← Chapters

အခန်း ၁၆၀-၁၆၁

Vol. 6 Ch. 160-161

အခန်း ၁၆၀-၁၆၁

Vol. 6 Ch. 160-161

အခန်း ၁၆၀

ယဲ့ယွီ၏ ထင်မြင်ချက်အရ ဂိုဏ်းချုပ် လော်ဇဲ့သည် ယခင်ဖြစ်ရပ်နှင့်ပတ်သက်၍ သူ့အား တိတ်ဆိတ်စွာနေစေလိုခြင်း ဖြစ်ပုံရသည်။ (အဘိုးကြီးနှစ်ယောက် bl ဇာတ်ခင်းနေတယ်ထင်တာ)

ထို့ကြောင့် ယဲ့ယွီက လော်ဇဲ့အား ချက်ချင်းသွားတွေ့မည်ဟု တိုက်ရိုက်ပြောကြားခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ ဟုန်ပိုင်ယွမ်က သူ့အား ရုတ်တရက် တားဆီးခဲ့သည်။

"တာအိုမိတ်ဆွေ၊ အလုပ်ကိစ္စ ဆွေးနွေးပြီးပါပြီ။ အခုတော့ ကျွန်တော် မိတ်ဆွေနဲ့ ပုဂ္ဂိုလ်ရေး ကိစ္စလေး ပြောချင်ပါတယ်။"

"တကယ်တော့ တောက်တရားဟောတောင်မှာ ကျွန်တော်တို့ အားလုံးက မိတ်ဆွေကို အလွန် လေးစားပါတယ်။ လက်မှတ်လေး ထိုးပေးနိုင်မလား၊ ပြီးတော့ အမျိုးသမီးတွေကို ချစ်ရေးဆိုရာမှာ မိတ်ဆွေရဲ့ လျှို့ဝှက်ချက်ကို ပြောပြပေးနိုင်မလား? ကျွန်တော်တို့လည်း လူပျိုဘဝကနေ လွတ်မြောက်ချင်ပါပြီ!"

ဒီစကားတွေက ယဲ့ယွီကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့တယ်။

လက်မှတ်ထိုးတာလား?

ဒါက ခေတ်သစ်ကမ္ဘာက ဖန်တွေနဲ့ အတိအကျတူပဲ။

ဒီကောင်လေးလည်း ကမ္ဘာပြောင်းလဲကျင့်ကြံသူတစ်ယောက်များလား?

ယဲ့ယွီက အမြန်မေးလိုက်တယ်- "ကောင်းကင်က မြေကို ဖုံးလွှမ်းတယ်၊ ကျားက မြေကို အုပ်စိုးတယ်?"

"ဘာ?"

ဟုန်ပိုင်ယွမ်က နားမလည်တဲ့ မျက်နှာနဲ့ ကြည့်လိုက်တယ်။

သူ ကမ္ဘာပြောင်းလဲကျင့်ကြံသူ မဟုတ်ပုံရဘူး။

ယဲ့ယွီက နည်းနည်း စိတ်ပျက်သွားပေမဲ့ အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်တယ်။ သူ သူ့သိုလှောင်လက်စွပ်ထဲကနေ စုတ်တန်တစ်ချောင်းကို ထုတ်လိုက်တယ်။

ဟုန်ပိုင်ယွမ်ရဲ့ တောင်းဆိုချက်အတိုင်း သူ့ဝတ်ရုံပေါ်မှာ "ယဲ့ယွီ" ဆိုတဲ့ စာလုံးနှစ်လုံးကို ရေးလိုက်တယ်။

ပြောရမယ်ဆိုရင် ဒါက အနုပညာဆန်ဆန် ရှိတယ်။ စာလုံးတွေက နဂါးနဲ့ဖီးနစ်ပုံစံ လျှပ်စီးကြောင်းနဲ့ ရေးထားတာ။ လူအများစုက "ယဲ့ယွီ" လို့ ခွဲခြားသိဖို့ ခက်လိမ့်မယ်။

အမျိုးသမီးတွေကို ချစ်ရေးဆိုခြင်းရဲ့ လျှို့ဝှက်ချက်တွေကတော့?

အဲဒါက ပိုလွယ်တယ်!

ယဲ့ယွီရဲ့ အဖြေက စကားတစ်ကြောင်းတည်းပဲ-

"ရိုးသားမှုက အဆုံးစွန်ဆုံး လူသတ်လက်နက်ပဲ!"

ဒီလိုပြောပြီးနောက် ယဲ့ယွီက ကျက်သရေရှိစွာ ထွက်သွားခဲ့တယ်။

ဟုန်ပိုင်ယွမ်ကို တစ်ယောက်တည်း ရပ်ကျန်ခဲ့စေပြီး အဲဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ဂရုတစိုက် ဆင်ခြင်နေခဲ့တယ်။

ခဏအကြာတွင် ယဲ့ယွီသည် အဓိကခန်းမသို့ ရောက်ရှိလာခဲ့သည်။

ဤအချိန်တွင် ဂိုဏ်းချုပ် လော်ဇဲ့တစ်ဦးတည်းသာ ရှိနေသည်။

ဤအရာက ယဲ့ယွီ၏ သံသယများကို ပိုမိုခိုင်မာစေခဲ့သည်။

ထို့ကြောင့် သူ ချက်ချင်း ရှေ့သို့တက်ကာ လက်အုပ်ချီပြီး- "ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ ဂိုဏ်းချုပ် စိတ်ချပါ။ အဲဒီနေ့က ဖြစ်ရပ်တွေကို ဘယ်သူ့ကိုမှ မပြောဘဲ လုံးဝ တိတ်ဆိတ်စွာ နေပါမယ်။" ဟု ပြောလိုက်သည်။

ဤစကားကြောင့် လော်ဇဲ့ လုံးဝ ရှုပ်ထွေးသွားခဲ့သည်။

"အဲဒီနေ့က ဖြစ်ရပ်တွေ? ဘာတွေပြောနေတာလဲ?"

