အစ်ကိုယွမ် ... မင်းလုံးဝ သင်ယူခွင့်မရှိဘူး ... ။
Vol. 35 Ch. 417
သခင်နှင့် ကျွန်သည် ထွက်ပေါက်ကို မြင်လိုက်သကဲ့သို့ ချက်ချင်း လှည့်ကြည့်လိုက် တော့သည်။ မဟုတ်သော် စုရီမာနအောက်တွင် ဆက်ပြောစရာ စကားလုံးမဲ့နေမည်ဖြစ်၏။
ထိုအချိန်တွင် ကျန်းဖူသည် လေထုအလယ် ပျံဝဲနေပြီး၊
“ ငါတကယ် တောင်းပန်ပါတယ် ... ငါစွမ်းအားကို ထိန်းချုပ်နိုင်မှု လွတ်သွားပြီး မင်းကို သတ်လုနီးပါးဖြစ်သွားတယ်။ ”
-ဟု တောင်းပန်လိုက်သည်။
ထျန်မိသားစု မဟာအကြီးအကဲခမျာ ရှက်လွန်းသဖြင့် သေချင်သွားသည်။ သူ့ကိုယ်သူ ပုန်းအောင်းရန် ရေကန်ထဲ နစ်မြုပ်ချင်နေ၏။
ရုတ်တရက် ရပ်ကြည့်နေသူများထဲမှ တစ်စုံတစ်ယောက်သည် သည်းမခံနိုင်တော့ဘဲ၊
“ သခင်လေး ... ၊ မနေ့ညက အကြီးအကဲဟွာတျန်ကို သတ်တဲ့လူက မင်းလားလို့ ငါမေးပါရစေ။ ”
-ဟု စူးစမ်းလိုက်သည်။
ထိုမေးခွန်းက လူအုပ်ကြီး၏ အာရုံကို ချက်ချင်း ဖမ်းစားသွားတော့၏။ မနေ့ညတိုက်ပွဲ အပေါ် လူသိပ်မသိလိုက်သဖြင့် မြို့တော်၌ ပဟေဠိဖြစ်နေဆဲပေပင်။
“ ဟမ့် ... တကယ်လို့ ငါသာ သူ့ကိုသတ်ခဲ့တဲ့လူဆိုရင် ငါ့ရဲ့လက္ခဏာကို ဘာလို့ဖုံးကွယ်နေရမှာလဲ။ ”
ကျန်းဖူက မကျေမနပ်ဖြင့် ပြန်ဖြေသည်။ သူ့အသွင်အပြင်အရ ထိုကျောက်စိမ်းရောင်ဝတ် လူငယ်ကို စိန်ခေါ်လိုပုံရနေ၏။
ဝမ်လျူက စိတ်ထဲ ကောက်ကျစ်စွာ ပြုံးလျက် စုရီထံပြန်လှည့်ကြည့်ကာ၊
“ သခင်လေးစု ... ဒီကောင်လေးက မင်းကို သတ္တိမရှိဘူးလို့ ပြောချင်နေပုံပဲ။ ”
-ဟု မီလောင်ရာ လေပင့်ပေးလိုက်သည်။
“ ဟုတ်လား ... ။ ”
စုရီက မျက်ဝန်းများ မှိတ်လျက်မှ ပြုံးကာ၊
“ ဒါပေမယ့် ... ငါ့ရဲ့အသွင်လက္ခဏာကို ဖုံးကွယ်ဖို့ကြိုးစားပေးနေတာ .. မင်းမဟုတ်လား ဒါဆို သူပြောချင်တာ ငါဟုတ်ပုံမရဘူး။ ”
-ဟု တုန့်ပြန်လိုက်တော့၏။
“ ဟား ဟား ဟား ... ။ ”
ဝမ်လျူတစ်ယောက် စကားလုံးများ လည်ချောင်းထဲနင်သွားကာ မျက်လုံးပြူးကျယ် သွားချေပြီ။ လူလတ်ပိုင်းအရွယ်အမျိုးသားက မနေနိုင်တော့ဘဲ ရယ်မောလိုက်၏။
ထိုအချိန်တွင် ကျန်းဖူက လူအုပ်အတွင်း ဝေ့ကြည့်ကာ၊
“ ငါ့နာမည် ကျန်းဖူ၊ ကိုးရက်နေရင် သစ်ခွတာအိုဆွေးနွေးပွဲပါဝင်ဖို့ စီစဉ်ထားတယ် ဝိညာဉ်ထင်ရှားခြင်းအဆင့်က ရှေးဟောင်း ပါရမီရှင်တွေ ဒါမှမဟုတ် ...
