← Chapters

#ရေကန်အောက်ခြေ၊ ခေါင်းတစ်ရာစပါးအုံး#

Vol. 81 Ch. 1137

#ရေကန်အောက်ခြေ၊ ခေါင်းတစ်ရာစပါးအုံး#

Vol. 81 Ch. 1137

သွေးချီက ကန်ထဲတွင် မြှင့်တက်လာခဲ့သည်။ 

သတ္တဝါအမျိုးမျိုး၏ အကြွင်းအကျန်များကလည်း ခပ်ရေးရေးမိစ္ဆာအော်ရာများကို ထုတ်လွှတ်သည်။ 

ဒီလက္ခဏာအားလုံးက နတ်ဆိုးဒေသ၏ အကြွင်းအကျန်များ တစ်ခါက အဇူရာကောင်းကင်ကျောင်းတော်၏ အတွင်းပိုင်းကို ၀င်ချင်ခဲ့ကြသော်လည်း ဒီရေကန်ကို မဖြတ်ကျော်နိုင်ခဲ့ကြတာကို ညွှန်ပြနေသည်။ 

ဟုန်ရင်တို့လေးယောက် ရပ်သွားခြင်းမရှိချေ။ သူတို့ရေကန်ပေါ်တက်နင်းရင်း အတွင်းပိုင်းထဲကို သွားနေကြသည်။ 

ရေကန်ပေါ်ကျရောက်နေသည့် ခြေလှမ်းတိုင်းတွင် လှိုင်းတစ်ခုစီက ပျံ့သွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွား၏။ 

ရုတ်တရက် ဟုန်ရင်တို့မျက်မှောင်ကြုတ်ကာ အောက်ကလှိုင်းများအား ငုံ့ကြည့်သည်။ 

"တစ်ခုခုမှားနေပြီ...."

လေးယောက်စလုံးရပ်လိုက်ကြသည်။ 

သို့စေကာမူ သူတို့လေးယောက်လုံး လှုပ်ရှားတာကို ရပ်လိုက်စဉ် သူတို့ခြေထောက်အောက်က လှိုင်းများက ဆက်လက်ဆန့်ထွက်သွားသည်။ 

ဒါ့အပြင် လှိုင်းများ၏ အကွာအဝေးနှင့် ပြင်းထန်မှုကလည်း တဖြည်းဖြည်းတိုးလာသည်။ 

"အာ၊ မဟုတ်ဘူး" မုဖူရှန်း၏ မျက်သူငယ်အိမ်များ ရုတ်တရက်ကျုံ့သွားပြီး အော်ဟစ်သည်။ 

"လူဖြန့်ကြ"

မုဖူရှန်း၏သတိပေးချက်ကို ကြားသောအခါ လူတိုင်းချက်ချင်းဖြန့်လိုက်ကြ၏။ 

ဖြန့်လိုက်ကြသည့်အခိုက်အတန့်၌ ရေကန်အောက်မှ အနက်ရောင်အရိပ်တစ်ရိပ် ဖြည်းဖြည်းချင်းထိုးထွက်လာသည်။ 

ပလုံ.....!

ကျယ်လောင်သည့်အသံနှင့်အတူ သွေးရောင်စပါးအုံးက အသူရာချောက်နှင့်တူသည့် ၎င်း၏ပါးစပ်ကြီးကိုဟကာ ရေထဲကနေ ချိုးဖျက်ထွက်လာပြီး အောက်သို့ ကိုက်ပစ်သည်။ 

အကယ်၍ဟုန်ရင်တို့သာ အချိန်မီလူမဖြန့်လိုက်ပါက သွေးရောင်စပါးအုံး၏ မျိုချခြင်းကို ခံရလောက်သည်။ 

