← Chapters

#မုဖူရှန်း ခုခံမှုကို စွန့်လွှတ်လိုက်သည်

Vol. 81 Ch. 1135

#မုဖူရှန်း ခုခံမှုကို စွန့်လွှတ်လိုက်သည်

Vol. 81 Ch. 1135

"မင်း အဇူရာကောင်းကင်ကျောင်းတော်ကို ရောက်ပြီလား" 

ဟုန်ရင် ကျောက်စိမ်းဆွဲသီးကို ကိုင်ထားစဉ် လျိုကျိယု၏ စိတ်တိုစရာအသံထွက်လာသည်။ 

"ရှင့်ဘယ်မှာလဲ၊ ဦးလေးလျို" ဟုန်ရင်မေးသည်။ 

လျိုကျိယုပြုံးသည်။ 

"ငါအဇူရာကောင်းကင်ကျောင်းတော်မှာ မဟုတ်ဘူး၊ တစ်ယောက်ယောက်နောက်က လိုက်နေတာ၊ သူ့ရဲ့ခြေရာတွေနဲ့ အော်ရာက အရမ်းသံသယဖြစ်စရာကောင်းတာမို့ ဒါတွေကို စောင့်ကြည့်ဖို့တာ၀န်က်ု မင်းတို့ကို ပေးခဲ့တာ"

"ဘယ်သူလဲ"

"ငါလည်းမသေချာဘူး၊ ဒါပေမယ့် အော်ရာက နည်းနည်းရင်းနှီးနေတယ်လို့ ခံစားရမယ်" လျိုကျိယုအပြုံးကို ရုပ်သိမ်းရင်း အသံတိုးတိုးဖြင့် ပြောသည်။ 

"သူ့ဆီကနေ အရေးကြီးသတင်းအချက်အလက်တွေ အများကြီးရနိုင်လိမ့်မယ်လို့ ငါခံစားနေရတယ်"

"မင်းတို့ အဇူရာကောင်းကင်ကျောင်းတော်နဲ့ မရင်းနှီးဘူးမလား"

ဟုန်ရင်၏မျက်ခုံးများရှုံ့တွသွားခဲ့သည်။ 

ဒါအဓိပ္ပာယ်ရှိလို့လား!

အစက အစ်ကိုကြီးကြောင့် လျိုကျိယုလှည့်စားခံခဲ့ရသည့်အပေါ် သူမ၏နှလုံးသားက နာကျင်ခဲ့ရသည်။ 

ယခုတွင်မူ အစ်ကိုကြီးအရမ်းကောင်းကောင်း လုပ်ခဲ့သည်ဟု သူမခံစားရသည်။ သူလုပ်တာနည်းလွန်းသည်ဟုပင် သူမခံစားနေမိသည်။ 

အစီရင်ခံစာငါးခု၊ တစ်ခုမှလျော့လို့်မရဘူး!

ဟုန်ရင်၏အဖြေကို မကြားရသဖြင့် လျိုကျိယု သူမစိတ်အခြေအ‌နေကို ခံစားမိပုံရသည်။ သူရှက်ရွှံ့မှုကို ဖုံးကွယ်ရန်အတွက် ချောင်းဟန့်လိုက်သည်။ 

"ငါ့မှာ အဇူရာကောင်းကင်ကျောင်းတော်နဲ့ ပတ်သက်ပြီး အမှောင်ပိုင်နက်ကနေ သတင်းအချက်အလက်တစ်ချို့ရှိတယ်"

"အဇူရာကောင်းကင်ကျောင်းတော်တစ်ခုလုံးကို အပြင်းနဲ့အတွင်းပိုင်းဆိုပြီး ခွဲထားတယ်၊ မင်းတို့ကျောင်းတော်ထဲကို ၀င်တာနဲ့ မြင်ရတဲ့ခန်းမတွေက အပြင်ပိုင်းက အစိတ်အပိုင်းတစ်ခုဖြစ်လိမ့်မယ်"

