← Chapters

အားလုံးအသင့်

Vol. 32 Ch. 473

အားလုံးအသင့်

Vol. 32 Ch. 473

တော်ဝင်နန်းတော်မှ ပြိုင်ပွဲကျင်းပသည့်သတင်းက တိုက်နယ်တစ်ခုလုံး ချက်ချင်းပျံ့နှံ့သွားသည်။ နောက်ဆုံးပွဲစဉ်ကို တာအိုလမ်းစဉ်ဂိုဏ်းတွင် ကျင်းပမည်။ ဂိုဏ်း၏ နှစ်တစ်သိန်းနှစ်သောင်းပြည့် ဂုဏ်ပြုပွဲနှင့် တိုက်ဆိုင်နေသဖြင့် ထိုပြိုင်ပွဲကို 'တာအိုလမ်းစဉ်ဂိုဏ်းပြိုင်ပွဲ"ဟုသာ နာမည်သမုတ်ကြသည်။

ဂိုဏ်းပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေကြသည်။ အထူးချွန်ဆုံးတပည့်များကို စေလွှတ်ရန် အသင့်ပြင်ကြသည်။

မဟာခေတ် ‌ရောက်လာတော့မည်။ ပါရမီရှင်များ အလျိုလျိုပေါ်ထွက်လာသည်။ အဖွဲ့အစည်းအ‌တ်ောများများက ရှေ့မျိုးဆက်များထက်ပင် ပါရမီထူးချွန်သည့် သူတို့တပည့်များကို သိုဝှက်ထားကြသည်။ ပွဲထုတ်ဖို့ အချိန်အခါကောင်းကို စောင့်နေခဲ့ကြသည်။

ယခု အခွင့်အခါသင့်လာပြီဖြစ်သည်။

"မသေမျိုးငါးဂိုဏ်းခေါင်းဆောင်တွေက အကဲဖြတ်ဒိုင်အဖြစ် တာဝန်ယူကြမှာတဲ့။ ဆုကြေးအနေနဲ့ လျှို့ဝှက်ကျင့်စဉ်ပညာတွေ ရှေးဟောင်းနယ်မြေ စူးစမ်းခွင့်တွေ၊ ရှေးဟောင်းကျမ်းစာတွေ ချီးမြှင့်မှာ။ ...ငါတောင် စိတ်ဝင်စားတယ်ကွာ။ ငါသာအသက်ငယ်သေးရင် သေချာပေါက် ကံစမ်းကြည့်မှာ"

ဓားမျှော်စင်ခေါင်းဆောင် သက်ပြင်းချသည်။ ဘာကြောင့် သူငယ်ရွယ်စဉ်က ထိုအခွင့်အ‌ရေးမျိုး မရခဲ့သနည်း။ ဆုကြေးများကို ထည့်မစဉ်းစားလျှင်ပင် တိုက်နယ်တစ်ခွင်မှ အထူးချွန်ဆုံးပါရမီရှင်များနှင့် ယှဉ်ပြိုင်ခွင့်ရမည့် အခွင့်အရေးကြီးဖြစ်သည်။

ဆုကြေးများရလာလျှင်လည်း ဂိုဏ်းအတွက် များစွာတိုးတက်မှုရှိလာမည်။

"မိန်ထိုက်၊ မင်းက ငါတို့ဓားမျှော်စင်မှာ အထူးချွန်ဆုံးပါ။ နှစ်တစ်ထောင်အတွင်း အဓိပဓိဓားသခင်စွမ်းအားကို အမွေခံနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။ မင်းရဲ့စွမ်းရည်တွေကို တာအိုလမ်းစဉ်ဂိုဏ်းပြိုင်ပွဲမှာ ထုတ်ပြပြီး နာမည်ကြီးအောင် လုပ်ရမယ်။

ငါတို့ဂိုဏ်းရဲ့ဂုဏ်ကို ဆောင်ရမယ်"

"ဂိုဏ်းချုပ်စိတ်မပျက်စေရပါဘူး"

....

