← Chapters

ကိုယ်စားကျင့်ကြံမည်

Vol. 32 Ch. 474

ကိုယ်စားကျင့်ကြံမည်

Vol. 32 Ch. 474

တစ်လခွဲဟူသည့်အချိန်က လျင်မြန်စွာ ဖြတ်ကျော်သွားသည်။ ထိုအချိန်အတွင်း အလယ်ပိုင်းတိုက်နယ်တစ်ခုလုံး ထူးထူးခြားခြား သက်ဝင်လှုပ်ရှားနေခဲ့သည်။ မြို‌့တော်အဆင့်ပြိုင်ပွဲများ။ ပြည်နယ်အဆင့်ပြိုင်ပွဲများ။

မဟာရှား၏ပါရမီရှင်အားလုံး ပြိုင်ပွဲစင်ပေါ်တက်၍ ရုံးထွက်ယှဉ်ပြိုင်ကြသည်။ စိတ်ပျက်စရာအခြေအနေများ မကြာခဏပေါ်လာသည်။ မထင်မရှား ကျင့်ကြံသူအတော်များများ နာမည်ကျော်လာသည်။ သူတို့နှင့်သိခဲ့သူများ အံ့ဩမင်သက်မိကြရသည်။

အများကြည်ညိုလေးစားသည့် ထိပ်တန်းဂိုဏ်းများက သေချာလေ့ကျင့်ပျိုးထောင်ထားသည့်တပည့်များကိုပင် ထိုမထင်မရှားကျင့်ကြံသူများက အနိုင်ယူခဲ့သည်။

ထို့နောက်...

သိပ်မကြာမီ တာအိုလမ်းစဉ်ဂိုဏ်း၏ နှစ်ပတ်လည်ပွဲတော်နေ့ ရောက်လာသည်။

......

တစ်လခွဲအတွင်း တာအိုလမ်းစဉ်ဂိုဏ်းတွင် ထာဝရနတ်မယ် မရပ်မနားပြေးလွှားနေရသည်။ လုယန်က အကူအညီပေးသည်။ နှစ်ယောက်သား အတွဲညီကြသည်။

ကောင်းကင်ဂိတ်တောင်ထိပ် ခန်းမထဲတွင် လုယန်နှစ်ယောက် ရှိနေသည်။ တစ်ယောက်က မှတ်တမ်းများကို စစ်ဆေးနေသည်။ တစ်ခြားတစ်‌ယောက်က အိပ်နေသည်။ နှစ်ယောက်လုံး အလုပ်များနေကြသည်။

"နည်းနည်းပဲ့ တောင်ခံထားဖို့ပဲလိုတာပါ။ ပွဲတော်ပြီးတာနဲ့ အားလုံးပြီးသွားမှာပါ"

မှတ်တမ်းများစစ်ဆေးရင်း လုယန် သူ့ကိုယ်သူအားပေးသည်။ သူ့လက်ထဲတွင် ပြည်နယ်စုံမှ ထူးချွန်လူငယ်များနှင့် ပွဲတော်တက်ရောက်မည့် အဖွဲ့အစည်းမျိုးစုံမှ ကိုယ်စားပြုများ၏ နာမည်စာရင်းရှိနေသည်။

လောလောဆယ်သစ်ပင်စိုက်ပညာသုံး၍ သစ်သားကိုယ်ပွားတစ်ခု ဖန်တီးထားသည်။ အိပ်နေသည့်လုယန်က သူ့ခန္ဓာကိုယ်အစစ်ကို လွှဲယူထားခြင်းဖြစ်သည်။

"နတ်မယ်။ ခင်ဗျားကျုပ်ကိုကူပြီး ကျင့်ကြံပေးမယ်ဆိုတာ သေချာရဲ့လား"

လုယန်ခန္ဓာကိုယ်ကို ခဏခဏလွှဲပြောင်းယူခဲ့သဖြင့် ကျင့်ကြံရမည့်အချိန်များစွာ လစ်ဟာသွားသည်ကို နတ်မယ် အားနာ၍ထင်သည်။ သူ့ကိုကူညီမည်ဟု ကမ်းလှမ်းထားသည်။

မည်သို့ဆိုစေ သူတို့သည် ခန္ဓာကိုယ်တစ်ခုတည်း သုံးနေခြင်းဖြစ်သည်။ ဘယ်သူကျင့်ကြံသည်ဖြစ်စေ ကိစ္စမရှိ။

ထိုသို့ပြောပြီးနောက် ထာဝရနတ်မယ် ဆက်အိပ်နေခဲ့သည်။

"ဟားဝါး..."

