#သွေးမြွေအူတိုင်ဆေးလုံး၊ မင်းနောက်တစ်ခါလုပ်ရဲလား#
Vol. 81 Ch. 1139
အရာအားလုံး အဆင်သင့်ဖြစ်သောအခါ မုဖူရှန်း အန္တရာယ်ရှိလျှင်ပင် မထိခိုက်ဘဲ လွတ်မြောက်ရန်အတွက် နည်းလမ်းများစွာရှိသည်ဟု ခံစားနေရသည်။
ယင်းနောက်တွင်သာ မရေမတွက်နိုင်လောက်သည့် မြွေမျက်လုံးများလင်း၀င်းနေသော ရေကန်အောက်ခြေသို့ သူငုပ်ဆင်းသွားသည်။
သူရှေ့တိုးလိုက်ပြီးနောက် ရပ်ကာ စောင့်ကြည့်သည်။
ရေကန်အောက်ခြေ၌ တခြားခြိမ်းခြောက်မှုများရှိ၊ မရှိတာ မုဖူရှန်းသေချာမသိလေရာ ဂရုစိုက်ရန်လိုအပ်သည်။
သူလမ်းတစ်၀က်တွင် မကျရှုံးသွားစေရန်အတွက် သတိထားရပေမည်။
နောက်ထပ်သွေးရောင်စပါးအုံးအနည်းငယ်ကို သတ်ပြီးသောအခါတွင်လည်း ၎င်းတို့တွင် တူညီသည့်စွမ်းအား၊ ကိုယ်ခွန်အားနှင့် တိုက်ခိုက်နည်းများရှိနေသည်။
မုဖူရှန်း၏ ခန့်မှန်းချက်က ပိုပို၍ပင် ရှင်းလင်းလာသည်။
သူအောက်သို့ပိုဆင်းသွားလေလေ၊ အောက်ကမြင်ကွင်းက ပိုကျဉ်းလာလေလေဖြစ်သည်။
တဖြည်းဖြည်းနှင့် ပတ်၀န်းကျင်က သွေးနက်ရောင်ဖုံးနေခဲ့သည်။
၎င်းတို့ကစေးကပ်လွန်းသဖြင့် မုဖူရှန်း ငုပ်ဆင်းသွားသောအခါ ဖိအားနှင့် ခုခံမှုကိုပင် ရှင်းလင်းစွာခံစားရသည်။
သူရေကန်အောက်ခြေသို့ ငုပ်ဆင်းသွားသည့်အခိုက်အတန့်၌ ရှေးကမြင်ကွင်းက မုဖူရှန်း၏ ဦးရေပြားကိုပင် ပေါက်ကွဲမတတ် ဖြစ်သွားစေသည်။
သူ့ရှေ့တွက် ထူထဲသိပ်သည်းလှသည့် ဧရာမသွေးရောင်စပါးအုံးအစုအဝေးက ၎င်းတို့၏ သွေးရောင်ခန္ဓာများကို ဖြည်းဖြည်းချင်း လှုပ်ရှားနေကြ၏။ ၎င်းတို့က ကိုယ်ကိုကွေးကာ ခေါင်းများကိုမူ သူ့ကို မျက်နှာမူရင်း မျက်လုံးများကမူ မုဖူရှန်းအား စိုက်ကြည့်နေသည်။
မုဖူရှန်းဒါကို မြင်သောအခါ စိတ်ကူးပင် မယဉ်ကြည့်ရဲတော့ပါ။
အကယ်၍ သွေးရောင်စပါးအုံးအများအပြားကသာ တစ်ချိန်တည်းတွင် ပြေးထွက်လာပါက သတိမထားမိခင် တိုက်ခိုက်ခံလိုက်ရပါက ဘယ်လို၀မ်းနည်းကြေကွဲဖွယ်ရာ ကောင်းလိုက်လေမည်နည်း။
"ဒါပေမယ့်...ငါ့ခန့်မှန်းချက်နဲ့သာ တူနေမယ်ဆိုရင်တော့" မုဖူရှန်း၏မျက်လုံးထဲတွင် မီးတောက်ဖြူအမျှင်စတစ်ခုပေါ်လာသည်။