"ဒါပေမယ့် အခုအပြင်ပိုင်းမှာ ဘာမှမရှိလောက်တော့ဘူး၊ မင်းတို့ရေကန်ကို ရောက်တာနဲ့ ရေကန်နဲ့၀န်းရံနေသည့်ကျွမ်းက အတွင်းပိုင်းတည်ရှိရာနေရာပဲ"

"အရေးအကြီးဆုံးက အတွင်းပိုင်းကျောင်းတော်ပဲ၊ အတွင်းပိုင်းကျောင်းတော်ကို နှစ်ပိုင်းခွဲထားသေးတယ်"

"ပထမအပိုင်းက တော်၀င်မိသားစုအတွက် ပါရမီတွေကို ပျိုးထောင်ဖို့ပဲ၊ တစ်ချိန်တည်းမှာပဲ သူတို့က ဂိုဏ်းနဲ့ မင်းမျိုးမင်းနွယ်မိသားစုတစ်ချို့ရဲ့ ဆက်ခံသူတွေလည်းဖြစ်တယ်၊ အဲဒါကို အင်ပါယာကောင်းကင်အပိုင်းလို့ခေါ်ပြီး အတွင်းဂိုဏ်းအရှေ့ဘက်မှာ ရှိတယ်"

"အနောက်ဘက်က တစ်ကိုယ်တော်ကျင့်ကြံသူတွေကို ပျိုးထောင်တာပဲ၊ အဲဒါကိုကျတော့ ကောင်းကင်လှုပ်ခတ်အပိုင်းလို့ခေါ်တယ်"

အင်ပါယာကောင်းကင်ဟူသည် ကောင်းကင်ဘုံတာအို၏ အင်ပါယာစွမ်းအားကို ဆိုလိုခြင်းပင်။ 

ကောင်းကင်လှုပ်ခတ်ခြင်းက သေမျိုးခွန်အားနှင့် ကောင်းကင်ဘုံတာအိုကို လှုပ်ခါယမ်းခြင်းပင်။ 

ဟုန်ရင်ပြုံးသည်။ 

"အဇူရာကောင်းကင်ကျောင်းတော်က အတော်လေးရက်ရောသားပဲ"

လျိုကျိယုခေါင်းညိတ်သည်။ 

"မှန်တယ်၊ တစ်ချိန်တည်းမှာပဲ ဟုန်ရင်၊ မင်းနဲ့ မုဖူရှန်းက အင်ပါယာကောင်းကင်အပိုင်းကို သွားနိုင်ပြီး နင်းချန်ရှင်းနဲ့ မု၀မ်အာက ကောင်းကင်လှုပ်ခတ်အပိုင်းကို သွားနိုင်တယ်"

"တခြားဘက်ကသာ တစ်ခုခုရှာချင်တယ်ဆိုရင် သူတို့ခွဲထုတ်ပစ်ဖို့ကို ရွေးချယ်ကြလိမ့်မယ်"

ဟုန်ရင်ဒေါသတကြီးပြောသည်။ 

"နောက်ဆုံးစကားက အဓိကမလား"

"အဟမ်း၊ အဟမ်း၊ ကျန်တာမင်းတို့အတွက် ထားခဲ့တော့မယ်"

ထို့နောက် လျိုကျိယု၏ စကားလုံးများက ပျောက်ကွယ်သွား၏။ 

ဟုန်ရင်ကျောက်စိမ်းဆွဲသီးကို သိမ်းဆည်းပြီး နင်းချန်ရှင်းနှင့်ကျန်သောသူများကို ကြည့်သည်။ 

"နင်တို့ကြားတယ်မလား"

နင်းချန်ရှင်းခေါင်းညိတ်ရင်း သွေးချီဖြင့် ပြည့်နှက်နေသည့် ရေကန်ကို ကြည့်လိုက်၏။ 

"အခုတစ်ခုတည်းသောပြဿာနာက အတွင်းပိုင်းကို ဘယ်လိုသွားရမလဲဆိုတာပဲ"

ဒီရေကန်၌ တံတားများသို့မဟုတ် ခြေချရာနေရာများမရှိပါ။ 

ဒါ့အပြင် ဒီသွေးချီနှင့်အရိုးများကို ကြည့်ပါက လျှို့၀ှက်ဆန်းကြယ်မှုတစ်ချိုက ရှိလိမ့်မယ်ဆိုတာ သေချာသည်။ 

ဒါကသေစေလောက်သည့် လျှို့ဝှက်ဆန်းကြယ်မှုပင်။ 

မုဖူရှန်း ဒီမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ တွေးနေသည်။ 

"ကြီးကြပ်ရေးဗိမာန်က လူတွေက အတွင်းပိုင်းကို ၀င်သွားပြီဆိုတော့ နည်းလမ်းတစ်ခုတော့ရှိရမယ်...."

