← Chapters

ငါဘယ်မှာလဲ

Vol. 32 Ch. 480

ငါဘယ်မှာလဲ

Vol. 32 Ch. 480

"မမြင်ဖူးတဲ့ စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေလား"

လုယန်ခေါင်းထဲ မေးခွန်းများပြည့်နေသည်။ သူသိထားသည့်စုစည်းခြင်းကျင့်ကြံသူများက သိပ်မရှိ။ အများစုက သူတို့ဂိုဏ်းဝင်များဖြစ်သည်။ အပြင်လူဟူ၍ စုယီကိုသာဖိတ်ခဲ့သည်။ တစ်ချိုးလူများကို နာမည်လောက်သာသိသည်။

ဥပမာ ခုနကဖြတ်သွာားသည့် ချီထိန်းချုပ်ဂိုဏ်းချုပ်ကို သူမသိ။

သူရထားသည့် "မဟာရှားကူးဖြတ်ခြင်းအဆင့်စာရင်း"တွင် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်များ၏ ကိုယ်ရေးအချက်နှင့် ပန်းချီပုံများရှိပါသည်။ သို့သော် အလုပ်များနေ၍ သူမကြည့်ဖြစ်။

ယွမ်ကျိစကားက နတ်မယ်လိုမဟုတ်။ ယုံကြည်စိတ်ချရသည်။ ထို့ကြောင့် သူအလေးအနက်စဉ်းစားနေသည်။

"တစ်ကိုယ်တော်သီးခြားကျင့်ကြံသူတွေများလား"

ဥပမာ စုယီ(ရန်)သည် အပြင်လောကသို့ထွက်ခဲသည်။ သူ့ကိုသိသူ သိပ်မရှိ။

ယွမ်ကျိခေါင်းခါသည်။

"သီးခြားကျင့်ကြံတဲ့လူအများစုကို ငါသိတယ်။ ငါမတွေ့ဖူးတဲ့လူတွေအားလုံး ဒီကိုရောက်နေတာမျိုးတော့ မဖြစ်နိုင်ဘူး"

လုယန် မျက်မှောင်ကျုံ့သွားသည်။ တကယ်ထူးဆန်းနေသည်။ စုစည်းခြင်းအဆင့်များ ရုတ်တရက်ပေါ်လာသည်။ မိတ်ဆွေလား ရန်သူလား ခွဲခြားမရ..။

ရန်သူဆိုလျှင်...

တာအိုလမ်းစဉ်ဂိုဏ်းကို တိုက်ခိုက်ဖို့လား။ အရူးတစ်ယောက်သာ ထိုသို့တွေးလိမ့်မည်။

မိတ်ဆွေဆိုလျှင်....

ဘာကြောင့်် မဖိတ်ခေါ်ဘဲ လာသလဲ။

ထိုစုစည်းခြင်းကျင့်ကြံသူများ၏ သဘောထားကို သူနားမလည်။

"စုစည်းခြင်းအဆင့်တွေတင်မကဘူး။ ကူးဖြတ်ခြင်းအဆင့် သုံးလေးယောက်လည်း ပါတယ်။ သူတို့လည်း လူစိမ်းတွေပဲ"

လုယန် လန့်သွားသည်။ ကိစ္စက ပေါ့သေးသေးမဟုတ်။

"သူတို့ကိုဖမ်းပြီး မေးကြမလား"

လုယန် အကြံပြုသည်။ လူမှားဖမ်းမိလျှင်လည်း သူကယာယီဂိုဏ်းချုပ်ဖြစ်၍ တောင်းပန်လိုက်ရုံသာရှိသည်။

"ကောင်းပြီလေ"

ယွမ်ကျိ လုယန်အကြံကို လက်ခံသည်။

သစ်သားဆိုင်းဘုတ်တစ်ခု သူတို့လမ်းကို ပိတ်ထားသည်။

"အထဲမဝင်ခင် အသက်အောင့်ထားပါ"

"ဒီဆိုင်းဘုတ် အရင်က ဒီမှာမရှိဘူးမဟုတ်လား"

လုယန် တွေးမရဖြစ်နေသည်။ သူတို့ ပွဲတော်ထဲတွင် တစ်ပတ်ပြည့်လုနီးပါး လျှောက်ခဲ့သည်။

"ဒါက ဆဋ္ဌမအကြီးအကဲရဲ့ ဆိုင်းဘုတ်ပါ"