ဒီစကားကို ကြားတော့ ယဲ့ယွီ မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး သူ့ရဲ့ လူမှုဆက်ဆံရေးစွမ်းရည်ကို ချက်ချင်း အမြင့်ဆုံးအထိ တိုးမြှင့်လိုက်တယ်။

"ဟုတ်ပါတယ်၊ ဂိုဏ်းချုပ်၊ အဲဒီနေ့က ဘာမှ မဖြစ်ခဲ့ပါဘူး။"

ဒီလိုပြောပြီးနောက် ယဲ့ယွီက လော်ဇဲ့ကို မျက်စိတစ်ဖက်တောင် မှိတ်ပြလိုက်သေးတယ်။

အဘိုးကြီး၊ ခင်ဗျားနဲ့ ကျွန်တော် စိတ်ချင်းတူတယ်နော်။

လော်ဇဲ့ ပိုပြီး ရှုပ်ထွေးလာခဲ့တယ်။ ယဲ့ယွီ ဘာတွေပြောနေလဲဆိုတာ သူ လုံးဝ နားမလည်ခဲ့ဘူး။

ဒါပေမဲ့ သူ စိတ်ထဲမှာ မထားခဲ့ဘူး။

သူ တိုက်ရိုက် လက်ဝှေ့ယမ်းလိုက်ပြီး- "ငါ မင်းကို ဒီနေ့ ခေါ်ရတဲ့ အကြောင်းရင်းက အရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့ပါ။ **ပိုင်ကျန်းတောက်(ဘိုင်ကျန်းတောက်တောင် ရုပ်သေးလူသားများနှင့်တိုက်ခိုက်ခဲ့သည့်နေရာ)*ကို သွားတုန်းက မင်း ဥပဒေစောင့်ရှောက်ရေးခန်းမက ဝေ့အာအိုရှူနဲ့အတူ လိုက်သွားခဲ့တယ်။"

"အဲဒီခရီးက အလွန်အန္တရာယ်များခဲ့ပြီး အဓိက ကြိုးကိုင်သူက နတ်ဆိုးလမ်းကြောင်းက ကြက်သွေးရောင် ယင်နတ်ဆိုးပဲ။ အခု ငါ ကြက်သွေးရောင် ယင်နတ်ဆိုးကို တိုက်ခိုက်ဖို့ လူတွေ စေလွှတ်ဖို့ ပြင်ဆင်နေတယ်။"

"မင်း သွားပြီး လက်စားချေချင်လား?"

ဒီစကားကို ကြားတော့ ယဲ့ယွီ အတော်လေး အံ့အားသင့်သွားတယ်။

ဒါဆို တကယ် အရေးကြီးတဲ့ ကိစ္စရှိတာပဲ။

သူ ပိုင်ကျန်းတောက်ခရီးစဉ်ကို အခုထိ ကောင်းကောင်း မှတ်မိနေတုန်းပဲ။

သို့သော် သူ့လို ရိုးရိုးရှင်းရှင်း တပည့်တစ်ယောက်ကို လက်စားချေဖို့ စေလွှတ်တာ။ လော်ဇဲ့ အရမ်း ရဲရင့်တယ်လို့ ပြောသင့်လား?

ဒါမှမဟုတ် သူ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို မြင်သွားတာလား?

ယဲ့ယွီ မျက်မှောင်အနည်းငယ် ကြုံ့လိုက်တယ်။

ယုတ္တိရှိရှိ ပြောရရင် ဒီလို မဖြစ်သင့်ဘူး။

ယဲ့ယွီက အခု **နတ်ဘုံပြောင်းလဲခြင်းဘုံ(နတ်ခန္ဓာပြောင်းလဲခြင်း)**ရဲ့ နှောင်းပိုင်းအဆင့်မှာ ရှိတယ်။

ရှဲ့မူလင်း သင်ပေးထားတဲ့ ဖုံးကွယ်ခြင်းနည်းစနစ်နဲ့ဆိုရင် လော်ဇဲ့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို မြင်နိုင်မှာ မဟုတ်ဘူး။

ဒီအဘိုးကြီးက ကောင်းကင်ဘုံသို့အဆင့်တက်ခြင်းနယ်ပယ်မှာ မရှိဘူးဆိုရင်ပေါ့။

သို့သော် ယဲ့ယွီရဲ့ လေ့လာမှုတွေအရ လော်ဇဲ့က ဘေးဆိုးကျော်လွန်ခြင်းဘုံရဲ့ အထွတ်အထိပ်မှာ အများဆုံးပဲ။ ကောင်းကင်ဘုံသို့အဆင့်တက်ခြင်းနယ်ပယ်တော့ မဟုတ်ဘူး။

ဒါဆို သူ့ရဲ့ ရုတ်တရက် ထုတ်ဖော်ပြောဆိုမှုရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ?

ယဲ့ယွီ၏ ထူးဆန်းသောအမူအရာကို မြင်သော် လော်ဇဲ့က တိုးတိုးလေး ပြောလိုက်သည်- "တကယ်တော့ ငါ့မှာ ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်တချို့တော့ ရှိတယ်။ ဆွေမျိုးတော်စပ်မှုအရ မင်းက ငါ့ရဲ့ တပည့်လေး၊ ဒါပေမဲ့ မင်း ယွန်းရိုမူနဲ့ မဖြစ်စေချင်ဘူး။ အကြောင်းပြချက်ကိုတော့ မင်းသိမှာပါ။"

ယဲ့ယွီ အလိုလို မေးလိုက်သည်- "ဘာအကြောင်းပြချက်လဲ?"