"ငါတို့ ကောင်းကင်ရေတံခွန်ဂိုဏ်းက ဒုတိယအဆင့်ဂိုဏ်းဆိုပေမယ့် အရင်က နောက်ဆုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့တောင် အရည်အချင်းမမီခဲ့ဘူး။ ဒါပေမယ့်အခု အရင်လိုမဟုတ်တော့ဘူး။ ခုန်ဟော်၊ မင်းရှိနေပြီလေ။

မင်းပါရမီက ပထမအဆင့်၊ မဟာထိပ်သီးအဆင့် ဂိုဏ်းတပည့်တွေနဲ့ တန်းတူရှိတယ်။

မင်းကအမြဲတမ်း ခပ်အေးအေးနေပြီး နာမည်ဂုဏ်သတင်းကို စိတ်မဝင်စားတာ ငါသိတယ်။ ဂိုဏ်းတွင်းတပည့် ထိပ်တန်းဂိုဏ်းတပည့် ဖြစ်လာပြီး‌နောက်မှာတောင် ကိုယ့်လူတွေကို အနိုင်ယူဖို့မကြိုးစားဘူး။

ကိုယ့်ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပြီး အပြင်လောကကိစ္စတွေကို လျစ်လျူရှူထားတယ်"

"ဆရာ၊ ကျုပ်က..."

ခုန်ဟော် တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ ခပ်လျိုလျိုနေပြီး ပြဿနာများရှောင်ရှားလို၍ ကောင်းကင်ရေတံခွန်ဂိုဏ်းကို သူရွေးခဲ့ခြင်းဖြစ်သည်။ ယခု ပြဿနာက သူ့ဆီဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ သငြင်းပယ်နိုင်စွမ်းမရှိ။

"တစ်ခြားပြိုင်ပွဲတွေဆိုရင်တော့ မင်းဝင်မပြိုင်လည်း ကိစ္စမရှိဘူး။ ဒါပေမယ့် ဒီပွဲက မဟာရှားရုံးတော်ကနေ စီစဉ်တာ။ မင်းပထမရဖို့ ဆရာမမျှော်လင့်ပါဘူး။

နောက်ဆုံးပွဲစဉ်မှာ ဝင်ပြိုင်နိုင်ရင်တောင် ငါတို့ဂိုဏ်းက တာအိုလမ်းစဉ်ဂိုဏ်းရဲ့နှစ်ပတ်လည်ပွဲကို တက်ခွင့်ရမယ်။ ငါတို့ဂိုဏ်းအတွက် အများကြီးအကျိုးထူးမှာပါ။

ပြီးတော့ ဒီပြိုင်ပွဲရဲ့ ဒိုင်လူကြီးတွေက မသေမျိုးငါးဂိုဏ်းခေါင်းဆောင်တွေပါ။ သူတို့မင်းကို လမ်းညွှန်ချက်တွေပေးရင် မင်းရဲ့ကျင့်ကြံမှုအတွက် အများကြီးအကျိုးရှိလာမှာလေ"

"ကောင်းပါပြီ"

မိန်ထိုက် စိတ်မပါ့တပါဖြင့် သဘောတူလိုက်ရသည်။

.....

"မသေမျိုးတစ်ဝက်အဆင့် ကျင့်ကြံမှုလမ်းညွှန်ကျမ်းတွေလား။ မဟာရှားက ဒီလောက်အဖိုးတန်တဲ့ပညာအမွေကို ချီးမြှင့်မယ်ပေါ့။ ဒီစာအုပ်တွေရဲ့ တန်ဖိုးက တိုင်းတာလို့တောင်မရဘူး။

မဟာယုမင်းဆက်ကို ငါအလုပ်အကျွေးပြုပြီး အခုထိ အိပ်စက်နေခဲ့တာ။ သူတို့ကငါ့ကို ကူးဖြတ်ခြင်းအဆင့်လမ်းညွှန်လောက်တောင် မပေးဘူး။ ဒီတော့ မဟာရှားဆီကယူဖို့ကိစ္စ ငါလက်နှေးနေလို့မဖြစ်ဘူး။