ထိုဆိုင်းဘုတ်ကို ယွမ်ကျိမြင်ဖူးသည်။ အကြီးအကဲထောင်ယာဖြစ်ကြောင်း တန်းသိသည်။

လုယန်နားလည်သွားသည်။ သို့ဆိုလျှင်တော့ သဘာဝကျသည်။

ပွဲတော်လာတက်သူအားလုံးက ပါရမီရှင်များ၊ အဆင့်မြင့်စွမ်းအားရှင်များဖြစ်သည်။ အသက်အောင့်သည့်အလုပ်က အသေးအဖွဲသာဖြစ်သည်။

အကြီးအကဲထောင်ယာရှိနေလည်း အနှောက်အယှက်မဖြစ်။

သိပ်မကြာမီ ထောင်ယာကို သူတိုနှစ်ယောက် တွေ့ရသည်။ လော်ဟုန်ရှား ငါးမျှားသည့်နေရာတွင် ရှိနေသည်။

လော်ဟုန်ရှားနှင့်ထောင်ယာသည် မိတ်ဆွေရင်းများဖြစ်သည်။ ပွဲတော်ကိုအကြောင်းပြု၍ စကားပြောခွင့်ရနေကြသည်။

တကယ်အသံထွက်ပြောနေသည်မဟုတ်သော်လည်း စကားပြောနေသည့်အမူအရာများ ပေါ်လွင်နေသည်။

ဆရာနှစ်ယောက်နောက်သို့ လိုက်လာသည့် လန်ထင်နှင့် ထောင်ယော်ယဲ့လည်း သိစိတ်အာရုံမှ စကားပြောနေကြသည်။

"နန်းတော်သခင်လော်"

"တာအိုရှင်ယွမ်"

အချင်းချင်း လက်ဆုပ်ဂါရဝပြုကြသည်။

"လုယန်၊ ချင်းကျိုးပွဲပြီးကတည်းက မတွေ့ဖြစ်ဘူး။ အတော်ကြာပြီနော်"

လန်ထင်က ရင်းနှီးစွာ နှုတ်ဆက်သည်။

"ညီမထောင်ယော်နဲ့ အချင်းချင်းသိနေကြတာလား"

ထိုနှစ်ယောက် ပြုံးရွှင်ရယ်မောနေသည်ကို လုယန်သတိထားမိသည်။ အတော်ရင်းနှီးကြသည့် ပုံစံမျိုးဖြစ်သည်။

နှစ်ယောက်လုံးက မိုးကျနတ်မယ်များဖြစ်သည်။ စိတ်သဘောထားချင်း အတ်ောတိုက်ဆိုင်ပုံရသည်။

"နန်းတော်သခင်လော်မှာ ကျွန်မထက်မနိမ့်တဲ့ ပါရမီထူးရှင်တပည့်တစ်ယောက် ရှိတယ်လို့ ကျွန်မဆရာ အရင်ကတည်းကပြောပါတယ်။ ဒီနေ့မှ သူနဲ့တွေ့ဖြစ်တာပါ"

ထောင်ယော်ယဲ့က လုယန်နှင့်လန်ထင် သိပ်နီးကပ်မနေအောင် လန်ထင်လက်ကို လှမ်းဆွဲ၍ ဘေးသို့ခြေနှစ်လှမ်းခွာလိုက်သည်။

လန်ထင်က အလိုက်သင့်ပြန်ပြောသည်။

"ကျွန်မက အမထောင်ကို ချက်ချင်းခင်သွားတာပါ။ သူက ကျွန်မပုံကိုတောင် သူ့အိပ်မက်ပုံရိပ်မှာ ထည့်သုံးချင်နေတဘ်"

ထောင်ယော်ယဲ့ တခစ်ခစ်ရယ်၍ လန်ထက်လက်အောင်းကို လှုပ်လိုက်သည်။

"အိပ်မက်ရေပွက်ပုံရိပ်ထဲမှာ ကျင့်ကြံသူမိန်းမလှတစ်ယောက် ထည့်ချင်နေခဲ့တာ ကြာပါပြီ။ ဒီနေ့ အမလန်ထင်ကိုတွေ့တော့ သူ့အလှ‌ကြောင့် ကျွန်မအံ့အားသ့်သွားတယ်။ သူက ဇာတ်လမ်းထဲထည့်ဖို့ ကွက်တိပဲ"

"အမထောင်က မြှောက်နေပြန်ပါပြီ။ အမက ကျွန်မထက် အများကြီးပိုလှပါတယ်။ ကျွန်မမှာ ပြစရာဆိုလို့ ကျင့်စဉ်စွမ်းအားပဲရှိတယ်"

