← Chapters

သံလွင်ပင်ကိုနှုတ်ပစ်သည့်နတ်မယ်

Vol. 32 Ch. 470

သံလွင်ပင်ကိုနှုတ်ပစ်သည့်နတ်မယ်

Vol. 32 Ch. 470

"ကောင်းပါပြီ"

လော်ဟုန်ရှား၏စိန်ခေါ်မှုကို နတ်မယ် စိတ်အားထက်သန်စွာလက်ခံသည်။

ရှေးဟောင်းကျင့်ကြံသူလောကတွင် ဆယ့်ခြောက်နှစ်ကြာအောင် သူလှည့်လည်သွားလာခဲ့သည်။ တိုက်ပွဲတစ်ပွဲပြီးတစ်ပွဲ အနိုင်ယူသည်။ ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်သူများကို အနိုင်ယူသည်။ ပြိုင်ဘက်ကင်းသန္ဓေဖန်တီးသူဖြစ်သည်။ တိုက်ခိုက်ဖို့ဆိုလျှင် ဘယ်သူ့ကိုမှမကြောက်။

ယွမ်ကျိကိုပင်မကြောက်။

ဘေးလူများကလည်း တားမည့်အရိပ်အယောင်မရှိ။ အတော်သေဘာကျနေကြသည်။ လော်ဟုန်ရှားနှင့်နတ်မယ် စွမ်းအားပြဖို့အတွက် အခွင့်အရေးပေးကြသည်။

ချိုးကျင်အန်းအပါအဝင် အားလုံးက လုယန်၏စွမ်းအားအစစ်ကို မြင်ချင်နေကြသည်။

ဟွမ်မင်ကို တိုက်ခိုက်စဉ်က လုယန် စွမ်းအားကုန်မသုံးဘဲ လျိုထားသည်ဟု ချိုးကျင်အန်းခံစားရသည်။

လောဟုန်ရှား သေတ္တာကိုဖွင့်လိုက်သည်။ ထိုအဓိပဓိရတနာကို အလင်းချုပ်သေတ္တာဟုခေါ်သည်။

လော်ဟုန်ရှား မန္တာန်တစ်ခု ရေရွတ်၍ သေတ္တာကို အသက်သွင်းသည်။ အလင်းတန်းနှစ်ခုထွက်လာပြီး သူနှင့်နတ်မယ်ပေါ် တစ်ခုစီကျလာသည်။

နတ်မယ် ထိုအလင်းကို ဖယ်ထုတ်ရန်ပြင်နေချိန်တွင် လော်ဟုန်ရှားကပြောသည်။

"မခုခံပါနဲ့။ ဒီသေတ္တာက ငါတို့စွမ်းအားအဆင့်ကို တန်းတူဖြစ်အောင် ညှိပေးလိမ့်မယ်"

လော်ဟုန်ရှားဆန္ဒကို လိုက်လျောသည့်အနေဖြင့် နတ်မယ် မခုခံတော့။

ထို့နောက် သေတ္တာထဲသို့ နှစ်ယောက်လုံးစုပ်ယူခံလိုက်ရသည်။

သေတ္တာအတွင်းပိုင်းက အဆုံးစမဲ့လေဟာနယ်တစ်မျိုးဖြစ်သည်။ ပတ်ဝန်းကျင်ကို ပိုင်ရှင်အလိုရှိသလို ပြောင်းလဲနိုင်သည်။ တောင်တန်းများ၊ မြစ်များ၊ ရေကန်များ၊ ပင်လယ်များ အားလုံးကို ဖန်တီးနိုင်သည်။

ပတ်ဝန်းကျင်အသား‌ပေးတိုက်ပွဲအတွက် အကောင်းဆုံးဖြစ်သည်။

သေတ္ထာထဲရောက်သည်နှင့် လောဟုန်ရှား၏ကျင့်စဉ်အဆင့် စတင်ပြောင်းလဲလာသည်။ စုစည်းခြင်းအဆင့်မှ လေဟာနယ်သန့်စင်အဆင့် ဝိညာဉ်ပြောင်းအဆင့် နတ်ဝိညာဉ်အဆင့်...နောက်ဆုံးတွင် ရွှေသန္ဓေအလတ်တန်းဆင့်။

ရုပ်စွမ်းအားနှင့်ဝိညာဉ်စွမ်းအားများလည်း ထိုအဆင့်သို့ရောက်လာသည်။

"ရွှေသန္ဓေအလတ်တန်းဆင့်တဲ့...ဆိုးလိုက်တာ"

