← Chapters

#ရေကန်အောက်ခြေက ပြင်းထန်သောတိုက်ပွဲ၊ မုဖူရှန်း၏ ထင်မြင်ချက်#

Vol. 81 Ch. 1138

#ရေကန်အောက်ခြေက ပြင်းထန်သောတိုက်ပွဲ၊ မုဖူရှန်း၏ ထင်မြင်ချက်#

Vol. 81 Ch. 1138

ရေကန်အောက်ခြေတွင် သွေးနက်ကမ္ဘာတစ်ခုရှိသည်။ 

ဒီနေရာက ရေကန်ကဲ့သို့ ကြည်လင်ခြင်းမရှိသလို ဆော့ကစားနေသည့် ငါးကလေးများလည်းမရှိပေ။ လွင့်မြောနေသည့် အပျက်အစီးမျိုးစုံနှင့် ကျိုးပဲ့နေသည့် လက်နက်များသာရှိသည်။ 

သို့စေကာမူ ဒီအရာအားလုံးက မုဖူရှန်းအာရုံစိုက်နေသည့်အရာမဟုတ်ပါ။ 

မုဖူရှန်းပို၍စိတ်ပူတာက ရေကန်အောက်ခြေအနက်ပိုင်းတွင် တောက်ပသည့်အလင်းနှင့်အတူ သူ့ကို စိုက်ကြည့်နေသည့် မြွေမျက်လုံးများပင်။ 

မရေမတွက်နိုင်လောက်သည့် သွေးရောင်စပါးအုံးများက ရေကန်အောက်ခြေ၌ မြောလွင့်နေကြ၏။ 

ယခုလေးတင် သွေးရောင်စပါးအုံးပြသွားသည့် ခွန်အားကို အခြေခံပါက သာမန်နတ်သခင်နယ်ပယ် အစောပိုင်းအဆင့် ဖြစ်လောက်သည်။ 

ဒါပဲဆိုပါက မုဖူရှန်းအတွက် ကိုင်တွယ်ရန်ဟူသည် အများကြီးမခက်ခဲ။ 

သို့သော် သွေးရောင်စပါးအုံးများစွာက အတူတကွစုစည်းနေကြခြင်းက မုဖူရှန်းအတွက် ကြီးမားအန္တရာယ်ရှိသည့် စိန်ခေါ်မှုတစ်ရပ်ပင်။ 

ဒါ့အပြင် ဒီသွေးရောင်စပါးအုံးတွေက တစ်ကောင်ထက်တစ်ကောင် ပိုအားကောင်းသလားဆိုတာကိုလည်း မုဖူရှန်းမသိ။ 

မုဖူရှန်းထပ်မတွေးနိုင်ခင်မှာပင် မရေမတွက်နိုင်လောက်သည့် သွေးရောင်စပါးအုံးများက အသူရာချောက်ကဲ့သို့ပါးစပ်များကို တစ်ချိန်တည်းတွင် ဟလိုက်ကြပြီး မုဖူရှန်းရှိရာဘက်သို့ ထွေးထုတ်ပစ်ကြသည်။ 

၎င်းတို့ထွေးထုတ်လိုက်သည့်အရာများက တကယ်တမ်းတွင် သွေးရောင်အလင်းတန်းများဖြစ်သည်။ 

မုဖူရှန်းထိပ်တိုက်ရင်ဆိုင်ရန် မရွေးချယ်ဘဲ ယင်းအစား ဒီသွေးရောင်အလင်းတန်းများ၏လမ်းကြောင်းကို ကြိုတင်အာရုံခံရန်နှင့် ရှောင်လွှဲမသွားခင် သူ့ကို ဘယ်ဦးတည်ချက်ကနေ တိုက်ခိုက်မည်ကို သိရရန်အတွက် အစွမ်းထက်ဝိဉာဉ်အသိကို သုံးလိုက်သည်။ 

သူလှည့်လိုက်၊ ရှေ့သို့တိုးလိုက်၊ ကိုင်းလိုက်၊ ခေါင်းငုံ့လိုက် လုပ်ရင်း ရှောင်တိမ်းနေသည်။ 

သွေးရောင်အလင်းတန်းများကို ရှောင်တိမ်းပြီးနောက်တွင် မုဖူရှန်း၏အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ 

အဘယ်ကြောင့်ဆိုသော် ဒီသွေးရောင်အလင်းတန်းများကို ရှောင်တိမ်းပြီးနောက် ၎င်းတို့က တိုက်ရိုက်မပျောက်ကွယ်သွားသောကြောင့်ပင်။ 

