← Chapters

#နက်ရှိုင်းစွာ အမြစ်တွယ်နေသည်၊ အေးစိမ့်သွားသော ကျောရိုး#

Vol. 81 Ch. 1136

#နက်ရှိုင်းစွာ အမြစ်တွယ်နေသည်၊ အေးစိမ့်သွားသော ကျောရိုး#

Vol. 81 Ch. 1136

မပြည့်စုံသည့်မြေပြင်၌ ဓားကျိုးများနှင့် ဆေဘာဓားများက နေရာတိုင်းတွင်ရှိသည်။ 

အလောင်းများနှင့် ရုပ်ကြွင်းများက အင်မတန်စိတ်မချမ်းမြေ့စရာပင်။ 

ဒါကသေမျိုးနယ်မြေကို ကာကွယ်ရင်း ချန်ထားခဲ့သည့် အမှတ်အသားပေတည်း။ ‌ဒီမြေထဲသို့ ကျုးကျော်သူများ ဆောင်ကြဉ်းလာခဲ့သည့် မမေ့ပျောက်နိုင်သော ဒဏ်ရာတစ်ခုလည်းဖြစ်သည်။ 

စစ်နှင့်ကျူးကျော်မှုက အမြဲလိုလို ဒေသကလူများအတွက် အဆုံးမဲ့ကပ်ဘေးနှင့် ဝေဒနာကို ယူဆောင်လာတတ်သည်။ 

ဒါကအချိန်က ချေဖျက်နိုင်စွမ်းမရှိသည့် အရာတစ်ခုပင်။ 

ဤကဲ့သို့နာကျင်မှုမျိုးက အချိန်ကြာလာသည်နှင့်အမျှ ‌ပျောက်ကွယ်သွားမည်မဟုတ်။ 

သို့သော် အားကြီးသူက အားနည်းသူကို အမဲလိုက်တန်သည့် ဒီကမ္ဘာကြီးထဲတွင် သိသာသည့် အကျိုးကျေးဇူးများရှိနေသရွေ့ စစ်နှင့်ကျူးကျော်မှုက မည်သောအခါမှ ရပ်တန့်မည်မဟုတ်ပါ။ 

ထို့ကြောင့်လည်း နင်းချန်ရှင်း၏ အိပ်မက်ကို အကောင်အထည်ဖော်ရန်ဟူသည် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။ 

ယခုလိုစိတ်ကူးယဉ်အကြံက နင်းချန်ရှင်း၏ ဘ၀ကိုပင် ဖျက်ဆီးပစ်နိုင်သည်။ 

ဒီခြောက်လှန့်နေသည့်မြေတွင်ပင် အနီရောင်အရိပ်တစ်ခုက အလျင်အမြန် ပျံသန်းနေသည်။ 

သူမနောက်က ကီလိုမီတာဒါဇင်ခန့်အကွာ၌ သာမန်လူများမမြင်နိုင်သည်အထိ ဖုံးကွယ်ထားသောအော်ရာတစ်ခုက အနီးကပ်လိုက်ပါလာသည်။ 

အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့်ကွပ်မျက်သူတဖြစ်လဲ ပုန်းလျှိုခြင်းနှင့် ခြေရာခံခြင်းက အခြေခံသာဖြစ်သည်။ 

လျိုကျိယု၏အစွမ်းထက် တိုက်ခိုက်ရေးစွမ်းအားကို ဖယ်ထားလျှင်ပင် အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံး၌ သူ့ဖုံးကွယ်မှုနှင့် ခြေရာခံမှုကို အဆင့်သတ်မှတ်ထားလေရာ အနီ၀တ်အမျိုးသမီးသတိမထားမိတာက ပုံမှန်သာ။ 