သူသည် တစ်ခါက ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ခဲ့သည်။ သူ့ခေတ်သူ့အခါတွင် ယှဉ်နိုင်သူမရှိခဲ့။ အဆင့်တူပြိုင်ဘက်များ သူ့ကိုမတိုက်ခိုက်ရဲကြ။

ယခု စုစည်းခြင်းအဆင့်အတွေ့အကြုံဖြင့် ရွှေသန္ဓေအဆင့်သို့ ပြန်ရောက်နေသည်။ ထိုအဖြစ်ကို သည်းခံနိုင်ဖို့ ခက်ခဲသည်။

"စမယ်နော်"

လော်ဟုန်ရှား သစ်စေ့တစ်စေ့ထုတ်၍ သစ်ပင်စိုက်ပညာ အသက်သွင်းလိုက်သည်။ သစ်စေ့က အမြစ်ပွား၍ အညှောက်ပေါက်လာပြီး မြင့်မားသည့် သံလွင်ပင်တစ်ပင်ဖြစ်လာသည်။ သစ်ရွက်များက အသက်ဓာတ်အပြည့်ဖြင့် လှုပ်ခါနေသည်။

ထိုသံလွင်ပင်သည် သူ့စွမ်းအင်ရင်းမြစ်ဖြစ်သည်။

"ကောင်းကင်မှာ လမင်းထွန်းလင်း"

လက်ကိုမြှောက်လိုက်သည်။ ကောင်းကင်တွင် လတစ်စင်းပေါ်လာသည်။ လရောင်အလင်းက အလင်းတန်းများအသွင်ဖြင့် နတ်မယ်အပေါ်ထိုးကျလာသည်။

အလင်းတန်းတိုင်းက သာမန်ရွှေသန္ဓေကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်သည့်အစွမ်းရှိသည်။

ထာဝရနတ်မယ် ကျင်လည်စွာရှောင်တိမ်းလိုက်သည်။ လှုပ်ရှားမှုက ကြောင်တစ်ကောင်လို ပေါ့ပါးသည်။ လရောင်အလင်းများကြားမှ ဖျတ်ခနဲဖျတ်ခနဲ ရှောင်တိမ်းသွားသည်။

ရှေးဟောင်းခေတ်တိုက်ပွဲများတွင် ချီလင်၏လျင်မြန်သည့်လှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာပြီး သူကိုယ်တိုင်တီထွင်ခဲ့သည့် ပညာရပ်ဖြစ်သည်။

ချီလင်သည် သူ့တိုက်ခိုက်မှုများကို ပွတ်ကာသီကာ ကြိုးစားရှောင်တိမ်းနိုင်စွမ်းရှိခဲ့သည်။ ယင်ထန်မသေမျိုးနှင့်ယှဉ်လျှင် အတော်လေးစားစရာကောင်းသည်။ ယင်ထန်က ခြေသိုင်းကွက်ပညာမျိုး မတတ်သဖြင့် သူ့တိုက်ခိုက်မှုများကို မရှုမလှခံရသည်။

ထိုအဖြစ်မှ စိတ်ကူးရပြီး ဤ"ချီလင်ခြေလှမ်း"ပညာကို တီထွင်နိုင်ခဲ့သည်။

သူ့တိုက်ခိုက်မှုများက နတ်မယ်ကိုမထိသဖြင့် လော်ဟုန်ရှား လက်နှစ်ဘက်ကို လှုပ်ရှားလိုက်သသည်။ အလင်းတန်းများက မိုးရွာသလိုကျဆင်းလာသည်။

ရှောင်မရသည့် တိုက်ခိုက်မှုမျိုးဖြစ်၍ နတ်မယ် ခြေတစ်ချက်ဆောင့်လိုက်သည်။ အောက်ဘက်မှ အဝါရောင်မြေသား လှိုင်းထသွားသည်။ မြေသားများက ဆူနာမီလှိုင်းအသွင် ရှေ့သို့ထိုးထွက်လာပြီး အလင်းတန်းများမရိုက်ခတ်မီ သူ့ကိုဖုံးလွှမ်းကာကွယ်ရန် ကြိုးစားသည်။

မြေသားကို လက်ချာင်းဖြင့် အသာအယာတို့လိုက်သည်။ ချက်ချင်း ချိုးဖျက်မရသည့် တံတိုင်းတစ်ခုလို မာကျောလာပြီး ကျလာသည့်အလင်းများကို ခုခံကာကွယ်သည်။

"မြေကိုသံမဏိအသွင်ပြောင်းတာလား"

ထိုပညာမျိုးထုတ်သုံးနိုင်သည့်လုယန်ကိ လောဟုန်ရှား တအံ့တဩကြည့်လိုက်သည်။

ထို့နောက် လှောင်ပြုံးပြုံးသည်။ လုယန်ရှေးဟောင်းမှော်ပညာမျိုးတတ်နေလည်း သူအရေးမစိုက်။

