← Chapters

#နာမကျန်းမှုနှင့် ပုံမှန်#

Vol. 81 Ch. 1141

#နာမကျန်းမှုနှင့် ပုံမှန်#

Vol. 81 Ch. 1141

လေနှင့်သဲများတိုက်ခတ်နေပြီး ကျောက်ဖြူလမ်းပေါ်မှ ကျောက်တုံးလေးတစ်ချို့ လေနှင့်အတူလွှဲယမ်းပါလာသည်။ 

အစွမ်းထက်အော်ရာတစ်ခု ဒီနေရာသို့ ဆင်းသက်လာခဲ့သည်။ 

သို့စေကာမူ လေထုကို ပို၍တင်းမာစေတာက နင်းချန်ရှင်း၏စကားလုံးများပင်။ 

သူ့စကားလုံးများ၌ အော်ရာဟူ၍မရှိဘဲ ပြောသံက အလွန်အမင်းတည်ငြိမ်နေပြီး သူကျယ်ကျယ်ပြောဆိုခြင်းလည်းမရှိပါ။ 

သို့သော် တည်ငြိမ်သည့်လေသံနှင့် ပြောဆိုသည့်စကားလုံးတိုင်းတွင် မယုံနိုင်စရာရဲတင်းမှုတစ်ခုပါရှိသည်။ 

ကြီးကြပ်ရေးဗိမာန်ကို သွားမှာလား!

ရှုသုံ့ယွင်ကြက်သေသေသွားသည်။ သူနားကြားများမှားမိသလားလို့ တွေးမိသည့်အပေါ် နားကိုပင် ပွတ်သပ်လိုက်မိသည်။ 

နတ်သခင်အဆင့်ဂိုဏ်းများ၏ ထိပ်တန်းကျွမ်းကျင်သူများ သို့မဟုတ် အဆင့်မြင့်ကြယ်နယ်မြေ၏ ထိပ်တမ်းပုဂ္ဂိုလ်များပင် ရှောင်ကြသည့် ကြီးကြပ်ရေးဗိမာန်က ဘယ်လိုစွမ်းအားမျိုးဖြစ်မည်နည်း။ 

သူတို့က သေမျိုးနယ်မြေတွင် အမြဲလိုလို ကြားနေအနေအထားကို ထိန်းသိမ်းထားတတ်သော်လည်း မည်သည့်အင်အားစုကမှ မရေမတွက်နိုင်လောက်သော နှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး ကောင်းစွာပုန်းကွယ်နေသည့် ဒီအင်အားစုကို အထင်အမြင်မသေးရဲကြပါ။ 

ဒီကမ္ဘာကြီးထဲတွင် ကြီးကြပ်ရေးဗိမာန်က ဂိုဏ်းအားလုံးကို ကြီးကြပ်သည်။ 

၎င်းက အဆင့်မြင့်ကြယ်နယ်မြေက စွမ်းအားရှင်များ ခွင့်ပြုချက်မရှိဘဲ အဆင့်နိမ့်နယ်မြေကိုသွားပြီး သတ်ဖြတ်လုယက်၍ မရဘူးဟု ပြဌာန်းထားသေးသည်။ 

ဘယ်ဂိုဏ်းကမှ နတ်သခင်အဆင့်ဖြစ်လျှင်ပင် ဒီစည်းမျဉ်းကို မချိုးဖောက်ရဲကြပေ။ 

ကြီးကြပ်ရေးဗိမာန်ကို သွားမည်ဟု ဘယ်သူပြောမည်နည်း။ 

ရှုသုံ့ယွင် အထိတ်တလန့်မေးသည်။ 

"မင်းဘာပြောနေသလဲဆိုတာ သိလား"

"ဒါ့ပေါ့" နင်းချန်ရှင်း လေးနက်စွာ ခေါင်းညိတ်သည်။ ထို့နောက် ရှုသုံ့ယွင်ကို လေးနက်သည့်အမူအရာဖြင့် စိုက်ကြည့်သည်။ 

