← Chapters

ကြောက်စရာ ကောင်းသော ပူးပေါင်း တိုက်ခိုက်မှု

Vol. 3 Ch. 299

ကြောက်စရာ ကောင်းသော ပူးပေါင်း တိုက်ခိုက်မှု

Vol. 3 Ch. 299

ကမ္ဘာပေါ်ရှိ မည်သူမဆို သူတို့ ငါးယောက်ပေါင်း တိုက်ကွက်ကို ရင်ဆိုင် အနိုင်ယူနိုင် လိမ့်မည် မဟုတ်ပေ။ အခြား လေးယောက်မှာ သီးဆပ်ကဲ့သို့ အစွမ်း မထက်သည့်တိုင် သူတို့၏ စွမ်းအားကလည်း အားမနည်းပေ။

သို့သော် ချန်းပေ့ရွှမ်းက သူတို့ ပူးပေါင်းမှုကို ဂရုမစိုက်ဘဲ ထိပ်တိုက် ရင်ဆိုင်လိုဟန် ရသည်။

"ချန်းပေ့ရွှမ်း … မင်းက အရမ်း လျှော့တွက် လွန်းနေပြီ …"

ပါ့ချွန်ဟွမ်က ပြောရင်း သူ့ခန္ဓာကိုယ်အား လေထဲသို့ ပျံတက်စေသည်။ ထို့နောက် ကျိုင်းကောင်တလား ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ချန်းဖန်အား ဆက်တိုက် ကန်လိုက်သည်။ အကယ်၍ တိုက်ကွမ်ဒို ဖိုက်တာ တစ်ယောက်သာ ထိုတိုက်ခိုက်မှုအား မြင်လျှင် ချက်ချင်းပင် ဒူးထောက်ကာ အရှုံးပေး လိမ့်မည် ဖြစ်၏။

"ဟမ့် …"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း လက်ဖြင့် ပျင်းရိစွာ တားဆီး လိုက်သည်။ သူ့တွင် အဇူရာ သက်ရှည် ခန္ဓာကိုယ်ရှိရာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု တိုင်းက သူ့အား မခြိမ်းခြောက် နိုင်ပေ။

ပါ့ချွန်ဟွမ်က လေထဲတွင်ပင် ချန်းဖန်၏ လက်ကို ယိမ်းနွဲ့ ရှောင်တိမ်းကာ ချန်းဖန်၏ လက်ပင်းအား သူ၏ ခြေထောက်ဖြင့် တိုက်ခိုက်ရန် ကြိုးစားသည်။

သူ၏ ပေါင်မှ ကြွက်သားများက အလိုက်သင့် ကခုန်ကာ သူ၏ တိုက်ခိုက်မှုကို ပိုမို ထိရောက်ရန် ထောက်ပံ့၏။ အမှန်တရား လေးပါး အော်ရာက သူ၏ ဘေးတွင် ပေါ်ထွက်လာကာ သူ၏ အားနည်းသည့် နေရာများကို ကာကွယ်သည်။ ပါ့ချွန်ဟွမ်မှာ ခန္ဓာကိုယ် သန့်စင်ခြင်းနှင့် အတွင်းအား လေ့ကျင့်ခြင်း နှစ်ခုစလုံး၌ အထွတ်အထိပ် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှု များမှာ ရှေးဟောင်း မွေထိုင်းနှင့် ယောဂကျင့်စဉ် နှစ်ခုအား ရောစပ်ထားသည်။

ပါ့ချွန်ဟွမ် လေထဲတွင်ပင် တိုက်ကွက် ပြောင်းနေတုန်း မှာပင် စိန်နက်က မုန်းတိုင်းတစ်ခု အလား ချန်းဖန်ထံ တိုးဝင်သည်။

