← Chapters

သတ်ဖြတ်ခြင်း

Vol. 3 Ch. 300

သတ်ဖြတ်ခြင်း

Vol. 3 Ch. 300

"ဘာပဲ လုပ်လုပ် မင်းတို့ သေရမှာပဲ …"

ချန်းဖန်၏ မျက်နှာတွင်မူ အေးစက်မှုက မပြောင်းမလဲ ရှိနေဆဲ။

ချန်းဖန် ပထမ တိုက်ပွဲကို ပြန်တွေး နေမိသည်။ သူ ဇိုရို၏ မိုးကြိုးကို အာရုံရောက်နေစဉ် မှာပင် ပါ့ချွန်ဟွမ်၏ ဓားက သူ၏ နောက်ကျောအား ကျရောက် လာခဲ့သည်။ သူ့တွင် တုံ့ပြန်ရန် အချိန်မမီတော့ သော်လည်း အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ကြောင့်သာ တော်သေးသည်။

ထိုကိုရီးယား ကောင်မှာ မြောက်ဘက် ကောင်းကင် အရှင်သခင်ကိုပင် နောက်ကျောမှ တိုက်ခိုက်ရဲသည်။

ချန်းဖန်၏ အေးစက်သော မျက်လုံးများကို ကြည့်ရင်း ပါ့ချွန်ဟွမ်၏ စိတ်များ လေးလံ လာခဲ့သည်။

သူ့အနေဖြင့် သေခြင်း ရှင်ခြင်း တိုက်ပွဲများ များစွာ တိုက်ခိုက် ခဲ့ဖူးသော်လည်း ယခုကဲ့သို့ တစ်ခါမျှ မခံစားခဲ့ ဖူးချေ။

ပါ့ချန်ဟွမ်က တစ်စုံတစ်ခုကို အော်ဟစ် လိုက်ရင်း ခါးတွင် ပတ်ထားသည့် ကျာပွတ်အား ဆွဲထုတ်လိုက်သည်။

ကျာပွတ်က မရေမတွက် နိုင်သော အရိပ်များ အဖြစ် လေထဲတွင် တွန့်လိမ်ကာ ချန်းဖန်အား ရစ်ပတ်ရန် ပြင်သည်။

ကိုရီးယား သိုင်းပညာရှင် များမှာ ကျာပွတ် အသုံးပြုရာတွင် မကျွမ်းကျင်ကြ သော်လည်း ပါ့ချွန်ဟွမ်မှာမူ သိုင်းပညာ ပေါင်းစုံကို လိုက်စားရာ ကျာပွတ်အား ကျွမ်းကျင်စွာ အသုံးပြုနိုင်၏။

ထိုကျာပွတ်မှာ မရေမတွက် နိုင်သော သံမဏိ ကြိုးမျှင်လေး များအား အသုံးပြုကာ ကျစ်ထားခြင်း ဖြစ်ရာ ထိုအရာအား ပိုင်းဖြတ်နိုင်သည့် အရာ မရှိပေ။

ထိုလက်နက်က လေထဲတွင် ကခုန်ရင်း လေဆင်နှာမောင်း တစ်ခုအား ဖန်တီးသည်။ ပါ့ချွန်ဟွမ်၏  ထိန်းချုပ်မှုတွင် ကျာပွတ်က နဂါးတစ်ကောင် အသွင်ဖြင့် ချန်းဖန်အား ရစ်ပတ်သည်။

"တစ်ယောက် …"

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ရေရွတ် လိုက်ရင်း သူ၏ ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ ရွေ့လျား သွားသည်။

တစ်ချိန်တည်း မှာပင် သူ၏ လက်နှစ်ဖက်က ကျာပွတ်အား ဖမ်းဆုပ်ကာ အရှိန်ယူ၍ ပါ့ချွန်ဟွမ်ထံ အရိပ်တစ်ခု အလား ဝင်ရောက်လာ၏။

"သေစမ်း …"

ပါ့ချွန်ဟွမ်က အော်ဟစ်ရင်း မြေပြင်အား ကန်ကာ ခန္ဓာကိုယ်ကို တွန့်လိမ် လိုက်သည်။ တစ်ခဏအတွင်း မှာပင် မူလ ရပ်နေသည့် နေရာမှ ဆယ်မီတာခန့် အကွာအထိ ရောက်ရှိ သွားကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

"ငါသာ မမြန်ရင် သေသွား လောက်ပြီ …"