မသေမျိုးတစ်ဝက်ကျင့်စဉ်ကျမ်းရယ် တစ်ခြားဆုလာဒ်တွေရယ်၊ ငါ့တစ်ကိုယ်တော်ဝိညာဉ်မြစ်စွမ်းရည်ရယ် ပေါင်းစပ်လိုက်ရင် နောင်တစ်ချိန်ကူးဖြတ်ခြင်းအဆင့်ရောက်နိုင်ခြေ ပိုများလာလိမ့်မယ်။

နောင်တစ်ချိန်မှာ ငါသခင်စစ်အတွက် နေရာတစ်ခု ရကိုရရမယ်"

......

"ဟား...နောက်ဆုံးပြိုင်ပွဲကျင်းပမယ့်နေရာက တာအိုလမ်းစဉ်ဂိုဏ်းတဲ့လား။ အဆင်သင့်လိုက်တာ။ တာအိုလမ်းစဉ်ဂိုဏ်းထဲ ဘယ်လိုခိုးဝင်ရမလဲတွေးနေတာ။ အခု မပင်မပန်းဘဲ အခွင့်အရေးက ငါ့ရှေ့ကို ရောက်လာပြီပဲ။

တာအိုလမ်းစဉ်ဂိုဏ်း...မင်းတို့ပွဲပျက်ရင် ငါ့ကိုအပြစ်မတင်နဲ့။ ရုံးတော်အမိန့်ကိုပဲ အပြစ်တင်ပေတော့။

ဒါပေမယ့် အဲဒီမှာကျင်းပမယ်ဆိုရင် တာအိုလမ်းစဉ်ဂိုဏ်းနဲ့ တော်ဝင်ရုံးတော်က ပွဲကြီးကြပ်ဖို့ အဆင့်မြင့်စွမ်းအားရှင်တွေ သေချာပေါက်ဖိတ်ခေါ်ထားမှာပဲ။ နည်းနည်းခက်ခဲလိမ့်မယ်။ သူတို့ကျင့်စဉ်အဆင့်က ဘယ်လောက်များ မြင့်မလဲမသိဘူး။

...ကိစ္စမရှိပါဘူးလေ၊ စိတ်ချရအောင် လူအားလုံးငါခေါ်သွားမယ်"

........

လသံလွင်နန်းတော်။

"လန်ထင်၊ နောက်ဆုံးပွဲစဉ်မှာ ငါတို့ဂိုဏ်းကိုယ်စားပြုအနေနဲ့ဝင်ပြိုင်ဖို့ ရွှေသန္ဓေအလတ်တန်းဆင့်တစ်ယောက် ရွေးရမယ်။ ငါမင်းကိုရွေးဖို့ ဆုံးဖြတ်ထားတယ်။ မင်းဘယ်လိုသဘောရလဲ"

"ကျွန်မ သဘောတူပါတယ်"

ညွန်ကြားချက်ကို နာခံပြီးနောက် လန်ထင် သူ့ဆရာကို မော့ကြည့်သည်။ လော်ဟုန်ရှားက မျက်နှာတွင် ဇာပဝါတပ်ထားသည်။ မျက်နှာအမူအရာကို မမြင်ရ။ ခဏတုံ့ဆိုင်းနေပြီးနောက် လန်ထင် အရဲစွန့်၍မေးလိုက်သည်။

"ဆရာ၊ ဒီတစ်ခါ တာအိုလမ်းစဉ်ဂိုဏ်းမှာ လုယန်နဲ့တွေ့ရမှာလား"

လော်ဟုန်ရှား မျက်ခုံးတစ်ချက်တွန့်သွားသည်။ အံတစ်ချက်ကြိတ်၍

"တွေ့မှာပါ။ ဒီ့ပြင်လူတွေကိုမတွေ့ရင်တောင် သူ့ကိုတောသေချာပေါက် မ်ငးတွေ့ရမှာပါ"

.......

