← Chapters

မြေအောက် လောကသို့ လှုပ်ခတ်ခြင်း

Vol. 4 Ch. 302

မြေအောက် လောကသို့ လှုပ်ခတ်ခြင်း

Vol. 4 Ch. 302

အိုဂါ၏ အရေပြား တစ်ခုလုံးမှာ လိမ္မော်ရောင် ဖျော့ဖျော့ မီးတောက်အောက်၌ ခပ်ဖျော့ဖျော့ အလင်းရောင် တောက်ပ နေသေည်။ သူမ၏ မျက်လုံးများမှာမူ သွေးရောင် လွှမ်းနေပြီး ဆံပင်များ ကလည်း လိမ္မော်ရောင် မီးတောက်နှင့် အတူ လွင့်ပျံ့နေခဲ့၏။

မြေအောက် လောက၏ ကျော်ကြားသော လူတစ်ယောက် အနေဖြင့် ဆယ်စုနှစ် သုံးခုအတွင်း သူမကြောက်သည့် အရာ မရှိခဲ့ပေ။

ယခုကဲ့သို့ ကြောက်ရွံ့သည့် ခံစားချက်မျိုးကို နောက်ဆုံး ခံစားခဲ့ရသည်က လွန်ခဲ့သည့် နှစ်သုံးဆယ် အလွန်၌ ဖြစ်၏။ ထိုစဉ်က အကူအညီ မဲ့သော ဆယ်ကျော်သက် ကောင်မလေး တစ်ယောက် အနေဖြင့် သူမ အလုပ်လုပ်သည့် ဘား(bar)၏ နောက်၌ အနိုင်ကျင့် ခံခဲ့ရခြင်း ဖြစ်သည်။

ထိုအချိန်မှာပင် သူမ၏ မီးစွမ်းအားများ နိုးထလာကာ မြေအောက် လောက၏ အနီရောင် မိန်းမပျို အဖြစ် တဖြည်းဖြည်း ကျော်ကြား လာခဲ့သည်။

သို့သော်လည်း ယခုတွင်မူ သူမမှာ ကောင်မလေး တစ်ယောက် အလား တစ်ကိုယ်လုံး တုန်ခါ၍ ကြောက်ရွံ့နေခဲ့သည်။

ထိုကဲ့သို့သော စွမ်းအားမျိုး ကမ္ဘာပေါ်၌ ရှိလိမ့်မည်ဟု သူမ မတွေးခဲ့ဖူးချေ။ မိုးကြိုးဘုရင် ဇိုရို၊ စိန်နက်၊ ပါ့ချွန်ဟွမ်တို့ အားလုံးမှာ စစ်တပ် တစ်ခုလုံးကိုပင် အနိုင်ယူနိုင်စွမ်း ရှိသည့် သူများ ဖြစ်ကြသော်လည်း ထိုကောင်လေး၏ ရှေ့တွင်မူ မည်သို့မျှ မထူးခြားသည့် ပုရွက်ဆိတ် ကလေးများ အလားပင်။

မြေအောက် လောက၏ အရှင်သခင်၊ လုပ်ကြံခြင်း ဘုရင် သီးဆပ်ပင်လျှင် လေပင်းရိုးကျိုးကာ သေဆုံး သွားခဲ့ရပြီ ဖြစ်သည်။ ထိုချန်းပေ့ရွှမ်း ဆိုသော ကောင်လေး၏ စွမ်းအားများက စဉ်းစား၍ပင် မရနိုင်သော အဆင့်တစ်ခု၌ ရှိနေခဲ့ပြီ ဖြစ်သည်။ တန်ခိုးရှင် အဆင့် ကျင့်ကြံသူ တစ်ယောက်မှ မပါဘဲ ထိုမိစ္ဆာကောင်လား သတ်ဖြတ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

"မင်းက အနီရောင် မိန်းမပျို အိုဂါလား …"