သို့စေကာမူ လျိုကျိယုကို စိတ်မသက်မသာဖြစ်စေတာက အနီ၀တ်အမျိုးသမီးက သူမကြီးကြပ်ရေးဗိမာန်နှင့် တစ်ဘက်တည်းမဟုတ်တာကို ဖော်ပြကာ သူတို့၏ရည်မှန်းချက်ကို ဟန့်တားချင်သည်ကို ဖော်ပြပြီး ကျန်တာတွေလုံး၀မဖော်ပြခဲ့သော်လည်း သူမဘာလိုချင်တယ် သို့မဟုတ် သူမဘာကြောင့် ကြီးကြပ်ရေးဗိမာန်ကို ဟန့်တားချင်ရသလဲဆိုတာနှင့် ပတ်သက်၍ ဘာတစ်ခုမှ မဖော်ပြခဲ့ပါ။ 

အမှောင်သခင်၏အဆိုအရ ကြီးကြပ်ရေးဗိမာန်၏ ရည်ရွယ်ချက်က မသန့်ရှင်းပေ။ ဒါ့အပြင် လက်ရှိအခြေအနေမှတဆင့် ကြီးကြပ်ရေးဗိမာန်၏ ရည်ရွယ်ချက်က သေမျိုးနယ်မြေကို ကူညီရန်အတွက်မဟုတ်ဘဲ သူတို့ကိုယ်တိုင်အတွက် လုပ်နေသည်နှင့် ပိုတူသည်။ 

ဒီအနီ၀တ်အမျိုးသမီးကမူ ‌နတ်ဆိုးဒေသအကြွင်းအကျန်တစ်ယောက်ဆိုတာ သေချာသည်။ 

မည်သည့်အတွက်ကြောင့် နတ်ဆိုးဒေသအကြွင်းအကျန်က သေမျိုးကမ္ဘာကို မကူညီသည့် ကြီးကြပ်ရေးဗိမာန်ကို ဟန့်တားရန်အတွက် ရှာဖွေဖော်ထုတ်ခံရသည်အထိ စွန့်စားရလေသနည်း။ 

ဒါကလျိုကျိယု အများဆုံး နားမလည်သည့်အချက်ပင်။ 

ကြီးကြပ်ရေးဗိမာန်ရဲ့ရည်ရွယ်ချက်က ငရဲနတ်ဆိုးဒေသအတွက် အတော်လေး အသုံး၀င်တဲ့အတွက်ကြောင့်များလား!

ဒါမှမဟုတ် နက်ရှိုင်းစွာခန့်မှန်းရမယ်ဆိုရင် နတ်ဆိုးနယ်မြေပြန်လည်ရှင်သန်ဖို့အတွက် အထောက်အကူဖြစ်စေတာများလား!

လျိုကျိယု ဒီမေးခွန်းများကိုတွေးရင်း အနီ၀တ်အမျိုးသမီးနောက်ကနေ အနီးကပ်လိုက်သွားသည်။ 

နောက်ဆုံးတွင် ရက်တစ်၀က်ကြာခန့် လိုက်ပြီးနောက် အနီ၀တ်အမျိုးသမီး ရုတ်တရက် ရပ်လိုက်သည်။ 

သူတို့က ဘိုးဘေးအင်ပါယာအပိုင်းကိုပင် ရောက်နေလေပြီ။ ချောက်ကမ်းပါးက ရှေ့တွင်ရှိသည်။ 

အနီ၀တ်အမျိုးသမီး ချဉ်းကပ်သွားသည့် အခိုက်အတန့်၌ ချောက်နှစ်ဘက်စလုံးတွင် ခြေချင်းခတ်ထိုင်နေသည့် အရိုးစုနှစ်ခု၏ မျက်လုံးများ၌ ရုတ်တရက် မီးတောက်ပြာများ လင်း၀င်းလာခဲ့သည်။ 

အနီ၀တ်အမျိုးသမီးကို စိုက်ကြည့်ရင်း အရိုးစုနှစ်ခုက သူမထံ ပြေး၀င်သွား၏။ 

အစွမ်းထက်နတ်ဝိဉာဉ်အော်ရာက ချက်ချင်းဆိုသလို လွှမ်းခြုံလာကာ အနီ၀တ်အမျိုးသမီးကို ထိုနေရာတွင်ပင် ပိတ်ဆို့ပစ်ချင်နေသည်။ 