ယင်းအစား ရေကန်ထဲသို့တိုက်ရိုက်ပစ်၀က်ကာ လျင်မြန်စွာပျံ့သွားပြီး ရေကန်မျက်နှာပြင်၌ သိပ်သည်းသွားသည်။ ၎င်းက သွေးအခွံများအဖြစ် ကျုံ့သွားကာ ရေကန်တစ်ခုလုံး၏မျက်နှာပြင်ကို လုံး၀ပိတ်ပစ်သည်။ 

ဒီသွေးရောင်စပါးအုံးအုပ်စု၏ ရည်ရွယ်ချက်က မုဖူရှန်းကို ဒီတိုက်ခိုက်မှုဖြင့် သတ်ပစ်ရန်မဟုတ်ဘဲ မုဖူရှန်း၏ လွတ်မြောက်ရာလမ်းကြောင်းကို လုံး၀ပိတ်ဆို့ပစ်လိုခြင်းပင်။ 

မုဖူရှန်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ရှေးဟောင်းမိုးကြိုးငါးခုစွမ်းအားက သူ့ကိုယ်ကနေ ထွက်ပေါ်လာသည်။ 

မိုးကြိုးနှင့်လျှပ်စီးကွင်းအလွှာများကို သူ့၀န်းကျင်၌ ဖန်တီးထားသည်။ 

ပတ်၀န်းကျင်က အပျက်အစီးများနှင့် ကျိုးပဲ့နေသည့်လက်နက်များက ရေလှိုင်းများနှင့်အတူ မုဖူရှန်းဘေးသို့ လွင့်မြောလာကြ၏။ ၎င်းနောက်တွင် လျှပ်စီးအလင်းအလွှာများ၏ ချေမွပစ်ခြင်းကို ခံရပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားရသည်။ 

ဘန်း....ဘန်း....ဘန်း!

မိုးကြိုးများက ရေကန်အောက်ခြေ၌ ပစ်ခတ်နေသည်။ 

၎င်းက အတိမည်းနက်သော သွေးရောင်ဖြင့် ခြယ်သထားသကဲ့သို့ ဖြစ်နေသည့်တိုင် ဆက်လက်ပေါက်ကွဲနေသည့် လျှပ်စီးများကို မဖုံးထားနိုင်ပေ။ 

ရေကန်ပေါ်ကနေ ဟုန်ရင်နှင့် ကျန်သောသူများ ဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏ အမူအရာများက အနည်းငယ် လေးနက်သွားကြ၏။ 

နင်းချန်ရှင်းတည်ငြိမ်စွာပြောသည်။ 

"ဂျူနီယာညီလေးမုရဲ့ စရိုက်အရဆိုရင် သူထောင်ချောက်ထဲကို ဒီလောက်လွယ်လွယ်နဲ့ ကျမှာမဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ဒီသွေးအလွှာကို အလျင်အမြန်ချိုးဖျက်ပစ်ဖို့ လိုတယ်"

သူပြောသည့်အတိုင်းပင် လုပ်ခဲ့သည်။ 

ဟုန်ရင်တခြားဘာတစ်ခုမှ မပြောတော့ဘဲ ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်လိုက်စဉ် ပြန်လည်မွေးဖွားခြင်းဆန္ဒနှင့် အင်ပါယာဆန္ဒတို့က လုံး၀လွှမ်းခြုံသွားခဲ့သည်။ 

ထို့နောက် ခပ်ယဲ့ယဲ့အော်သံတစ်ချက်နှင့်အတူ သူမလက်နှစ်ဖက်ဖြင့် လှံကိုကိုင်ပြီး သွေးစွန်းနေသည့် အမာရွတ်ပမာနေရာကို အပြင်းအထန် ထိုးနှက်ပစ်သည်။ 

နင်းချန်ရှင်း လက်ထဲကစာအုပ်ကို ဖတ်လိုက်၏။ နတ်အလင်းဖြူက နင်းချန်ရှင်းကိုယ်ကို လွှမ်းခြုံသွားပြီး အဖြူရောင်အလင်းတိုင်အဖြစ် ပြောင်းလဲကာ အမာရွတ်များပေါ်သို့ ကျဆင်းလာသည်။ 

မု၀မ်အာကလည်းဘာမှမလုပ်ဘဲ မနေပါ။ နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖို၏ စွမ်းအားနှင့်အတူ သူမသွေးအမာရွတ်များကို ဆက်တိုက်ရိုက်ခတ်နေသည်။ 

သို့စေသည့်တိုင် သူတို့သုံးယောက်၏ တိုက်ခိုက်မှုများက သေးအလွှာများထဲက အလယ်အလတ်စားအပေါက်တစ်ပေါက်ကိုသာ ချေမွပျက်စီးအောင်လုပ်န်ုင်သည်။ 

ဒါကို အချိန်တိုအတွင်း အပြီးအစီးချိုးဖျက်ပစ်ရန်ဟူသည် မလွယ်ကူပေ။ 

......