ချန်းဖန်က သူမထံသို့ လျှောက်လာရင်း မေးလိုက်သည်။ အိုဂါ၏ ဘေးတွင် တောက်လောင် နေသော မီးတောက်များမှာ ချန်းဖန်နှင့် ထိတွေ့သည်နှင့် မီးတောက်များက စွမ်းအားများ အသွင်သို့ ပြောင်း၍ သူ၏ ခန္ဓာကိုယ်အား အားဖြည့်သည်။

"ဟုတ်ပါတယ် … ကျွန်မပါ …"

အိုဂါက ကြိုးစား၍ ပြုံးရင်း သူ၏ ကြီးမားသော ရင်သားများအား ပေါ်လွင်စေရန် ရင်ဘတ်ကို အပေါ်သို့ အနည်းငယ် ကော့လိုက်၏။

သူမ၏ စွမ်းအားများ နိုးထလာချိန်မှ စ၍ ရှင်သန်ရေး အတွက် ခန္ဓာကိုယ်ကို သူမ တစ်ကြိမ်မျှပင် အသုံးမပြုခဲ့ချေ။ သို့သော်လည်း ယခုမူ ထိုလှည့်ကွက်အား အသုံးပြုရ တော့မည် ဖြစ်သည်။

အိုဂါမှာ အမြဲလိုလို သူမ၏ စွမ်းအားများအား ခန္ဓာကိုယ် ပိုမို လှပလာစေရန် အသုံးပြုလေ့ ရှိသည်။

အထူးသဖြင့် သူမ၏ ရင်သားများ ဆိုလျှင် သာမန် အာရှမိန်းကလေး များထက် များစွာ ပိုမို ထွားကျိုင်းသည်။

သူမ၏ ခါးများမှာလည်း သေးငယ်ရာ ယောက်ျားတစ်ယောက် အတွက် လက်တစ်ချောင်း တည်းဖြင့်ပင် ဖက်ထား၍ ရသည်။

ထိုသေးသွယ်သော ခါးများ အောက်ရှိ ပြည့်တင်းသော ကြွက်သားထုနှင့် ရှည်သွယ်သော ပေါင်တံများ ကလည်း သူမ၏ လှပသော ကောက်ကြောင်းများအား ပြီးပြည့်စုံ စေသည်။

"မစ္စတာ ချန်းပေ့ရွှမ်း … ရှင်က ကျွန်မတွေ့ဖူးသမျှ အားလုံးထဲမှာ အစွမ်းအထက်ဆုံး လူပါ။ ဒါကြောင့် ကျွန်မရဲ့ တစ်ဘဝလုံး ရှင့်ကို ပုံအပ်ပြီး အလုပ်အကျွေး ပြုပါရစေ …"

သူမက လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ရင်း ချန်းဖန်အား ပြောသည်။

သို့သော်လည်း ချန်းဖန် အတွက် သူမက စိတ်ဝင်စားစရာ မရှိပေ။

"ဟောင်ဂိုဏ်းကို ပြန်ပြီး ကျန်တဲ့ သူတွေကို ပြောချေ။ ငါ့ကို နောက်တစ်ကြိမ် လာပြီး မနှောင့်ယှက်နဲ့လို့။ တကယ်လို့ သူတို့ ထပ်လုပ်ရဲရင် ငါကိုယ်တိုင် သူတို့ကိုရှာပြီး သတ်မယ်လို့ …"

ချန်းဖန်က ပြောရင်း လက်တစ်ကို ခါယမ်းလိုက်သည်။ မမြင်နိုင်သော စွမ်းအား တစ်ခုက အိုဂါ၏ ကိုယ်ပေါ်သို့ ကျဆင်းကာ သူမအား နောက်သို့ လွင့်စဉ်သွားစေသည်။

"ရှင် …"

အိုဂါက လဲကျ နေရာမှ လူးလဲထရင်း ချန်းဖန်အား ကြည့်လိုက်သည်။ သူမ၏ ဆွဲဆောင် နိုင်သော ခန္ဓာကိုယ်က ချန်းဖန် အတွက် အသုံးဝင်ပုံ မပေါ်ချေ။ သူမ၏ စိတ်ထဲတွင်မူ ဒေါသနှင့် ကြောက်ရွံ့ခြင်းက ကြီးစိုး နေခဲ့သည်။