သို့စေကာမူ ဒီမြင်ကွင်းကို ရင်ဆိုင်နေရသည့်တိုင် အနီ၀တ်အမျိုးသမီး နောက်သို့ တည်ငြိမ်စွာ နှစ်လှမ်းဆုတ်လိုက်သည်။ 

ဒီနှစ်လှမ်းကပင် အရိုးစုနှစ်ခုကို အမျိုးသမီး မူလရပ်နေခဲ့သည့်နေရာ၌ ရပ်တန့်သွားစေသည်။ သူတို့လုံး၀ ရှေ့မတိုးနိုင်ကြ‌တော့ပါ။ 

အရိုးစုနှစ်ခုက တစ်ခုနှင့်တစ်ခုထိလုနီးပါးဖြစ်နေပြီး အနီ၀တ်အမျိုးသမီးကို စိုက်ကြည့်သည်။ သူတို့၏အသံများက လေးလံကာ အဆုံးမဲ့ဒေါသနှင့် သတ်ဖြတ်ခြင်းဆန္ဒတို့ ပါ၀င်နေသည်။ 

"နတ်ဆိုးဒေသရဲ့ အကြွင်းအကျန်တွေ၊ ဒီနေရာက မင်းတို့လာနိုင်တဲ့နေရာမဟုတ်ဘူး"

"မင်းမြန်‌မြန်နောက်မဆုတ်ဘူးဆိုရင် ငါတို့မင်းကိုသတ်ဖို့ အကောင်းဆုံးကြိုးစားမှာ"

သူတို့က အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများဖြစ်ကြသည်။ 

သူတို့စကားပြောနေစဉ်မှာပင် ဒေါသနှင့် သတ်ဖြတ်ခြင်းဆန္ဒက လူများကို အသက်ရှူကျပ်သွားစေနိုင်သည်။ 

အနီ၀တ်အမျိုးသမီး သူမ၏သွေးကြောစွမ်းအားကို ထုတ်လွှတ်သည်။ အဆုံးမဲ့မိစ္ဆာအော်ရာက သူမကိုလွှမ်းခြုံသွားပြီး အရေပြားပေါ်၌ မျဉ်းများပေါ်လာသည်။ 

"ဒါပေမယ့် စီနီယာတို့နှစ်ယောက် အခုကျွန်မကို မသတ်နိုင်တော့ပါဘူး"

"ကျွန်မက စီနီယာတို့မထွက်လာနိုင်တဲ့ နေရာမှာရှိနေတယ်လေ"

အနီ၀တ်အမျိုးသမီး ထူးမခြားနားစွာပြောသည်။ 

"အစစ်အမှန်နတ်ဘုရားနယ်ပယ် စီနီယာနှစ်ယောက်က သူတို့အကြွင်းအကျန်ဝိဉာဉ်ရဲ့ ‌အရိပ်အယောင်ကို ထိန်းသိမ်းဖို့အတွက် ဘိုးဘေးအင်ပါယာနန်းတော်ရဲ့ အော်ရာကို မှီခိုအားကိုးရတယ်" ဒီနေရာ၌ အမျိုးသမီး သူမခြေထောက်နှင့်အတူ မျဉ်းတစ်ကြောင်းဆွဲပြီးပြုံးသည်။ 

"တကယ်လို့ ရှင့်တို့ကသာ ဒီကထွက်လာမယ်ဆိုရင် ရှင့်တို့ရဲ့ အကြွင်းအကျန်ဝိဉာဉ်တွေက ချက်ချင်းဖျက်ဆီးခံရလိမ့်မယ်"

"မင်းဘယ်လိုသိတာလဲ" အရိုးစုတစ်ခု အမျိုးသမီးကို အော်ဟစ်သည်။ 

ကျန်အရိုးစုကမူ အေးစက်စွာပြောသည်။ 

"ဒီလိုဆိုရင်တောင် ငါတို့နှစ်ယောက် စောင့်ကြပ်နေတာနဲ့ဆိုရင် မင်း ဘိုးဘေးအင်ပါယာနန်းတော်ကို ၀င်ဖို့ကို မေ့ထားနိုင်တယ်"