ဒီနေရာတွင် မုဖူရှန်း ဝိဉာဉ်စွမ်းအားကို အပြည့်အ၀ထုတ်လွှတ်လိုက်၏။ 

၎င်းက မိုးနှင့်မြေကို ဆူနာမီတစ်စင်းပမာ ဖုံးသွားပြီး ရေကန်တစ်၀က်ခန့်ကို ဖြတ်သွားသည်။ 

ဒီရေကန်က အမှန်တကယ်ပင် အတော်လေးကြီးလွန်းသည်။ 

မုဖူရှန်း တခြားသူများသတိမထားမိစေရန်အတွက် သူ့ဝိဉာဉ်စွမ်းအားကို ဖုံးကွယ်ထားရန်ကိုလည်း မမေ့လျော့ခဲ့ပါ။ 

တစ်ခဏအကြာတွင် သူဝိဉာဉ်စွမ်းအားကို ဆွဲသိမ်းပြီးနောက် ရှေ့သို့လက်ညိုးထိုးပြသည်။ 

"ဒီနေရာမှာ အထူးကန့်သတ်ချက်တွေမရှိဘူး၊ ပျံသွားလို့လည်းရသလို ရေကန်ပေါ်ကနေ လမ်းလျှောက်သွားလို့လည်းရတယ်"

"အဲဒါက....." ဒီနေရာ၌ မုဖူရှန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ 

"အဲဒါက....ဘာလဲ"

"ရေကန်အောက်မှာ အတော်လေးကြီးမားတဲ့ အော်ရာတစ်ခုရှိပေမယ့် အသက်ဓာတ်ဆိုလို့မပါဘဲ သေနေတဲ့အရာတစ်ခုလို့ ထင်ရတယ်၊ ဒါပေမယ့် ဒီအော်ရာကြီးက တက်ကြွပြီး စီးဆင်းနေတယ်"

မုဖူရှန်း၏ စကားလုံးများကို ကြားသောအခါ လူတိုင်းအနည်းငယ် ထိတ်လန့်သွားကြ၏။ 

"ဒီလိုဆိုမှတော့ ရေကန်အောက်ခြေက တစ်ခုခုက ငါတို့ကို အချိန်မရွေး တိုက်ခိုက်လာနိုင်တာပဲ" ဟုန်ရင်တည်ငြိမ်စွာပြောသည်။ 

ဟုန်ရင်၏အမူအရာကို ကြည့်ရင်း မုဖူရှန်း တစ်ခဏမျှကြက်သေသေနေပြီးနောက် ခေါင်းညိတ်သည်။ 

"သီအိုရီအရပါ"

"ဒါ‌ဆိုရင်တော့ ဆိုလိုတာက အတွင်းပိုင်းကို ၀င်ဖို့အတွက် ဒီအမည်မသိအရာ၀တ္ထုရဲ့ တိုက်ခိုက်မှုကနေ ရှင်ကျန်နိုင်ဖို့လိုတာပဲ"

"မှန်တယ်"

"ဒါဆိုသွားကြရအောင်"

သွားမယ်!