ထို လူမည်းကြီးမှာ နှစ်မီတာခန့် ရှည်ပြီး ထုံရှန်းကဲ့သို့ ကြီးမား ကြံ့ခိုင်သည့် ကိုယ်ကာယ ရှိသည်။ သူ အာဖရိက မြောက်ပိုင်း စစ်မြေပြင်တွင် ရှိစဉ်က တစ်ဖက် ရန်သူများက သူ့အား စက်သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ် ခဲ့ဖူးခဲ့သည်။ သို့သော် ထိုကျည်ဆန် များက သူ၏ ကြွက်သားထုအား မထိုးဖောက် နိုင်ခဲ့ပေ။

ထိုအရာက သူ၏ မွေးရာပါ စွမ်းအား ဖြစ်သည်။ သူ့အနေဖြင့် ခန္ဓာကိုယ် သန့်စင်သည့် ပညာရပ် တစ်ခုမျှပင် မကျင့်ကြံဖူး သည့်တိုင် ခန္ဓာကိုယ် သန့်စင်သည့် အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက် အလား အစွမ်း ထက်သည်။

အကယ်၍ သူသာ ကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်စားခဲ့မည် ဆိုပါက လဲ့ချန်းကျွယ်ပင် သူ့အား ယှဉ်နိုင်မည် မဟုတ်ပေ။

စိန်နက်ကား တင့်ကားတစ်စီး အလား ချန်းဖန်ထံ တဇွတ်ထိုး တိုးဝင် လာတော့သည်။

"သေချင် နေတာပဲ …"

ချန်းဖန်မှာ ထိုတိုက်ခိုက်မှု နှစ်ခု အကြား၌ တည်ငြိမ်စွာပင် ရှိနေသေးသည်။ သူက လက်တစ်ဖက်ကို လှုပ်ရှားကာ အဇူရာ ဓားအော်ရာအား ဖော်ထုတ်သည်။

ပါ့ချွန်ဟွမ်က သူ၏ ကြွက်သားများကို ကျွမ်းကျင်စွာ ထိန်းချုပ်ရင်း သူ၏ ပစ်မှတ်ကို လည်ပင်းမှ နောက်ကျောကို ပြောင်းလဲလိုက်၏။

သူက မြွေတစ်ကောင် ကဲ့သို့ ပျော့ပျောင်းစွာ ယိမ်းနွဲ့ရင်း ချန်းဖန်၏ နောက်ကျောဘက်သို့ တွန့်လိမ်ရင်း ဓားတစ်ချောင်းကို ဆွဲထုတ် လိုက်သည်။

ချန်းဖန်အား ရှေ့နှင့်နောက် နှစ်ဖက် ညှပ်၍ တိုက်ခိုက်ခြင်းအား ရင်ဆိုင် နေရပြီ ဖြစ်၏။ သူ၏ ရှေ့တွင်မူ မုန်တိုင်းတစ်ခု ကဲ့သို့ ပြေးဝင် လာသော စိန်နက်ရှိပြီး အနောက်တွင်မူ ပါ့ချွန်ဟွမ်က ဓားဖြင့် ထိုးစိုက်ရန် ကြိုးစား နေခဲ့သည်။

ထိုအချိန်မှာပင် အိုဂါကလည်း သူ၏ လက်ကို ပုတ်ကာ ပတ္တမြားကဲ့သို့ နီရဲနေသည့် မီးတောက်ကို ပစ်လွှတ်လိုက်၏။ ထိုမီးတောက်က လေထဲတွင်ပင် လိမ္မော်နှင့် အနီရောင်တို့ ပေါင်းစပ်ကာ ကခုန်၍ ချန်းဖန်ထံ တိုးဝင်လာ၏။

အနီမိန်းမပျို အိုဂါမှာ သူမ၏ မီးဒြပ်စင် စွမ်းအားကြောင့် အလွန် ထင်ရှားသည်။ သူမ ထိန်းချုပ်သော မီးတောက်က စတီးကိုပင် ဖြတ်တောက် နိုင်သည် ဆိုကြသည်။ သံချပ်ကာ ကားများ ပင်လျှင် သူမ၏ တိုက်ခိုက်မှု အောက်၌ မီးလောင်ကာ ပျက်စီးရသည်ဟု ကောလာဟလများ ရှိသည်။