ဒီအခိုက်အတန့်၌ မုဖူရှန်း၏အမူအရာက လေးနက်နေသည်။ သူ့မျက်လုံးများနှင့် ကိုယ်တစ်ဝိုက်တွင် လျှပ်စီးလက်နေသည်။ 

သူအောက်က မရေမတွက်နိုင်လောက်သည့် သွေးရောင်စပါးအုံများကို စိုက်ကြည့်နေခဲ့သည်။ 

အမာရွတ်အခွံကိုအပြီးသတ်ပြီး မုဖူရှန်း၏ အပြန်လမ်းကိုပိတ်ဆို့ပြီးနောက်တွင် သွေးရောင်စပါးအုံးများက ရေကန်အောက်ခြေကနေ တစ်ကောင်ပြီးတစ်ကောင် ထွက်လာကြသည်။ 

၎င်းတို့က အသူရာချောက်တနက်ကဲ့သို့ ပါးစပ်များကိုဟကာ မုဖူရှန်းရှိရာသို့ ကိုက်ချလိုက်၏။ 

ကြည့်ရသည်မှာ သူတို့မစားခဲ့ရသည်မှာ အတော်လေးကြာမြင့်နေခဲ့ပုံပင်။ နှစ်များစွာကြာလာသောအခါ သူတို့၏ဆာလောင်မှုက ဒါကို မုဖူရှန်းကိုတိုက်ခိုက်ရန်နှင့် အစိတ်စိတ်အမြွာမြွာလုပ်ပစ်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်လာသည်။ 

မုဖူရှန်းကလည်း သူတို့ကို ဒီအခွင့်အလမ်းပေးမည်မဟုတ်။ 

သူတစ်ချိန်တည်းတွင် ပြေး၀င်လာနေသည့် သွေးရောင်စပါးအုံးများအား ရိုက်ချလိုက်၏။ 

ရှေးဟောင်းနတ်မိုးကြိုးငါးခု၏စွမ်းအားက နတ်ဘုရားသတ်လှံငါးစင်းအဖြစ် အလျင်အမြန်ပြောင်းသွားပြီး သွေးရောင်စပါးအုံးများ၏ကိုယ်များကို ထိုးဖောက်ပစ်ချင်နေသည်။ 

တစ်ချိန်တည်းမှာပင် လှံက သွေးရောင်စပါးအုံးကို မထိသေးခင်မှာပင် မုဖူရှန်း မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကို လျင်မြန်စွာ ထုတ်ယူလိုက်၏။ သူ့နတ်သခင်နယ်ပယ်ခွန်အားနှင့် ကျယ်ပြောသည့် ဝိဉာဉ်စွမ်းအားက တစ်ချိန်တည်းမှာပင် ပေါက်ကွဲထွက်လာကြသည်။ 

လက်ထဲတွင် မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကို ကိုင်ကာ မုဖူရှန်း ဟင်းလင်းပြင်ထဲတွင် နောက်ဆက်တွဲပုံရိပ်များကို လွှဲယမ်းနေပြီး အဆောင်တံဆိပ်များကို ရေးဆွဲနေသည်။ 

ဒီအဆောင်များပြီးစီးသွားသောအခါ သူလက်ချောင်းများကြားတွင် ညှပ်ပြီး နတ်ဘုရားသတ်လှံနောက်ကနေ လိုက်သွားသည်။ လျှပ်စီးမီးလျှံအမြီး၌ ပုန်းနေရင်း သူ ကိုက်ဖြတ်လာသည့် သွေးရောင်းစပါးအုံးများထံ ပြေး၀င်သွားသည်။ 

ဘန်း......!

ရှေးဟောင်းနတ်မိုးကြိုးစွမ်းအားဖြင့် ဖွဲ့သည်းထားသည့် နတ်ဘုရားသတ်လှံက သွေးရောင်စပါးအုံးများ၏ အောက်ခြေမဲ့ပါးစပ်များထဲသို့ ရက်စက်စွာ ထိုးစိုက်ပစ်သည်။ 

သွေးရောင်စပါးအုံးများ မတုံ့ပြန်နိုင်ခင်မှာပင် မုဖူရှန်း၏ပုံရိပ်က ရှေ့တွင်ပေါ်လာသည်။ 

မုဖူရှန်း၏အမူအရာက အေးစက်နေပြီး လက်ချောင်းများကြားက အဆောင်တစါခုကို သွေးရောင်စပါးအုံး၏ မျက်သူငယ်အိမ်များထဲတွင် လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် ထည့်သွင်းလိုက်၏။ 

ထို့နောက် သူပျောက်သွားပြီး နောက်ထပ်သွေးရောင်စပါးအုံးတစ်ကောင်ရှေ့တွင် ပေါ်လာပြန်ကာ အလားတူလုပ်ဆောင်သည်။ 

