← Chapters

အပိုင်း(၃ဝ၃)

Vol. 4 Ch. 303

အပိုင်း(၃ဝ၃)

Vol. 4 Ch. 303

ကျင်းတက္ကသိုလ်မှ တိုက်ပွဲ ပြီးသည်နှင့် ချန်းဖန်မှာ အဆောင်သို့ ပြန်ကာ သာမန် တက္ကသိုလ် ကျောင်းသား တစ်ဦး အနေဖြင့် တည်တည် ငြိမ်ငြိမ်ပင် ဖြတ်သန်း နေခဲ့သည်။ သူ့အတွက်မူ သီးဆပ်ကို သတ်ဖြတ်ခြင်းက အသေးအဖွဲ ကိစ္စ တစ်ခုသာ ဖြစ်သည်။

သီးဆပ်နှင့် ဇိုရိုတို့မှာ နိုင်ငံတကာ မြေအောက် လောကတွင် အလွန် ကျော်ကြားသည့် တိုက်ခိုက်ရေး သမားများ ဖြစ်သော်လည်း ချန်းဖန် အတွက်မူ သူတို့၏ စွမ်းအားက လဲ့ချန်းကျွယ် ကိုပင် မမီချေ။

လဲ့ချန်းကျွယ်မှာ သိုင်းပညာ၊ ဝိညာဉ် စွမ်းအင်၊ ခန္ဓာကိုယ် သန့်စင်ခြင်း စသည့် ကျင့်ကြံခြင်း နယ်ပယ် သုံးခုလုံး၌ အထွတ်အထိပ် အဆင့်သို့ ရောက်နေသူ ဖြစ်၏။

ဇိုရိုမှာမူ ခန္ဓကိုယ် သန့်စင်ခြင်း မဆိုထားနှင့် ဓမ္မကျင့်ကြံခြင်း နယ်ပယ်တွင်ပင် အထွတ်အထိပ် အဆင့်၏ အမြင့်ဆုံးသို့ မရောက်သေးပေ။ သီးဆပ် ဆိုလျှင်လည်း အရိပ်နှင့် ခုန်ကျော်ခြင်း စွမ်းအားက လွဲလျှင် ဘာမှ မဟုတ်သည့် လူတစ်ယောက် ဖြစ်သည်။

ချန်းဖန်မှာ နတ်ဘုရား စိတ်အာရုံဖြင့် သီးဆပ်၏ လှည့်ကွက်အား မြင်နိုင်စွမ်း ရှိရာ သူ၏ စွမ်းအားများက သာမန် အရှင် သခင်လောက် အဆင့်သာ ချန်းဖန် အတွက် ရှိနေခဲ့သည်။

မည်သို့ပင် ဆိုစေ အခြား သူများ၏ မျက်လုံးထဲတွင်မူ အရှင်သခင် လေးယောက်အား တစ်ပြိုင်နက် သတ်ဖြတ် လိုက်ခြင်းက အံ့အား သင့်စရာ အလွန် ကောင်းသည့် အရာတစ်ခု ဖြစ်နေခဲ့သည်။

ထိုအကျိုးဆက် ကြောင့်ပင် ချန်းဖန်ထံသို့ လူများစွာ ရောက်လာ ခဲ့တော့၏။

"တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာ ချန်းပေ့ရွှမ်း … ကျွန်မ နာမည်က ပျံလွှား နီလေးပါ။ ကျွန်မက အထူးဌာန ကပါ။ ကျွန်မတို့က တရုတ်မှာ ရှိတဲ့ သိုင်းပညာရှင် တွေနဲ့ အစီအရင် ပညာရှင်တွေရဲ့ အချက်အလက် တွေကို စုဆောင်း နေတာပါ …"

ပခုံးထိ ရောက်သော ဆံပင်နှင့် လယ်သာအ င်္ကျီ ဝတ်ဆင် ထားသော မိန်းကလေးက ပြောသည်။ သူမက အခန်း အတွင်းသို့ မည်သည့် ခွင့်ပြုချက်မှ မတောင်းဘဲ တိုက်ရိုက် ဝင်လာခဲ့ခြင်း ဖြစ်သည်။

"မနေ့တုန်းက မင်းတို့ကို ငါမြင်ပါတယ်။ ငါမှတ်မိ သလောက် ဆိုရင် မင်းအပြင် အခြားလူတွေပါ ပါနေသေးတယ်"