မိုးကြိုးဘုရင် ဇိုရိုကလည်း အိုဂါနှင့် ထပ်တူညီစွာ ရွေ့လျားရင်း လျှပ်စီးများကို ဆင့်ခေါ်သည်။

ဇိုရိုမှာ ဟောင်ဂိုဏ်း၏ ခေါင်းဆောင် ခုနစ်ယောက် ထဲတွင် အငယ်ဆုံး ဖြစ်သည်။ သူ၏ မိုးကြိုးနှင့် လျှပ်စီးကို ထိန်းချုပ် နိုင်စွမ်းက အရှင်သခင်များ ထဲတွင်ပင် ရှားပါးသည့် စွမ်းအား ဖြစ်သည်။

သူ၏ မျက်လုံးက လျှပ်စီးများ အလား တောက်ပနေပြီး သူ၏ ရွှေရောင် ဆံနွယ်များက လေထဲတွင် ယိမ်းနွဲ့သည်။ သူ၏ လက်တွင် လျှပ်စီး အလင်းက လျင်မြန်စွာ ဖွဲ့တည်လာပြီး ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်၏။

သူက လျှပ်စီးအလင်းကို ညင်သာစွာ တွန်းလွှတ် လိုက်သည်နှင့် ထိုအရာက ချန်းဖန်ထံ မိုးကြိုးတစ်ခု အလား ဝင်ရောက်လာသည်။ သူ၏ တိုက်ခိုက်မှုက နောက်ဆုံးမှ ဖြစ်သည့်တိုင် ချန်းဖန်ထံသို့ အလျင်မြန်ဆုံး ရောက်ရှိလာသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ လေးယောက်၏ တိုက်ခိုက်မှု များက ချန်းဖန်ထံ ရောက်ရှိလာသည်။ နှစ်ပိုင်းများစွာ ကျင့်ကြံခဲ့ခြင်း များက ထက်ရှသော အမြင်နှင့် လုံလောက်သော ဆုံးဖြတ်ချက်ကို ပေးသည်။ ထို့ကြောင့် သူတို့လေးယောက်မှာ လေ့ကျင့် မထားသည့်တိုင် စည်းချက်ညီညီ တိုက်ခိုက်နိုင်ခြင်း ဖြစ်၏။

"အ …"

ဇိုရို၏ တိုက်ခိုက်မှုက ချန်းဖန်အား အနည်းငယ် တုန်လှုပ် သွားစေခဲ့သည်။ ထိုလျှပ်စီးက သူ့ခန္ဓာအား တိုက်ရိုက်ထိကာ ပျောက်ကွယ် ပျက်စီးသွား၏။ အကယ်၍ ချန်းဖန်တွင်သာ အဇူရာ သက်ရှည် ခန္ဓာကိုယ် မရှိခဲ့လျှင် အတော်လေး ဒုက္ခ တွေ့လောက်သည်။

ထိုအခိုက်မှာပင် ပါ့ချွန်ဟွမ်၏ ဓားမြှောင်က ချန်းဖန်၏ နောက်ကျောသို့ ထိုးဖောက်သည်။

သူ၏ ဓားမှာ တစ်ဆယ် စင်တီမီတာ ထူသော စတီးတိုပင် ထိုးဖောက်နိုင်စွမ်း ရှိသည်။

သို့သော် ထိုဓားက ချန်းဖန်၏ အရေပြားနှင့် ထိတွေ့သည်နှင့် တုန်ခါကာ နောက်သို့ ပြန်ကန်သည်။ အဇူရာ အလင်းတစ်ခုက ချန်းဖန်၏ ကိုယ်တွင် လင်းလက်နေကာ ထိုတိုက်ခိုက်မှုအား ခွန်အား မဲ့စေသည်။