"ငါတို့ရဲ့ ဂိုဏ်းချုပ်ကြီး အနေနဲ့ ဒီအဖြစ်အပျက်ကို သင်ခန်းစာ ယူနိုင်လိမ့်မယ် ထင်ပါတယ်"

အိုဂါ တိတ်ဆိတ်စွာပင် တွေးလိုက်မိသည်။ ဟောင်ဂိုဏ်းတွင် ခေါင်းဆောင် ခုနစ်ယောက် ရှိရာ သုံးယောက်မှာ ချန်းပေ့ရွှမ်း၏ လက်၌ သေဆုံးခဲ့ရပြီ ဖြစ်သည်။ ထိုအရာက ဂိုဏ်းချုပ်ကြီးအား ချောက်ချား စေနိုင်လိမ့်မည် ဖြစ်သည်။

***

ချန်းဖန်က တိုက်ပွဲအား အဆုံးသတ် ပြီးချိန်၌ ရှင်သန်ခြင်း ရေစင် ထုတ်လုပ်သည့် စက်ရုံမှ တိုက်ပွဲမှာလည်း အဆုံးသတ်လုပြီ ဖြစ်သည်။

ဆမ်ဆောင်း၏ လျှို့ဝှက် စစ်ဆင်ရေး အဖွဲ့နှင့် ဟောင်ဂိုဏ်း၏ အမှောင်လမင်း အဖွဲ့တို့မှာ ထန်လုံ အဖွဲ့၏ ခံစစ်ကို ဖြိုခွင်း နိုင်ခဲ့သော်လည်း လျှို့ဝှက်စွာ ပေါ်ထွက်လာသည့် အစွမ်းထက်သော တိုက်ခိုက်ရေး သမားများက သူတို့အား ဖြိုခွဲခဲ့သည်။

သူတို့ သယ်ဆောင် လာသည့် စွမ်းအားမြင့် လက်နက်များ ကြောင့်သာ မဟုတ်လျှင် စက်ရုံမှ တစ်ယောက်ပင် အသက်ရှင်လျက် ထွက်နိုင်လိမ့်မည် မဟုတ်ပေ။

"သူတို့က လေဆာ အမြောက်တွေတောင် ယူလာကြတာပဲ။ ငါသာ မမြန်ရင် ခုချိန်မှာ ဆန်ခါပေါက် ဖြစ်နေလောက်ပြီ"

လူကြီးက လက်ခုပ် တီးရင်း ပြောလိုက်သည်။

"ချန်းပေ့ရွှမ်းတော့ ဘယ်လို နေတယ် မသိဘူး …"

လယ်သာ အင်္ကျီနှင့် မိန်းကလေး ကလည်း ရေရွတ်လိုက်သည်။

ဟောင်ဂိုဏ်း၏ အမှောင် လမင်းနှင့် ဆမ်ဆောင်း၏ လျှို့ဝှက် စစ်ဆင်ရေး အဖွဲ့တို့မှာ ချန်းပေ့ရွှမ်း ရင်ဆိုင် ကျန်ရစ်ခဲ့သော လူများနှင့် ယှဉ်ပါက မည်သို့မျှ မပြောလောက်ပေ။

"သူ ထွက်ပြေး သွားလောက်ပြီပေါ့။ အဲဒီလောက် အစွမ်းထက်တဲ့ လူတွေကို သူ ဘယ်လိုလုပ်ပြီး ယှဉ်နိုင် …"

လူကြီးစကား ပြော၍ မပြီးခင်မှာပင် အခြား တစ်ယောက်က သူတို့ထံသို့ လျှောက်လာကာ …

"ငှက်ကလေး … သူဌေးက ငါ့ကို ဘာပြောလဲ ခန့်မှန်းကြည့် …"

"ဘာလဲ…"

"ချန်းပေ့ရွှမ်း နိုင်တယ်တဲ့…"

ထိုလူက ဖြည်းညင်းစွာ ပြောသည်။

"သူက သီးဆပ် အပါအဝင် အဲဒီထဲက လေးယောက်ကို သတ်ခဲ့တယ်တဲ့ …"