ချန်းဖန်က ဖြည်းညင်းစွာပင် ပြောသည်။ ယခု ချန်းဖန် ရှိနေသော နေရာမှာ တန့်မိသားစု ခြံဝင်း ဖြစ်ပြီး ချန်းဖန်၏ ရှေ့တွင်မူ တန့်ယွမ်ချင်းနှင့် တန့်ရီဖေးတို့ ထိုင်နေခဲ့သည်။

ပျံလွှားနီ လေးက ချန်းဖန်အား ကြည့်ရင်းပင် …

"ရှင်ပြောချင် တာက ကျွန်မတို့ နှစ်ယောက် အဲဒီမှာရှိတာ ရှင်သိတယ်ပေါ့ …"

"မင်းတို့ နှစ်ယောက်ပဲ မဟုတ်ဘူး။ အခြား အစွမ်းထက်တဲ့ လူတစ်ယောက် ကိုပါ ငါအာရုံခံမိ သေးတယ်။ သူ ဘယ်လိုပဲ ဖုံးကွယ်ပါစေ ငါ့ရဲ့ ရေဒါအောက် ကတော့ ပြေးမလွတ်ပါဘူး …"

ချန်းဖန်က စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို စုပ်ယူ သောက်ရင်း ဆက်ပြော လိုက်သည်။

"သူ ဘယ်သူလဲ ဆိုတာ ငါ မသိပေမဲ့ သူ့ရဲ့စွမ်းအား ကတော့ လဲ့ချန်းကျွယ် ထက်တောင် ပိုအစွမ်းထက်မဲ့ ပုံပဲ"

"သူက ကျွန်မတို့ရဲ့ သူဌေးပါ … အဇူရာနဂါးလို့ ခေါ်ပါတယ်"

ပျံလွှားနီလေးက အံအား သင့်သော မျက်နှာဖြင့် ပြန်ဖြေ လိုက်သည်။ ထိုချန်းပေ့ရွှမ်း ဆိုသော ကောင်လေးကား အလွန် အစွမ်းထက်သော လူငါးယောက်အား တိုက်ခိုက်ရင်းပင် အဝေးတွင် ရှိသော သူမတို့အား အာရုံခံ နိုင်စွမ်း ရှိနေသေးသည်။ ထိုကောင်လေး၏ အစစ်အမှန် စွမ်းအားက မည်သို့ ဖြစ်မည်ကို ခန့်မှန်း၍ မရနိုင်ပေ။

ပျံလွှားနီ လေးမှာ အခန်းထံသို့ ခေါင်းမော့၍ ဝင်လာသည့်တိုင် ယခုမူ ခေါင်းငုံ့ နေခဲ့မိသည်။

အထူးဌာန၏ အရှင်သခင် တစ်ယောက် အနေဖြင့် သူမတွင် တရုတ်နိုင်ငံ ဆိုသော နောက်ခံ ရှိသည်။ ချန်းပေ့ရွှမ်း အနေဖြင့် မည်မျှပင် စွမ်းအား ကြီးစေကာမူ တရုတ်နိုင်ငံကို ဆန့်ကျင် နိုင်လိမ့်မည် မဟုတ်ဟု သူမ အမြဲ တွေးနေခဲ့သည်။ သို့သော်လည်း သူမ၏ ထင်မြင်ချက်များ လွဲမှားခဲ့ပုံ ပေါ်သည်။

"အဇူရာ နဂါး …"

ချန်းဖန်က ခဏမျှ တွေးရင်း ပြုံးလိုက်သည်။

"ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့ ရဲ့နန်ထင်း တစ်ယောက်ပဲ ထိုက်တန် လိမ့်မယ်လို့ တွေးထားတာ။ အဇူရာ နဂါးဆိုတဲ့ တစ်ယောက် ရှိလိမ့် ဦးမယ်လို့ မထင်ခဲ့မိဘူး …"

"သူ့ရဲ့ တည်ရှိမှု၊ အတွင်းအား၊ ဓမ္မစွမ်းအား အရာ အားလုံးက ပြီးပြည့်စုံနေ သလို သူ့ရဲ့ ဝိညာဉ်စွမ်းအား ကလည်း ကျိုးတချီ၊ ခွန်လွန်တို့ နဲ့တောင် ယှဉ်နိုင်နေပြီ။ သူ့ရဲ့ ခန္ဓာကိုယ် ကလည်း ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ် လိုက်စားတဲ့ အထွတ်အထိပ် တစ်ယောက် နီးပါး ရှိနေခဲ့ပြီ။ သူက တန်ခိုးရှင် အဆင့် မရောက်သေး ရင်တောင် အရမ်းကို နီးကပ် နေခဲ့ပြီ …"