မုဖူရှန်းလက်ထဲက အဆောင်အားလုံးကို ကပ်ပြီးနောက်တွင် သွေးရောင်စပါးအုံးများ၏ဧရာမကိုယ်မှ ရောင်စုံလျှပ်စီးများ လင်း၀င်းပေါက်ကွဲသွားသည်။ 

အပေါ်ပိုင်းကနေ ဒီလျှပ်စီးစင်းက အမြီးအထိ ဆက်တိုက်ဆင်းသက်သည်။ 

နတ်ဘုရားသတ်လှံကလည်း ဒီသွေးရောင်စပါးအုံးများ၏ အမြီးများကို ထိုးဖောက်ပစ်သည်။ 

တစ်ချိန်တည်းမှာပင် မြွေမျက်လုံးများပေါ်၌ ရေးထွင်းထားကည့်အဆောင်ကလည်း ပေါက်ကွဲသွားသည်။ 

တစ်ခဏအကြာ၌ ရေကန်အောက်ခြေတစ်ခုလုံးက လျှပ်စီးပင်လယ်အဖြစ် ပြောင်းလဲသွားသည့်အလား တောက်ပသည့် လျှပ်စ္းများအဖြစ် ပြောင်းသွားသည်။ 

ပြေး၀င်လာကြသည့် သွေးရောင်စပါးအုံးအနည်းငယ်ကလည်း တိတ်တဆိတ် လဲပြိုကျသွားကြရသည်။ 

သို့စေကာမူ ဒီထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် မုဖူရှန်းအတွေးနက်ထဲကျသွားသည်။ 

ပြေး၀င်လာသည့် သွေးရောင်စပါးအုံးများက စွမ်းအားအရာ၌ဖြစ်စေ၊ တိုက်ခိုက်နည်း၊ အမြန်နှုန်း သို့မဟုတ် ကိုယ်ခွန်အားတွင်ဖြစ်စေ ပထမသွေးရောင်စပါးအုံးနှင့် တူပုံရသည်။ 

ခြားနားချက်မရှိဘူးဟု ဆို၍ရသည်။ 

တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်ဆိုပါကလည်း အလားတူသာဖြစ်ပေလိမ့်မည်။ 

မုဖူရှန်း ဒါကိုထူးဆန်းသည်ဟု မခံစားရပါ။ ဒါက တိုက်ဆိုင်မှုလေးတစ်ခုဟုသာ သူယူဆသည်။ 

သို့စေကာမူ သွေးရောင်စပါးအုံးအားလုံးကသာ ဒီလိုဆိုပါက ဒါက သောက်ကျိုးနည်း တိုင်ဆိုင်မှုကြီး ဖြစ်သွားပေလိမ့်မည်။ 

ကမ္ဘာကြီးထဲတွင် ဒီလိုတိုက်ဆိုင်မှုကြီး ဘယ်လိုလုပ် ရှိနိုင်မည်နည်း။ 

မည်သို့ပင်ဆိုစေကာမူ ခြားနားချက်တစ်ခုတော့ ရှိရပေမည်။ 

ကိုယ်ခွန်အား၊ ကျင့်ကြံခြင်းနယ်ပယ်စွမ်းအားနှင့် တိုက်ခိုက်နည်းတို့တွင် အမြဲလိုလိုကွဲပြားချက်များ ရှိတတ်သည်။ 

ဒီသွေးရောင်စပါးအုံးများကဲ့သို့ ရှုထောင့်အားလုံးမှ တူညီရန်ဟူသည် မဖြစ်နိုင်ပေ။ 

၎င်းတို့ကို ပုံစံတူထုဆစ်ထားသည့်အလားပင် ထင်ရသည်။ 

ခဏလေး!

ဒီအတွေးနှင့်အတူ မုဖူရှန်းရုတ်တရက် ကြက်သေသေသွားသည်။ 

အောက်၌ တောက်ပနေသေးသည့် သိပ်သည်းသောမြွေမျက်လုံးများကို ကြည့်ရင်း သူ့စိတ်ထဲတွင် မှန်းဆချက်တစ်ခု ပေါ်လာသည်။ 

သို့စေကာမူ ဒီခန့်မှန်းချက်ကို အတည်ပြုရန်အတွက် မုဖူရှန်း စွန့်စားမှုလေးတစ်ခု လုပ်ဆောင်ရန် လိုအပ်သည်။ 

ထို့ကြောင့် မုဖူရှန်းကိုယ်တစ်ဝိုက်တွင် ရာနှင့်ချီသောလျှပ်စီးဒိုင်းများ သိပ်သည်းသွားပြီး သူလက်ထဲတွင် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို ကိုင်လိုက်၏။ 

အပိုင်း(1139) coming။ 

All Chapters