စပါးအုံးတွင် အကြေးခွံများမရှိဘဲ ၎င်း၏ ချောမွေ့နေသည့်ခန္ဓာ၌ သွေးစက်များရှိနေသည်။ ခေါင်းတွင် အမာရွတ်တစ်ခုရှိပြီး ၎င်းက ကြီးထွားလာတော့မည့် ချိုတစ်ချောင်းအလားပင်။ 

ရေထဲကထွက်လာပြီးနောက် သွေးရောင်စပါးအုံးလုံး၀မရပ်သွားဘဲ သွေးသံတရဲရဲပါးစပ်ကြီးကိုဟကာ မု၀မ်အာရှိရာသို့ ပြေး၀င်သွား၏။ 

မု၀မ်အာထိတ်လန့်သွားခြင်းမရှိပါ။ 

ယခုလိုအချိန်တွင် သူမပို၍ပင် တည်ငြိမ်နေရန်လိုအပ်သည်။ ကြောက်စိတ်က ပိုကြီးမားသည့်အန္တရာယ်ကိုသာ ဆောင်ကြဉ်းလာနိုင်သည်။ 

မု၀မ်အာ နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို ထုတ်ပြီး ဆေးလုံးအမှုန့်ပုလင်းများကို ဆေးပြင်းဖိုထဲ ပစ်ထည့်လိုက်၏။ 

ဒီအခိုက်အတန့်မှာပင် သွေးရောင်စပါးအုံး ရှေ့သို့ပြေး၀င်သွားသောအခါ ၄င်း၏အရိပ်က မု၀မ်အာတစ်ကိုယ်လုံးကို လွှမ်းခြုံပစ်သည်။ 

ထို့နောက် အောက်သို့ကိုက်ဖြတ်ပစ်သည်။ 

ကလန်......!

သတ္တုချင်းတိုက်မိသည့်အသံက ကမ္ဘာတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားသည်။ 

သွေးရောင်စပါးအုံးမှာ ၎င်း၏ပါးစပ်ကို လုံး၀မပိတ်နိုင်တော့။ ၎င်း၏ အထက်မေးရိုးနှင့် အောက်မေရိုးကြားတွင် နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုက တားဆီးနေသည်။ 

မု၀မ်အာက နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုဘေးတွင်ရှိနေသည်။ ဒါကိုမြင်သောအခါ သူမဆေးပြင်းဖိုကို ရိုက်ချလိုက်၏။ 

ဟူး....ဟူး....ဟူး....ဟူး....!

တောက်ပသည့်မီးလျှံများက ပြင်းထန်စွာ လောင်ကျွမ်းသည်။ 

နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုထဲတွင် ဆေးလုံးနှင့်ဆေးမှုန့်ပုလင်းများအားလုံးက မီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံရသည်။ 

သို့စေကာမူ လောင်ကျွမ်းပြီးနောက်တွင် ဆေးပြင်းဖိုရှိ နဂါးကိုးကောင်ပါးစပ်များကနေ ခရမ်းရောင်အငွေ့များစွာ ထွက်လာပြီး သွေးရောင်စပါးအုံး၏ အသူရာချောက်ပမာ ပါးစပ်ထဲသို့ တိုး၀င်သွားကြ၏။ 

ကျိ.....ကျိ.....ကျိ.....!

တိုက်စားနေသည့်အသံများကို ကြားရသည်။ ခရမ်းရောင်အငွေ့က သွေးရောင်စပါးအုံး၏ ပါးစပ်ကိုပတ်ပြီး မျက်နှာပြင်ကို ထိသည်။ ထို့နောက် ချက်ချင်းစတင်တိုက်စားသည်။ 

ဒါကသေစေလောက်သည့်ပျက်စီးမှုကို မဖြစ်စေသော်လည်း သွေးရောင်စပါးအုံးကို ကောင်းကင်တမျှတုန်လှုပ်ဖွယ်ရာဟိန်းသံကို ထုတ်လွှတ်ကာ ရေကန်ထဲသို့ ထပ်မံဆုတ်သွားစေသည်။ 

