#နင်းချန်ရှင်း၊ ကြီးကြပ်ရေးဗိမာန်ကို သွားမလား#
Vol. 81 Ch. 1140
လျိုကျိယု၏အဆိုအရ အဇူရာကောင်းကင်ကျောင်းတော်၏ အတွင်းပိုင်းကို အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ခွဲခြားထားသည်။
အရှေ့ပိုင်းက အင်ပါယာကောင်းကင်အပိုင်းက ဧကရာဇ်မိသားစု၊ ဂိုဏ်းများနှင့် မင်းမျိုးမင်းနွယ်များ၏ ဆက်ခံသူများကို ပျိုးထောင်ပေးသည့်နေရာဖြစ်သည်။
အနောက်ပိုင်းက ကောင်းကင်လှုပ်ခတ်ကပိုင်းကမူ တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် နိမ့်ကျသည့်လူတန်းစား၌ မွေးဖွားလာကြသည့် ကျင့်ကြံသူများကို ပျိုးထောင်ပေးသည့်နေရာပင်။
ကျွန်းကိုရောက်လာသောအခါ ဟုန်ရင်နှင့် ကျန်သုံးယောက် ဒါကိုရှင်းရှင်းလင်းလင်း ခံစားမိပါသည်။
သူတို့အရှေ့ဘက်တွင် အဆောက်အအုံများက အင်မတန်ကို တန်ဖိုးကြီးမားသည်။
ထွန်းတောက်နေသောနံရံများက နေရောင်အောက်တွင် တောက်ပသည့်ရွှေအလင်းနှင့်အတူ လင်း၀င်းနေကြ၏။
နံရံက နဂါးအကြေးခွံများကဲ့သို့ ညီညာပြန့်ပြူးခြင်းမရှိပါ။ ရွှေရောင်အလင်း၏ ရောင်ပြန်ဟပ်မှုအောက်တွင် နဂါးအကြေးခွံတိုင်းက အသက်ရှုနေသည်ဟု ခံစားနေရသည်။
ဒါက ပျံသန်းနေသည့်နဂါးတစ်ကောင်ပမာ။
အနောက်ဘက်က အဆောက်အအုံများကမူ လုံး၀ကို ဆန့်ကျင်ဘက်ပင်။ ၎င်းတို့က ရိုးရှင်းပြီး အလှဆင်ထားခြင်းမရှိပါ။
သို့စေကာမူ အရိုးခိုက်တမျှအေးစက်သည့် အော်ရာက ကောင်းကင်ပေါ် ထိုးတက်သွား၏။
ဒီအေးစိမ့်လှသည့် သတ်ဖြတ်ခြင်းဆန္ဒက ကောင်းကင်ပေါ် ပြီးပြည့်စုံအောင် လုပ်နေသည့်အသွင် ထိုးတက်နေသည်။
၎င်းက ကောင်းကင်ကိုပင် ပိုင်းဖြတ်ပစ်ချင်နေသည့်အလား။
အဓိပ္ပာယ်က သိသာထင်ရှားနေသည်။
အင်ပါယာကောင်းကင်အပိုင်း၏ ကောင်းကင်ကိုးသွယ်နှင့် ကောင်းကင်လှုပ်ခတ်အပိုင်း၏ ပျံသန်းနေသောနဂါးပေတည်း။
"ကောင်းပြီ၊ ဒီနေရာမှာ လူခွဲကြရအောင်" ဟုန်ရင်နှင့် မုဖူရှန်းတို့ အင်ပါယာကောင်းကင်အပိုင်းတွင် ရပ်လိုက်ကြသည်။