"ကြီးကြပ်ရေးဗိမာန်ရဲ့လုပ်ရပ်တွေကို ငါကြားဖူးပါတယ်၊ သူတို့က အဲဒီဂိုဏ်းတွေကို ကြီးကြပ်ပြီး အဆင့်နိမ့်နယ်မြေကို သွားခွင့်မပြုဘူး"

"အဲတုန်းကတော့ ကြီးကြပ်ရေးဗိမာန်က ကမ္ဘာကြီးကို အကျိုးပြုတဲ့ဂိုဏ်းတစ်ဂိုဏ်းလို့ ထင်ခဲ့ပြီး ကောင်းမွန်တဲ့အမြင်တစ်ခု ရှိခဲ့တယ်"

"ဒါပေမယ့် ကြည့်ရတာတော့ ကြီးကြပ်ရေးဗိမာန်ရဲ့ တကယ့်ရည်ရွယ်ချက်က တခြားဂိုဏ်းတွေကို အဆုံးမဲ့ပင်လယ်ဒေသရဲ့ ဆန်းကြယ်မှုတွေကို ရှာဖွေတွေ့ရှိခြင်းကနေ တားဆီးဖို့သက်သက်ပဲ"

"မတူညီတဲ့လက္ခဏာတွေက မင်းတို့ရည်မှန်းချက်ကို ညွှန်ပြနေပြီး ဒါက အမှောင်ထဲမှာ အလျက်အမြန်တိုးပွားနေတဲ့ ရည်မှန်းချက်မျိုးပဲ၊ ဒီရည်မှန်းချက်သာ လုံး၀ပေါက်ကွဲသွားမယ်ဆိုရင် အဲဒီအချိန်က ကမ္ဘာပေါ်က သက်ရှိအားလုံး ဒုက္ခရောက်မယ့်အချိန်ဆိုတာ ငါယုံကြည်တယ်"

ရှုသုံ့ယွင် မျက်မှောင်ကြုတ်သည်။ 

"ကြည့်ရတာ မင်းကမောက်မာရုံတင်မကဘူး၊ ဖြောင့်မတ်တဲ့လူတစ်ယောက် ဖြစ်ချင်နေတဲ့ အရူးတစ်ယောက်လည်း ဖြစ်ပုံပဲ"

"တရားမျှတမှုက ဘယ်တုန်းက ဒီလိုနိမ့်ကျပြီး မထီမဲ့မြင်ပြုလို့ရတဲ့စကားဖြစ်သွားရတာလဲ" နင်းချန်ရှင်းသက်ပြင်းချသည်။ 

ရှုသုံ့ယွင် အနည်းငယ်ကြက်သေသေသွား၏။ 

"သတ်ဖြတ်ခြင်းနံ့ လုယက်ခြင်းက စံသတ်မှတ်ချက်ဖြစ်လာတဲ့အခါ အားကောင်းသူတွေကို လေးစားလာတဲ့အခါ ဒါက အလေ့အကျင့်တစ်ခုဖြစ်လာတယ်၊ 'တရားမျှတမှု'ဆိုတဲ့ ဒီလေးနက်တဲ့ စကားလုံးက လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဟာသတစ်ခုဖြစ်လာရတယ်"

"ကမ္ဘာကြီးရဲ့အမြင်မှာ လူအများစုက ဒါကို တရားမျှတမှုလို့ တွေးကြပေမယ့် လူအနည်းစုကသာ တခြားသူတွေရဲ့ လှောင်ပြောင်ခံရခြင်းကနေ သည်းခံနိုင်ကြတယ်" နင်းချန်ရှင်း ကောင်းကင်ကို မော့ကြည့်သည်။ 

ကောင်းကင်လှုပ်ခတ်အပိုင်းမှ ရှေးဟောင်းအော်ရာက ကောင်းကင်ပေါ်ထိုးတက်သွားပြီး ကောင်းကင်ဘုံတာအိုကို တုန်ခါသွားစေသည်။ 

သူဖြည်းဖြည်းချင်းပြောသည်။ 

"တခြားတစ်ယောက်ရဲ့ပြက်လုံးက ပုံမှန်ဖြစ်လာတဲ့အခါ ကမ္ဘာကြီးက နာမကျန်းမှုပနေ ပုံမှန်အဖြစ် ပြောင်းသွားလိမ့်မယ်"