ပါ့ချွန်ဟွမ်မှာ အလွန်ပင် ထိတ်လန့် နေခဲ့သည်။

"အာ … သူ ငါ့နောက်ကို ဘာဖြစ်လို့ လိုက်မလာတော့ တာလဲ။

ချန်းဖန် သူ့နောက်သို့ လိုက်မလာခြင်းကို ပါ့ချွန်ဟွမ် အံ့အား သင့်မိသည်။ ချန်းဖန်၏ မျက်နှာတွင်မူ အေးစက်စက် အပြံးတစ်ခုက တွဲခိုလျက်။

သူ၏ အကြည့်က သွေးများ စီးကျသော ချန်းဖန်၏ လက်သို့ ရောက်ရှိ သွားသည်။ ထိုလက်ထဲတွင်မူ ယခုထိ တဒိတ်ဒိတ် ခုန်နေသော နှလုံးတစ်ခု။

ရုတ်တရက် နာကျင်မှု တစ်ခုက ပါ့ချွန်ဟွမ်၏ ဦးနှောက်သို့ တိုးဝင်လာသည်။

"ငါ … မယုံနိုင် …"

ပါ့ချွန်ဟွမ်မှာ စကားပင် ဆုံးအောင် မဆိုနိုင်ပဲ မြေပြင်ပေါ်သို့ လဲကျကာ သေဆုံး သွားတော့သည်။

ကိုရီးယား စစ်တပ်၏ ပုံရိပ် မြင့်မားသော ဆာဂျင်တစ်ဦး၊ အလွန် အစွမ်းထက်သော သိုင်းသမား တစ်ယောက်ကား ချန်းဖန်၏ လက်၌ သေဆုံးသွားခဲ့ပြီ ဖြစ်၏။

"အတူတူ တိုက်ကြရအောင် …"

သီးဆပ်၏ မျက်နှာက လေးနက်သွားပြီး အားလုံးကို အမိန့်ပေး လိုက်သည်။

ပါ့ချွန်ဟွမ်ပင် ချန်းဖန်၏ တိုက်ခိုက်မှု တစ်ကွက်ကိုပင် ခံနိုင်စွမ်း မရှိရာ သူတို့ တစ်ယောက်ချင်းစီ တိုက်ခိုက် နေပါက အသုံးဝင်မည် မဟုတ်ပေ။

"ဂါး …"

စိန်နက်က ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ချန်းဖန်ထံ ပထမဆုံး ပြေးဝင် တိုက်ခိုက်သည်။ သူ၏ သွေးကြောများက ကြွက်သားထု ထက်တွင် ပေါ်လွင်နေကာ သွေးရောင် လွမ်းနေသော မျက်လုံးများက လူတိုင်းအား ကြောက်ရွံ့ခြင်းကို ဖြစ်ပေါ်စေသည်။ ထိုသားရဲ ကဲ့သို့ သတ္တဝါကြီး လျှောက်လှမ်သည့် ခြေလှမ်းတိုင်းတွင် မြေပြင်က ငလျင်တစ်ခု အလား တုန်ဟည်းနေသည်။

အိုဂါကလည်း သူ၏ နှစ်ဖက်ကို သင်္ကေတ ပုံစံငယ်တစ်ခု ဖန်တီးကာ မီးတောက်အား ထုတ်ဖော်သည်။ မီးတောက်က တဖြည်းဖြည်း ပိုမို များပြားလာကာ မီးလုံးတစ်လုံး အသွင် ဖြစ်လာ၏။

မီးလုံးက အလွှာသုံးလွှာ ကွဲထွက်နေကာ အရောင်သုံးမျိုး ပေါင်းစပ်နေသည်။ မီးတောက်၏ အပြင်ဆုံး အလွှာက အနီရင့်ရောင် တောက်လောင်နေကာ အတွင်းပိုင်း ကမူ လိမ္မော်ရောင် ရှိသည်။ မီးတောက်၏ အတွင်းဘက် အကျဆုံးတွင်မူ အပူကြောင့် အရည်ပျော် နေသည့် စတီး၏ အရောင်များ တောက်လောင်နေ၏။

"သွားစမ်း …"

အိုဂါက ညင်သာစွာ တွန်းလွှတ် လိုက်သည်နှင့် မီးတောက်က လေကို လောင်ကျွမ်းကာ ချန်းဖန်ထံသို့ တိုးဝင်လာသည်။

ဇိုရိုကလည်း သူ၏ လက်နှစ်ဖက်အား ဖြန့်ကားကာ လျှပ်စီး စွမ်းအားကို ဖော်ထုတ်သည်။ လျှပ်စစ်များ၏ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် စီးဆင်းနေကာ အရေပြားကိုပင် အပြာရောင် သန်းစေသည်။ ခဏအတွင်း မှာပင် လျှပ်စီးများက တဖြည်းဖြည်း ယှက်နွှယ်ကာ အလုံးသဏ္ဌာန် ဖြစ်တည်လာ၏။