နင်းချန်ရှင်းပြုံးရင်း ခေါင်းညိတ်သည်။
"ဒါဆို ကျွန်တော် ဂျူနီယာညီမလေး၀မ်အာကို ကောင်းကင်လှုပ်ခတ်အပိုင်းကို ခေါ်ဆောင်သွားလိုက်ပါမယ်"
"တစ်ခုခုဆိုတာနဲ့ ဆက်သွယ်ဖို့အတွက် ဒီအသံလွှင့်ကျောက်စိမ်းဆွဲသီးကို သုံးပါ"
ဒီနေရာတွင် မုဖူရှန်း အဆောင်အနည်းငယ်ကို ထုတ်ယူပြီး နင်းချန်ရှင်းနှင့် မု၀မ်အာတို့အား ပေးသည်။
မု၀မ်အာ အဆောင်များကို လှန်လှောကြည့်ပြီးနောက် သိချင်စိတ်ဖြင့်မေးသည်။
"ဒါကိုဘာအတွက်သုံးတာလဲ"
"တစ်ခါတစ်လေတော့ အလုပ်ဖြစ်လောက်ပါတယ်"
"တခြားအဆောင်တွေကတော့ ရန်သူတွေကို ကာကွယ်ဖို့နဲ့ ထွက်ပြေးလွတ်မြောက်ဖို့အတွက် အသုံးပြုနိုင်တယ်"
နင်းချန်ရှင်းပြုံးရင်း အဆောင်များကို သိမ်းဆည်းပြီးနောက် ခေါင်းညိတ်သည်။
"ဂျူနီယာညီလေးမုက အမြဲလိုလိုကောင်းကောင်း တွေးတောတတ်တာပဲ"
သို့စေကာမူ နင်းချန်ရှင်း၏ ချီးမွမ်းမှုအပေါ် မုဖူရှန်းပျော်မနေဘဲ ယင်းအစား နာကျင်စွာပြောသည်။
"ဒါဆိုအကြိမ်တိုင်း အစ်ကိုတို့အမြဲ...."
သူစကားကိုဆုံးအောင် မပြောခဲ့ပါ။
သို့စေကာမူ မုဖူရှန်း၏အဓိပ္ပာယ်ကို ဟုန်ရင်နှင့် ကျန်သောသူများ နားလည်ကြသဖြင့် ရယ်မောလိုက်မိကြ၏။
အပြုံးနှင့်အတူ သူတို့နားမထောင်တာကို မုဖူရှန်းသိပါသည်။
ယင်းနောက်တွင် သူတို့လေးယောက် အရှေ့ဘက်နှင့် အနောက်ဘက်သို့ အသီးသီးလျှောက်သွားကြသည်။
အင်ပါယာကောင်းကင်အပိုင်းသို့ သွားသည့်လမ်းများက သိသာစွာပင် ခြားနားသည်။
ကျောက်ဖြူလမ်းမဟုတ်သလို မြေသားလမ်းလည်းမဟုတ်ဘဲ ယင်းအစား ရွှေရောင်အစွန်းများပါသည့် ကော်ဇောအခင်းအလွှာတစ်ချို့က လမ်းကိုဖုံးထားသည်။
ဒါက အင်ပါယာနန်းတော်၌ ဧကရာဇ်သွားသည့်လမ်းကြောင်းနှင့် အတော်လေးဆင်သည်။
ဒါကို တမင်တကာပေါက်တတ်ကရ လုပ်ထားခြင်းမဟုတ်ဘဲ အတော်လေးထူးခြားသည်။
ဟုန်ရင် ကော်ဇောအခင်းပေါ်ကနေ လျှောက်သွားစဉ် ခြေလှမ်းတိုင်းတွင် ရွှေရောင်မျဉ်းအခင်းကနေ အလွန်အမင်းလွှမ်းမိုးနေသည့်အားတစ်ခု ထွက်လာတာကို ခံစားရသည်။