ထိုနှစ်ယောက်ကြားတွင် သိမ်မွေ့သည့်တင်းမာမှုတစ်ခုရှိနေသည်ကို လုယန်ခံစားမိသည်။ သို့သော် ထောက်မပြတတ်သဖြင့် အသံတိတ်နေလိုက်သည်။

ယွမ်ကျိက လော်ဟုန်ရှားခြေရင်းမှ အလင်းချုပ်သေတ္တာကို သတိထားမိသည်။

"နန်းတော်သခင်လော်။ ဒီသေတ္တာကို ဘာအတွက်သုံးနေတာလဲ။ ရှင့်အလုပ် ပြီးသွားပြီလား"

လော်ဟုန်ရှား ခဏစဉ်းစားသည်။ ကျင့်ကြံသူလောကမှ နာမည်ကျော်အကြီးအကဲအများစု ဤသေတ္တာထဲ ရောက်နေပြီဖြစ်သည်။ အလုပ်ပြီးပြီဟု ဆိုနိုင်သည်။

"ပြီးပါပြီ"

"ဒါဆို ကျွန်မငှားလို့ရမလား"

ထိုအလင်းချုပ်သေတ္တာသည် မမြင်ဖူးသည့် စုစည်းခြင်းအဆင့် ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူများကို ဖမ်းဆီးဖို့ အသင့်တော်ဆုံးဖြစ်သည်။

"ဒါက.."

လော်ဟုန်ရှား အခက်တွေ့သွားသည်။ ဤသေတ္တာသည် လသံလွင်နန်းတော်မှ ရတနာဖြစ်သော်လည်း မသေမျိုးဂိုဏ်းငါးဂိုဏ်းကြားတွင် ရတနာများ အပြန်အလှန်ငှားရမ်းလေ့ရှိကြသဖြင့် ငြင်းဖို့ခက်နေသည်။

သူလိပ်ပြာမလုံ။ တာအိုလမ်းစဉ်ဂိုဏ်းနယ်မြေတွင် ပွဲလာတက်သည့်စွမ်းအားရှင်များကို သူတို့အကျဉ်းချထားသည်။ ထိုသတင်းပေါက်ကြားသွားလျှင် အခြေအနေဆိုးဝါးသွားနိုင်သည်။

ထို့ပြင် ယွမ်ကျိက သူ့ရှေ့ရောက်နေပြီဖြစ်သည်။ အကျဉ်းသားများကို အခုမှလွှတ်ပေးဖိုလည်း အချိန်မမီတော့။

ငြင်းစရာအကြောင်းပြချက် ရှာမရသဖြင့် သေတ္တာကို စိတ်မပါ့တပါ ငှားလိုက်ရသည်။

"ကျေးဇူးပါ နန်းတော်သခင်"

ယွမ်ကျိ ဦးညွှတ်အရိုအသေပြု၍ လက်ညှိုးကို ဖျတ်ခနဲခါလိုက်သည်။ သေတ္တာက လေထဲသို့ လွင့်ပျံတက်လာသည်။

"ရှောင်လု သွားစို့"

ယွမ်ကျိ ခေါ်သံကြားမှ လုယန်စိတ်သက်သာရာရသွားသည်။ မိန်းမလှနှစ်ယောက်ကို နှုတ်ဆက်၍ နောက်မှအမြန်လိုက်သွားသည်။

......

သခင်စစ်ဝမ်ယွဲ့ ဆိုင်တစ်ခုရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ ပစ္စည်းများကို သေချာစစ်ဆေးနေသည်။

နိုင်ငံ့ဆရာညွှန်ကြားချက်ဖြင့် ပွဲတော်အကြောင်းလာစုံစမ်းရင်း ထင်မှတ်မထားသည့် ပစ္စည်းတစ်ခု သူတွေ့သည်။

"ဒါကို စိတ်ဝင်စားလား"

လယ်သမားတစ်ယောက်နှင့်တူသည့် ဆိုင်ရှင်အဘိုးအိုက ပြုံးရွှင်သည့်မျက်နှာဖြင့် စင်ပေါ်မှ စာအုပ်တစ်အုပ် ဆွဲယူလိုက်သည်။

"ဒီစာအုပ်ဟောင်းကို လျှို့ဝှက်နယ်မြေတစ်ခုမှာတွေ့တာပါ။ ဒီစာအုပ်ထဲမှာ ဆေးတစ်ရာဘုရင်လို့ခေါ်တဲ့ ကောင်းကင်ရုံးတော်ဂိုဏ်းဝင်တစ်ယောက်အကြောင်း မှတ်တမ်းတင်ထားတယ်။ ခင်ဗျားစိတ်ဝင်စားရင် ဝိညာဉ်ကျောက်ရှစ်သိန်းနဲ့ ရောင်းပါမယ်။