"တကယ်ပဲဒီလိုလား" အမျိုးသမီး နှာခေါင်းရှုံ့သည်။ 

"ကျွန်မအများကြီး သိနေမှတော့ တခြားအပိုင်းသုံးပိုင်းပွင့်လာသရွေ့ ဘိုးဘေးအင်ပါယာနန်းတော်ကို ၀င်ခြင်းကနေ ရှင့်တို့ ဘယ်သူ့ကိုမှ မတားနိုင်တော့ဘူးဆိုတာ မသိဘဲ နေပါ့မလား"

အရိုးစုနှစ်ခုဆွံအသွားကြသည်။ 

ဒါက လူသားဘိုးဘေး ချမှတ်ခဲ့သည့် စည်းမျဉ်းပင်။ 

ယနေ့ထိတိုင် ဒီလိုစည်းမျဉ်းမျိုးကို ဘာကြောင့် ချမှတ်ခဲ့ရသလဲဆိုတာ သူတို့မသိကြပါ။ 

"မင်းက ငရဲနတ်ဆိုး‌ဒေသရဲ့ အကြွင်းအကျန်ပဲ၊ ဘိုးဘေးအင်ပါယာနန်းတော်က ပစ္စည်းတွေကို မင်းယူသွားနိုင်မယ်လို့ ထင်နေတာလား"

အမျိုးသမီးနှာမှုတ်သည်။ 

"ယူသွားနိုင်မလား၊ မယူသွားနိုင်ဘူးလားဆိုတာက စီနီယာတို့နှစ်ယောက် ထိန်းချုပ်နိုင်တဲ့ အရာတစ်ခုမဟုတ်ပါဘူး၊ ရှင့်တို့က အခုတံခါးစောင့်တွေပါပဲ၊ ဖြစ်ပျက်လာတာတွေက ရှင့်တို့ကိစ္စမဟုတ်ဘူး"

အရိုးစုနှစ်ခု တစ်ခုကိုတစ်ခု တိတ်တဆိတ် ကြည့်လိုက်ကြ၏။

သူတို့၏မျက်လုံးများ၌ ထိန်းချုပ်၍ မရနိုင်သည့် ဒေါသများရှိနေသော်လည်း အနီ၀တ်အမျိုးသမီးကို ဘာတစ်ခုမှမလုပ်နိုင်ပေ။ 

အရိုးစုနှစ်ခုသက်ပြင်းချရင်း ချောက်ဘေးနှစ်ဘက်တွင် ထိုင်လိုက်ကြသည်။ 

သို့စေကာမူ သူတို့ငြိမ်သက်ကာ နားနေခြင်းမရှိဘဲ ယင်းအစား အနီ၀တ်အမျိုးသမီး၏ လှုပ်ရှားမှုတိုင်းကို တည့်တည့်စိုက်ကြည့်နေသည်။ 

အနီ၀တ်အမျိုးသမီးကလည်း တခြားဘာတစ်ခုမှမလုပ်ဘဲ ပုန်းရန်အတွက် နေရာတစ်ခုကို ရှာနေသည့်အလား ပတ်၀န်းကျင်ကို ‌စောင့်ကြည့်ကာ တစ်နေရာသို့ထွက်သွားသည်။ 

သူတို့ပြောသမျှအရာတိုင်းကို လျိုကျိယုကြားပါသည်။ 

အရိုးစုနှစ်ခု သူရှိရာဘက်သို့လှည့်ကြည့်နေတာကိုလည်း သူသတိထားမိသည်။ သို့သော် သူတို့ကသူ့ကိုဘာမှမပြောကြပါ။ 

လျိုကျိယု၏အမူအရာက လေးနက်နေသည်။ 

အနီ၀တ်အမျိုးသမီးက ရှေးဟောင်းစစ်မြေပြင်၏ အသေးစိတ်အချက်အလက်များကို ကောင်းကောင်းသိသည်။ 

ဒီသတင်းကို သူတို့၏ငရဲနတ်ဆိုးဒေသက ရလာခဲ့ခြင်းဖြစ်ရပေမည်။ 

ဒါကလည်း ငရဲနတ်ဆိုးဒေသ၏ အကြွင်းအကျန်များက သေမျိုးနယ်မြေထဲသို့ စိမ့်၀င်နေပြီး အင်မတန်ပင် စိမ့်၀င်နေပြီဟု ဆိုလိုနေခြင်းပင်။ 