မု၀မ်အာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သော်လည်း သူမ၏ နှလုံးသားက အလွန်အမင်း လေးလံနေသည်။ 

ဒီလှိုင်းက သူမ၏အဆိပ်အားလုံးနီးပါးဖြစ်သည်။ 

အဆိပ်များစွာ၏တိုက်စားမှုအောက်တွင် ဒါက သွေးရောင်စပါးအုံး၏အသားကိုသာ နာကျင်စေပြီး သေစေလောက်သည့် ဒဏ်ရာများကို မဖြစ်စေနိုင်ခဲ့ပါ။ 

ဤသည်ကပင် သွေးရောင်စပါးအုံး၏ ခွန်အားက သူတို့ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာ ပြသရန်လုံလောက်နေလေပြီ။ 

ဟုန်ရင်နှင့်ကျန်နှစ်ယောက် မု၀မ်အာဘေးသို့ အလျင်အမြန်သွားကြသည်။ 

"ညီမလေး၀မ်အာ၊ နင်အရမ်းတော်တယ်..." ဟုန်ရင် လေးနက်သည့်အမူအရာဖြင့် လှည့်ပတ်ကြည့်ပြီးနောက် အသံတိုးကာ ပြောသည်။ 

"ငါနင့်ကိုချီးမွမ်းချင်တယ်ဆိုရင်တောင် အခုအချိန်က မသင့်တော်ဘူး"

မု၀မ်အာ ပြန်မဖြေနိုင်ခင်မှာပင် နင်းချန်ရှင်းမျက်မှောင်ကြုတ်သည်။ 

"သတိထားဦး၊ ထပ်လာနေပြီ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သွေးရောင်ရေဆင်နှာမောင်းများက ကောင်းကင်ပေါ်ထိုးတက်လာ၏။ 

ဒီရေဆင်နှာမောင်းများက သူတို့ကို အလွန်အင်မတန်သေးငယ်သည့် နေရာလေးတစ်ခုထဲတွင် ၀န်းရံထားပြီး ရှောင်တိမ်းနိုင်သည့် နေရာများကို ပိတ်ဆို့ထားသည်။ 

ရေဆင်နှာမောင်းကို အတင်းချိုးဖျက်ထိုးဖောက်လိုပါက ရှုထောင့်ပေါင်းစုံကနေ အနှောင့်အယှက်ဖြစ်လာပေလိမ့်မည်။ ထိုအချိန်က သွေးရောင်စပါးအုံးက ဒီအခွင့်အလမ်းကောင်းကို လက်လွှတ်ခံမည်မဟုတ်။ ၎င်းသာ တိုက်ရိုက်ကိုက်ဖြတ်ပစ်လာပါက ရှောင်လွှဲခုခံရန် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။ 

မုဖူရှန်းဒါကိုမြင်သောအခါ အတွေးနက်သွားသည်။ 

ဒီရေဆင်နှာမောင်းများက သူတို့လွတ်မြောက်မည့်နေရာကို ပိတ်ဆို့ထားသည်သာမက အပြင်ပကမ္ဘာ၏ အသိကိုပါ အတိုင်းအတာတစ်ခုအထိ ပိတ်ထားပုံရသည်။ 

ဒါကိုမြင်သော် ဟုန်ရင်နှာမှုတ်သည်။ 

"မျိုးမစစ်ကောင်ကြီး"

သူမလက်ထဲက ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ထားစဉ် အင်ပါယာဆန္ဒက ထိုးထွက်လာခဲ့သည်။ 

ရှောင်ဟိုင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုသည်မှာ ရှင်းနေသည်။ 

မည်သို့ပင်ဆိုစေကာမူ တခြားနည်းလမ်းမရှိပါ။ 

နင်းချန်ရှင်းကလည်း လက်ထဲတွင် စာလိပ်ကိုကိုင်ထားပြီး အချိန်မရွေးတိုက်ခိုက်ရန် အသင့်ရှိနေသည်။ 