"လျှပ်စီးလုံး…"

ထိုအရာက သူ၏ အစွမ်း အထက်ဆုံးသော လျှပ်စီးလုံး ကျင့်စဉ် ဖြစ်သည်။ ထိုလျှပ်စီးလုံးတွင် ပါဝင်သော စွမ်းအားက လူပေါင်းများစွာ ကိုပင် တစ်ပြိုင်နက် သတ်ဖြတ်နိုင်စွမ်း ရှိသည်။ ဇိုရို၏ နဖူး တစ်ခုလုံးတွင်မူ ချွေးများက အဆက်မပြတ် စီးကျ နေတော့သည်။

ထိုလျှပ်စီးနှင့် မီးလုံး နှစ်ခုတို့မှာ ချန်းဖန်ထံ အလွန် လျင်မြန်စွာ ပြေးဝင် လာတော့သည်။

ထိုအချိန်တွင်ပင် သီးဆပ်မှာလည်း နေရာတွင်ပင် ဝေဝါးကာ အရိပ်တစ်ခု ကဲ့သို့ ပျောက်ကွယ် သွားပြန်သည်။

စိန်နက်က အနားသို့ ရောက်လာသည်နှင့် ချန်းဖန် လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြောက်လိုက်သည်။

သူ၏ အသားအရေက ကျောက်စိမ်း ကဲ့သို့ ကြည်လင်ကာ ချောမွေ့ နေခဲ့သည်။ မော်ဒယ် မိန်းကလေးများ၏ လက်များပင်လျှင် ထိုမျှ နူးညံ့ သိမ်မွေ့လိမ့်မည် မဟုတ်ပေ။

"ဘုန်း …"

မည်သူမျှ သတိမထား မိခင်မှာပင် ချန်းဖန်က အရိပ်တစ်ခု ကဲ့သို့ ရွေ့လျားလိုက်သည်။

စိန်နက်မှာ ရင်ဘတ်မှ ခပ်စူးစူး နာကျင်မှုကြောင့် ကြောက်လန့် တကြား ငုံ့ကြည့် လိုက်မိသည်။ သူ၏ ရင်ဘတ်တွင်မူ ကျောက်စိမ်း ကဲ့သို့ လက်တစ်ချောင်းက နောက်ကျော တိုင်အောင် ထုတ်ချင်းပေါက်လျက်။

"နှစ်ယောက်မြောက် …"

ချန်းဖန်က လက်ကို နောက်သို့ ပြန်ဆွဲထုတ်ရင်း တည်ငြိမ်စွာပင် ပြောသည်။

ထိုအချိန်မှာပင် လျှပ်စီးလုံးက ချန်းဖန်၏ အနားသို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ ရုတ်တရက် ချန်းဖန်၏ အနားရှိ လေထုက အဖြူရောင် စက်ဝိုင်း အသွင် ဖြစ်ပေါ်လာသည်။

ဇိုရိုနှင့် အိုဂါတို့မှာ ထိုမြင်ကွင်းကြောင့် ဆွံ့အ နေကြတော့သည်။

ချန်းဖန်၏ လိုက်လျော ညီထွေသော လှုပ်ရှားမှု၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ လျင်မြန်မှု စသည်များမှာ ယုံနိုင်စရာ မရှိပေ။

ထိုအချိန် တိုက်ပွဲ မြေပြင်နှင့် သိပ်မကွာဝေးသော နေရာ၌ …

"ဒါက ချန်းပေ့ရွှမ်းရဲ့ အစစ်အမှန် စွမ်းအားလား …"

သစ်ပင် အကွယ်တွင် ရပ်နေသည့် တရုတ်ဝတ်စုံနှင့် လူကြီးက တီးတိုး ရေရွတ် လိုက်သည်။

"သူက တန်ခိုးရှင် အဆင့်အောက်မှာ အစွမ်းအထက်ဆုံး လူလို့ အဘိုးကြီးက အမြဲ ပြောခဲ့တယ်။ အစကတော့ ငါမယုံခဲ့ဘူး။ သူလျှောက်ပြော နေတယ်လို့ ထင်ခဲ့တာ"

အဘိုးအိုက ခေါင်းကို ငုံ့ရင်း မယုံကြည်နိုင်ဟန် ခါယမ်းလိုက်သည်။

ထိုအချိန်တွင် ချန်းဖန်၏ အမူအရာက အလွန်တည်ငြိမ် အေးဆေး နေခဲ့သည်။ သူက အိုဂါနှင့် ဇိုရိုတို့ဘက်သို့ ဖြည်းညင်းစွာ လှည့်လိုက်သည်။