ရှုသုံ့ယွင် ကျယ်လောင်စွာရယ်မောသည်။ 

"ဘယ်လိုဟာသလဲ၊ အားကောင်းတဲ့လူက စည်းမျဉ်းတွေကို ချမှတ်ပြီး အားနည်းတဲ့သူတွေက လိုက်ဖက်ညီအောင် ပြင်ဆင်ရတယ်၊ ဒါက ဒီကမ္ဘာကြီးထဲက မပြောင်းလဲတဲ့စံသတ်မှတ်ချက်တစ်ခုပဲ၊ မင်းက ကိုယ်ပိုင်ကမ္ဘာထဲမှာ နေထိုင်နေတဲ့ သနားစရာလူတစ်ယောက်သာသာပဲ"

"ဒါ့အပြင် အရင်းအမြစ်တွေအတွက် မင်းလူမသတ်ဘူး၊ မလုယူဘူးဆိုတာကို အာမခံပေးနိုင်လား"

သို့စေကာမူ နင်းချန်ရှင်းစကားပြောပြီးသောအခါ ကောင်းကင်လှုပ်ခတ်အပိုင်းအထက်က ကောင်းကင်၌ ရှေးဟောင်းအော်ရာက အနည်းငယ်တုန်ခါသွားခဲ့တာကို သူမသိပေ။ 

ရှုသုံ့ယွင်၏ လှောင်ပြောင်မှုကို ကြားသောအခါ မု၀မ်အာဒေါသတကြီးအော်ဟစ်သည်။ 

"စီနီယာအစ်ကိုနင်းက ဒီလိုစကားလုံးတွေပြောရင်း နမူနာတစ်ခုပြရုံသက်သက်ပဲ"

သူမဒီနှစ်များအတွင်း ဟုန်ရင်နှင့် နင်းချန်ရှင်းနောက်က လိုက်နေခဲ့သည်။ 

ဟုန်ရင် နေရာတိုင်းတွင် တိုက်ခိုက်ခဲ့သော်လည်း နင်းချန်ရှင်း၏ ကြီးကြပ်မှုအောက်တွင် ဟုန်ရင်ဦးဆောင်သည့် တိမ်ဖီးနစ်အင်ပါယာက အပြစ်မဲ့သူများကို လုံး၀မသတ်ခဲ့ပါ။ 

မိစ္ဆာအင်အားစုများကို ရင်ဆိုင်ရသောအခါမှသာ သူတို့ကိုသတ်ရန်အတွက် ဟုန်ရင် တိမ်ဖီးနစ်အင်ပါယာစစ်တပ်ကို သုံးသည်။ 

သို့စေကာမူ ကြင်နာတတ်သည့်ဧကရာဇ်အင်အားစုများကို ရင်ဆိုင်ရသောအခါ နင်းချန်ရှင်း ဟုန်ရင်ကို စစ်တပ်နှင့် မလှုပ်ရှားရန်အတွက် အကြံပေးသည်။ သူ ရန်သူ့နယ်နိမိတ်ထဲသို့ သွားပြီးစကားပြောရန်အတွက် ပဏာမခြေလှမ်းလှမ်းတတ်သည်။

နှစ်ဘက်စလုံးက အဆင့်မြင့်ကျွမ်းကျင်သူများသာလျှင် တိုက်ခိုက်ကြသည်။ တစ်ချိန်တည်းမှာပင် တစ်ဘက်လူကို အနိုင်ယူပြီးသောအခါ သူတို့အကျိုးခံစားခွင့်ပေးမည်ဟုလည်း ကတိပေးသေးသည်။ 

နယ်မြေတစ်ခုကို တိမ်ဖီးနစ်အင်ပါယာအုပ်ချုပ်ပြီးနောက်တွင် နင်းချန်ရှင်း ပညာသင်ခန်းမက လူများကို ထိုအင်ပါယာမှ ဆင်းရဲသောနေရာများကို ဦးဆောင်ကာ ဟောပြောလေ့ရှိသည်။ 