ဒါက သူမကိုယ်ထဲက အင်ပါယာဆန္ဒက အစပျိုးနိုင်သည်။
မုဖူရှန်းတွင် အင်ပါယာဆန္ဒမရှိသော်လည်း သူ့တွင်တော်၀င်မိသားစု၏ အော်ရာရှိသေးသဖြင့် ဒါကိုရှင်းလင်းစွာ ခံစားနိုင်သည်။
"ရှေးခေတ်က နံပါတ်တစ်ကျောင်းတော်ဆိုတဲ့အတိုင်းပါပဲ" ဟုန်ရင်သက်ပြင်းချသည်။
"ဒီနေရာက တော်၀င်မိသားစု၀င်တွေနဲ့ အဲဒီအမွေခံတွေကို ပျိုးထောင်ဖို့အတွက် အတော်လေးသင့်တော်လွန်းတယ်"
မုဖူရှန်းခေါင်းညိတ်သည်။
"အဇူရာကောင်းကင်ကျောင်းတော်က ဂုဏ်သတင်းနဲ့ တကယ်ထိုက်တန်ပါတယ်"
ဒီနေရာသို့ ခြေချ၀င်ရောက်ခြင်းကပင် သူတို့ကို အနည်းငယ်ထိတ်လန့်သွားစေသည်။
"ဒါပေမယ့် တခြားသူတွေရဲ့ အော်ရာလည်းရှိတယ်" မုဖူရှန်းလှည့်ကြည့်လိုက်၏။
"ပြီးတော့ သိပ်မကြာသေးဘူး"
တစ်ဘက်လူက တမင်တကာမဖုံးကွယ်ထားသရွေ့ သို့မဟုတ် ခြေရာများကို မဖျက်ပစ်သရွေ့ မုဖူရှန်း၏ခွန်အားနှင့် ဒါကို အာရုံခံမိရန်ဟူသည် မခက်ခဲပါ။
ဒါကိုကြားသော် ဟုန်ရင်ပခုံးတွန့်သည်။
"သူတို့က ကြီးကြပ်ရေးဗိမာန်က ဖြစ်လောက်တယ်၊ မကြာခင်ငါတို့ သူတို့နဲ့ တွေ့ရတော့မှာပဲလေ"
"ကျွန်တော်တို့ခြေရာတွေကို ဖုံးကွယ်ထားသင့်လား"
"ဘာလို့လဲ" ဟုန်ရင်မေးသည်။
မုဖူရှန်းကြက်သေသေသွားသည်။
"ဦးလေးလျို ကျွန်တော်တို့ကို ကြီးကြပ်ရေးဗိမာန်ရဲ့ ရည်ရွယ်ချက်တွေကို စုံစမ်းစစ်ဆေးဖို့အတွက် ပြောခဲ့တာမလား၊ ဒါဆို... အမှောင်ထဲမှာ ပုန်းနေတာက ပိုမကောင်းဘူးလား"
ဒုတိယစီနီယာအစ်မ၏ မေးခွန်းက မုဖူရှန်းကို ယုံကြည်မှာပျောက်ဆုံးသွားစေသည်။
"ဦးလေးလျိုပုန်းနေတာက သူ့ကိုယ်ပိုင်လက္ခဏာကို ဖော်ပြသဖို့အတွက် အဆင်မပြေလိုပဲ" ဟုန်ရင်တည်ငြိမ်စွာပြောသည်။
"ငါတို့ဘာလို့ကိုယ့်ကိုကိုယ် မဖော်ထုတ်နိုင်ရမှာလဲ၊ သူတို့နောက်ကလိုက်ပြီး မေးရုံပဲလေ၊ ငါတို့ရှာတွေ့နိုင်မှာပဲ"
သူတို့ကိုမေးရမယ်!
ဒါက တကယ်ပဲမေးခွန်းတစ်ခုလား!
သူတို့ကို စစ်ဆေးတာက ပိုမသင့်တော်ဘူးလား!