မု၀မ်အာအနည်းငယ် ပူပန်နေသည်။ နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို သူမရင်ဘတ်ကို ကာကွယ်ပေးထားပြီး မီးတောက်များက အဆက်မပြတ် လောင်ကျွမ်းနေသည်။ 

သူတို့အောက်တွင် အရိပ်နက်က တဖြည်းဖြည်းပေါ်လာသည်။ 

မုဖူရှန်း ရုတ်တရက်သူတို့ရှေ့တွင် ရပ်ပြီးနောက် အဆောင်အတားအဆီးကို အသက်သွင်းလိုက်သည်။ 

ကိုးလွှာလျှပ်စီးဒိုင်း ဘယ်လောက်များများရှိသလဲဆိုတာကိုပင် မသိရပေ။ သို့စေကာမူ လက်ရှိမုဖူရှန်းက လိပ်ခွံအလွှာတစ်ဒါဇင်ကျော်ကို ဆင်မြန်း၀တ်ဆင်ထားသည့်အလား ထင်ရသည်။ 

တစ်ချိန်တည်းမှာပင် မုဖူရှန်းလက်ထဲတွင် မိုးကြိုးပေါ်လာသည်။ 

ရှေးဟောင်းနတ်မိုးကြိုးငါးခုကို သူတစ်ချိန်တည်း၌ ထုတ်လွှတ်လိုက်၏။ 

ဂျုန်း......!

ရေကန်မျက်နှာပြင်က ဖောင်းလာစဉ် သွေးရောင်စပါးအုံးထွက်လာပြီး မျိုချရန်အတွက် ၎င်း၏သွေးစွန်းနေသောပါးစပ်ကို ဟလိုက်လေသည်။ 

မုဖူရှန်း အဓိက၀န်ထုပ်၀န်ပိုးကို သယ်ဆောင်ထားခဲ့သည်။ 

ကြောက်မက်ဖွယ်ရာ အော်ရာအတက်အကျများက ထိုးတက်လာသည်။ 

သူ့ကိုယ်ထဲက နယ်ပယ်ဖိနှိပ်မှုကို ဖယ်ရှားလိုက်စဉ် နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်က ပေါက်ကွဲသွားခဲ့သည်။ 

သွေးရောင်စပါးအုံး လျှပ်စီးဒိုင်းအလွှာများကို ကိုက်ဖြတ်ပစ်သောအခါ လျှပ်စီးဒိုင်းအလွှာများက စတင်ကွဲအက်လာကြ၏။ 

သို့စေကာမူ မုဖူရှန်း၏ တိုက်ခိုက်မှုကလည်း ဒီတဒင်္ဂ၌ ကျဆင်းလာခဲ့သည်။ 

ရှေးဟောင်းနတ်မိုးကြိုးစွမ်းအားငါးခုက လှံတစ်စင်းအဖြစ်ပြောင်းလဲသွား၏။ ၎င်းက နတ်လျှပ်စီးနှင့်အတူ လင်း၀င်းကာ သွေးရောင်စပါးအုံးထံ ပြင်းထန်စွာ ပစ်၀င်သွားသည်။ 

နတ်မိုးကြိုးနှင့် လင်း၀င်းနေသည့် လှံက မိုးကြိုးစင်းတစ်ခုအဖြစ် ပြောင်းသွားပုံရပြီး စပါးအုံး၏ပါးစပ်ကို ထိုးဖောက်ပစ်သည်။ 

စပါးအုံးမြွေ၏မျက်လုံးများက ကျုံ့သွားပြီး ကိုက်ပစ်သည်။ 

ဘန်း....ဘန်း.....ဘန်း.....!