နင်းချန်ရှင်းကြောင့်မဟုတ်ပါက ဟုန်ရင်၏ ထီးနန်းဆီသို့လမ်းကြောင်းက အလောင်းများ၊ သွေးမြစ်များနှင့် ပြည့်နှက်နေပေလိမ့်မည်။ 

တစ်ချိန်တည်းမှာပင် ဒါက ကြီးမားသည့် မကျေမချမ်းမှု၊ ရန်ငြိုးများကိုလည်း အစပျိုးလိမ့်မည်။ 

သူတို့သာ လူများ၏နှလုံးသားကို အနိုင်မယူနိုင်ပါက မည်သူက ရက်စက်ပြီး သွေးဆာတတ်သောသူတစ်ယောက်ကို သူတို့၏ဘုရင် ဖြစ်စေချင်မည်နည်း။ 

တခြားတစ်ဘက်တွင် အင်ပါယာဆန္ဒက ပြည်သူများ၏ ထောက်ခံမှုကိုလည်း လိုအပ်သည်။ 

နင်းချန်ရှင်း၏ အကူအညီသာမရှိပါက ဟုန်ရင်၏ အင်ပါယာဆန္ဒက လက်ရှိလောက် အားကောင်းနိုင်မည်မဟုတ်။ 

နင်းချန်ရှင်းဒါကို မပြောဘဲ ကိုယ်တိုင်သာ လုပ်လေ့ရိသည်။ 

ထို့ကြောင့်လည်း ရှုသုံ့ယွင် ယခုလိုစကားလုံးများကို ပြောလာသောအခါ မု၀မ်အာ အတော်လေးဒေါသထွက်သွားရခြင်းပင်။ 

ဒီရယ်စရာကောင်းပုံပေါ်သည့် အိပ်မက်ထဲတွင် စီနီယာအစ်ကိုနင်း ဘယ်လောက်ထိ အားစိုက်ထုတ်ထားသလဲဆိုတာ သူတို့မသိကြပေ။ 

နင်းချန်ရှင်း မု၀မ်အာကို သူ့ကိုဆက်လက်ကာကွယ်နေခြင်းကနေ တားဆီးပြီးနောက် ယင်းအစား စာအုပ်ခြင်းက စာအုပ်တစ်အုပ်ကို ထုတ်ယူပြီး ရှုသုံ့ယွင်ကို ထူးမခြားနားစွာကြည့်သည်။ 

"ငါတို့ရဲ့သဘောတရား၊ အယူအဆတွေက ကွဲပြားတယ်၊ မင်းစိတ်ကိုပြောင်းလဲဖို့အတွက် တစ်ခုခုပြောနေဖို့ ငါ့မှာအချိန်မရှိဘူး"

"ဒါကြောင့် မင်းငါ့ကို ကြီးကြပ်ရေးဗိမာန်ရဲ့ ရည်ရွယ်ချက်ကို ပြောမယ်လို့ ငါမျှော်လင့်တယ်၊ ဒါကလူတိုင်းအတွက် ပိုကောင်းပါတယ်"

ဒါကိုကြားသော် ရှုသုံ့ယွင် နှာခေါင်းရှုံ့သည်။ 

"မင်းငါ့ကိုအနိုင်ယူနိုင်မယ်လို့ ထင်နေတာလား၊ အမွေအနှစ်မရှိတဲ့ လမ်းစဉ်ဖြစ်တဲ့ ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံတဲ့ ပညာရှင်လေးနစ်ယောက်က ငါ့ကို တိုက်ခိုက်နိုင်မှာတဲ့လား"

ထို့နောက် ရှုသုံ့ယွင် ထူးဆန်းသောအရိပ်ဖြူတစ်ခုအဖြစ် ပြောင်းလဲကာ အနှီမျက်လုံးနှင့် မြင်ရရန်ခက်ခဲသည့် အမြန်နှုန်းနှင့်အတူ နင်းချန်ရှင်းထံ ပြေးသွားသည်။ 