ဓာတ်ငါးမျိုးဂိုဏ်း။

"ပိုင်မင်၊ ပြိုင်ပွဲမှာ ကိုယ်စားပြုဝင်ပြိုင်ဖို့ ရွှေသန္ဓေအလတ်တန်းဆင့်တစ်ယောက် ရွေးဖို့လိုတယ်။ ဒီပွဲမှာ ငါတို့ဂိုဏ်း ဂုဏ်တက်အောင်လုပ်ပါ"

"တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပါ့မယ်ဆရာ။ ဒါပေမယ့် ကျုပ်တစ်ခုမေးစရာရှိတယ်"

"မေးပါ"

"ဆရာ့မျက်နှာ ဘာဖြစ်တာလဲ"

"မင်းမမေးသင့်တဲ့ မေးခွန်းတွေကို မမေးနဲ့ကွ"

........

ထောင်ချုပ်ဂိုဏ်း။

"ထန်ကျိ၊ ဒီပြိုင်ပွဲအတွက် ငါတစ်ခြားဘာမှမတောင်းဆိုဘူး။ ဓာတ်ငါးမျိုးဂိုဏ်းကဆို ဘယ်ကောင်နဲ့တွေတွေ မှတ်လောက်အောင်တွယ်ပစ်ပါ။ လုံးဝမညှာနဲ့"

"နာလးည်ပါပြီ"

ယန်ထန်ကျိထွက်သွားခါနီးတွင် ယန်တိန့်က လှမ်းပြောသည်။

"ခဏနေပါဦး။ ငါဒီဒဏ်ရာတွေဘယ်လိုရလာလဲဆိုတာ မင်းမမေးတော့ဘူးလား"

"ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကြောင့်မဟုတ်တာ သေချာတယ်လေ"

....

သားသတ်ရုံ။

"ဆရာ၊ တစ်ခုခုပြောပါဦး။ ကျုပ်တို့ဗုဒ္ဓဂိုဏ်းက စကားလုံးထက် ထိုးထွင်းနားလည်နိုင်တဲ့ဉာဏ်ကို ပိုအလေးထားကြတယ်ဆိုပေမယ့် အခုဆရာကကျုပ်ကို ကြည့်တောင်မကြည့်ဘူးလေ။ ကျုပ်ဘယ်လို နားလည်ရမှာလဲ။

ဆရာဘာလို့ ဝစီပိတ်ကျင့်ဖို့ ဆုံးဖြတ်လိုက်တာလဲ။။ အခုဆရာစကားမပြောဘူး။ သိစိတ်အသံလှိုင်းနဲ့လည်း မဆက်သွယ်ဘူး စာတောင်မရေးဘူးလေ"

ကိုယ်တော်ကျဲ့ရှား အသံတိတ်နေသည်။

ရှီချန်း စကားစရှာမရတော့။ သားသတ်ဓားကိုချ၍ သူ့ဆရာ၏အကြည့်ကို အဓိပ္ပါယ်ဖော်ရန် ကြိုးစားနေသည်။

စွန်စီးဘုံကျောင်းသည် တစ်ခြားကိစ္စများ အားလုံးကောင်းသည်။ တပည့်များလည်း အချင်းချင်းသဟဇာတဖြစ်သည်။ အထောက်အပံ့ရင်းမြစ် ပေါများသည်။ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်များက လမ်းညွှန်သင်ပြသည်။

တစ်ခုတည်းသောပြဿနာက ပဟေဠိများသုံးခြင်းဖြစ်သည်။

သူ့ဆရာပြောသည့်စကားများက မပြောသည်နှင့် ဘာမှမထူးဟု ရှီချန်း မကြာခဏညည်းညူခဲ့သည်။ ယခု သူ့ဆရာလုံးဝစကားမပြောတော့။

"ထားပါတော့လေ။ ငါဝက်တွေဆက်သတ်နေရုံပဲပေါ့"

........