ချန်းဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

ပျံလွှားနီ လေးမှာ ချန်းဖန်၏ စကားကို နားထောင်ရင်း တဖြည်းဖြည်း အံ့အား သင့်လာခဲ့သည်။

သူမ၏ သူဌေး အဇူရာနဂါး၏ စွမ်းအားများက တရုတ်တွင်လျှင် လျှို့ဝှက်ချက် တစ်ခု ဖြစ်သည်။ အဇူရာ နဂါးက သိုင်းပညာနှင့် ဓမ္မလမ်းစဉ် နှစ်ခုကို လျှောက်လှမ်း ကြောင်းမှာ သူမနှင့် လုပ်ဖော်ကိုင်ဖက် များသာ သိသော အရာတစ်ခု ဖြစ်သည်။

အဇူရာနဂါးမှာ အထွတ်အထိပ် အဆင့်၏ ထိပ်ဆုံးတွင် ရှိသည့် အပြင် ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ခန္ဓာကိုယ်နှင့် ဝိညာဉ် စွမ်းအား နှစ်ခုလုံး၌လည်း အထွတ်အထိပ် အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်ပြီး တန်ခိုးရှင် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။ ထိုကဲ့သို့သော စွမ်းအားက ကမ္ဘာပေါ်တွင်ပင် အလွန် ရှားပါးသော ဖြစ်တည်မှုပင် ဖြစ်သည်။

မိုင်အနည်းငယ် လှမ်းသော အကွာအဝေး မှပင် ချန်းပေ့ရွှမ်းမှာ အဇူရာ နဂါး၏ စွမ်းအားကို အလုံးစုံ မှန်အောင် သုံးသပ်နိုင်စွမ်း ရှိပုံရသည်။ ထိုကဲ့သို့သော စွမ်းအားက ထိတ်လန့်ဖွယ် ကောင်းလွန်းသည်။

"သူက တန်ခိုးရှင်အဆင့်ကို ရောက်နေပြီလား …"

ပျံလွှားနီလေးက မယုံကြည်နိုင်စွာ တွေးလိုက်မိသည်။

"မင်း ဘာလိုချင်လို့လဲ …"

ချန်းဖန်က သူမအား တည်ငြိမ်စွာပင် မေးလိုက်သည်။

"အိုး … ဘာမှ မဟုတ်ပါဘူး။ ရှင့်မှာ ရန်သူတွေ အများကြီး ရှိနေတယ် ဆိုတာ သတိ ပေးချင်လို့ပါ။ ရှင် ရှန်းမိသားစုနဲ့ ကျန်းမိသားစုကို နှိပ်ကွပ်လိုက် ကတည်းက ရှင့်ကို သေစေ ချင်နေတဲ့ လူတွေ အများကြီးပဲ။ ရှင်အဲဒါကို သေချာ ကိုင်တွယ်နိုင်ဖို့ သတိပေး ချင်တာပါ"

ပျံလွှားနီလေးက စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း ပြောလိုက်သည်။ သို့သော်လည်း သူမ၏ အသံက ယုံကြည်မှု မရှိသည့် အလား ခံစား နေရသည်။

"မင်းနာမည်က ပျံလွှားနီလေး၊ မင်းရဲ့ သူဌေးက အဇူရာ နဂါးဆိုတော့ နောက်ထပ် ကျားဖြူနဲ့ လိပ်နက်သို့ ရှိသေးတယ်လား …"

ချန်းဖန်က မေးလိုက်သည်။

"မှန်ပါတယ် …"

ပျံလွှားနီလေးက ပြန်ဖြေသည်။

"ခန့်မှန်း ကြည့်ရအောင် …"

ချန်းဖန်က မျက်လုံးများကို ကျဉ်းမြောင်း လိုက်ရင်း …

"မင်းဆီကနေ အိုဂါထက် ပိုပြီး အစွမ်းထက်တဲ့ မီးစွမ်းအင်တွေ ငါခံစားလို့ ရနေတယ်။ မင်းက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး အရှင်သခင်တွေ ထဲက တစ်ယောက် ဖြစ်ရမယ်။ သီးဆပ်တောင် မင်းရဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး။ မင်းက မီးဒြပ်စင် အရှင်သခင် တစ်ယောက်ပဲ"

"အဇူရာ နဂါးကတော့ သိုင်းပညာ၊ ခန္ဓာကိုယ် သန့်စင်မှု လမ်းစဉ်၊ ဓမ္မအစီအရင်၊ ဝိညာဉ်စွမ်းအား လေးမျိုးလုံးမှာ အထွတ်အထိပ် အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်နေတာ ဖြစ်ရမယ်။ ဒါကြောင့်ပဲ မင်းက သူ့ကို သူဌေးအဖြစ် သတ်မှတ် ခဲ့တာပဲ"