ဒုတိယစီနီယာအစ်မကို ကိုင်တွယ်ရန် မုဖူရှန်းတွင် တခြားနည်းလမ်းမရှိတော့ပါ။ သူနှလုံးသားထဲကနေ ဟစ်ကြွေးရင်း သူမနောက်ကလိုက်ရုံသာ တတ်နိုင်သည်။
တခြားတစ်ဘက်တွင် နင်းချန်ရှင်းနှင့် မု၀မ်အာတို့က ကောင်းကင်လှုပ်ခတ်အပိုင်းသို့ ကျောက်ဖြူလမ်းကနေတဆင့် လျှောက်သွားကြသည်။ အဓိကအကြောင်းအရာကို သူတို့ကြိုတင်ဆွေးနွေးပြီးသားဖြစ်သည်။
များမကြာမီ သူတို့ အ၀တ်ဖြူနှင့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ ကြီးကြပ်ရေးဗိမာန်က အဖြူ၀တ်စစ်ဆေးသူနှင့်တူသည်။
ရှုသုံ့ယွင် သူတို့နှစ်ယောက်ကို ကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်သည်။
"မင်းတို့က အဲတုန်းက ဧကရာဇ်တစ်ရာမြို့ကမလား... ဒီကိုဘယ်လိုရောက်လာကြတာလဲ"
နင်းချန်ရှင်းပြုံးသည်။
"ငါတို့ဘယ်လိုရောက်လာတာလဲ၊ ငါတို့ တူညီတဲ့နည်းလမ်းနဲ့ပဲ လာခဲ့တာပေါ့"
ရှုသုံ့ယွင် အေးစက်စွာနှာခေါင်းရှုံ့သည်။
"ဒါကမင်းတို့အပေါ် မူတည်ပါတယ်၊ ဒါပေမယ့် မင်းတို့ငါ့လုပ်ရပ်တွေကို ဟန့်တားရဲရင် ငါ့ကိုရိုင်းပျမိတဲ့အတွက် အပြစ်မတင်နဲ့"
သို့စေကာမူ မု၀မ်အာတခစ်ခစ်ရယ်မောသည်။
"ဒါပေမယ့် ရှင့်တို့ဘာလုပ်ချင်လဲ၊ ရည်မှန်းချက်ကဘာလဲဆိုတာကို စုံစမ်းဖို့အတွက် ငါတို့ကို တစ်ယောက်ယောက်က တာ၀န်ပေးထားတယ်"
"ဘာလို့ငါတို့ကို တိုက်ရိုက်မပြောရတာလဲ၊ ဒီနည်းနဲ့ ငါတို့တိုက်ခိုက်နေစရာ မလိုတော့ဘူးလေ"
ရှုသုံ့ယွင်၏အမူအရာက ချက်ချင်းဆိုသလို သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်သွား၏။
"ဒါဆိုရင် မင်းတို့က နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းနဲ့ ကြံရာပါတွေပေါ့"
လက်ရှိတွင် နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက သူတို့၏ဒီခရီးစဉ်၏ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးချင်ကြခြင်းပင်။
"ခန့်မှန်းကြည့်ပေါ့"
ရှုသုံ့ယွင်နှာမှုတ်သည်။
"အရေးမကြီးပါဘူး၊ မင်းတို့က ကြီးကြပ်ရေးဗိမာန်နဲ့ ရန်သူဖြစ်ချင်တယ်ဆိုမှတော့ ငါတို့မင်းတို့ကို ဒီနေရာမှာ ထာ၀ရအတွက် ထားရုံပဲ တတ်နိုင်တော့တာပေါ့"
ထို့နောက်တွင် နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်က ပေါက်ကွဲထွက်လာသည်။
ဒါကတကယ်ပင် ကြီးကြပ်ရေးဗိမာန်ဟု ဆို၍ရသည်။ သူတို့၏အခြေခံအုတ်မြစ်က ကြွယ်၀လွန်းပြီး အရမ်းနက်ရှိုင်းစွာ ပုန်းကွယ်နေခဲ့သည်။