မုန်ကျင်းကျိုး ကောင်းကင်ဂိတ်တောင်ထိပ်သို့ ရောက်လာသည်။ လှိုဏ်ဂူထဲသို့ဝင်ဝင်ချင်း ဗိုက်ပေါ်လက်နှစ်ဖက်တင်၍ ဇိမ်ကျကျထိုင်နေသည့်လုယန်ကို တွေ့သည်။

ယွမ်ကျိကို မတွေ့ရ။

"မင်းဘာလို့ငါ့ကို ဒီခေါ်တာလဲ"

လုယန်ကို သူမမြင်ချင်။ ထိုငနဲက နောက်တစ်ကြိမ် ယာယီဂိုဏ်းချုပ် ဖြစ်လာပြန်သည်။

ချိုးကျင်အန်းက မုန်ကျင်းကျိုးကိုကတိပေးထားသည့်အတိုင်း ဓာတ်ငါးမျိုးဂိုဏ်း၏ လျှို့ဝှက်ပညာတစ်ခု သင်ပေးသည်။ ဂိုဏ်းသို့ပြန်ရောက်ရောက်ချင်း ယာယီဂိုဏ်းချုပ်က ဆင့်ခေါ်သဖြင့် သူလာခဲ့ရသည်။

"ထိုင်ပါ ရှောင်မုန်၊ သက်တောင့်သက်သာနေပါ"

လုယန်က ပြုံး၍ပြောသည်။

မုန်ကျင်းကျိုး ဂူထဲသို့ မျက်လုံးဝေ့ကြည့်သည်။ ထိုင်ခုံကတစ်လုံးတည်းရှိသည်။ လုယန်ထိုင်နေသည်။

ငါကမင်းခေါင်းပေါ် တက်ထိုင်ရမှာလား....

လုယန် မုန်ကျင်းကျိုး၏မကျေနပ်သည့်အကြည့်ကို အရေးမစိုက်ဘဲ ဖြေးညှင်းစွာပြောသည်။

"တော်ဝင်ရုံးတော်က ငါတို့ဂိုဏ်းရဲ့ နှစ်ပတ်လည်ပွဲနဲ့အတူ ပြိုင်ပွဲတစ်ခုကျင်းပဖို့ စီစဉ်နေတာ မင်းကြားမှာပါ။ ပြိုင်ပွဲကို အုပ်စုတွေအများကြီးခွဲထားတယ်။ အဆင့်ငယ်တစ်ခုချင်းစီခွဲပြီး ကျင်းပမှာ။

ငါတို့ဂိုဏ်းက ဒီပွဲကို အရမ်းအလေးထားတယ်။ အကြီးအကဲတွေနဲ့ဆွေးနွေးပြီးတော့ ရွှေသန္ဓေအလတ်တန်းဆင့်ကလွဲလို့ တစ်ခြားအုပ်စုတွေအတွက် ဝင်ပြိုင်မယ့်လူတွေ ရွေးပြီးသွားပြီ။ ဒီအဆင့်က အတော်လေး ရွေးရခက်နေတယ်။

ဂိုဏ်းကိုကိုယ်စားပြုမယ့်တပည့်ဟာ အတော်ဆုံးဖြစ်ရမယ်လေ။ ငါအကြိမ်ကြိမ်ပြန်သုံးသပ်ပြီးတော့ တစ်ခြားလူတွေအကြံပြုတာကို ဆန့်ကျင်ပြီး မင်းကိုရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်"

မုန်ကျင်းကျိုးမျက်လုံးများ အရောက်လက်သွားပြီး ပြုံးလာသည်။ ထိုစကားများက သူ့အတွက်နားဝင်ချိုလှသည်။

"ဒါဆို ငါကမင်းထက်တော်တယ်ဆိုတာ မင်းဝန်ခံတယ်ပေါ့"

လုယန်အပြုံးက သူ့ထက်ပိုဝေဆာသည်။

"ငါက ဒိုင်အဖွဲ့ထဲမှာလေ"

အခက်အခဲများစွာ သည်းခံကျော်ဖြတ်ခဲ့သည်။ နတ်မယ်ကို ဝီရိယစိုက်၍ ကူညီခဲ့သည်။ သူဒုက္ခခံခဲ့သမျှအားလုံးက ယခုအခိုက်အတန့်လေးအတွက်သာဖြစ်သည်။

"သောက်ရေးမပါလိုက်တာကွာ"

*******************************

All Chapters