ဝမ်ယွဲ့ စိတ်ဝင်စားသွားသည်။ ကောင်းကင်ရုံးတော်ဂိုဏ်း ရုတ်တရက်ပေါ်လာသဖြင့် နိုင်ငံ့ဆရာ အခက်တွေ့နေသည်။ ဤစာအုပ်သည် အရေးကြီးသဲလွန်စတစ်ခု ဖြစ်နိုင်သည်။

စုစည်းခြင်းကျင့်ကြံသူတစ်ယောက်အတွက် ဝိညာဉ်ကျောက်ရှစ်သိန်းသည် သိပ်မများလှ။

စာအုပ်က အတုဖြစ်နေမည်ကို သူမစိုးရိမ်ပါ။ မည်သို့ဆိုစေ ဤနေရာသည် တာအိုလမ်းစဉ်ဂိုဏ်းနယ်မြေဖြစ်သည်။ ပစ္စည်းအတုရောင်းလျှင် ဂိုဏ်းနှင့် ထိပ်တိုက်တွေ့လိမ့်မည်။

"ဝယ်မယ်"

ဝမ်ယွဲ့ တုံ့ဆိုင်းမနေတော့ဘဲ မှော်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်ရှစ်သိမ်းကို ဆိုင်ရှင်၏မှော်လက်စွပ်ထဲ လွှဲပေးလိုက်သည်။

စာအုပ်ကိုယူရန် လက်လှမ်းလိုက်ချိန်တွင် အလင်းတန်းတစ်ခု သူ့ကိုလွှမ်းခြုံးသွားပြီး သေတ္တာထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

"ဘုတ်"

စာအုပ်က မြေပြင်ပေါ်ကျသွားသည်။

"တူမယွမ်၊ မင်းဘာတွေလုပ်နေတာလဲ"

လောင်ပါးက ယွမ်ကျိကို တအံ့တဩ လှမ်းကြည့်သည်။

"အမယွမ်ကသူ့ကို မေးစရာနည်းနည်းရှိလို့ပါ"

လုယန်က ယွမ်ကျိကိုယ်စား အဆင်ပြေအောင် ဖြေသည်။

ဝမ်ယွဲ့ အူတူတူမျက်နှာဖြင့် ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ ဘယ်လိုဖြစ်သွားသည်ကို သူနားမလည်။

စာအုပ်ဝယ်နေရင်း ဤနေရာသို့ ရုတ်တရက်ရောက်လာသည်။

ထို့ပြင်...

ဘာကြောင့် လူပေါင်းများစွာရှိနေသည်မသိ။

စွမ်းအားမြင့်ကျင့်ကြံသူနှစ်ယောက်က သွားဖြဲ၍ သူ့ကိုကြည့်နေသည်။ လက်ဆစ်များအကြောဆန့်ရင်း တဖြေးဖြေးတိုးကပ်လာသည်။ ကရုဏာရိပ်လွှမ်းသည့် ဘုန်းကြီးအိုတစ်ယောက်ထံမှ ပြင်းထန်သည့်လူသတ်ရိပ်ပေါ်နေသည်။

အဝေးတစ်နေရာတွင် အညိုအမည်းစွဲ၍ ပုံပျက်ပန်းပျက်ဖြစ်နေသည့် ကျင့်ကြံသူတစ်စု မြေပေါ်တွင်လဲကျလျက် အော်ဟစ်ညည်းညူနေကြသည်။

ဝမ်ယွဲ့ တုန်လှုပ်သွားသည်။

သူဘယ်နေရာရောက်နေသည်မသိ။

"မင်းသူ့ကိုသိလား"

ချိုးကျင်အန်း တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ ဝမ်ယွဲ့ကို သူမမြင်ဖူး"

"ဘယ်သူဖြစ်ဖြစ်ကွာ။ တာအိုရှင်လော်က သူ့ကို ဒီထဲထည့်လိုက်တာပဲ။ ငါတို့ကို လှောင်ပြောင်ဖို့ ရောက်လာတဲ့ကောင်ပဲ ဖြစ်မှာပေါ့။ သူ့ကိုရိုက်တာ မမှားနိုင်ပါဘူး"

ယန်တိန့် ရိုးရိုးရှင်းရှင်း သုံးသပ်သည်။

"ဟုတ်ပါတယ်လေ"

***********************************

All Chapters