မုဖူရှန်း ကြက်သေသေသွားပြန်သည်။ 

"ဘယ်ကိုသွားကြမှာလဲ"

ဟုန်ရင် မုဖူရှန်းကို ငတုံးတစ်ယောက်အား ကြည့်နေရသည့်ပမာ ကြည့်လိုက်သည်။ 

"သေချာပေါက် အတွင်းဂိုဏ်းကိုပေါ့"

ဒါကိုကြားသော် မုဖူရှန်းသူမအား ချက်ချင်းတားပစ်သည်။ 

"ခဏလေး၊ ခဏလေး၊ ကျွန်တော်တို့သွားမယ်ဆိုရင်တောင် အရင်ပြင်ဆင်ထားသင့်တယ်လေ၊ ဘာပဲဆိုဆို အောက်က အရာကဘာလဲ၊ ဒါမှမဟုတ် ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ကျွန်တော်တို့ မသိဘူးလေ"

"အဲဒီအရာရဲ့ခွန်အားကို မသိဘူးလို့ပဲ နင်ပြောပြီးပြီလေ၊ ဒီတော့ ပြင်ဆင်တာက ဘယ်လိုအသုံး၀င်လို့လဲ" ဟုန်ရင် ခြေထဲတွင် အင်မော်တယ်ချီကို ထည့်သွင်းပြီး သွေးချီဖြင့် ပြည့်နှက်နေသည့် ရေကန်ပေါ် လှမ်းလိုက်သည်။ 

"ဒီလိုဆိုမှတော့ တိုက်ရိုက်ပဲသွားကြတာပေါ့" ဟုန်ရင်အနည်းငယ် မျက်မှောင်ကြုတ်ရင်း အင်ပါယာဆန္ဒက အတားအဆီးမဲ့ စိမ့်ထွက်လာသည်။ 

ဘုရင်မတစ်ပါးဆင်းသက်လာသည့်အလား လွှမ်းမိုးနိုင်စွမ်းရှိနေပြီး သူမတွင် စစ်တပ်တစ်တပ်နှင့် ရင်ဆိုင်ရသောအခါတွင်ပင် နောက်ဆုတ်ရန်အတွက် အနည်းငယ်မျှပင် အကြောက်တရားမရှိ။ တစ်လှမ်းချင်း သူမ သေမင်းတံခါးဆီသို့ ခိုင်မာစွာလျှောက်သွားသည်။ 

ဟုန်ရင်အရေးယူဆောင်ရွက်နေတာကို မြင်ရသောအခါ မုဖူရှန်းသေချင်သွားသည်။ 

ပြဿာနာဖန်တီးသည့်စရိုက်အရာ၌ ဒုတိယအစ်မကြီးနောက်လိုက်ခြင်းက အစ်ကိုကြီးထက် သေချာပေါက် ပိုကောင်းလိမ့်မည်ဟု သူတွေးထင်ခဲ့ခြင်းပင်။ 

ယခုဘာဖြစ်ပျက်သွားလေသနည်း။ 

အစ်ကိုကြီးက ပြဿာနာများကို ဖန်တီးသည်။ အစ်မကြီးက ဘာတစ်ခုကိုမှ မကြောက်ပါ။ 

ရှေ့တွင် အင်အားကြီးရန်သူများရှိလျှင်ပင် သူမကြောက်မည်မဟုတ်။ 

သို့စေကာမူ ဒါကလည်း ဟုန်ရင် အင်ပါယာဆန္ဒကို သိပ်သည်းအောင် လုပ်နိုင်ရသည့် အဓိကအကြောင်းရင်းပင်။ 

သူမသာ တစ်ခုခုကို ဘာမှန်းမသိသေးခင်ကတည်းက ကြောက်နေမည်ဆိုပါက ဟုန်ရင် လက်ရှိ‌အခြေအနေကို ဘယ်တော့မှရောက်နိုင်မည်မဟုတ်။ 

သူမ အင်ပါယာလမ်းစဉ်တွင်လည်း အဝေးကြီးသွားနိုင်မည်မဟုတ်။ အင်ပါယာလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းရန်အတွက်ပင် အရည်အချင်းမရှိဘူးဟုဆိုပါက ပိုမှန်သည်။ 

မု၀မ်အာ မုဖူရှန်းကို ဖြတ်သွားစဉ် သူ့ပခုံးကိုပုတ်ရင်း ပြုံးသည်။ 

"မစိုးရိမ်ပါနဲ့၊ ဒုတိယအစ်မရဲ့စရိုက်က ဒီလိုပဲ၊ ဒါပေမယ့် ငါတို့အချိန်တိုင်းအဆင်ပြေခဲ့တယ်၊ အန္တရာယ်ကို ရှောင်ရှားနိုင်တယ်"