စပါးအုံးပါးစပ်ကနေ အလွန်အမင်းတိုးညင်းသည့် ပေါက်ကွဲသံတစ်သံထွက်လာပြီး လျှပ်စီးက ပါးစပ်ထဲတွင် ဖိသိပ်ပစ်သည်။ 

နောက်ထပ်စိတ်မချမ်းမြေ့ဖွယ်ရာဟိန်းသံနှင့်အတူ သွေးရောင်စပါးအုံး ‌ကန်မျက်နှာပြင်သို့ ထပ်ဆုတ်ခွာသွားချင်သည်။ 

ဒါကိုမြင်သော် မုဖူရှန်းအနည်းငယ် မျက်မှောင်ကြုတ်သည်။ သူဒီအကောင်နောက်က လိုက်ပြီး အောက်ဆင်းနေစဉ် အသက်ကို ယူပစ်ရမလားဆိုသည့်အပေါ် တွန့်ဆုတ်နေသည်။ 

ရုတ်တရက် ပတ်၀န်းကျင်က လေဆင်နှာမောင်းက စတင်ပျောက်ကွယ်လာသည်။ 

ဒါက အပြင်ပကမ္ဘာ၏ အသိက သူ့ခွန်အားပေါက်ကွဲမှုကို ချက်ချင်းခံစားနိုင်သည်ဟု ဆိုလိုနေခြင်းပင်။ 

မုဖူရှန်းမျက်မှောင်ကြုတ်ရင်း ဒီအကြောင်းကို တွေးနေသည်။ သွေးရောင်စပါးအုံးကိုသတ်ပြီး အဆုံးသတ်ပစ်ရန်အတွက် သူဒီအခွင့်အလမ်းကို လက်မလွှတ်ချင်ပါ။ 

မည်သို့ပင်ဆိုစေကာမူ သူတိုက်ခိုက်ခဲ့နှင့်လေပြီ။ 

သူသာ ရေကန်ပေါ်တွင် တိုက်ခိုက်ပါက သေချာပေါက်ရှာဖွေဖော်ထုတ်ခံရမည်သာ။ 

ထို့ကြောင့် မုဖူရှန်း၏ပုံရိပ်က လင်း၀င်းသွားပြီး ရေကန်ထဲရှိ သွေးရောင်စပါးအုံးနောက်သို့ လိုက်သွားသည်။ 

ဒါကိုမြင်သောအခါ ဟုန်ရင်နှင့် ကျန်နှစ်ယောက်တို့က အနည်းငယ်လေးနက်သွားကြ၏။ 

ဒီသွေးရောင်စပါးအုံးက မုဖူရှန်း၏ အားအပြည့်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။ 

ဒီနေရာ၌ အလောင်းများစွာ ရှိနေသည်မှာ အံ့ဩသင့်စရာမရှိ‌တော့။ 

.....

ရေကန်အောက်တွင် အနက်နှင့်သွေးရောင်ကမ္ဘာတစ်ခုရှိသည်။ 

သွေးများက အနက်ရောင်ပြောင်းသွားပြီး ရေကန်ထဲတွင်ရှိနေသည်။ 

ပတ်၀န်းကျင်ကို အနှီမျက်လုံးနှင့် မြင်နိုင်ရန်ဟူသည် မဖြစ်နိုင်ပေ။ 

သို့စေကာမူ မုဖူရှန်း ဝိဉာဉ်စွမ်းအားကို သုံးလိုက်သောအခါ သူ့အမူအရာက ပြောင်းလဲသွားရသည်။ 

အနက်ပိုင်းတွင် သူ့ကိုစိုက်ကြည့်နေသည့် မရေမတွက်နိုင်လောက်သော မြွေမျက်လုံးများရှိနေသည်။ 

အထဲတွင် သွေးရောင်စပါးအုံးတစ်ကောင်ထက်ပိုသည်။ 

ဒါကိုမြင်သောအခါ မုဖူရှန်း၏ ဦးရေပြားပင်လျှင် ထုံကြဉ်လာရသည်။ 

ဒီလိုသာဆိုပါက အနည်းငယ်ဒုက္ခများသွားလေပြီ။ 

အပိုင်း(1138) coming။ 

All Chapters