ဒါက ဝိဉာဉ်မီးတောက်ဖြစ်သည်။
ဝိဉာဉ်မီးတောက်ကို မျက်လုံးများထဲ ထည့်သွင်းခြင်းက ဝိဉာဉ်စွမ်းအားကို ထည့်သွင်းသည်နှင့်တူသည်။
သူ့ပတ်၀န်းကျင်က အရာတိုင်းက တောက်ပနေပုံရသည်။
"ဒီလိုဆိုရင်တော့ ငါတကယ့်အစစ်အမှန်ခန္ဓာကို ရှာရမယ်"
မှန်ပေသည်။ ယခုလိုရယ်စရာကောင်းသည့် တိုက်ဆိုင်မှုမျိုးက လုံး၀သေချာပေါက် မဖြစ်နိုင်ဘူးဟု မုဖူရှန်းခံစားရသည်။
ဒီအခြေအနေရပ်က လက်တွေ့မကျနိုင်ပေ။
ထို့ကြောင့် မုဖူရှန်း၏ခန့်မှန်းချက်အရ ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။
ပထမတစ်ခုက ပို၍ပင်အားကောင်းသည့် ပင်မခန္ဓာတစ်ခုရှိခြင်းပင်။ ထို့ကြောင့်လည်း သွေးရောင်စပါးအုံးများ၌ ခွဲထုတ်ခြင်း၊ ပုံတူပွားခြင်း အစရှိသည့် လျှို့ဝှက်နည်းစနစ်များရှိပြီး ဒါက ကိုယ်ပွားအများကြီး ပွားခွင့်ပြုထားခြင်းဖြစ်ရပေမည်။
ဒုတိယတစ်ခုက သွေးရောင်စပါးအုံးတစ်ကောင်စီအား ဒီစွမ်းအားကို ညီမျှစွာ ဖြန့်ဝေပေးထားသည့် ထူးခြားသော နတ်ပစ္စည်းတစ်ခုရှိရပေမည်။
တကယ်တမ်းတွင် တတိယတည်ရှိမှုပုံစံတစ်ခုလည်းရှိသည်။
ဒါကပုံရိပ်ယောင်လှည့်စားမှုပေတည်း။
သို့စေကာမူ ဒီဖြစ်နိုင်ချေကို ဖယ်ထုတ်ထား၍ရသည်။
မုဖူရှန်း၏ ဝိဉာဉ်စွမ်းအားပင်လျှင် မမြင်နိုင်ပါက သို့မဟုတ် ပုံရိပ်ယောင်အစီအရင်၏ အမှားအယွင်းတစ်ချို့ကို မမြင်ပါက ဒီပုံရိပ်ယောင်အစီအရင်၏ စွမ်းအားက အတော်လေးမြင့်မားပေလိမ့်မည်။
တစ်နည်းပြောရပါက အဇူရာကောင်းကင်ကျောင်းတော်က အတွင်းဂိုဏ်းထဲသို့ အမွေအနှစ်ကို ရယူရန်အတွက် မည်သူ့ကိုမှ မ၀င်စေလိုခြင်းပင်။
သို့သော် လက်ရှိအခြေအနေအရ ဒါက မဖြစ်နိုင်ပါ။
တကယ်တမ်းတွင် အရင်ကဖြစ်နိုင်ချေနှစ်ခုစလုံးကို ဒီအတိုင်းအတာအထိ သုံး၍ရသည်။
ထို့ကြောင့် မုဖူရှန်း၏လက်ရှိတာ၀န်က ပင်မခန္ဓာ သို့မဟုတ် ထိုနတ်ပစ္စည်းကို ရှာရန်ပင်။ ဒါကသူ့ကို အခြေအနေရပ်ကနေ လွတ်မြောက်ရန်အတွက် အခွင့်အလမ်းတစ်ခု ပေးပေလိမ့်မည်။
ယင်းနောက်တွင် သူတို့ ဒီရေကန်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပေလိမ့်မည်။