အိုဂါနှင့် ဇိုရိုတို့မှာ ချန်းဖန်၏ အေးစက်စက် အကြည့်များကြောင့် ကြက်သီးများပင် ထမိ သွားကြသည်။ ရှေးဟောင်းနဂါး တစ်ကောင်ကို ရင်ဆိုင် နေရသည် အလား သူတို့စိတ်များက ကယောင်ချောက်ချား ဖြစ်လာသည်။

"ချီးပဲ … ငါတို့ အခု ဒီက ထွက်မှ ဖြစ်မယ်"

ဇိုရို၏ ခန္ဓာကိုယ်က စကားမဆုံးခင် မှာပင် အနောက်သို့ လျင်မြန်စွာ ရွေ့လျား သွားသည်။ လျှပ်စီးနှင့် မီးလုံး တိုက်ခိုက်မှုက သူတို့ လွတ်မြောက်ရန် အချိန်တစ်ခု ဖန်တီး ပေးလိမ့်မည်။

"တတိယမြောက် …"

ချန်းဖန်က ဖြည်းညင်းစွာ ပြောလိုက်ရင်း မီးနှင့် လျှပ်စီးလုံး နှစ်ခုကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

"မင်းတို့ရဲ့ စွမ်းအင် ထိန်းချုပ်မှုက အားနည်းတယ် …"

ချန်းဖန်က ထို စွမ်းအင်လုံး နှစ်ခုကို ပေါင်းစပ်ရန် ပြင်သည်။ လျှပ်စီးနှင့် မီးလုံး နှစ်ခုမှာ လူရာပေါင်း များစွာကိုပင် သေနိုင်သည့် စွမ်းအားများ ရှိသော်လည်း ချန်းဖန်၏ လက်ကိုမူ ရှရာလေးပင် မပေးနိုင် ခဲ့ချေ။

အဆုံးတွင် အနီနှင့် အဖြူရောင် နှစ်ခုက တဖြည်းဖြည်း ပေါင်းစပ်သွားကာ ပိုမို ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်သည်။

ထိုအရာကား သတ္တုများစွာကို အရည် ပျော်နိုင်သည့် မီးတောက်နှင့် ဗို့အား တစ်သောင်းခန့် ရှိသော လျှပ်စီး စွမ်းအားကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။

အိုဂါမှာ ထိုမြင်ကွင်းကြောင့် ဆွံ့အနေကာ လှုပ်ရှားရန်ပင် မေ့လျော့ နေခဲ့သည်။ ချန်းဖန်၏ နည်းလမ်းများက သူမ သိမြင် ခဲ့ဖူးသည့် အရာများနှင့် လုံးဝ ခြားနားနေသည်။

"သူက ဘယ်လိုလုပ်ပြီး အခြား လူတွေရဲ့ စွမ်းအားကို ထိန်းချုပ် နိုင်တာလဲ။ သူက လျှပ်စီးနဲ့ မီးကို ဘယ်လို ပေါင်းစပ် လိုက်နိုင်တာလဲ …"

သူမ မသိသော အချက်က ချန်းဖန်မှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်နေခြင်းပင်။ ထို့ကြောင့် ဇိုရိုနှင့် အိုဂါ၏ စွမ်းအားများက သူ့အတွက် ကလေး ကစားစရာ တစ်ခုထက် မပိုပေ။ သူတို့၏ စွမ်းအားများက သာမန် သေမျိုးများ အကြား၌ မည်မျှပင် စွမ်းအား ကြီးစေကာမူ သူ့အတွက်မူ မည်သို့မျှ မထူးခြားပေ။

"သွား …"

ချန်းဖန်က တီးတိုး ရေရွတ်သည်နှင့် စွမ်းအင်လုံးက ထွက်ပြေးနေသော ဇိုရိုထံ တိုးဝင်သွားသည်။ ထိုအရာက ဇိုရို၏ နောက်ကျောကို ထုတ်ချင်း ပေါက်စေကာ သူ၏ အသက်အား နှုတ်ယူလိုက်၏။

ဥရောပကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိသည့် ဟောင်ဂိုဏ်း၏ ခေါင်းဆောင် တစ်ယောက်ကား သေဆုံးခဲ့ရပြီ ဖြစ်၏။

မျက်စိ တစ်မှိတ် အတွင်းမှာပင် အလွန် အစွမ်းထက်သည့် တိုက်ခိုက်ရေး သမား သုံးယောက်ကား သေဆုံးခဲ့ရပြီ ဖြစ်သည်။

***

All Chapters