"ကမ္ဘာကိုလရောင်ဆင်း"

ကောင်းကင်မှလမင်းက ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်လျက် အောက်သို့ထိုးဆင်းလာပြီး မြေဝါသံမဏိတံတိုင်းကို ရိုက်ခတ်သည်။ ဖုန်မှုန့်များစွာ လွင့်ပျံတက်လာသည်။

ဖုန်မှုန့်များရှင်းသွားချိန်တွင် လုယန်ကို သူရှာမတွေ့တော့။

"မြေအောက်မှာပေါ့"

တိုက်ပွဲအတွေ့အကြုံကြွယ်ဝသူဖြစ်၍ ချက်ချင်းသဘောပေါက်သည်။ သူငယ်စဉ်က ချိုးကျင်အန်းသည် ထိုနည်းလမ်းဖြင့် သူ့ကိုမကြာခဏတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် တန်ပြန်ရင်ဆိုင်နည်းကို တဖြေးဖြေးသူကျွမ်းကျင်ခဲ့သည်။

လုယန်၏ မြေအောင်းပညာနှင့်ဆင်တူ မြေထွက်ပြေးနည်းတစ်ခု နတ်မယ်သုံးနေခြင်းဖြစ်သည်။

လော်ဟုန်ရှား လေထဲသို့ခုန်တက်၍ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် အသင့်ပြင်ထားသည်။

"ကောင်းကင်မှာ လမင်းထွန်းလင်း"

တောက်ပသည့်လတစ်စင်း ကောင်းကင်တွင် ထပ်ပေါ်လာသည်။ လုယန်ပေါ်လာသည်နှင့် လရောင်ဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်ခံရမည်။

"ဘုန်း"

ထာဝရနတ်မယ် မြေထဲမှ ထွက်လာသည်။ သို့သော် လောဟုန်ရှားကို တိုက်ခိုက်ဖို့မဟုတ်။ တိုက်ပွဲစချိန်တွင် စိုက်ပျိုးခဲ့သည့် သံလွင်ပင်ကို ပစ်မှတ်ထားသည်။

လော်ဟုန်ရှား၏ တိုက်ခိုက်နည်းပညာသည် ရွှေသန္ဓေအဆင့်တစ်ယောက် ထုတ်သုံးနိုင်သည်မဟုတ်။ လုယန်ပင် ထိုစွမ်းအားမျိုးမထုတ်နိုင်။ လော်ဟုန်ရှား ယခုလိုတိုက်ခိုက်နိုင်သည့် အကြောင်းရင်းက သိသာရှင်းလင်းသည်။

သံလွင်ပင်က စွမ်းအားအဆက်မပြတ်ထောက်ပံ့ထားသောကြောင့်ဖြစ်သည်။

ဤတိုက်ခိုက်နည်းကို လသံလွင်နန်းတော်မှ နတ်ဝိညာဉ်အဆင့်များသာ သုံးလေ့ရှိသည်။ လန်ထင်ပင် အသုံးမပြုနိုင်။ သို့သော် လော်ဟုန်ရှားက ကျင့်စဉ်အတွေ့အကြုံမြင့်သူဖြစ်၍ ရွှေသန္ဓေအဆင့်ဖြင့် အသုံးပြုနိုင်သည်။

လော်ဟုန်ရှား ရင်ထိတ်သွားသည်။ သူ့အားနည်းချက်ကို ချက်ချင်းမြင်နိုင်သည့် ပြိုင်ဘက်၏ ဉာဏ်ရည်ထက်မြက်မှုကြောင့် အံ့အားသင့်သွားသည်။ သို့သော် ခဏကြာပြီးနောက် သူ့စိတ်များ ပြန်လည်တည်ငြိမ်လာသည်။

သံလွင်ပင်သည် တိုက်ခိုက်နိုင်သည့်စွမ်းရည်မရှိ။ အဓိကစွမ်းရည်နှစ်ခုက အသုံးပြုသူကို ဝိညာဉ်စွမ်းအင်ထောက်ပံ့နိုင်ခြင်းနှင့် ခုခံကာကွယ်မှုနိုင်စွမ်းအားကောင်းခြင်းဖြစ်သည်။

လုယန် အဆင့်မြင့်တိုက်ခိုက်ရေးမှော်ပညာများ တတ်ထားလျှင်ပင် သံလွင်ပင်၏အကာအကွယ်ကို အချိန်တိုအတွင် ချိုးဖျက်နိုင်ဖို့မလွယ်။

"အတော်မာတာပဲ"