လော်ဇဲ့၏ မျက်နှာ မည်းမှောင်သွားသည်- "ဒိုင်ကျန့်မင်းဆက်၏ ဧကရီမ လီရိုဝမ်!"

အဲဒီနာမည်ကို ကြားတော့ ယဲ့ယွီ ပြုံးလိုက်တယ်။

"ဒါဆိုလည်း ကိစ္စမရှိပါဘူး ဂိုဏ်းချုပ်။ ဆက်ပြောပါဦး။"

လော်ဇဲ့က ယဲ့ယွီကို မျက်လုံးလှန်ကြည့်လိုက်တယ်။

"ငါ ယွန်းရိုမူကို ကိုယ်ပိုင်သမီးလို သဘောထားတယ်၊ ဒါကြောင့် သူ့ကို တခြားသူနဲ့ တောက်မိတ်ဖက် မျှဝေခံစားစေချင်တာ သဘာဝကျတယ်။ မင်း ဖခင်ဖြစ်လာတဲ့တစ်နေ့ကျမှ ငါ့ရဲ့ ကောင်းတဲ့ရည်ရွယ်ချက်တွေကို နားလည်လိမ့်မယ်။"

ယဲ့ယွီ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်တယ်။

အခြားရှုထောင့်ကနေ စဉ်းစားကြည့်မယ်ဆိုရင် အနာဂတ်မှာ ယဲ့နျန်က ယောက်ျားတစ်ယောက်ကို ကြိုက်ပြီး အဲဒီယောက်ျားမှာ တခြား တောက်မိတ်ဖက်တွေ ရှိနေရင် ယဲ့ယွီက သူ့ကို လုံးဝ မျိုးဖြုတ်ပစ်မှာ သေချာတယ်။

လော်ဇဲ့ ဒီအကြောင်းကို တည်ငြိမ်စွာ ပြောနိုင်တာက တကယ်ကို ရှားပါးပါတယ်။

လော်ဇဲ့က သူ့လက်တွေကို သူ့နောက်ကျောမှာ ယှက်ထားပြီး ဆက်ပြောလိုက်တယ်- "ဒါကြောင့် ငါက ကြက်သွေးရောင် ယင်နတ်ဆိုးကို တိုက်ခိုက်မယ့် ဒီအခွင့်အရေးကို အသုံးချပြီး မင်းတို့ကို ခဏလောက် ခွဲထားချင်တာ။"

"မင်း သွားရင် ငါ ယွန်းရိုမူကို ဒီမှာ ထားမယ်။ မင်း မသွားရင် ငါ ယွန်းရိုမူကို စေလွှတ်မယ်။ ဒါပဲ ရိုးရှင်းတယ်။"

"မင်းတို့ရဲ့ စိတ်ခံစားမှုတွေကို လျော့ပါးသွားစေဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ စိတ်ချပါ၊ မင်း သွားရင်တောင် ဘာအန္တရာယ်မှ မရှိဘူး။ ငါ အကြီးအကဲခြောက်ယောက်ကို စေလွှတ်လိုက်မယ်။ လုံးဝ ဘေးကင်းလိမ့်မယ်။"

ယဲ့ယွီ ကြာကြာ မတွန့်ဆုတ်တော့ဘူး။ သူ အလွယ်တကူ သဘောတူလိုက်တယ်။

ဒါက လော်ဇဲ့ကို မျက်နှာသာပေးတာ မဟုတ်ဘဲ ဒီကျင့်ကြံမှုကမ္ဘာကို ပိုပြီး လေ့လာချင်လို့ပဲ။

ခေတ်တွေ ပြောင်းလဲသွားပြီ။

အရင်က သူ ခွန်အားမရှိခဲ့ဘူး၊ အပြင်လောကက သဘာဝအတိုင်း အန္တရာယ်တွေ ပြည့်နှက်နေခဲ့တယ်။

ဒါပေမဲ့ အခု ယဲ့ယွီက **နတ်ဘုံပြောင်းလဲခြင်းဘုံ(နတ်ခန္ဓာပြောင်းလဲခြင်း)**ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။

အမျိုးမျိုးသော နည်းစနစ်တွေနဲ့ ဝိညာဉ်ပစ္စည်းတွေနဲ့ဆိုရင် ပေါင်းစည်းခြင်းဘုံ ကျင့်ကြံသူကို ရင်ဆိုင်ရရင်တောင် တိုက်ခိုက်နိုင်တဲ့ ခွန်အား သူ့မှာ ရှိတယ်။

သူ ရမ်းကားစွာ မလုပ်ဘူးဆိုရင် ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ဘူး။

အပြင်းထန်ဆုံးအရက်ကို သောက်တာ၊ အမြန်ဆုံးဓားကို ကိုင်ဆွဲတာ၊ ပြီးတော့ အလှဆုံးအမျိုးသမီးတွေကို မြင်တွေ့တာ။

ဒီလိုဘဝမျိုးက ယောက်ျားတိုင်းရဲ့ အိပ်မက်ပဲ။

ဟုတ်ပါတယ်။

ယဲ့ယွီလည်း ကောင်းကင်ဘုံကို တက်လှမ်းပြီး နတ်မင်း ဖြစ်ကာ ကောင်းကင်နဲ့ ထပ်တူရှည်ကြာစွာ နေထိုင်ချင်တယ်။

ဒါက လူတိုင်းရဲ့ အိပ်မက်ပဲ။

ဒါပေမဲ့ ယဲ့ယွီက ကိုယ့်ကိုယ်ကို လျှို့ဝှက်နေရာတစ်ခုမှာ ကန့်သတ်ပြီး ကျင့်ကြံမှုသက်သက်ကိုသာ အာရုံစိုက်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်ခဲ့တာ မဟုတ်ဘူး။ သူ အပြင်ထွက်ပြီး ကမ္ဘာကြီးကို မြင်ချင်ခဲ့တယ်။

ဒီအပြင် သူ လက်တွေ့ဘဝမှာ မတွေ့ရသေးတဲ့ သူ့ရဲ့ အိပ်မက်ဇနီးသည်တွေ အများကြီး ရှိနေသေးတယ်။

ယဲ့ယွီက ကောင်းကင်ပြာတိမ်ဂိုဏ်းမှာ နေရုံနဲ့ ဘယ်လိုလုပ် စိတ်ကျေနပ်နိုင်မှာလဲ?