"ဘယ်လို …"

လယ်သာ အင်္ကျီနှင့် မိန်းကလေး၏ မျက်နှာက အေးစက်သွားသည်။ သူမမှာ ချန်းပေ့ရွှမ်း၏ စွမ်းအားကို ယုံကြည်သည့်တိုင် ကြားလိုက်ရသော ရလဒ်က သူမအား အံ့အား သင့်စေသည်။

"အဘိုးကြီးက တကယ်ပဲ မှန်နေတာပဲ။ သူက တရုတ်ရဲ့ နံပါတ်တစ် နေရာနဲ့ ထိုက်တန်ပါတယ်"

လူကြီးက ခပ်ယဲ့ယဲ့ ပြုံးရင်း ရေရွတ်လိုက်သည်။

"အမှောင် သတ်မှတ်ချက်မှာ နောက်ထပ် နာမည်တစ်ခု တိုးလာတော့ မှာပဲ …"

လယ်သာ အင်္ကျီနှင့် မိန်းကလေးက တွေးတောဟန် ပြောလိုက်သည်။

သူမ၏ ဘေးမှ လူကြီးကလည်း သဘောတူစွာ ခေါင်းညိတ် လိုက်တော့သည်။

***

သူမ မျှော်လင့်ထား သကဲ့သို့ပင် ထိုသတင်းက မြေအောက်လောက တစ်ခုလုံးအား လှုပ်ခတ် သွားစေသည်။

"မိုးကြိုးဘုရင် ဇိုရို၊ စိန်နက်၊ ပါ့ချွန်ဟွမ်၊ သီးဆပ် … သူတို့အားလုံး သေပြီ။ သွားတဲ့ ငါးယောက်တည်းက တစ်ယောက်ပဲ အသက်ရှင်လျက် ပြန်လာခဲ့တယ်။ အဲဒီ တစ်ယောက်ကလည်း ဟောင်ဂိုဏ်းကို သတိပေးဖို့ ပြန်လွှတ် လိုက်တာတဲ့ …"

လူတိုင်းမှာ သူတို့၏ နားများကိုပင် မယုံကြည်နိုင် ကြချေ။

ဇိုရိုက ဥရောပကို လွှမ်းမိုးနိုင်သလို စိန်နက်မှာလည်း အာဖရိကကို ထိန်းချုပ်နိုင်သည်။ အခြား တစ်ဖက်၌ ပါ့ချွန်ဟွမ်မှာ ကိုရီးယား ခေတ်သစ် သိုင်းပညာ၏ တည်ထောင်သူ ဖြစ်သည်။ သီးဆပ် ဆိုလျှင်လည်း ဒါဇင်နှင့် ချီသော နိုင်ငံများအား လွှမ်းမိုး နိုင်စွမ်း ရှိခဲ့သည်။ သို့သော်လည်း တစ်ယောက်တည်းသော လူက သူတို့အား တစ်ပြိုင်နက် သတ်ဖြတ်ခဲ့သည်။ ထိုသို့သော စွမ်းအားက ပုံဖော်၍ မရနိုင်ပေ။

တရုတ်နိုင်ငံ၊ ကျန်းနန် နယ်ထဲရှိ၊ ကျင်းမြို့တော်ဟု ခေါ်ဆိုသည့် တိတ်ဆိတ်သော နေရာလေးက လူအားလုံး၏ အာရုံများအား ဖမ်းစား သွားခဲ့သည်။ ချန်းပေ့ရွှမ်း ဟူသော အမည်မှာလည်း လေပြင်းမုန်တိုင်း တစ်ခုအလား ကမ္ဘာတစ်ခု လုံးသို့ ပျံ့နှံ့ သွားတော့သည်။

ကိုရီးယားနှင့် ဂျပန်မှ တိုက်ခိုက်ရေး သမား များစွာမှာလည်း ထိုအဖြစ်အပျက်ကြောင့် တရုတ်အပေါ် မျက်ခြည်မပြတ် ရဲတော့ပေ။ အရှေ့တောင် အာရှမှ အစွမ်းထက်သော တိုက်ခိုက်ရေး သမား များစွာမှာလည်း ထိုအဖြစ် အပျက်ကြောင့် တုန်လှုပ် နေခဲ့ကြတော့သည်။

"ခွေးကောင် ..."

ဟောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက သူ၏ ရှေ့တွင်ရှိသည့် စားပွဲအား ပြင်းထန်စွာ ရိုက်ချိုး လိုက်သည်။ အမျက် ဒေါသက သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်အောင် တုန်လှုပ် စေသည်။

ဟောင်ဂိုဏ်းတွင် ခေါင်းဆောင် ခုနစ်ယောက် ရှိသည်။ ပထမအကြိမ် ချန်းဖန်က လဲ့ချန်းကျွယ်ကို သတ်ဖြတ် လိုက်ပြီး နောက်၌ သူ၏ နေရာကို ရိုမန်က အစားထိုး ယူခဲ့သည်။

ယခုတစ်ခါ တွင်လည်း ထိုချန်းပေ့ရွှမ်း ဆိုသော ခွေးကောင်မှာ ဂိုဏ်း၏ ခေါင်းဆောင် နှစ်ယောက်အား သတ်ဖြတ် လိုက်ပြန်သည်။

အဆိုးဆုံးက ဂိုဏ်း၏ အမှောင်လမင်း တပ်ဖွဲ့မှာ ပြစရာ တစ်ခု မကျန်အောင် ဆုံးရှုံး ခဲ့ရခြင်းပင်။

"ကျုပ်တို့ ဘာဆက်လုပ် ကြမလဲ သူဌေး …"

တစ်စုံ တစ်ယောက်က မေးသည်။

"ဇိုရိုရဲ့ အရှုပ်ထုပ် တွေကို ရှင်းဖို့က လွဲရင် ငါတို့ ဘာလုပ်ရ ဦးမှာလဲ …"

ဂိုဏ်းချုပ်က သက်ပြင်း တစ်ချက် ချသည်။

ဟောင်ဂိုဏ်း၏ ခေါင်းဆောင်များ မှာလည်း လုံးဝ တိတ်ဆိတ် နေခဲ့သည်။ လွန်ခဲ့သည့် ရက်ကပင် ဤနေရာတွင် ထိုင်ပြီး ချန်းပေ့ရွှမ်းအား တိုက်ခိုက်ရန် အကြောင်းကို တက်ကြွစွာ ပြောဆို ခဲ့သေးသည်။

"အဲဒီ ခွေးကောင်က ဘယ်လို မိစ္ဆာမျိုးလဲ … အသက် နှစ်ဆယ် မပြည့်သေး တာတောင် ဒီလောက်အထိ စွမ်းအား ကြီးနေတာလား …"

ဂိုဏ်းချုပ်ကြီးက စိတ်ရှုပ်သည့် လေသံဖြင့် ပြောသည်။ အခြား လူများထံမှမူ စကားလုံး တစ်လုံးပင် ထွက်မလာခဲ့ တော့ချေ။

အမှောင်တိုတမ် ဂိုဏ်းကမူ လုံးဝ တိတ်ဆိတ် နေခဲ့၏။ အရိပ်တစ္ဆေ သီးဆပ်မှာ သူတို့ ဂိုဏ်း၏ သင်္ကေတ ဖြစ်သည်။ သီးဆပ် ကျဆုံး သွားခြင်းက အမှောင်တိုတမ် ကျဆုံးခြင်းနှင့် အတူတူပင်။

သူတို့ ချန်းပေ့ရွှမ်းကို မုန်းကြသည့်တိုင် သူတို့ လုပ်နိုင်သော အရာ မရှိပေ။

"သူက ဒီ ကမ္ဘာဂြိုဟ်ပေါ်မှာ အစွမ်း အထက်ဆုံးထဲက တစ်ယောက် ဖြစ်ရမယ် …"

မြေအောက် ကမ္ဘာရှိ လူများစွာ၏ စိတ်မှာ ချန်းပေ့ရွှမ်း၏ အကြောင်းဖြင့် စိုးမိုး နေခဲ့တော့သည်။

***

All Chapters