင်ကျဲ့ရှားပါ။ အခုလောလောဆယ်တော့ ဝစီပိတ်ကျင့်နေတယ်"
ရှိနေသူများထဲမှ တစ်ဦးတည်းသောကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ကို ယွမ်ကျိမိတ်ဆက်ပေးသည်။
ကိုယ်တော်ကျဲ့ရှား၏ ခန္ဓာကိုယ်က အရောင်တောက်နေသည်။ မျိုးရိုးအဆက်ဆက်လက်ဆင့်ကမ်းလာသည့် သင်္ကန်းဝတ်ရံဒက သူ့ကိုယ်ပေါ် လျော့ရဲရဲဖုံးလွှမ်းထားသည်။ မျက်လွှာချ၍ စိပ်ပုတီးကိုင်ထားရင်း ခေါင်းတစ်ချက်ငြိမ့်ပြသည်။
ထာဝရနတ်မယ် နည်းနည်းအံ့အားသင့်သွားသည်။ ဗုဒ္ဓဂိုဏ်း၏ အဆင့်မြင့်ဘုန်းကြီးတစ်ယောက်ကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ ရှေးဟောင်းခေတ်မသေမျိုးငါးယောက် လိမ်ဆင်ဖန်တီးခဲ့သည့် ဗုဒ္ဓဂိုဏ်းက တကယ်တိုးတက်အောင်မြင်လာမည်ဟု ထင်မထား။
သူတို့ချခဲ့သည့်လမ်းကြောင်းကိုပင် တီထွင်ဆန်းသစ်နိုင်ခဲ့ကြသည်။
နောက်ပိုင်းမျိုးဆက်များ၏ ဉာဏ်ရည်ဉာဏ်သွေးကို တကယ်လျှော့တွက်၍မရ။ ...သူ့ထက်မနိမ့်။
နတ်မယ် မျက်မှောင်နည်းနည်းကျုံ့နေသည်။
"ဘာဖြစ်တာလဲ"
လုယန် မေးလိုက်သည်။
"လူတစ်ယောက် ငါတို့ကို ချောင်းကြည့်နေတယ်။ နိုင်ငံ့ကံကြမ္မာပိုင်ရှင်ဖြစ်လောက်တယ်'
နတ်မယ်၏ တန်ပြန်ထောက်လှန်းမှုအာရုံက ထက်မြက်သည်။ မည်သို့ဆိုစေ သူသည် ရှေးဟောင်းမသေမျိုးတစ်ယောက်ဖြစ်သည်။
လုယန် နားလည်လိုက်သည်။ တော်ဝင်နန်းတော်မှ မသေမျိုးက စောင့်ကြည့်ခြင်းဖြစ်မည်။ သိပ်တော့မထူးဆန်းလှ။
အင်ပါယာရှား စကားပြောရန်ပြင်နေစဉ် ယွမ်ကျိက အရင်ပြောသည်။
"ဂိုဏ်းကိုပြန်ရောက်တော့ ကျွန်မတို့ထက်ဝါစဉ်ကြီးတဲ့လူတွေဆီ သွားစုံစမ်းကြည့်တယ်။ အကြီးအကဲတစ်ယောက်က သက်တမ်းအကန့်အသတ်ကို ဆွဲဆန့်နိုင်မယ့် နည်းလမ်းတစ်ခုပြောပြတယ်"
"ဘာနည်းလမ်းလဲ"
တစ်ခြားလူများက အင်ပါယာရှား၏ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမတွေ့ခဲ့ကြ။
"ရှေးဟောင်းခေတ်မှာ မိုးမြေ(လောက)ဝိညာဉ်မြစ်ဖြစ်တဲ့ မက်မွန်ပင်တစ်ပင်ရှိတယ်။ အဲဒီ့မက်မွန်ပင်ကအသီးကိုစားရင် သက်တမ်းကိုဆွဲဆန့်နိုင်တယ်တဲ့။ ဒါပေမယ့် ဒီမက်မွန်ပင်က လှုပ်ရှားနိုင်တယ်။ လောလောဆယ် အဲဒီ့အပြင် ဘယ်ရောက်နေလဲဆိုတာမသိဘူး"
"ဒီလိုအပင်မျိုး တကယ်ရှိတယ်ပေါ့"
တစ်ခြားလူများ စိတ်ဝင်စားသွားကြသည်။ သူတို့တစ်ခါမှမကြားဖူး။ တာအိုလမ်းစဉ်ဂိုဏ်း၏ သတင်းရင်းမြစ်က တကယ်အံ့ဩစရာကောင်းသည်။
"ကျုပ်လူလွှတ်ပြီး ရှာခိုင်းပါ့မယ်"
အင်ပါယာရှား ပြန်လည်စိတ်တည်ငြိမ်လာသည်။ ထိုကိစ္စသည် အလျင်စလိုလုပ်၍မရ။ တွေ့မတွေ့ဆိုသည်က ကံပေါ်သာမူတည်နေသည်။
တစ်ခြားအရေးကြီးကိစ္စတစ်ခုကို သူဆက်ပြောသည်။