နတ်သခင်နယ်ပယ်ကိုမဆိုထားနဲ့၊ သူတို့တွင် နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူ အများအပြားရှိသည်။
ဒီအခိုက်အတန့်မှာပင် နင်းချန်ရှင်းထရပ်သည်။ သူ့ကိုယ်ထဲတွင် အော်ရာမရှိပါ။
သို့စေကာမူ ရှုသုံ့ယွင်၏ နတ်အင်ပါယာနယ်ပယ်အော်ရာက နင်းချန်ရှင်းကို မုန်တိုင်းတစ်စင်းပမာ ဖြတ်သန်းသွားစဉ် မုန်တိုင်းအလယ်ဗဟို၌ ရှိနေသည့်တိုင် နင်းချန်ရှင်းက တောင်တစ်တောင်ကဲ့သို့ မလှုပ်မယှက်တည်ရှိနေသည်။
နင်းချန်ရှင်း ရှုသုံ့ယွင်ကို အပြုံးလေးဖြင့်ကြည့်သည်။
"ဒီမတိုင်ခင် မင်းတို့ကြီးကြပ်ရေးဗိမာန်ရဲ့ ရည်ရွယ်ချက်က သေမျိုးနယ်မြေအတွက် ကောင်းတာလား၊ ဆိုးတာလားဆိုတာ ငါမင်းကိုမေးချင်တယ်"
ရှုသုံ့ယွင်မျက်မှောင်ကြုတ်သည်။
"မင်းဦးနှောက်က ထိခိုက်သွားတာလား၊ ဒါမင်းနဲ့ ဘာဆိုင်လို့လဲ"
နင်းချန်ရှင်းလေးနက်စွာပြောသည်။
"ကြီးကြပ်ရေးဗိမာန်က သေမျိုးနယ်မြေမှာ မြင့်မားတဲ့ပုံရိပ်တစ်ခုရှိတယ်၊ မင်းတို့ခရီးစဉ်ရဲ့ရည်ရွယ်ချက်က သေမျိုးနယ်မြေအတွက် ကပ်ဘေးတစ်ခုယူလာဖို့ ဆိုရင်တော့ သက်ရောက်မှုက အတော်လေးဝေးလံကျယ်ပြန့်စွာ ပျံ့သွားနိုင်လိမ့်မယ်၊ ဒါက တခြားကျင့်ကြံသူနဲ့ သေမျိုးတွေအတွက်လည်း ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မယ်"
"ဒီတော့ဘာဖြစ်လဲ" ရှုသုံ့ယွင်ရယ်မောသည်။
"မင်းကသူတော်စင်လား၊ ကမ္ဘာကြီးကို အားကောင်းတဲ့သူတွေက အုပ်ချုပ်တယ်၊ မင်းလုံလောက်အောင် အားမကောင်းရင် ဘယ်သူ့ကို အပြစ်တင်နိုင်လို့လဲ"
"ဒါ့အပြင် ကြီးကြပ်ရေးဗိမာန်က ဒါကို ပိုကြီးကျယ်တဲ့ကောင်းကျိုးအတွက် လုပ်နေတာပဲ"
နင်းချန်ရှင်းခေါင်းညိတ်သည်။
"မင်းတို့စိတ်ကူးနဲ့လုပ်ရပ်တွေက အဲဒီပန်းတိုင်ဆိုတဲ့အရာကို အောင်မြင်ဖို့အတွက် သင့်တော်ပုံမပေါ်ဘူး"
"ဒီလိုဆိုမှတော့ မင်းတို့ရဲ့ရည်ရွယ်ချက်ကို အရင်ပြော၊ ပြီးရင် ငါမင်းတို့ကိုတားဖို့အတွပ် စဉ်းစားမယ်"
"သေချာတာပေါ့၊ ကြီးကြပ်ရေးဗိမာန်ကသာ သေမျိုးနယ်မြေအတွက် ကပ်ဘေးတစ်ခု ယူလာမယ်ဆိုရင်တော့ ငါအဲကို သွားဖို့အတွက်လည်း အဆင်ပြေတယ်"
နင်းချန်ရှင်း၏ အသံကတည်ငြိမ်နေသည်။
ဒါကသာမန်ရိုးစင်းသည့်ပြောဆိုမှုတစ်ခုပမာ ထင်ရသည်။
သို့စေကာမူ သူပြောသောအခါ သူ့မျက်လုံးများက လေးနက်မှုနှင့် ပြည့်နှက်နေသည်။
အပိုင်း(1141) coming။