... ကူးပြောင်းလာသူတွေ ... စီနီယာတွေ ... ဘယ်သူမဆို မာနကြီးတယ်လို့ ထင်နေရင် ငါဆီ လာနိုင်တယ် ... ငါမင်းတို့ကို မသတ်ဘူးလို့ ကတိပေးတယ်။ ”
-ဟု ကြေငြာလျက် ရိပ်ခနဲ ပျောက်ကွယ်သွားတော့၏။
“ ဒီကောင်လေး … မာနကြီးလွန်းတယ်။ ”
ဝမ်လျူမှ မျက်မှောင်ကြုတ်လိုက်သည်။
“ မင်း ... သူအရိုက်ခံရတာ ကြည့်ချင်လား။ ”
လူလတ်ပိုင်းအရွယ်အမျိုးသားက မေး၏။
“ သဘာဝပါပဲ။ ”
ဝမ်လျူမှ တုန့်ဆိုင်းခြင်းမရှိ ပြန်ဖြေသည်။
“ ငါရောပဲ ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်လျက် နှစ်ဦးသား စုရီထံလှည့်ကြည့် လိုက်ကြသည်။
“ မင်းကော ဘယ်လိုလဲ တာအိုမိတ်ဆွေ။ ”
“ တစ်စုံတစ်ယောက်ကို အနိုင်ကျင့်တာ ငါ့ပုံစံမဟုတ်ဘူး။ ”
( ဒီကောင် ... ။ )
နှစ်ယောက်သား မျက်နှာရှုံ့မဲ့လျက် နှုတ်ဆိတ်သွားတော့သည်။ ကျန်းဖူအမည်မှာ ထိုနေ့မှာပင် မြို့တော်အတွင်း ကျော်ကြား လာခဲ့သည်။
သစ်ခွခြံဝင်းတာအိုဆွေးနွေးပွဲ နီးလာသည်နှင့်အမျှ မျိုးဆက်ဟောင်းများခမျာ ရင်တထိတ်ထိတ်ဖြင့် စိန်ခေါ်သံများကို နားစွင့်လာကြ၏။
မည်သူမဆို မျိုးဆက်သစ် လူငယ်များ၏ ခြေနင်းတုံး မဖြစ်လိုသည်မှာ သဘာဝပေပင်။ သို့သော်ကမ္ဘာကြီး၌ ကြီးမားသည့်ပြောင်းလဲမှု အရိပ်အယောင်များ ပြသနေမှန်း သူတို့အားလုံး သဘောပေါက်ထားကြသဖြင့် သက်ပြင်းချရုံသာ တတ်နိုင်သည်။
ထိုအချိန်တွင် စားသောက်ဆိုင်၏ သီးသန့်ထမင်းစားခန်းထဲတွင် ကူချန်နင်သည် စိတ်မသက်မသာဖြင့် ထမင်းစားနေ၏။
“ အဖွား၊ ဒီကျန်းဖူက ဘယ်သူလဲ သိလား။ ”
“ သခင်လေး လွန်ခဲ့တဲ့ အနှစ်သုံးသောင်းက သံလက်သီးတစ်စုံနဲ့ ဘယ်သူ မိုးပြာတိုက်ကြီးကို စိုးမိုးထားလဲ မှတ်မိလား။ ”
“ အရိုးနတ်ဆိုး ဧကရာဇ်။ ”
“ မှန်တယ် ... မိုးပြာတိုက်ကြီးရဲ့ အရက်စက်ဆုံးနဲ့ မာနအကြီးဆုံး ဧကရာဇ်ဆိုရင် သူပဲရှိတယ် ... သူက ဘယ်ဂိုဏ်းနဲ့မှ မပတ်သက်ဘူး ...