"ဒါက ဘယ်လို ခန္ဓာကိုယ် မျိုးလဲ။ သူ့ရဲ့ ခန္ဓာကိုယ်က စတီးနဲ့ လုပ်ထား ရင်တောင် ဓားက ထိုးဖောက် နိုင်ရမှာလေ"

ပါ့ချွန်ဟွမ်မှာ အလွန် ထိတ်လန့် သွားသည်။

ချန်းဖန်မှာ ခန္ဓာကိုယ် သန့်စင်သည့် အထွတ်အထိပ် အဆင့် တစ်ယောက်မှန်း အချက်များ အရ သူသိပြီး ဖြစ်သည်။ ထိုဓားက သူသေချာစွာ ပြင်ဆင် လာခဲ့သည့် လက်နက် ဖြစ်သည်။ ထိုအရာက အဖြိုက်နက်ကို ရောစပ် ပြုလုပ်ထားသည့် သတ္တုစပ် လက်နက် ဖြစ်သည်။

သို့သော်လည်း ထိုလက်နက်က ချန်းဖန်၏ အရေပြားကိုပင် မထိုးဖောက် နိုင်ချေ။

ပါ့ချွန်ဟွမ် နောက်သို့ ပြန်ကန်သွားစဉ် မှာပင် စိန်နက်၏ ကိုယ်လုံးက ချန်းဖန်အား မုန်တိုင်း တစ်ခုအလား ဝင်ရောက် တိုးဝှေ့သည်။

ချန်းဖန်၏ မျက်လုံးက အေးစက်သွားကာ မြေပြင်ကို အားယူ၍ ထိုလူသန်ကြီးအား ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ထိုတိုက်ပွဲက မပျက်စီးနိုင်သော ခန္ဓာကိုယ် နှစ်ခုကြားမှ တိုက်ပွဲပင်။

ပခုံး ပခုံးချင်း …

ခန္ဓာကိုယ် ခန္ဓကိုယ်ချင်း…

လူတိုင်းမှာ ထိုမြင်ကွင်းအား မျက်တောင်ပင် မခတ်ဘဲ ငေးမော နေခဲ့ကြ၏။

ဘုန်း…

ချန်းဖန်၏ ပခုံးက စိန်နက်၏ ရင်ဘတ်အား ဖောက်ဝင်သည်။

"အား …"

စိန်နက်က ကျယ်လောင်စွာ အော်မြည်ရင်း နောက်သို့ ပြန်ဆုတ်သည်။ သူ၏ လက်တစ်ဖက် ကမူ ပေါက်ထွက် သွားသော ရင်ဘတ်အား နာကျင်စွာ ပိတ်ထားသည်။

စိန်နက်မှာ သူ၏ စွမ်းအားများ နိုးထလာချိန်မှ စ၍ အာဖရိကအား ပြိုင်ဘက်ကင်းစွာ လွှမ်းမိုးခဲ့သည်။ သူက ငယ်စဉ် အခါတွင်ပင် ဆင်များ၊ ခြင်္သေ့များနှင့် တိုက်ခိုက် နိုင်အောင် သန်မာခဲ့သည်။

သို့သော် သူ၏ အလွန် သန်မာသော ခန္ဓာကိုယ်ကား ဆယ်ကျော်သက် တစ်ယောက်ရှေ့၌ ခွန်အားမဲ့သည်။

"သူက မထင်မှတ် ထားလောက်အောင်ပဲ …"

ဇိုရို၊ အိုဂါ နှင့် ပါ့ချွန်ဟွမ်တို့၏ မျက်နှာများ ဖြူရော်သွားသည်။

စိန်နက်နောက်သို့ လွင့်စဉ်သွားစဉ် မှာပင် အိုဂါ၏ မီးတောက်က အိုဂါ၏ မီးတောက်က ချန်းဖန်၏ မျက်နှာကို ဟပ်ကာ တိုက်စားရန် ပြင်သည်။