မုဖူရှန်း ဒီအကြောင်းကို တွေးတောထားခဲ့သည့်အတိုင်းပင် လုပ်ဆောင်ခဲ့သည်။
ဝိဉာဉ်မီးတောက်ဖြင့် လောင်ကျွမ်းနေသည့် မျက်လုံးတစ်စုံက သွေးရောင်စပါးအုံးအုပ်စုကို ဆက်လက်ဖြတ်သန်းနေ၏။
သို့စေကာမူ သွေးရောင်စပါးအုံးအများကြီးကြားတွင် ရှာရတာက ဘယ်လိုလုပ် လွယ်ကူမည်နည်း။
ဒါ့အပြင် တစ်ဘက်က အလိုတူအလိုပါမဟုတ်ပေ။ ၎င်းတို့က မုဖူရှန်းကို စောင့်ကြည့်ခွင့်ပေးမည်လား။
နောက်အခိုက်အတန့်၌ မရေမတွက်နိုင်လောက်သည့် သွေးရောင်စပါးအုံးများ စတင်မွှေနှောက်လာကြပြီး ကိုယ်များကို ကွေးကာ မုဖူရှန်းအား ၀န်းရံပစ်ချင်နေသည်။
ဒါကိုမြင်သောအခါ မုဖူရှန်းလက်ဖဝါးပေါ်၌ ကျောက်တိုင်လေးရှစ်တိုင်ပေါ်လာပြီး တစ်ချိန်တည်းတွင် အပေါ်သို့ ပစ်လွှတ်လိုက်၏။
ကျောက်တိုင်လေးရှစ်တိုင်က ချက်ချင်းဆိုသလို တောင်ထိပ်ရှစ်လုံးအဖြစ် ပြောင်းလဲသွားပြီး လျှပ်စီးနှင့်အတူ လင်း၀င်းကာ နေရာရှစ်နေရာတွင် ဆင်းသက်လာသည်။
ရုတ်ချည်းပင် ရေကန်အောက်ခြေတစ်ခုလုံးက ပင်လယ်ကြမ်းပြင်၌ ငလျင်ကြီးတစ်ခု လှုပ်ခတ်သည့်အလား စတင်အပြင်းအထန် တုန်ခါလာသည်။
မြေကြီးကတုန်ခါကာ ကွဲအက်ပြီး စေးကပ်သည့်ကန်ရေများကလည်း ဆက်လက်မွှေထနေလေသည်။
တောင်ထိပ်ရှစ်လုံး မိုးကြိုးအကျဉ်းထောင်!
၎င်းက ဒီသွေးရောင်စပါးအုံးအုပ်စုများကို ချက်ချင်းဝိုင်းရံပစ်သည်။
လျှပ်စီးက သွေးရောင်စပါးအုံးများအကြား စီးဆင်းနေသည့် လျှပ်စီးပင်လယ်အတွင်းသို့ စုစည်းလာသည်။ လျှပ်စီးအရည်များက သွေးရောင်စပါးအုံးများအား ဆေးကြောပစ်သည်။
လျှပ်စီးရှောခ့်က ၎င်းတို့ကိုယ်ကို တိုက်ခိုက်သည်။ ဒါက ၎င်းတို့၏ လှုပ်ရှားမှုများကို ကန့်သတ်ထားရန်ပင်။
တစ်ချိန်တည်းမှာပင် မုဖူရှန်း ဒီအခွင့်အလမ်းကိုသုံးပြီး ခုန်တက်ကာ ဒီသွေးရောင်စပါးအုံးများ၏ အထက်သို့ ရောက်လာသည်။ သူ့မျက်လုံးများက သွေးရောင်စပါးအုံးများအား အလျင်အမြန်ပင် ဖြတ်သန်းသွား၏။
ဒီထဲကနေ ဟာကွက်တစ်ချို့ကို သူရှာဖွေချင်သည်။