... သူတစ်ယောက်တည်းနဲ့ ကမ္ဘာကြီး တစ်ခုလုံးကို ခြိမ်းခြောက်ဖို့ လုံလောက်တယ်လို့ ခံယူထားတယ်။ ”
ကူချန်နင်တစ်ယောက် ရင်မောသွား၏။
“ ဒါဆို ကျန်းဖူက ... အရိုးနတ်ဆိုး ဧကရာဇ်ရဲ့ တပည့်တစ်ဦးလား ဒါမှမဟုတ် သူ့သားမြေးလား ။ ”
“ သခင်လေး မင်းရဲ့တံဆိပ်တွေကို ဖြည်ဖို့အချိန်ရောက်နေပြီလို့ ငါထင်တယ်။ ”
အဖွားအိုက မေးခွန်းကို ပြန်မဖြေဘဲ သက်ပြင်းချကာ အကြုံပြုလိုက်၏။ ကူချန်နင် တစ်ယောက် တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။
***
လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ဝမ်လျူ ပြန်သွားချိန်တွင် ရုတ်တရက် တစ်စုံတစ်ရာကို စုရီမှ သတိရသွားသည်။
ယွမ်ဟမ်ဖြင့် ယွီရှစ်ချန်ကို ခေါ်စေလျက် ကိုးရက်နေလျှင် သစ်ခွခြံဝင်းတာအို ဆွေးနွေးပွဲ စတင်မည့်အကြောင်း ပြောပြလိုက်သည်။
“ အရင်ကတော့ ငါပါဝင်ဖို့ပါပဲ အခုတော့ မသေချာသေးပါဘူး။ ”
ခန္ဓာကိုယ်အတွင်းရှိ ကျွန်အဆိပ်သည် အပြည့်အဝ ဖယ်ရှားနိုင်ခြင်း မရှိသေးသောကြောင့် ယွီရှစ်ချန်မှ စိတ်ပျက် အားလျော့နေ၏။
“ စိတ်မပူပါနဲ့ ... နောက်ငါးရက်နေရင် မင်းခန္ဓာကိုယ်ထဲမှာ ကျွန်အဆိပ်တွေ ရှိတော့မှာ မဟုတ်ပါဘူး ... မင်းပါဝင်ချင်ရင် ငါကူညီပေးမယ် ...
... ဒီပွဲမှာ ပထမနေရာရဖို့ ကတိ မပေးနိုင်ပေမယ့် ထိပ်ဆုံးအဆင့်ဝင်ဖို့ကိုတော့ သေချာပါတယ် ဘာပဲဖြစ်ဖြစ် အဆင့် သတ်မှတ်ချက်က အရေးမကြီးပါဘူး ...
... အရေးကြီးတာ မင်းရဲ့ဓားတာအို ပိုကောင်းမွန်လာဖို့အတွက် ပြိုင်ဘက်တွေကို ဓားသွေးကျောက်အဖြစ် အသုံးပြုပါ။ ”
ယွီရှစ်ချန်တစ်ယောက် နှုတ်ဆိတ်သွားလေသည်။ ထိုစဉ် စုရီက ကြိမ်ကုလားထိုင်မှ ထရပ်လိုက်ပြီး၊
“ သွားရအောင် ... မြို့ထဲသွားပြီး မင်းအတွက် သင့်လျော်တဲ့ ဝိညာဉ်ဓားတစ်လက် ရနိုင်မလား ကြည့်ရမယ်။ ”
-ဟု ပြောကြားလိုက်၏။
“ ငါ့မှာ ဓားရှိတယ်။ ”
ယွီရှစ်ချန်မှ ငြင်းဆန်လေသည်။ စုရီက လက်ကိုဖြန့်ကာ ဓားတစ်လက် ထုတ်ယူလိုက် ပြီးနောက်၊
“ ဒီဓားကို ဆိုလိုတာလား။ ”
-ဟု ပြန်မေးလိုက်၏။
ဗျက်သုံးလက်မ၊ အလျား သုံးပေနှစ်လက်မနှင့် အနီရောင်မျဉ်းတစ်ချောင်း ပါရှိနေသော ဓားရှည်တစ်လက်ဖြစ်သည်။
ယွီရှစ်ချန်ကို ကယ်တင်ခဲ့စဉ် သူမနှင့်အတူပါရှိလာသော ရတနာအနည်းငယ် အနက်မှ တစ်ခုလည်းဖြစ်၏။