နင်းချန်ရှင်းကလည်း ပြုံးရင်း မုဖူရှန်းကို ဖြတ်သွားသည်။ သူရေကန်ပေါ်သို့ တက်နင်းပြီး ဟုန်ရင်နောက်ကလိုက်သွား၏။ 

"ကောင်းပါပြီလေ၊ သူတို့လုပ်သလိုပဲ လုပ်တာပေါ့၊ ကျင့်ကြံခြင်းလမ်းစဉ်မှာ လုံး၀လုံခြုံမှုဆိုတဲ့အရာမျိုးမှ မရှိတာ၊ အခြေအနေရပ်နဲ့ လိုက်ဖက်အောင် ပြင်ဆင်ဖို့က ပိုအရေးကြီးတယ်"

ကောင်းပါပြီ!

ကောင်းပါပြီ!

သူတို့စကားလုံးများကို ကြားသောအခါ မုဖူရှန်း ခုခံနေတာကို စွန့်လွှတ်လိုက်သည်။ 

သူအဆောင်စုတ်တံကို သိမ်းဆည်းရင်း အဆောင်များကို တစ်ကိုယ်လုံးနှင့် အ၀တ်အစားများအောက်တွင် ထည့်လိုက်၏။ 

မည်သို့ပင်ဆိုစေကာမူ သူက စံအိမ်တော်တွင် အလေးထားအခံရဆုံးသူပင်။ 

သူဘယ်သူ့နောက်လိုက်တယ်ဆိုတာက အရေးမကြီးပါ။ 

တစ်ခုခုဖြစ်ပျက်လာပါကရော!

အများဆုံးတော့ သူ့ကိုကူညီဖို့အတွက် ဆရာကို ဒုက္ခပေးပြီး ဒုတိယစီနီယာအစ်မကို အပြစ်တင်ရပေမည်။ 

မည်သို့ပင်ဆိုစေကာမူ အဆုံးတွင် အစ်မကြီးက အစ်ကိုကြီးအပေါ် အပြစ်တင်မည်သာ။ 

မုဖူရှန်းအသက်ပြင်းပြင်းရှုရင်း လေးနက်သည့်အမူအရာဖြင့် နောက်ကနေ လိုက်သွားသည်။ 

သူ့တွင် ရဲရင့်စွာသေဆုံးရခြင်း၏ ၀မ်းနည်းဖွယ်ရာခံစားချက်တစ်ခုရှိနေသည်။ 

....

တစ်ချိန်တည်းမှာပင် တခြားတစ်ဘက် ဘိုးဘေးအင်ပါယာအပိုင်းရှိရာဘက်တွင် လျိုကျိယုအော်ရာကို ဖုံးကွယ်ရင်း မနီးမဝေးက အနီ၀တ်အမျိုးသမီးနောက်ကနေ လိုက်နေသည်။ 

အနီ၀တ်အမျိုးသမီး၏စွမ်းအားက မနိမ့်ကျသဖြင့် လျိုကျိယုအရမ်းကြီး အနားမကပ်ရဲပါ။ 

တစ်ဘက်လူတွင် ဘယ်လိုအမြင်ရှိမှန်းညသူမသိပေ။ 

"အဲဒါဘယ်သူလဲ၊ ပြီးတော့ ဒီအော်ရာက.. သူက တကယ်ပဲ နတ်ဆိုးဒေသရဲ့ အကြွင်းအကျန်လား'

ဒါကိုတွေးမိသောအခါ လျိုကျိယူ၏ အမူအရာက အလွန်အမင်းလေးနက်သွား၏။ 

"တကယ်ပဲဒီလိုသာဆိုရင်တော့ သူ့ရဲ့ပန်းတိုင်နဲ့ ကိုယ်ပိုင်အထောက်အထားကို ငါတို့စုံစမ်းစစ်ဆေးဖို့လိုတယ်၊ ဒါက စီနီယာလုအတွက် အသုံး၀င်မှာ ကျိန်းသေပဲ"

အပိုင်း(1136) coming။ 

All Chapters