သို့စေကာမူ ဒီအခိုက်အတန့်မှာပင် ရှေးဆန်သည့်အသံတစ်သံထွက်လာသည်။
"တောင်ထပ်ရှစ်လုံးမိုးကြိုးအကျဉ်းထောင်လား၊ မင်းမိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရားရဲ့ အမွေကို ရခဲ့တာလား"
ကြက်သေသေသွားပြီးနောက် မုဖူရှန်း အသံ၏အရင်းအမြစ်ကို ရှာဖွေသည်။
အဆုံးတွင် သွေးရောင်စပါးအုံးများ၏ အလယ်ဗဟိုတွင် မထင်မရှားဂူလေးတစ်လုံးရှိနေသည်။
အသံကအထဲကနေ ထွက်လာခြင်းပင်။
မုဖူရှန်းခေါင်းညိတ်ကာ လက်နှစ်ဖက်ဆုပ်သည်။
"ဟုတ်ကဲ့၊ ခင်ဗျားနာမည်ကို ကျွန်တော်သိခွင့်ရှိမလား"
"မင်းငါ့နာမည်ကို သိဖို့မလိုဘူး၊ ငါက ဒီအဇူရာကောင်းကင်ကျောင်းတော်ကို စောင့်ရှောက်ပြီး နောက်ဆုံးအမွေကို ကာကွယ်ဖို့အတွက် ဆရာလူသားဘိုးဘေးရဲ့ သွေးမြွေလေးတစ်ကောင်ပါပဲ"
နောက်ဆုံးအမွေအနှစ်လား!
မုဖူရှန်းကြက်သေသေသွားသည်။
"အဲဒီခေတ်က အမွေအနှစ်က လုံး၀မပြတ်တောက်သွားခဲ့ဘူးလား"
"ကိုးဆယ်ရာခိုင်နှုန်းဆုံးရှုံးခဲ့တယ်လို့ပဲ ငါပြောနိုင်တယ်၊ ဒါပေမယ့် ကျန်တဲ့ဆယ်ရာခိုင်နှုန်းကတော့ အဇူရာကောင်းကင်ကျောင်းတော်ထဲမှာပဲ"
ဒါကိုကြားသောအခါ မုဖူရှန်းလေးနက်စွာပြောသည်။
"ဒါဆို စီနီယာဘာလို့ ကျွန်တော့်ကို ဒီအကြောင်းပြောရတာလဲ"
"မင်းက နတ်ဆိုးနယ်မြေက အကြွင်းအကျန်လားဆိုတာ သိချင်တဲ့အတွက် ငါစမ်းသပ်စစ်ဆေးဖို့အတွက် တိုက်ခိုက်ခဲ့တာပဲ" ဂူထဲကနေ အမုန်းတရားနှင့် ပြည့်နှက်နေသည့်အသံတစ်သံ ထွက်လာသည်။
"မင်းမြင်ရတဲ့ အရိုးစုတွေက အဇူရာကောင်းကင်ကျောင်းတော်ရဲ့ နောက်ဆုံးအမွေအနှစ်ကို ဖြတ်တောက်ပစ်ချင်ခဲ့ကြတဲ့ နတ်ဆိုးဒေသရဲ့ အကြွင်းအကျန်တွေပဲ"
မုဖူရှန်းခေါင်းညိတ်သည်။
ဒီစမ်းသပ်မှုက ငရဲနတ်ဆိုးဒေသ၏ အကြွင်းအကျန်များကို အထဲသို့၀င်ခြင်းကနေ တားဆီးကာကွယ်ရန်အတွက်သာ ဖြစ်သည်။
"ဒါဆိုကျွန်တော်တို့၀င်လို့ရလား" မုဖူရှန်း မေးရန်ကြိုးစားသည်။
"သေချာတာပေါ့" သွေးမြေ တိုးတိုးလေးပြောသည်။
"ဒါပေမယ့် မင်းငါ့ကို တစ်ခုခုကတိပေးဖို့ လိုတယ်"
မုဖူရှန်းခေါင်းညိတ်သည်။
"စီနီယာ၊ ကျေးဇူးပြုပြီးပြောပါ"