သူ သဘောတူတာကို မြင်တော့ လော်ဇဲ့က အရမ်းကျေနပ်သွားတယ်။

သူ ချက်ချင်းပဲ နောက်မနက်မှာ ဥပဒေစောင့်ရှောက်ရေးခန်းမရဲ့ အကြီးအကဲ လီနျန်အန်းက အဖွဲ့ကို ဦးဆောင်ပြီး ကြက်သွေးရောင် ယင်နတ်ဆိုးကို တိုက်ခိုက်မယ်လို့ ပြောလိုက်တယ်။

အဲဒီအချိန်မှာ ယဲ့ယွီက ဘေးကင်းတဲ့နေရာမှာ နေပြီး ကျင့်ကြံသူတွေရဲ့ တိုက်ပွဲကို လေ့လာကာ အတွေ့အကြုံယူရုံပါပဲ။ ကိုယ့်ကိုယ်ကို လုံးဝ အန္တရာယ်ထဲ မရောက်စေရဘူး။

မဟုတ်ရင် သူ့ကို တစ်ခုခု ဖြစ်သွားရင် သူ့ အစ်မကြီးဟုန်လွမ်ကို ဘယ်လို ရှင်းပြရမှန်း သူ တကယ် မသိတော့ဘူး။

ယဲ့ယွီက ရယ်လိုက်ပြီး- "ဂိုဏ်းချုပ်က ကျွန်တော့်ဆရာကို တော်တော် ကြောက်ပုံရတယ်နော်။"

"အဲဒီခေတ်မှာ မင်းဆရာကို မကြောက်တဲ့သူ တစ်ယောက်မှ မရှိဘူး။"

လော်ဇဲ့ သက်ပြင်းမချဘဲ မနေနိုင်တော့ဘူး။

ဒီအချက်က ယဲ့ယွီကို အရမ်း စပ်စုစေခဲ့တယ်။

အဲဒီခေတ်လား?

လော်ဇဲ့ ဘာကို တိတိကျကျ ဆိုလိုတာလဲ?

နောက်ပိုင်းတွင် ယဲ့ယွီသည် ဝူကျိထိပ်သို့ ပြန်လာခဲ့သည်။

သူ အရာအနည်းငယ်ကို အမြန် ထုပ်ပိုးပြီး ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။

တကယ်တော့ ထုပ်ပိုးစရာ သိပ်မရှိခဲ့ပါ။

ကျင့်ကြံသူအများစု၏ ပစ္စည်းများသည် သူတို့၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းထားသည်။ ချက်ချင်း ထွက်ခွာနိုင်သော ခရီးသည် သူတို့အတွက် ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။

ထိုညတွင် ယဲ့ယွီသည် ကွဲပြားသော ဘဝများကို ထပ်မံ စတင်ဖန်တီးကြည့်ခဲ့သည်။

သို့သော် သူသည် အတော်လေး ကံမကောင်းခဲ့ပါ။

နှစ်ကြိမ်ဆက်တိုက် သူသည် စစ်ပွဲများဖြင့် ပြည့်နှက်နေသော ခေတ်တွင် မွေးဖွားခဲ့သည်။ ကံစမ်းခြင်းနှစ်ခုစလုံး အချိန်မတိုင်မီ ပြီးဆုံးခဲ့ပြီး သူ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေး မရရှိခဲ့ပေ။

ဒီအချက်က ယဲ့ယွီကို အတော်လေး စိတ်မကျေနပ်စေခဲ့သည်။

သူလှန်လှဲပြီး အိပ်လိုက်တယ်။

သို့သော် သူ၏ မှေးမှိန်သော အိပ်ပျော်မှုကြားတွင် ယဲ့ယွီသည် တစ်စုံတစ်ယောက်က သူ့ဘေးတွင် တိတ်တဆိတ် စောင့်ကြည့်နေသလို ခံစားလိုက်ရသည်။ အလွန် ထူးဆန်းသည်။

သို့သော် သူ မည်မျှပင် ကြိုးစားသော်လည်း နိုးထ၍ မရခဲ့ပေ။

ဒီခံစားချက်က ယဲ့ယွီကို အရမ်း စိတ်မသက်မသာ ဖြစ်စေခဲ့တယ်။

ကြယ်များ ရွှေ့လျားပြီး နေရောင်ခြည် ပထမဆုံး ထွက်ပေါ်လာသောအခါ အစ်မကြီးထိုပွားချီယွဲ့သည် ယဲ့ယွီ၏ အခန်းမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

သူမ၏ သွယ်လျသော ညာဘက်လက်ကို မြှောက်လိုက်ရာ အနည်းငယ် စိတ်ပျက်နေပုံရသည်။

ဂျူနီယာလေး မနေ့က အိပ်မက် မက်ခဲ့ပုံမပေါ်ပေ။ သဘာဝအတိုင်း သူမ၏ လက်ကို မကိုင်ခဲ့ပေ။

သူတို့၏ လက်ချောင်းများ မဆက်ယှက်ဘဲ ရှိနေသည်ဟူသော အတွေးက ထိုပွားချီယွဲ့၏ စိတ်ထဲတွင် အနည်းငယ် လစ်ဟာမှုကို ခံစားရစေခဲ့သည်။

ထို့ကြောင့် မနေ့ညကပင် သူမသည် သူမ၏ ဝတ္ထုကို ရေးသားရန် စိတ်ကူးပင် မရခဲ့ပေ။

ဂျူနီယာလေးရယ်၊ နောက်တစ်ခါ ငါ့လက်ကို မကိုင်ရင် အစ်မကြီးက စတင် လှုပ်ရှားရတော့မယ်နော်။

တခြားအကြောင်းရင်း မဟုတ်ပါဘူး၊ စိတ်ကူးဉာဏ်လေး ရချင်ရုံသက်သက်ပါ။

သိပ်တော့ မတွေးနဲ့နော်!