လုယန်စကားသံကြောင့် နတ်မယ်နိုးလာပြီး တစ်ချက်သမ်းဝေသည်။ လုယန်ကို အလိုမကျဟန်ဖြင့်ကြည့်သည်။

"အေးလေ၊ အခုငါကျင့်ကြံနေတာပဲ။ ဒါက အိပ်စက်ကျင့်ကြံနည်းပါ။ အိပ်ရင်းနဲ့စွမ်းအားပြန်ဖြည့်တဲ့ သဘောတရားနဲ့ အတူတူပဲ။ အဲဒါ မသေမျိုးတွေပဲ သိကြတဲ့ အဓိပဓိကျင့်စဉ်ပညာပဲ။

နင်က သေမျိုးအဆင့်ပဲရှိတော့ ဒီပညာရဲ့နက်နဲတဲ့သဘောတရားတွေကို နားမလည်နိုင်သေးဘူး"

လုယန် သူ့ဘာသာတွေးကြည့်သည်။

ခင်ဗျားတို့မသေမျိုးတွေဆိုတာ ကျင့်ကြံမှုပြည့်စုံသွားတဲ့အဆင့်မဟုတ်လား.. ဒီအိပ်စက်ကျင့်ကြံနည်းနဲ့ ဘာသွားလုပ်မှာလဲ...

ယာယီဂိုဏ်းချုပ်ဖြစ်၍ နတ်မယ်ကိုထိန်းချုပ်နိုင်စွမ်းသိပ်မရှိ။ ထို့ကြောင့် မှတ်တမ်းများကိုသာ ဆက်၍စစ်ဆေးရသည်။

.......

"ဪ...ဒါက တာအိုလမ်းစဉ်ဂိုဏ်းလား။ ခမ်းနားလိုက်တာ"

မိန်ထိုက် တာအိုလမ်းစဉ်ဂိုဏ်းဂိတ်တံခါးရှေ့တွင်ရပ်လျက် တံခါးနောက်ဘက်မှ ဝိညာဉ်စွမ်းအင်နေရာမလပ်ပြည့်နေသည့် တောင်တန်းများကို တအံ့တဩကြည့်နေသည်။

သူသည် ဓားမျှော်စင်ဂိဏ်းကိုကိုယ်စားပြု၍ ပြိုင်ပွဲဝင်ခဲ့သည်။ နောက်ဆုံးပွဲစဉ်တက်ရောက်ခွင့်ရသည်။ ယခု ဓားမျှော်စင်ဂိုဏ်းအကြီးအကဲနှင့်အတူ တာအိုလမ်းစဉ်ဂိုဏ်းသို့ သူရောက်လာကြသည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် သူတို့ဂိုဏ်းထက် များစွာကြွယ်ဝခမ်းနားသည်။

မိန်ထိုက်၏အပြုအမူကို ဘယ်သူမှသိပ်အ‌ရေးမစိုက်ကြ။ နောက်ဆုံးဖိုင်နယ်ပွဲ ဝင်ပြိုင်မည့် ဂိုဏ်းတပည့်များသည် တာအိုလမ်းစဉ်ဂိုဏ်းကို ပထမဆုံးမြင်ချိန်တွင် သူ့လိုပင် အံ့ဩဘနန်းဖြစ်ကြရသည်။

တောင်တန်းဂိတ်တံခါး၏ ဝိညာဉ်စွမ်းအင်က ထိုမျှသိပ်သည်းနေလျှင် အတွင်းဘက်ရှုခင်းက ဘယ်လိုရှိမည်မသိ။

"သွားစို့ မိန်ထိုက်"

အကြီးအကဲက သူ့ကိုအချက်ပြ၍ ရှေ့မှလျှောက်သွားသည်။

ဓားမျှော်စင်အကြီးအကဲက တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်ဖူးသဖြင့် လမ်းညွှန်မလို။ ဝါးတောကိုဖြတ်၍ ဂိုဏ်းအတွင်းပိုင်း ပွဲတော်ကျင်းပသည့်နေရာသို့ ချောချောမွေ့မွေ့ရောက်လာသည်။

အတွင်းပိုင်းနယ်မြေသည် ကောင်းကင်ဂိတ်တောင်ထိပ်၊ အကြီးအကဲရှစ်ယောက်၏တောင်ထိပ်နှင့် ဈေးလမ်းတို့ပါဝင်သည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ အစည်ကားဆုံးနေရာဖြစ်သည်။