သို့သော် သွေးကြိုးအရောင်သည် မှေးမှိန်နေခဲ့ပြီး အနားနှစ်ဖက်စလုံးတွင် ရူရ်များ အသက်မဲ့နေ၏။
ဤသည်မှာ ဝိညာဉ်တာအိုအဆင့် ဓားတစ်လက်ဖြစ်သည်။ လောကီစံနှုန်းများအရ အဖိုးတန်၏။ သို့သော် သူ့အမြင်တွင် အလယ်အလတ်သာဖြစ်သည်။
ထို့အပြင် ဤဓားသည် တိုက်ပွဲတွင် သူမနှင့်အတူ အချိန်အတော်ကြာအောင် လိုက်ပါ နေခဲ့သည်မှာ ထင်ရှား၏။ စုတ်ပြတ်နေသော ဓား၏အသွင်သည် ထိုအချက်ကို သက်သေပြနေသည်။
မဟာကျိုးမှ ထွက်ခွာလာစဉ် လမ်းတစ်လျှောက်လုံး တောင်နှင့် မြစ်များကို ဖြတ်ကျော်ကာ မြေပြင်တွင် အိပ်စက်ခဲ့၏။
သူမအတွက် နောက်ခံနှင့် အရင်းအမြစ်သည် အကန့်အသတ်ရှိချေပြီ။ မဟုတ်သော် ဤဓားကို အစားမထိုးဘဲ ဆက်၍ ကိုင်ဆွဲနေစရာ အကြောင်း မရှိဟု ပြောနိုင်၏။
ဤသည်မှာ လေလွင့်ကျင့်ကြံသူ တစ်ဦးအတွက် ရက်စက်သော အမှန်တရား ပေပင်။ သူမကို ထောက်ပံ့ရန် မျိုးနွယ်စု မရှိသလို ခိုလှုံရန် ဂိုဏ်းလည်း မရှိချေ။
ကျင့်ကြံမှု နည်းစနစ်များမှသည် ဝိညာဉ်ကျောက်တုံးများနှင့် အခြားသော အရင်းအမြစ်များအထိ အရာအားလုံး ရရှိရန် ခက်ခဲလွန်းသည်။
မဟာကျိုးသည် မဟာရှနှင့် အလွန်ဝေးကွာလွန်းလှသောကြောင့် မည်မျှ ခက်ခဲမည်ကို တွေးဆနိုင်သည်။ ယွီချစ်ရှန်က ခေါင်းညိတ်လိုက်ပြီး ဓားကို ပြန်ကြည့်ကာ၊
“ ဒီဓားကို အဖြူရောင်စာကလေးလို့ ခေါ်တယ် သူက ငါ့မိတ်ဆွေလိုပါပဲ ငါနဲ့အတူ တိုက်ပွဲပေါင်း ရာနဲ့ချီ ကျော်ဖြတ်ခဲ့တယ်။ ”
-ဟု ရှင်းပြလာ၏။
“ ဒါပေမယ့် ... မင်းဒီဓားကို မသုံးနိုင်တော့ဘူး ... ဆက်သုံးနေဦးမယ်ဆိုရင် မင်းအတွက် အသက်ဆုံးရှုံးနိုင်တယ်။ ”
ထို့နောက် စုရီက ဓားကို ပစ်ပေးလိုက်၏။ အဖြူရောင်စာကလေးသည် ငှက်ဖြူတစ်ကောင် အလား သူမလက်ထဲ ပျံသန်းသွားသည်။
“ ဒါကို မင်းသိမ်းထားနိုင်တယ် ... ဒါက မင်းရဲ့အတိတ်ပဲ၊ နောင်မှာ မင်းအထွတ်အထိပ် ရောက်တဲ့အခါ ... တစ်ချိန်က ဓားတာအိုကို လိုက်ရှာနေတဲ့ မင်းကိုယ်မင်း ပြန်ကြည့်ဖို့ သူ့ကိုသုံးနိုင်တယ်။ ”
ကျင့်ကြံမှုလမ်းသည် ခက်ခဲလှ၏။ သန်မာသော်လည်း အနည်းငယ် လစ်ဟင်းမှုဖြင့် အသက်ဆုံးရှုံးသွားနိုင်မည်။ ထို့ကြောင့် မူလသို့ ပြန်ကာ တည်ငြိမ်အောင် လုပ်ယူရ၏။
ကျင့်ကြံမှုလမ်းသည် ပင်လယ်ပြင်တွင် မျောပါနေသော လှေငယ်နှင့်တူပြီး ထိုမူလသည် ကျောက်ဆူးဖြစ်သည်။