ထာဝရနတ်မယ် သံလွင်ပင်ကို လက်သီးဖြင့် တစ်ချက်ထိုးသည်။ သစ်ပင်လှုပ်ရုံသာလှုပ်သည်။ သစ်ရွက်တစ်ရွက်မှ ကြွေကျမလာ။

"အစွမ်းအစလေး နည်းနည်းထုတ်သုံးလိုတယ်ထင်တယ်။...ညှိုးခြောက်ခြင်းဆေးလက်သီး"

နတ်မယ် ဤလက်သီးပညာရပ် ကျွမ်းကျင်ဖို့ ဆေးလက်သီးပညာပေါင်းထောင်ချီကို လေ့လာခဲ့သည်။ သစ်သားဓာတ်စွမ်းအင်အားကိုး၍တိုက်ခိုက်သူများကို တန်ပြန်တိုက်ခိုက်ဖို့ ထိုလက်သီးပညာများမှတစ်ဆင့် သီးခြားလက်သီးပညာတစ်ခု တီထွင်ခဲ့သည်။

ဤလက်သီးသည် အပင်အားလုံးကို ညှိုးခြောက်‌၍သေစေနိုင်သည့်အစွမ်းရှိသည်။

သံလွင်ပင် ချက်ချင်ညှိုးကျသွားသည်။ သစ်ပင်များ အဝါရောင်သန်းလာသည်။ သစ်ကိုင်းများ ခြောက်ကပ်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း အပင်သေသွားသည်။

"ဝေါ့"

လောဟုန်ရှား သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။ တန်ပြန်စွမ်းအားသက်ရောက်မှုကြောင့် သူ့မျက်နှာ ဖြူရော်လာသည်။

ပြိုင်ဘက်က လက်သီးတစ်ချက်ဖြင့် သံလွင်ပင်ကို သတ်နိုင်မည်ဟု သူလုံးဝထင်မထားခဲ့။ ဘယ်လိုလက်သီးပညာမျိုးမှန်းမသိ။

သို့သော် သူအရေးမစိုက်။ သံလွင်ပင်မရှိလည်း မျိုးဆက်သစ်တစ်ယောက်ကို ရှုံးစရာအကြောင်းမရှိ။

လော်ဟုန်ရှား ကောင်းကင်မှ ထိုးဆင်းလာသည်။ နတ်မယ်က သံလွင်ပင်ကို အမြစ်မှနှုတ်၍ သူ့ကိုလွှဲရိုက်လိုက်သည်။

.....

တော်ဝင်လမ်း၏ထိပ်သီးများ ရတနာသေတ္တာဘေးတွင် ဝိုင်းဖွဲ့၍ အားတက်သရော ဆွေးနွေးနေကြသည်။

"ဘယ်သူနိုင်မယ်ထင်လဲ"

အပြင်လူများအနေဖြင့် သေတ္တာထဲမျှ အခြေအနေကို မမြင်နိုင်ကြ။ မှန်းဆရုံသာ တတ်နိုင်ကြသည်။

"ဟုန်ရှားပဲနိုင်လောက်တယ်။ ကျင့်စဉ်အတွေ့အကြုံပိုများတယ်လေ။ ကျင့်စဉ်ပြန်စတဲ့လူတွေနဲ့ မတူဘူး။ လုယန်က မျိုးဆက်သစ်လူငယ်ပါ။ သူဘယ်လို အနိုင်ယူနိုင်မှာလဲ"

ယန်တိန့်က မုတ်ဆိတ်ကိုပွတ်လျက် ခန့်မှန်းသည်။

"ကျုပ်လည်း ဒီလိုပဲထင်တယ်"

အင်ပါယာရှားက ထောက်ခံသည်။

"လုယန်လည်း နိုင်ခြေရှိတယ်နော"

ချိုးကျင်အန်း မယုတ်မလွန်ပြောသည်။ လုယန်သည် ယွမ်ကျိ၏ဂျူနီယာ၊ ဝစီပိတ်၏တပည့်ဖြစ်သည်။ ဘယ်လိုဝှက်ဖဲမျိုး ရှိနေမည်ကို မသိနိုင်။

"ဟာ...သေတ္တာက အရောင်ထွက်လာပြီဟေ့။ အနိုင်ရတဲ့လူ ပေါ်လာတော့မယ်"

"ဘုန်း"

လော်ဟုန်ရှား ပျံထွက်လာသည်။ သူ့မျက်လုံးတွင် ကြယ်ရောင်တောက်နေသည်။ ပါးစပ်ထဲတွင် သစ်ရွက်ခြောက်များ ပြည့်နေသည်။

*************************************

All Chapters