"တာအိုလမ်းစဉ်ဂိုဏ်းက အများကြီးအားစိုက်ထားတာပဲ"

ဓားမျှော်စင်အကြီးအကဲ မုတ်ဆိတ်ကိုသပ်လျက် ခေါင်းငြိမ့်သည်။ ထိုပွဲတော်ကို တာအိုလမ်းစဉ်ဂိုဏ်းက အတော်အလေးထားဟန်ရှိသည်။ ကောင်းကင်ဂိတ်တောင်ခြေတွင် နေရာတစ်ခုရှင်းလင်းထားသည်။

အရိုအသေပေးသည့် ကျောက်စိမ်းစင်မြင့်တစ်ခု တည်ဆောက်ထားသည်။ စင်မြင့်ပေါ်တွင် ဝတ်ရုံနီဖုံးအုပ်ထားသည့် ရုပ်ထုကြီးသုံးခုရှိသည်။

ထိုစင်မြင့်ကို အမြင့်ဆုံးဂုဏ်ပြုပွဲအဆင့်အတန်းနှင့်အညီ လှူဖွယ်ဝတ္ထုမျိုးစုံ တန်ဆာဆင်ထားသည်။

ဘေးပတ်လည်တွင် ဂိုဏ်းတပည့်များ စောင့်ကြပ်နေကြသည်။ ပွဲတော်မစမီ ဘယ်သူ့ကိုမှ စင်မြင့်နားသို့ ကပ်ခွင့်မပြု။

ပူဇော်ထားသည့် ပစ္စည်းများထဲတွင် ရှေဟာင်းခေတ်ကဟုယူဆရသည့် အမျိုးအမည်မသိ ပစ္စည်းကိရိယာတစ်ချို့လည်းပါသည်။ ဓားမျှော်စင်အကြီးအကဲပင် ခွဲခြားမသိ။

"အရိုင်းဘိုးဘေးပူဇော်ပွဲနဲ့တော့တူတယ်။ ဒါပေမယ့် အဲဒီထက်ပိုရှုပ်ထွေးတယ်"

အရိုင်းမျိုးနွယ်တို့သည် လူသားမျိုးနွယ်၏ အစောဆုံးမျိုးနွယ်ခွဲတစ်ခုဖြစ်သည်။ ရှေးရိုးရာဓလေ့များကို အမွေခံထားသည်။ သူတို့ဘိုးဘေးပူဇော်ပွဲများသည်။ ရှေးဟောင်းဓလေ့၏ အစစ်မှန်ဆုံးပြယုဂ်အဖြစ် သတ်မှတ်ထားကြသည်။

ပညာရှင်များစွာ စိတ်ဝင်တစားလေ့လာပြီး ရှေးခေတ်ဓလေ့များကို ဖော်ထုတ်ကြသည်။

ဤပူဇော်ပွဲအခမ်းအနားသည် ရှေးဟောင်းမျိုးနွယ်တို့ မသေမျိုးများကိုပူဇော်သည့်အခမ်းအနားပုံစံကို နတ်မယ်အား လုယန်က ပြန်စဉ်းစားခိုင်း၍ စီစဉ်ထားခြင်းဖြစ်ကြောင်း ဓားမျှော်စင်အကြီးအကဲမသိ။

နတ်မယ်ကို မယုံကြည်ရကိစ္စ များစွာရှိသော်လည်း သူ့မှတ်ဉာဏ်ကိုတော့ ယုံကြည်စိတ်ချရသည်။ ရှေးဟောင်းပူဇော်ပွဲ အခမ်းအနားအစစ်အမှန်မျိုး သူပြန်ဖန်တီးနိုင်သည်။

ထိုထက်ပိုရှေးကျသည့် ရိုးရာမသေမျိုးစုဝေးပွဲများပုံစံကိုပင် ပြန်ဖန်တီးနိုင်သည်။ သို့သော် လုယန်က ထိုပုံစံကိုတော့ ဗီတိုအာဏာဖြင့် ပယ်ချလိုက်သည်။

"အကြီးအကဲစစ်ခုန်၊ မတွေ့ရတာကြာပြီနော်"

ရင်းနှီးနေသည့်စကားသံတစ်ခု ကြားသည်။ ဓားမျှော်စင်အကြီးအကဲ လှည့်ကြည့်သည်။ မကြာသေးမီကမှ နာမည်ကြီးလာသည့် အလောင်းထိန်ဂိုဏ်းချုပ် လူပါချန်းဖြစ်သည်။ သူ့နောက်တွင် လက်ရွှေးစင် ပြိုင်ပွဲဝင်တပည့်များ ပါလာသည်။