"ကျိပြည်နယ်က မဟာယုကျင့်ကြံသူတွေရဲ့ အစီအစဉ်ကို ကျုပ်တို့မသိခဲ့ဘူး။ ခင်ဗျားတို့ဂိုဏ်းက တာအိုရှင်ဝစီပိတ်က အဲဒီ့အကြောင်းကို အရင်ဆုံးသိခဲ့တယ်။
သာမန်ပြည်သူတွေကိုကယ်ဖို့ အန္တရာယ်ကြားကို သူတိုးဝင်တယ်။ ကောင်းကင်ကို ဓားနဲ့ခွဲပြီး ကူးဖြတ်ခြင်းအဆင့်စည်းမျဉ်းတွေကို ချိုးဖျက်ခဲ့တယ်။ သူ့ထက်စွမ်းအားမြင့်တဲ့ မဟာယုစုစည်းခြင်းအဆင့်ကို တိုက်ခိုက်တယ်။
ဉာဏ်ကိုလွှာသုံးပြီး အချက်ပြခဲ့တယ်။ နန်းတော်သခင်ချန်ထောင်နဲ့ မသေမျိုးဂိုဏ်းတွေရောက်လာတဲ့အထိ တောင့်ခံခဲ့တယ်။ ဒါကြောင့်းလည် သခင်ချန်ထောင်တို့ မဟာယုကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူကို ဖမ်းနိုင်ခဲ့တာပါ။
ဒီလုပ်ရပ်ကို အားလုံးကချီးကျူးကြတယ်။ သခင်ချန်ထောင်နဲ့ မသေမျိုးဂိုဏ်းအကြီးအကဲတွေက တာအိုရှင်ဝစီပိတ်ရဲ့လုပ်ရပ်ကို လေးစားလွန်းလို့ ဂုဏ်ပြုဖို့စီစဉ်ခဲ့တယ်။ ဒါပေမယ့် တာအိုရှင်ဝစီပိတ်က သူ့ကိစ္စအောင်မြင်ပြီးတာနဲ့ ချက်ချင်းထွက်သွားတယ်။ သူ့ကိုရှာခဲ့ကြပေမယ့် ဘယ်သူမှ မတွေ့တော့ဘူးတဲ့"
အားလုံး၏မျက်နှာတွင် ထူးဆန်းသည့်အမူအရာများ ပေါ်လာသည်။ တိန်ရှင်းမြို့တော်အဖြစ်အပျက်ကို သူတို့ဂိုဏ်းအကြီးအကဲများ သတင်းပို့သဖြင့် သိထားပြီးဖြစ်သည်။ သို့သော် ပို့ထားသည့်သတင်းက ယခုကြားရသည်နှင့် နည်းနည်းကွဲပြားနေသည်။
"ဒီသတင်းကို ဘယ်ကကြားတာလဲ"
ချိုးကျင်အန်း တွေးမရသဖြင့်မေးလိုက်သည်။ နန်းတော်ထဲတွင် တာအိုလမ်းစဉ်ဂိုဏ်းမှ သူလျှိုတစ်ယောက် ရှိနေသလားဟု သံသယဖြစ်မိသည်။
ပို့ထားသည့်သတင်းက ဝစီပိတ်ကို မိုးထိမတတ် မြှောက်ပင့်ချီးကျူးထားသည်။
အင်ပါယာရှားက မျက်စိပျက်မျက်နှာပျက်ဖြင့်
"လူတိုင်းနားထောင်နေတဲ့ "တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ"လေ"
ချိုးကျင်အန်း - "..."
အားလုံးက လုယန်နှင့်ယွမ်ကျိကို လှမ်းကြည့်သည်။ သူတို့အကြည့်၏အဓိပ္ပါယ်က ထင်ရှားနေသည်။
"ခင်ဗျားတို့လူတာအိုရှင်ဝစီပိတ်က ကောလဟာလတွေ အမြဲတမ်းဖြန့်နေတယ်။ အဲဒီ့ကိစ္စ ဘယ်လိုဖြေရှင်းဖို့ဖို့ စီစဉ်ထားလဲ"
ဉာဏ်ထက်လွန်းသည့်နတ်မယ်က ယွမ်ကျိ၏လသံအတိုင်း ပြန်ဖြေသည်။
"ကျုပ်က ဂိုဏ်းချုပ်ခန့်အပ်ထားတဲ့ ယာယီဂိုဏ်းချုပ်ပါ။ ဂိုဏ်းချုပ်ကို ကျုပ်ထိန်းချုပ်လို့မရပါဘူး"
"အဲဒီတော့..."
"အဲဒီတော့ ဂိုဏ်းချုပ်ကို ရာထူးစွန့်လွှတ်ပြီး ကျုပ်ကိုလက်လွှဲပေးဖို့ အကြံပြုစာတစ်စောင် ကျုပ်ရေးပို့လိုက်ပါမယ်။ အဲလိုဆိုရင် ကျုပ်သူ့ကို ထိန်းချုပ်လို့ရပါပြီ"
********************************