၁၆၁ ဆက်ရန်

*****

အခန်း ၁၆၁

ယဲ့ယွီသည် နံနက်စောစောကပင် လီနျန်အန်းအား သွားရောက် သတင်းပို့ခဲ့သည်။

ရောက်ရှိလာသောအခါ ဤစစ်ပွဲအတွက် လူစုပုံစံမှာ ခမ်းနားသည်ဟုသာ ဖော်ပြနိုင်ကြောင်း သူ သဘောပေါက်ခဲ့သည်။

လီနျန်အန်းအပါအဝင် အကြီးကဲခြောက်ဦး၊ စည်းကမ်းထိန်းသိမ်းရေးမှူး သုံးဆယ်ခုနစ်ဦး၊ နှင့် တပည့်တစ်ရာ့ငါးဆယ်ဦး ပါဝင်သည်။

ဤမျှ ကြီးမားသော အင်အားသည် ကြက်သွေးရောင် ယင်နတ်ဆိုးကို ဖျက်ဆီးရန် ရည်ရွယ်ထားသည်မှာ ရှင်းလင်းသည်။

ဤအရာက ယဲ့ယွီအား ကောင်းကင်ပြာတိမ်ဂိုဏ်း၏ ယုံကြည်မှုနှင့် ဂုဏ်ယူမှုကို မြင်တွေ့စေခဲ့သည်။ မည်မျှပင် ဝေးကွာပါစေ လက်စားချေရန် ကြိုးပမ်းသည့် စိတ်ဓာတ်ကို ထုတ်လွှတ်နေသည်။

ကြက်သွေးရောင် ယင်နတ်ဆိုးသို့ သွားမည့် ခရီးစဉ်အတွက် ယဲ့ယွီသည် မည်သူ့ကိုမျှ မပြောခဲ့ပေ။ အကြောင်းမှာ ရန်သူကို သတိပေးလိုခြင်း မရှိသောကြောင့် ဖြစ်သည်။

ရှဲ့မူလင်းသာ သိရှိပါက ဤဒုတိယ အစ်မကြီးသည် အတူလိုက်ရန် အတင်းအကျပ် တောင်းဆိုပေလိမ့်မည်။

ထို့ကြောင့် ထွက်ခွာမသွားမီ ယဲ့ယွီသည် ထိုပွားချီယွဲ့၏ တံခါးဝတွင် မှတ်စုတစ်ခု ချန်ထားခဲ့ပြီး ရှင်းပြချက်တစ်မျိုးအဖြစ် ချန်ထားခဲ့သည်။

သို့သော် သူတို့ ခမ်းခမ်းနားနား ထွက်ခွာသွားပြီးနောက် မွန်းတည့်ခန့်တွင် ကြီးမားသော ဝိညာဉ်လှေခြောက်စင်းသည် ကောင်းကင်ယံသို့ ပျံသန်းလာပြီး ကောင်းကင်ပြာတိမ်ဂိုဏ်း၏ ဝင်ပေါက်တွင် ပေါ်လာခဲ့သည်။

ဤမြင်ကွင်းကို မြင်သော် ဂိုဏ်းကို စောင့်ရှောက်နေသော ကောင်းကင်ပြာတိမ်ဂိုဏ်း၏ တပည့်များသည် အပြည့်အဝ သတိရှိနေကြသည်။ အလွန်ပင် တင်းမာနေသည်။

မကြာမီတွင် အလယ်အလတ်ပိုင်း အမျိုးသားတစ်ဦးသည် ဝိညာဉ်လှေပေါ်မှ ခုန်ဆင်းလာခဲ့သည်။

ဤသူသည် **ဒိုင်ကျန့်မင်းဆက်(မဟာချင်မင်းဆက်)**၏ ထင်ရှားသော ဝန်ကြီးတစ်ဦးဖြစ်သော ယဲ့လျန်ယန် ဖြစ်သည်။

"တာအိုမိတ်ဆွေတို့၊ ဒိုင်ကျန့်ဧကရီမ ကောင်းကင်ပြာတိမ်ဂိုဏ်းသို့ လာရောက်လည်ပတ်ကြောင်း အထက်လူကြီးများကို အသိပေးပေးနိုင်မလား?"

တံခါးစောင့် တပည့်များသည် အပေါ်မှ လက်နက်အပြည့်အစုံဖြင့် ဝိညာဉ်လှေများကို မော့ကြည့်လိုက်ကြသည်။

သူတို့၏ နှလုံးသားများ အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။

ဒါက အင်ပါယာရဲ့ ခမ်းနားမှုလား? တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှတယ်!

တပည့်တွေက သတင်းပို့ဖို့ ပြင်ဆင်နေတုန်း ကောင်းကင်ပြာတိမ်ဂိုဏ်းချုပ် လော်ဇဲ့ ရုတ်တရက် ကောင်းကင်မှာ ပေါ်လာပြီး ပျံဝဲနေတယ်။

သူက တိုးတိုးလေး ပြောလိုက်တယ်- "ကျွန်တော်က ကောင်းကင်ပြာတိမ်ဂိုဏ်းချုပ် လော်ဇဲ့ပါ။ ဧကရီမ ဘယ်မှာလဲလို့ မေးပါရစေ?"