"ကျားဖြူကတော့ အနောက်အရပ်က ခုနစ်ခုမြောက် ရွှေကို ကိုယ်စားပြုပြီး သူ့ရဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်က အရမ်း ပြင်းထန်တယ်။ သူက တိုက်ခိုက် နေတုန်းမှာ ရန်လိုတဲ့ ခံစားချက်တွေ ထွက်နေတာ ငါအာရုံခံမိတယ်။ ဒါကြောင့်ပဲ သူ့ကို ကျားဖြူလို့ ခေါ်တာ ဖြစ်မယ် …"

"နောက်ဆုံး တစ်ယောက် လိပ်နက်က လိပ်နဲ့ မြွေတို့ရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုကို ကိုယ်စားပြုတယ်။ ဒါကြောင့် သူက ဓမ္မအစီအရင်နှင့် သိုင်းပညာ နှစ်ခုလုံးမှာ ထိပ်တန်းကို ရောက်နေတဲ့သူ ဖြစ်ရမယ်"

ချန်းဖန်၏ စကားများက ပျံလွှားနီလေးကို ထိုင်နေရာမှပင် ထရပ်စေခဲ့သည်။

"ရှင် … ရှင် ဘယ်လို သိတာလဲ …"

သူမက ချောက်ချားစွာ မေးသည်။ သူတို့ လေးယောက်၏ အချက်အလက် များက သူမတို့ ဌာန၏ ထိပ်တန်း လျှို့ဝှက်ချက် များပင် ဖြစ်သည်။ သူမတို့၏ ဌာနမှာ စစ်တပ်၏ ထိပ်ဆုံး ရာထူး ရှိသူများနှင့်သာ တိုက်ရိုက် လုပ်ကိုင်ရပြီး အခြား ရာထူးကြီး သူများပင် သူမတို့၏ နာမည်များကို မသိကြချေ။

ယခု တစ်ကြိမ်သာ တွေ့ဖူးသော ချန်းပေ့ရွှမ်း ဆိုသော ကောင်လေးမှာမူ သူမတို့၏ နာမည်သာမက စွမ်းအားများ၊ ကျင့်ကြံမှုလမ်းစဉ် အလုံးစုံကို သိနေခဲ့သည်။ ဌာနတွင် သူလျှိုများနေသည် ဟုပင် သူမ သံသယ ဝင်မိသည်။

"အဇူရာ နဂါးက တန်ခိုးရှင် တစ်ပိုင်း အဆင့် ကျင့်ကြံသူ။ ပျံလွှားနီလေးက မီးစွမ်းအင် အထူးပြု အဆင့်လွန် အရှင်သခင်။ ကျားဖြူက အထွတ်အထိပ် အဆင့်ရဲ့ နောက်ဆုံး အပိုင်းအခြားမှာ ရှိနေတဲ့ သူတစ်ယောက်။ လိပ်နက်ကတော့ ဓမ္မနဲ့ သိုင်းပညာ ပူးတွဲ လေ့ကျင့်တဲ့သူ။ မင်းတို့ ဌာနက တကယ်ပဲ တောင့်တင်းတဲ့ နေရာတစ်ခုပဲ"

ချန်းဖန်က ပြုံးရယ်ရင်း ဆက်ပြောလိုက်သည်။

ချန်းဖန်၏ မျက်နှာတွင် အထင်မကြီးသော အမူအရာ တစ်ခု တွဲခိုနေသည်ကို ဘေးမှ ကြည့်နေသော တန့်ရီဖေးနှင့် တန့်ယွမ်ချင်းတို့ သတိပြုမိ လိုက်သည်။

ပျံလွှားနီလေးက ချန်းဖန်၏ အထင်အမြင် သေးနေသော မျက်နှာကို ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း …

"ချန်းပေ့ရွှမ်း … ရှင် အစွမ်းထက်တာကို ကျွန်မသိတယ်။ ဒါပေမဲ့ မှတ်ထားပါ။ ရှင့်ထက် ပိုတော်တဲ့ လူဆိုတာ အမြဲတမ်း ရှိနေတယ်။ ရှင်အခု အမြင့်ဆုံး ရောက်နေမှ တန်ခိုးရှင် အဆင့်ပေါ့။ ကျွန်မတို့ ဌာနက တန်ခိုးရှင် အဆင့် ကျင့်ကြံသူတွေ ကိုတောင် သတ်ဖူးတယ် ဆိုတာ ရှင့်ကို သတိပေး ချင်တယ်"