"မင်းသာ အတွင်းဂိုဏ်းရဲ့အသိအမှတ်ပြုမှုကို ရနိုင်ခဲ့ရင် ကျေးဇူးပြုပြီး အမွေအနှစ်ကို စောင့်ရှောက်ပြီး အဇူရာကောင်းကင်ကျောင်းတော်ရဲ့ သေတမ်းစာကို လက်ဆင့်ကမ်းပါ"
မုဖူရှန်းတစ်ခဏမျှ ကြက်သေသေသွားပြီးနောက် လေးနက်စွာပြန်ဖြေသည်။
"ဟုတ်ကဲ့"
"အရမ်းကောင်းတယ်" သွေးနီရောင်အလင်းတစ်ခုက တွင်းထဲကနေထွက်လာပြီး မုဖူရှန်းရှေ့ ဆင်းသက်လာသည်။
"မင်းကငါ့ရှေ့မှာ ပထမဆုံးတိုး၀င်လာခဲ့တဲ့သူဆိုတော့ ဒါက မင်းရဲ့ဦးနှောက်နဲ့ပါရမီက ငါနဲ့ ကံကြမ္မာချင်းဆက်နေတယ်လို့ သက်သေပြနေတာပဲ"
"ဒီလိုဆိုမှတော့ ဒီသွေးမြွေအူတိုင်ဆေးလုံးက မင်းအတွက်ပါ"
"ဒါကမင်းအတွက် မသင့်တော်ဘူးဆိုပေမယ့် သောက်ပြီးတာနဲ့ မင်းသွေးချီနဲ့ ရုပ်ခွန်အားကို အကြီးအမားတိုးမြှင့်ပေးနိုင်တယ်"
မုဖူရှန်းအတော်လေးပျော်သွားပြီး ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးပါ စီနီယာ"
ဒီအရာက စီနီယာအစ်ကိုရှောင်ဟိုင်အတွက် အကောင်းဆုံးပေတည်း။
သွေးမြွေပြောသည်။
"မင်းငါ့ကိုကျေးဇူးတင်စရာမလိုဘူး၊ ငါပြောခဲ့တာကိုပဲ မင်းမှတ်မိဖို့လိုတယ်၊ ဒါက ငါ့ကို အကောင်းဆုံးပြန်ပေးဆပ်တာပဲ"
"နားလည်ပါပြီ"
"ကောင်းပြီ၊ မင်းအခုသွားလို့ရပြီ"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အထက်က သွေးအမာရွတ်များက ပျောက်ကွယ်သွားသည်။
မုဖူရှန်းရှေ့က သွေးရောင်စပါးအုံးများပင် တစ်ကောင်ပြီးတစ်ကောင် ပျောက်သွားသည်။
မုဖူရှန်း ဂူလေးအား ထပ်မံဦးညွတ်ပြီးနောက် အပေါ်သို့ ပျံတက်သွား၏။
သို့စေကာမူ သူထွက်သွားစဉ် အနည်းငယ်စိတ်ဓာတ်ကျနေဆဲပင်။
သူသာအစောကြီးကတည်းက သိပါက တောင်ထိပ်ရှစ်လုံး မိုးကြိုးအကျဉ်းထောင်ကို အစကတည်းက ထုတ်ခဲ့ပါက အရာအားလုံး အဆင်ပြေနေမည်မဟုတ်ပေလော။
တစ်ခါတစ်ရံ ဝှက်ဖဲကို သိမ်းဆည်းထားခြင်းက ဒုက္ခများတတ်သည်။
သို့သော် မုဖူရှန်းကို အနာဂတ်တွင် အရမ်းသတိမထားရန် ပြောပါကရော!
ဒါက မဖြစ်နိုင်ပါ။
စိတ်ဓာတ်ကျခြင်းက စိတ်ဓာတ်ကျခြင်းသာ။ သူဒါကိုထပ်လုပ်ရဲမည်ဆိုပါကလည်း ဒီအတိုင်းဖြစ်မည်သာ။
အပိုင်း(1140) coming။