ကောင်းကင်ပြာတိမ်ဂိုဏ်းဟာ ဒိုင်ကျန့်မင်းဆက်နဲ့ အချိန်အကြာကြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့တယ်။ ဒါပေမဲ့ လော်ဇဲ့က ဧကရီမသစ် လီရိုဝမ်နဲ့ တစ်ခါမှ မတွေ့ဖူးဘူး။

မကြာမီမှာ နဂါးဝတ်ရုံဝတ်ထားတဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက် ဝိညာဉ်လှေရဲ့ ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။

ဒီလူက လီရိုဝမ်ပဲ။

"ဂိုဏ်းချုပ် လော်၊ ကျွန်မ ဂိုဏ်းချုပ်ရဲ့ နာမည်ကို ကြာမြင့်စွာကတည်းက ကြားဖူးနားဝရှိပါတယ်။"

လီရိုဝမ် ပေါ်လာတာကို မြင်တော့ လော်ဇဲ့က မျက်မှောင်အတော်လေး ကြုံ့သွားတယ်။

ရိုးရိုးသားသားပြောရရင် ဧကရီမက ဒီလောက် လှပနေလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။

သူမရဲ့ တစ်ကိုယ်လုံးက ကမ္ဘာကြီးကို လွှမ်းမိုးထားတဲ့ Aura ကို ထုတ်လွှတ်နေပြီး ဧကရာဇ်ဆန်ဆန် ခမ်းနားမှု အပြည့်နဲ့ပဲ။

ပြီးတော့ သူ့ရုပ်ရည်က ယွန်းရိုမူရဲ့ ရုပ်ရည်ထက် မနိမ့်ပါဘူး။

ဒီလို ကြောက်မက်ဖွယ် ကောင်းတဲ့ ပြိုင်ဘက်မျိုးကို ယွန်းရိုမူက ဒီမော်တယ် ဧကရီမနဲ့ ပြိုင်နိုင်လိမ့်မယ်လို့ လော်ဇဲ့ မယုံခဲ့ဘူး။

ယဲ့ယွီနဲ့ ယွန်းရိုမူကို ခွဲခြားဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်က ပိုပြီး ခိုင်မာလာခဲ့တယ်။

ဒါပေမဲ့ လော်ဇဲ့က တကယ် စပ်စုနေခဲ့တယ်။

ဒီလို ထူးခြားတဲ့ အမျိုးသမီးက ယဲ့ယွီကို ဘယ်လိုလုပ် သဘောကျတာလဲ?

ခဏတာ စဉ်းစားပြီးနောက် လော်ဇဲ့က- "ဧကရီမရဲ့ လာရောက်လည်ပတ်မှုကို သင့်တော်သလို ဧည့်ခံမပေးနိုင်တာကို တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ။ ဖြစ်နိုင်ရင် အဓိကခန်းမမှာ ဆက်လက်ဆွေးနွေးလို့ ရမလား?" လို့ ပြောလိုက်တယ်။

"ဒုက္ခပေးစရာမလိုပါဘူး။ ကျွန်မ ဒီကို သူငယ်ချင်းတစ်ယောက်ဆီ လာလည်ရုံသက်သက်ပါ။ ဂိုဏ်းချုပ်ကို ဒုက္ခပေးစရာ မလိုပါဘူး။"

လီရိုဝမ်က ဝူကျိထိပ်ဘက်ကို ကြည့်လိုက်တယ်။

သူမရဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလင်းလင်းရှိပြီး လော်ဇဲ့က သဘာဝအတိုင်း နားလည်ပါတယ်။

သူငယ်ချင်းတစ်ယောက်ဆီ လာလည်တယ်လို့ ပြောတာက သူ့ချစ်သူနဲ့ သီးသန့်တွေ့ဆုံခြင်းလို့ ပြောတာက ပိုမှန်လိမ့်မယ်။

ဒီအချိန်မှာ လော်ဇဲ့ဟာ ယဲ့ယွီကို စေလွှတ်လိုက်တာကိုတောင် နောင်တရခဲ့တယ်။

သူ ကောင်းကင်ပြာတိမ်ဂိုဏ်းမှာ နေပြီး လီရိုဝမ်နဲ့ ချစ်ခင်မှုကို ပြခဲ့ရင် ယွန်းရိုမူက လက်လျော့သွားနိုင်တယ်။

ဒါပေမဲ့ အခုတော့ နောင်တရဖို့ နောက်ကျသွားပြီ။ နှစ်နာရီအကြာကတည်းက လီနျန်အန်းက အဖွဲ့ကို ဦးဆောင်ပြီး ထွက်ခွာသွားပြီ။

လီရိုဝမ် နောက်ကျပြီး ရောက်လာခဲ့တာလို့ပဲ ပြောလို့ရတယ်။

လော်ဇဲ့က လီရိုဝမ်ကို ယဲ့ယွီကို ဂိုဏ်းက စေလွှတ်လိုက်လို့ ရက်နဲနဲကြာမှ ပြန်လာမယ်လို့ အသိပေးခဲ့တယ်။

မူလက ဒီသတင်းကို ကြားတာနဲ့ လီရိုဝမ် စိတ်ပျက်ပြီး ထွက်သွားလိမ့်မယ်လို့ သူ ထင်ခဲ့တာ။

ဒါပေမဲ့ မမျှော်လင့်ဘဲ လီရိုဝမ်က လုံးဝ ဂရုမစိုက်ဘူး။

သူမ ကောင်းကင်ပြာတိမ်ဂိုဏ်းမှာ ယဲ့ယွီ ပြန်လာတဲ့အထိစောင့်ဆိုင်းဖို့ ဆန္ဒရှိကြောင်း ချက်ချင်း ပြောခဲ့တယ်။