ချန်းဖန်က ပါးစပ်ဟရင်း ထိုမီးတောက်အား ပါးစပ်တွင်း စုပ်ယူလိုက်သည်။ ထိုအရာက သူ၏ ရွှေရောင်လီ မီးတောက်မျက်လုံး အတွက် အာဟာရ တစ်ခု ဖြစ်သွားလိမ့်မည်။

လူတိုင်း၏ မျက်နှာများက ဖြူရော်ကာ မယုံကြည် နိုင်အောင် ဖြစ်နေ ခဲ့ကြသည်။ သူတို့ ရင်ဆိုင် နေရသည့် လူငယ်မှာ တွေ့ဖူးသမျှ အားလုံးထဲတွင် အသန်မာဆုံး ဖြစ်သည်ဟု သူတို့အားလုံး စိတ်ထဲမှ တွေးလိုက် မိကြသည်။

ပို၍ ဆိုးသည်က ထိုလူငယ်မှာ ယခုထိ တစ်ချက်မှ မတိုက်ခိုက်ရ သေးခြင်းပင်။

"သူက တကယ်ပဲ နံပါတ်တစ် နေရာနဲ့ ထိုက်တန်တယ် …"

သီးဆပ်ကလည်း ရေရွတ်လိုက်၏။

ဇိုရိုကလည်း ရွှေရောင် အလင်း တစ်ခုကို ဆင့်ခေါ်ကာ သူ၏ ခံစစ်ကို ပြင်ဆင်သည်။ သူ့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရန် မဝံ့ရဲတော့ပေ။ သူတို့ ငါးယောက် ပေါင်းစပ်မှုဖြင့် ချန်းပေ့ရွှမ်းအား အနိုင်ရရန် မမျှော်လင့် ခဲ့သည့်တိုင် ယခုကဲ့သို့ ဖြစ်ပျက် လိမ့်မည်ဟု မထင်ခဲ့ချေ။

ပန်းခြံထဲမှ ခပ်လှမ်းလှမ်း တစ်နေရာတွင် ရှိနေခဲ့သော စုံတွဲမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်သေ သေနေခဲ့၏။

မီးတောက်များ၊ လျှပ်စီးများ၊ သားရဲတစ်ကောင် ကဲ့သို့ လူမည်းကြီး၊ မြွေတစ်ကောင် အလား ပျော့ပျောင်းသောလူ …

အားလုံးမှာ ရုပ်ရှင်ထဲတွင်သာ သူတို့ မြင်ဖူးသော အရာဖြစ်သည်။ ထို့ထက် ပိုသည်က ထိုမျှ ကြမ်းတမ်း ရက်စက်သော လူများ၏ အလယ်တွင် ရှိသော လူငယ်က တည်ငြိမ် အေးစက် နေခြင်းပင်။

ဂါး …

စိန်နက်က ကျယ်လောင်စွာ အော်ဟစ်ရင်း မြေပြင်အား ကြမ်းတမ်းစွာ နင်းလိုက်၏။ သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲကာ ကြီးမားသော လက်မောင်းများ၊ သွေးကြောများ၊ ကြွက်သား များက ထင်ရှားစွာ ပေါ်ထွက်လာသည်။ သူကား အစစ်အမှန် သားရဲတစ်ကောင် အလားပင်။

"ဒီကောင်ကြီးက နောက်တစ်ကြိမ် ရှုံးချင်နေတာလား"

ပြောနေစဉ်မှာပင် အိုဂါ၏ မျက်လုံးက မီးတောက်များဖြင့် ပိုမို တောက်ပလာသည်။

မီးတောက်များက သူမ၏ ခန္ဓာကိုယ်တွင် ကခုန်နေကာ သူမ ခြေဖဝါးအောက် မြေပြင်ရှိ မြက်ခင်း အစိုကို ပြာကျစေသည်။

မီးများ ဝန်းရံကာ ရပ်တန့်နေသော သူမ၏ အသွင်အပြင်ကား မီးနတ်ဘုရား တစ်ပါးကဲ့သို့ပင်။

***

All Chapters