"ဪ...ဂိုဏ်းချုပ်လူ"

စစ်ခုန် လက်ပြနှုတ်ဆက်သည်။ သူ့လှုပ်ရှားဟန်က ပေါ့ပါးပြတ်သားသည်။ ဓားကျင့်ကြံသူဟန်ပန်နှင့် လိုက်ဖက်သည်။

"ဂိုဏ်းချုပ်လူကို ဂါရဝပြုပါတယ်"

မိန်ထိုက်လည်း အလိုက်သင့်နှုတ်ဆက်သည်။

"ဟားဟား၊ ငါကူးဖြတ်ခြင်းအဆင့်တက်သွားတာ မင်းဘယ်လိုသိလဲ"

လူပါချန်း အော်ဟစ်ရယ်မောနေသည်။ မျက်လုံးတွင် အပျော်ရိပ်ပြည့်နေသည်။

စစ်ခုန် "..."

"အကြီးအကဲစစ်ခုန်၊ မင်းက ကူးဖြတ်ခြင်းအဆင့်မတက်သေးဘူးနော်။ ကျင့်ကြံမှု ကောင်းကောင်းမလုပ်ဖြစ်ဘူးထင်တယ်"

သူ့မျိုးဆက်တွင် ပထမဦးဆုံး ကူးဖြတ်ခြင်းအဆင့်တက်ခဲ့သူဖြစ်၍ အခုရက်ပိုင်း လူပါချန်း နေရာတိုင်းလိုက်ကြွားနေသည်။ မြင့်မားသည့်ကျင့်စဉ်အဆင့်ကြောင့် ဘယ်သူမှသူ့ကိုမယှဉ်နိုင်။

စစ်ခုန် ခါးတွင်ချိတ်ထားသည့် သူ့ဓားရိုးကို အလိုလိုဆုပ်လိုက်မိသည်။ ထို့နောက် ခဏတုံ့ဆိုင်းသွားသည်။ ထို့နောက် ပြန်လွှတ်လိုက်သည်။

"ဒါက ဓားမျှော်စင်ရဲ့ တပည့်လား"

အားရအောင် ကိုယ်ရည်သွေးပြီးနောက် လူပါချန်း မိန်ထိုက်ကို သတိထားမိသွားသည်။

"ဟုတ်ပါတယ်။ သူက ထူးချွန်တဲ့တပည့်ပါ။ အဓိပဓိသခင်ရဲ့အမွေကို ဆက်ခံထားတာ"

ဓားမျှော်စင်ပါရမီရှင် မိန်ထိုက်အကြောင်းပြောချိန်တွင် စစ်ခုန်၏မျက်နှာ နည်းနည်းပြေလျော့သွားသည်။

"အဓိပဓိရဲ့ အမွေ..."

လူပါချန်း ခပ်တိုးတိုး‌ရေရွတ်လိုက်သည်။ အံ့ဩမှုကြောင့် သူ့မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။

စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သခင်စစ်ဟု ခေါ်နိုင်သည်။ ကူးဖြတ်ခြင်းအဆင့်ဆိုလျှင် 'အရှင်'ဟုခေါ်သည်။ မသေမျိုးတစ်ဝက်အဆင့်ဆိုလျှင် 'အဓိပဓိ'ဟု ခေါ်ကြသည်။

ဤမိန်ထိုက်သည် ဓားမျှော်စင်အဓိပဓိ၏အမွေကို တကယ်ဆက်ခံထားလေသလော...

ဓားမျှော်စင်အဓိပဓိသည် မသေမျိုးတစ်ဝက်အဆင့်ထိရောက်ခဲ့ပြီးမှ ကံအကြောင်းမလှသဖြင့် မသေမျိုးမဖြစ်မီ သေဆုံးသွားသည်။ သူ့ဓားပညာက အဆင့်မြင့်လွန်းသဖြင့် ဘယ်သူမှ အမွေမခံနိုင်ခဲ့။ သူ့တစ်သက်တာတွင် အမွေဆက်ခံနိုင်သူ မြင်ရတော့မည်ဟု လူပါချန်းလုံးဝမထင်ခဲ့။