နောက်ဆုံးတော့ ဒီကာလအတွင်း ဒိုင်ကျန့်မင်းဆက်မှာ ဘာမှ အရေးတကြီး ကိစ္စမရှိဘူး။

လော်ဇဲ့ရဲ့ မျက်နှာအမူအရာက ပိုပြီး လေးနက်လာခဲ့တယ်။

ဒီအမျိုးသမီးက ယဲ့ယွီကို တကယ် သဘောကျပုံရတယ်။ ဧကရီမတစ်ဦးအနေနဲ့ နိုင်ငံရေးကိစ္စတွေကို ဘေးဖယ်ထားပြီး ဒီမှာ စောင့်ဆိုင်းဖို့ ဆန္ဒရှိနေတယ်။

တကယ်ကို ရှားပါးတဲ့ မြင်ကွင်းပဲ။

ယောက်ျားတစ်ယောက်အတွက် တကယ်တန်ရဲ့လား?

လော်ဇဲ့ သက်ပြင်းချလိုက်တယ်။

သူ လီရိုဝမ်ရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့ခြင်း မရှိပေ။

ကောင်းကင်ပြာတိမ်ဂိုဏ်းနှင့် ဒိုင်ကျန့်မင်းဆက်သည် အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ သူမကို ရက်အနည်းငယ် နေခွင့်ပြုခြင်းသည် ကြီးမားသည့် ကိစ္စမဟုတ်ပေ။

ထို့နောက် လီရိုဝမ်သည် ဝိညာဉ်လှေခြောက်စင်းအား ကောင်းကင်ပြာတိမ်ဂိုဏ်း၏ အပြင်ဘက်တွင် ရပ်နားရန် အမိန့်ပေးခဲ့သည်။

သူမသည် ယဲ့လျန်ယန်နှင့် အခြားသူများ၏ အဖော်အဖြစ် လိုက်ပါလာခြင်းကို ငြင်းပယ်ခဲ့ပြီး ကောင်းကင်ပြာတိမ်ဂိုဏ်းသို့ တစ်ဦးတည်း ဝင်ရောက်ခဲ့သည်။

တပည့်အချို့၏ လမ်းညွှန်မှုဖြင့် ဝူကျိထိပ်သို့ ရောက်ရှိလာပြီး ယဲ့ယွီ နေထိုင်သော သစ်သားအိမ်ကို ကြည့်လိုက်သည်။

လီရိုဝမ် တည့်တည့်လျှောက်သွားခဲ့သည်။

သူမ တံခါးဖွင့်တော့မလို လုပ်တုန်းမှာ တံခါးက သူ့ဘာသာသူ ပွင့်လာတာကို သတိထားမိလိုက်တယ်။

အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်၊ လေထဲမှာ ပျံဝဲနေတဲ့ နတ်သမီးတစ်ယောက်လို ထွက်လာခဲ့တယ်။

အမျိုးသမီးနှစ်ယောက်စလုံးရဲ့ မျက်နှာအမူအရာတွေ တစ်ပြိုင်တည်း လေးနက်သွားခဲ့တယ်။

တစ်ပြိုင်တည်း မေးလိုက်တယ်- "မင်း ဒီမှာ ဘာလုပ်နေတာလဲ?"

လီရိုဝမ်က သူမရဲ့ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်တယ်။ အမိန့်ပေးသံနဲ့ ဆက်ပြောလိုက်တယ်- "သူတော်စင်မ၊ အခုတော့ ငါဘုရင်မက မေးနေတာအရင်ဖြေပါ!"

ဟုတ်ပါတယ်။

ယဲ့ယွီရဲ့ အခန်းထဲကနေ ခုနကမှ ထွက်လာတဲ့ အမျိုးသမီးက ယွန်းရိုမူပဲ။

အရင်တုန်းက လီရိုဝမ်ရဲ့ မွေးနေ့ပွဲတုန်းက ယွန်းရိုမူနဲ့ ယဲ့ယွီက ဂုဏ်ပြုဖို့ သွားခဲ့ကြတယ်။

ဒါကြောင့် အမျိုးသမီးနှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် မှတ်မိကြပြီး မစိမ်းကြဘူး။

ဒါပေမဲ့ လီရိုဝမ်က ယွန်းရိုမူ ယဲ့ယွီရဲ့ အခန်းထဲမှာ ရှိနေတာကို လွန်စွာ မကျေမနပ်ဖြစ်နေခဲ့တယ်။

သူမရဲ့ မျက်လုံးတွေက ယွန်းရိုမူပေါ်မှာ စိုက်နေပြီး ရှင်းပြချက်ကို စောင့်နေခဲ့တယ်။

တကယ်တော့ ယွန်းရိုမူ ဒီမှာ ရှိနေတာက လုံးဝ မမျှော်လင့်ဘဲ ဖြစ်ခဲ့တာ။

နှစ်ရက်အကြာက ယွန်းရိုမူရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအားကို လော်ဇဲ့က ပြန်တံဆိပ်ခတ်ထားခဲ့ပေမဲ့ တည်ငြိမ်ဖို့ အချိန်တော့ လိုအပ်သေးတယ်။

ဒါကြောင့် ယွန်းရိုမူက ပုန်းအောင်းနေခဲ့တယ်။

ဒီမနက်မှာတော့ သူ့ကျင့်ကြံမှုအဆင့်ကို နောက်ဆုံး တည်ငြိမ်သွားတော့ သူ ယဲ့ယွီကို ရှာဖို့ စိတ်အားထက်သန်စွာ သွားခဲ့ပြီး တခြားအမျိုးသမီးတွေ မရှိတုန်း သူတို့ရဲ့ ဆက်ဆံရေးကို နက်ရှိုင်းအောင် လုပ်ဖို့ စီစဉ်ခဲ့တယ်။