ရာထူးအရာ၌ဖြစ်စေ၊ ခွန်အားအရာ၌ဖြစ်စေ တစ်ဘက်လူက ထိပ်တန်းတည်ရှိမှုတစ်ခုဖြစ်သည်။ 

"ဒါတကယ်ခက်ခဲလာတော့မှာပဲ...." လျိုကျိယု လေးနက်သည့်အမူအရာဖြင့် ရေရွတ်မိသည်။ 

"ဒီလိုသာတကယ်ဖြစ်လာရင် ငရဲနတ်ဆိုးဒေသက ကောင်းကင်ဖိနှိပ်စေတီရဲ့ ချိပ်စည်းကို ချိုးဖျက်ပြီး သေမျိုးကမ္ဘာရဲ့ ပုန်းလျှိုနေတဲ့ အကြွင်းအကျန်တွေနဲ့ ပူးပေါင်းသွားတဲ့အခါကျရင်...."

ဒီအတွေး၀င်လာသောအခါ လျိုကျိယု၏ ကျောရိုးတစ်လျှောက်ပင် အေးစိမ့်သွားရသည်။ 

မဟုတ်ဘူး၊ သူ့နောက်ကွယ်က စွမ်းအားကို ငါရှာရမယ်!

မဟုတ်ဘူးဆိုရင် သေမျိုးနယ်မြေက ထပ်ပြီး ဒုက္ခထဲနက်ရှိုင်းစွာ ကျသွားလိမ့်မယ်!

အမွေအနှစ်ထပ်မံဖြတ်တောက်ခံရခြင်းကပင် ဖြစ်လာနိုင်ချေရှိသည်။ 

ဒီလိုအရာမျိုးဖြစ်ပျက်လာမည်ကို လျိုကျိယုဘယ်တော့မှ ခွင့်ပြုမည်မဟုတ်။ 

.....

တခြားတစ်ဘက်တွင် အဇူရာကောင်းကင်ကျောင်းတော်အတွင်း ရေကန်အထက်တွင် ဟုန်ရင်၊ နင်းချန်ရှင်း၊ မုဖူရှန်းနှင့် မု၀မ်အာတို့က ရေကန်ပေါ်ကနေ ညီညီညာညာပင် လျှောက်နေကြသည်။ 

ဟုန်ရင်နှင့် နင်းချန်ရှင်းတို့က ဘာကိုမှ ဂရုမစိုက်ပုံပင်။ 

မု၀မ်အာ ဘေးပတ်၀န်းကျင်ကို သိချင်စိတ်ဖြင့် လှည့်ကြည့်ပြီး နှာခေါင်းကို မကြာမကြာဖုံးထားသည်။ 

အဘယ်ကြောင့်ဆိုသော် သွေးအနံ့က အလွန်ပြင်းလွန်းသည်မဟုတ်ပေလော။ 

မုဖူရှန်းတစ်ယောက်သာလျှင် သတိထားကာ ကြည့်နေပြီး သူ့မျက်နှာက သတိထားမှုဖြင့်ပြည့်နှက်နေသည်။ 

သူ့လက်ဖဝါးပေါ်ကအဆောင်က လျှပ်စီးစွမ်းအားနှင့်အတူ တောက်ပနေသည်။ 

သူ့အ၀တ်များအောက်က အဆောင်များကလည်း ခပ်မှိန်မှိန်တောက်ပနေသည်။ 

သူမတော်တဆဖြစ်ရပ်တိုင်းကို သတိထားရန် လိုအပ်သည်။ 

ဟူး......!

ဆရာ၏ သတိအရှိဆုံးတပည့်တစ်ဦးအဖြစ် မုဖူရှန်း သူ့စီနီယာအစ်ကိုအစ်မများအပေါ် ပင်ပန်းမှုကို ဖော်ပြခဲ့သည်။ 

သူအင်မတန်ပင်ပန်းနေသည်။ 

အပိုင်း(1137) coming။

All Chapters