သို့သော် ယခု သူမြင်ရပြီဖြစ်သည်။

ဓားမျှော်စင်ဂိုဏ်းသည် သူတို့တပည့်ကို အသိုအဝှက်ကောင်းလွန်းသည်။ ယခုလိုပါရမီရှင်မျိုးရှိသည့်တိုင် အသံလုံးဝမထွက်ခဲ့။

ဤပြိုင်ပွဲကြောင့်သာမဟုတ်လျှင် မိန်ထိုက်ကို ပွဲထုတ်ကြမည်မထင်။

"ဒါက ကျောက်ပိုပါ။ ကျုပ်တို့အလောင်းထိန်းဂိုဏ်းက ထူးချွန်တဲ့တပည့်ပါ"

ဟွမ်မင်ပြီးလျှင် ကျောက်ပိုသည် သူတို့ဂိုဏ်း၏ နံပတ်တစ်ဖြစ်သည်။ ဟန်ရွှေ့မြို့တိုက်ပွဲပြီးသွားသည့်နောက်ပိုင်း သူ့အတွေ့အကြုံ များစွာတိုးတက်လာသည်။ လူပါချန်း ကူးဖြတ်ခြင်းအဆင့်တက်ပြီးနောက် ကျောက်ပိုကို သူကိုယ်တိုင် လမ်းညွှန်သင်ပြခဲ့သည်။ သိသိသာသာ တိုးတက်ခဲ့သည်။

"ကဲ..ဂိုဏ်းချုပ်လုနဲ့ ငါစကားသွားပြောလိုက်ဦးမယ်။ မင်းတို့လူငယ်တွေ သွားပျော်ကြပါ"

အကြီးအကဲစစ်ခုန် လက်ယမ်းပြလိုက်သည်။ လူငယ်များရှိလျှင် သိက္ခာနည်းနည်းထိန်းရသဖြင့် သိပ်မလွတ်လပ်။

"ကဲ...ကျောက်ပို။ ငါက မိန်ထိုက်ပါ။ မင်းက အလောင်းထိန်းဂိုဏ်းကလား"

မိတ်ထိုက်က ပြုံး၍နှုတ်ဆက်သည်။ ဆက်ဆံရေးကောင်းသူမှန်း သိသာသည်။

"ဒါနဲ့မင်းက ဟန်ရွှေ့မြို့ကိစ္စကို ကိုယ်တိုင်ကြုံခဲ့တယ်ပေါ့"

ဟန်ရွှေမြို့အဖြစ်အပျက်သည် နှစ်တစ်ရာအတွင်း အကြီးဆုံးတိုက်ပွဲဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်သုံးယောက်နှင့် သူတို့ကိုအနိုင်ယူသွားသည့် အဓိပဓိကောင်းကင်အရှင်တစ်ယောက်ပါဝင်ခဲ့သည်။ လူပေါင်းများစွာ စိတ်ဝင်စားကြသည်။

တစ်ချို့လူများက ထိုတိုက်ပွဲကို လူကြိုက်များသည့် ပုံပြင်တစ်ပုဒ်အဖြစ် ပြောင်းလဲခဲ့သည်။ လက်ဖက်ရည်ဆိုင်များတွင် ပြောကြသည်။ မိန်ထိုက်က မကြာခဏလက်ဖက်ရည်ဆိုင်သို့သွား၍ ထိုပုံပြင်များကို နားထောင်လေ့ရှိသည်။

ဟန်ရွှေ့တိုက်ပွဲကို ကိုယ်တိုင်ကြုံခဲ့သူနှင့်ဆုံရသဖြင့် သူဝမ်းသာနေသည်။

ကျောက်ပို ခေါင်းငြိမ့်သည်။

"ဟုတ်ပါတယ်။ ဟန်ရွှေ့မြို့တိုက်ပွဲစဖြစ်တော့ ငါက အကိုလုနဲ့အတူ တိုက်ပွဲနဲ့အနီးဆုံးဖြစ်တဲ့ နယ်စားအိမ်တော်မှာ ရှိနေတာပါ"

"အကိုလုယန်နဲ့ မင်းသိတယ်ပေါ့"

မိန်ထိုက်မျက်လုံးများ အရောင်လက်သွားသည်။ အံ့အားသင့််မှုကြောင့် သူ့လေသံလည်း မြင့်တက်သွားသည်။

လက်ဖက်ရည်ဆိုင်များတွင် လူကြိုက်အများဆုံး အကြောင်းအရာက "တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ"ဇာတ်လမ်းတွဲမှ "လုယန်ပုံပြင်"ဖြစ်သည်။

*****************************************

All Chapters