ဒါပေမဲ့ မမျှော်လင့်ဘဲ အခန်းက ဗလာဖြစ်နေတာကို တွေ့လိုက်ရတယ်။

သူမ ယဲ့ယွီက ကောင်းကင်ပြာတိမ်ဂိုဏ်းကနေ ထွက်သွားပြီဆိုတာ မသိခဲ့ဘူး။ ဒါကြောင့် အခန်းထဲမှာ အချိန်အကြာကြီး စောင့်နေခဲ့တယ်။

ပြီးတော့ စိတ်မရှည်တော့ဘဲ ထွက်သွားတော့မလို့ရှိတုန်းမှာ လီရိုဝမ်နဲ့ မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်။

ဒီ ဒိုင်ကျန့်မင်းဆက်ဧကရီမကို မြင်တော့ ယွန်းရိုမူက ပြင်းထန်တဲ့ အန္တရာယ်ခံစားချက်ကို ခံစားလိုက်ရတယ်။

လီရိုဝမ်နဲ့ ယဲ့ယွီကြားက ကိစ္စကို သူ နောက်မှ ကြားခဲ့ရတယ်။ ဒါပေမဲ့ သူ့မျက်စိနဲ့ တကယ် မမြင်ခဲ့ရဘူး။

ဒါကြောင့် သူ အတင်းအဖျင်းလို့ပဲ သဘောထားခဲ့တယ်။

ဒါပေမဲ့ ဒီနေ့ ဒီအမျိုးသမီး ဒီမှာ ရှိနေတာကို မြင်တော့ သူ တကယ်မှန်ကန်ကြောင်း နောက်ဆုံး သဘောပေါက်ခဲ့တယ်။

ဒါပေမဲ့ သူက ဒိုင်ကျန့်မင်းဆက်ဧကရီမ ဖြစ်နေရင်တောင် ဘာဖြစ်လဲ?

ယွန်းရိုမူက ယဲ့ယွီကို သူ့ဆီကနေ တကယ် ခေါ်သွားနိုင်လိမ့်မယ်လို့ မယုံခဲ့ဘူး။

သူမက တည်ငြိမ်စွာ ပြောလိုက်တယ်- "ကောင်းကင်ပြာတိမ်ဂိုဏ်းရဲ့ သူတော်စင်မနဲ့ ယဲ့ယွီရဲ့ အစ်မကြီးတစ်ယောက်အနေနဲ့ ကျွန်မ ဒီမှာ ရှိနေတာ လုံးဝ ဆင်ခြင်တုံတရားရှိပါတယ်။ ဒါပေမဲ့ ဧကရီမ၊ ဘာလို့ ဒီမှာ ရှိနေတာလဲ?"

လီရိုဝမ်ရဲ့ အကြည့်က ပိုပြီး အေးစက်လာခဲ့တယ်။

ယဲ့ယွီသာ ဒီမှာရှိရင် သူ သေချာပေါက် ယွန်းရိုမူကို အော်ဟစ်လိမ့်မယ်။

"အစ်မကြီး၊ မင်း သေတွင်းတူးနေတာပဲ!"

လီရိုဝမ်က အလွန်ပိုင်ဆိုင်လိုစိတ်ကြီးတဲ့ ယန်ဒါရီတစ်ယောက်ဆိုတာ မင်းသိရမယ်။

အိပ်မက်ထဲမှာ ယဲ့ယွီနဲ့ ပတ်သက်ခဲ့တဲ့ အမျိုးသမီးတွေ တစ်ယောက်မှ အသက်မရှင်ခဲ့ဘူး။

လီရိုဝမ်က သေမင်းနဲ့ တူတယ်။ စာအုပ်ထဲက အမျိုးသမီးတွေ အားလုံးကို သူ သတ်ပစ်ခဲ့တယ်။

ယွန်းရိုမူက သူ့ကို ဒီလိုစကားပြောတာက ဒုက္ခရှာနေတာ မဟုတ်ဘူးလား?

လီရိုဝမ်က အလျှော့မပေးချင်တော့ဘဲ တစ်လှမ်းရှေ့တိုးလိုက်တယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ပုံရိပ်တစ်ခု ကောင်းကင်ကနေ ဆင်းလာပြီး မြောက်ဘက်ကို ဆင်းသက်လာခဲ့တယ်—ဒုတိယ အစ်မကြီး ရှဲ့မူလင်း။

"ယဲ့ယွီ ဘယ်မှာလဲ?"

လီရိုဝမ်က သူ့ကို လှည့်ကြည့်လိုက်ပြီး သူ့အကြည့်က ဆိုးသွမ်းသွားခဲ့တယ်။

ပြီးတော့ နောက်တစ်ခဏမှာ သစ်သားအိမ်ရဲ့ တံခါး ဖြည်းဖြည်းချင်း ပွင့်လာတယ်။ အစ်မကြီး ထိုပွားချီယွဲ့ ထွက်လာပြီး တောင်ဘက်မှာ ရပ်နေခဲ့တယ်။

တိတ်ဆိတ်နေတယ်။

အမျိုးသမီးလေးယောက် အချင်းချင်း ကြည့်နေကြပြီး သူတို့ရဲ့ စိတ်တွေ ပြိုင်နေတယ်။

လီရိုဝမ်ကတော့ အတွင်းစိတ်ကနေ လှောင်ပြောင်လိုက်တယ်။

ကောင်းပြီ၊ ကောင်းပြီ၊ ယဲ့ယွီ၊ မင်း အိပ်မက်ထဲကအတိုင်းပဲ။

မင်းရဲ့မိန်းမရှုပ်ပွေတဲ့ရောဂါကို မကုသနိုင်သေးဘူး!

ဒီလိုပဲ ဖောက်ပြန်နေတုန်းပဲ!

All Chapters