၎င်းသည် ကျင့်ကြံသူများကို ရေစီးကြောင်းအတွင်း မျောပါခြင်း သို့မဟုတ် လှိုင်းလုံးများအောက်၌ နစ်မြုပ်သွားခြင်း စသည်တို့မှ ကာကွယ်ပေးသည်။
ယွီရှစ်ချန်၏ အတိတ်ပုံရိပ်များသည် ငှက်ဖြူတစ်ကောင်နှင့်အတူ သူမအပေါ် လွှမ်းခြုံ လာ၏။ တစ်နည်းအားဖြင့် ၎င်းသည် သူမ၏ မူလရည်ရွယ်ချက်ဖြစ်သည်။
သို့သော် ထိုအချင်းအရာကို မနားလည်နိုင်သော ယွီရှစ်ချန်တစ်ယောက် မျက်မှောင်ကြုတ်လိုက်သည်။ စုရီက ဆက်ရှင်းပြ မနေတော့ချေ။
“ ဓားသမားတစ်ယောက်အနေနဲ့ မင်းနဲ့ကိုက်ညီတဲ့ ဓားတစ်လက်လိုတယ် ... လာ၊ ငါ့နောက်လိုက်ခဲ့ ... ။ ”
ထို့နောက် စောင့်ဆိုင်းခြင်း မရှိဘဲ လက်နှစ်ဖက်ကို နောက်ပို့လျက် လှမ်းထွက်သွား တော့၏။ ယွီရှစ်ချန်မှ အနည်းငယ်ရှက်သွားပြီး ငြင်းဆန်ရန် ကြိုးစားသော်လည်း ချက်ချင်း ပြေးလိုက်သွားမိသည်။
တစ်စုံတစ်ယောက်ထံမှ ဂရုစိုက်မှုကို ခံစားရခြင်းအပေါ် အမျိုးသမီးတိုင်းအတွက် မကြိုက်စရာ အကြောင်းမရှိချေ။ သို့သော် သူမတွင် ငွေမရှိသဖြင့် စိုးရွံ့နေမိ၏။
ပိုင်ဝမ်ချင်းက ထိုမြင်ကွင်းကို ကြည့်ပြီး၊
“ အစ်ကိုယွမ်၊ သခင်စုက တခြားလူကို ဒီလိုစာနာမှုမျိုး အရင်က မြင်ဖူးလား။ ”
-ဟု မေးမြန်းလိုက်သည်။
ယွမ်ဟမ်မှ ခေါင်းကုတ်လိုက်၏။
“ သခင်က ... သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအပေါ် အမြဲတမ်း ကြင်နာတတ်ပါတယ် မထူးဆန်းပါဘူး။ ”
“ နောက်ထပ် ဘယ်သူရှိသေးလဲ။ ”
“ ဒါက ... ငါသိသလောက်တော့ မိန်းကလေးချာကျင်၊ မိန်းကလေးဝမ်လင်ရွယ်၊ မိန်းကလေး ဝမ်လင်ကျောက်နဲ့ အခု မိန်းကလေး ယွီရှစ်ချန်ပဲ။ ”
“ ဟမ့် ... မိန်းကလေးတွေချည်လား။ ”
“ ဟုတ်တယ် ... ။ ”
ပိုင်ဝမ်ချင်းမှ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ယွမ်ဟမ်က ခေါင်းကုတ်လျက် ပြန်ဖြေ၏။
ပိုင်ဝမ်ချင်း အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ခဏအကြာတွင် သူမသည် အလေးအနက်အသွင်ဖြင့်၊
“ အစ်ကိုယွမ် ... ဒီကိစ္စမှာတော့ သခင့်ဆီကနေ ... မင်းလုံးဝသင်ခွင့်မရှိဘူး ဆိုတာ မှတ်ထားပါ။ ”
-ဟု အမိန့်ပေးလိုက်တော့၏။
“ ဘာဖြစ်လို့လဲ ... ။ ”
“ တကယ် သတ္တိရှိလား ... ။ ”
“ ဟား ဟား ဟား ... ။ ”
ယွမ်ဟမ်က ဒေါသထွက်နေသော ပိုင်ဝမ်ချင်းအမူအရာကိုကြည့်ကာ ရယ်မော လိုက်လေသည်။
***