"အိုး … မင်းတို့က တန်ခိုးရှင် အဆင့် ကျင့်ကြံသူကိုတောင် သတ်ဖူးတာလား …"

ချန်းဖန်က ပြုံးရင်းပင် မေးလိုက်သည်။

"ဟမ့် … စူပါပါဝါတွေရဲ့ စွမ်းအားကို လျှော့မတွက်နဲ့ …"

ပျံလွှားနီလေးက ဆက်ပြောလိုက်သည်။

"တန်ခိုးရှင် အဆင့် ကျင့်ကြံသူတွေ ဆယ်စုနှစ် ခြောက်ခုအတွင်း ဘာလို့ မျက်နှာထွက် မပြရဲကြလဲ ဆိုတာ သိလား …"

"ခေတ်မီ နည်းပညာတွေက တန်ခိုးရှင် အဆင့် ကျင့်ကြံသူကိုတောင် လွယ်လွယ်လေး သတ်နိုင်တယ်"

ပျံလွှားနီလေးက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

သူမ စကားထဲမှ စူပါ ပါဝါဆိုသည်မှာ ကမ္ဘာ၏ အစွမ်းအထက်ဆုံး စစ်တပ် ငါးခုဝင် နိုင်ငံကြီးများကို ဆိုလိုခြင်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် စစ်အင်အား နှစ်သန်းကျော် ရှိပြီး ဟိုက်ဒရိုဂျင် ဗုံးများ၊ နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ထားသည့် အပြင် နိုင်ငံတကာ လုံခြုံရေး ကောင်စီကြီး၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံငါးခု အနက်လည်း တစ်ခု အပါအဝင် ဖြစ်သည်။

အကယ်၍ ချန်းပေ့ရွှမ်း အနေဖြင့် တန်ခိုးရှင် အဆင့်သို့ ရောက်လျှင်ပင် ထိုကဲ့သို့ စူပါပါဝါ နိုင်ငံကြီးအား ဆန့်ကျင်ရန် နှစ်ခါပြန်၍ တွေးတောသင့်သည်။

ချန်းဖန်ကမူ သူမ၏ စကားကို ပြန်မပြောတော့ပဲ ပြုံးရုံသာ ပြုံးလေလိုက်သည်။

သူ့အနေဖြင့် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်ကာ အဇူရာ ခန္ဓာကိုယ်နှင့် နတ်ဘုရား စွမ်းအားများကို ပိုင်ဆိုင် နေသည့်တိုင် အစုလိုက် အပြုံလိုက် ဝိုင်းတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ရန် မသေချာပေ။

အစွမ်း အထက်ဆုံးသော တန်ခိုးရှင် အဆင့် ကျင့်ကြံသူပင် ခေတ်မီစစ်တပ်၏ တိုက်ခိုက်မှုအား ဂရုစိုက်ရန် လိုအပ်တယ် မဟုတ်ပါလား ...။

"ခေတ်မီစစ်တပ်က ငါ့ကို ခြောက်လှန့်နိုင်တယ် ဆိုပေမဲ့ ရင်ဆိုင် မတွေ့အောင် ငါရှောင်နိုင် ပါသေးတယ်"

ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြုံးရင်း ပြောလိုက်သည်။

"ဓမ္မစွမ်းအားတွေ မသုံးဘဲနဲ့ အိုစမာ ဘင်လာဒင်တောင် အမေရိကန်ကို ခြိမ်းခြောက်နိုင်ခဲ့ သေးတာပဲ။ ငါဆိုရင် ဘာတွေ လုပ်နိုင်မလဲ ဆိုတာ မင်းတွေးကြည့်စမ်း"

ပျံလွှားနီလေးမှာ တစ်ခွန်းပင် ပြန်လည် မချေပ နိုင်တော့ပေ။ ဖြူရော်ရော် ပြုံးရင်းသာ သူမ သဘောတူလိုက် ရသည်။

"ရှင်မှန်ပါတယ် …"

ပျံလွှားနီလေးက ပြောလိုက်သည်။

"ဒါကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံအားလုံးရဲ့ ခေါင်းဆောင်တွေကို သတိပေးဖို့ ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ အမှောင် သတ်မှတ်ချက်ပါ"

"အမှောင် သတ်မှတ်ချက် …"

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ ထိုနာမည်နှင့် ပတ်သက်၍ သူသိသည့် အရာ မရှိပေ။

***

All Chapters