နင်းချန်ရှင်းမျက်မှောင်ကြုတ်သည်။ သူလက်ကိုဆန့်ထုတ်ပြီး မု၀မ်အာကို နောက်သို့ ဆွဲလိုက်၏။ 

ယင်းနောက်တွင် သူ့လက်ထဲကစာအုပ်က လေမတိုက်ဘဲ လွင့်နေပြီး စာမျက်နှာကို လှန်လိုက်လေသည်။ 

"စစ်သားနဲ့တိုက်ပွဲ၀င်စစ်သည်တို့၊ ရှေ့တန်းမှာ ရပ်တည်ကြ"

ဒီအခိုက်အတန့်မှာပင် သင်္ကေတစကားလုံးကိုးလုံးပေါ်လာခဲ့သည်။ 

သူပြောလိုက်စဉ် ချပ်၀တ်၀တ်ဆင်ထားသည့် ဧရာနတ်ဗိုလ်ချုပ်ကြီးက နတ်အလင်းကို ဖော်ပြနေသည့် ရွှေအကြေးခွံနတ်လှံတံကို ကိုင်ပြီး ရှုသုံ့ယွင်ကို ရင်ဆိုင်သည်။ 

ဒီအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးကို ဒီနတ်အလင်းက လွှမ်းခြုံပစ်သည့်အသွင်။ 

ကောင်းကင်ပေါ်က ထူထပ်သည့်တိမ်များကလည်း စတင်ပြန့်ကြဲကာ နတ်အလင်းကို ဒီကုန်းမြေပေါ်သို့ လုံး၀ဆင်းသက်လာခွင့်ပေးသည်။ 

ဒီအော်ရာက ရှုသုံ့ယွင်အပြင် ဟုန်ရင်နှင့် မုဖူရှန်းကိုပါ ထိတ်လန့်သွားစေသည်။ 

"ကြည့်ရတာ ဂျူနီယာညီလေးနင်း ခြေလှမ်းလှမ်းလိုက်ပုံပဲ"

မုဖူရှန်းအနည်းငယ်အံ့ဩသင့်နေသည်။ 

"စီနီယာအစ်ကိုနင်း ဒီလောက်ထိ အားကောင်းလာလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး"

ဟုန်ရင်ရယ်မောသည်။ 

"နင့်စီနီယာအစ်ကိုနင်းရဲ့ခွန်အားက အတော်လေးကြောက်စရာကောင်းတဲ့အဆင့်တစ်ခုကို ရောက်သွားပြီ၊ သူသာတိုက်ခိုက်ရေးစိတ်ဓာတ်နဲ့ ပြည့်နေမယ်ဆိုရင် ငါတောင်သူ့ကို ရာနှုန်းပြည့်မနိုင်နိုင်ဘူး"

နင်းချန်ရှင်း လှုပ်ရှားခဲသည်။ 

သူလိုအပ်သည်ဟု ခံစားရသောအခါမှသာ တိုက်ခိုက်လိုသည့်ဆန္ဒကို ခံစားရသည်။ 

ယခုတွင်မူ ရှုသုံ့ယွင်က နင်းချန်ရှင်း၏ တိုက်ခိုက်ရေးစိတ်ဓားကို နှိုးဆွပေးခဲ့သည်။ 

သူက နင်းချန်ရှင်း၏ စွမ်းအားအပြည့်ကို ခံနိုင်ရည်ရှိရပေတော့မည်။ 

နတ်ဗိုလ်ချုပ်၏စွမ်းအားက ရှုသုံ့ယွင်ကို ထိတ်လန့်သွားစေသည်။ 

မူလက ကွန်ဖြူးရှပ်တာအို၏ တကယ့်တိုက်ခိုက်ရေးစွမ်းရည်က အင်မတန်အားနည်းလိမ့်မည်ဟု သူထင်ခဲ့သည်။ 

သို့သော် ဒီနတ်ဗိုလ်ချုပ်ကို ဆင့်ခေါ်သောအခါမှသာ သူကြီးမားသည့်အမှားတစ်ခုကို လုပ်ခဲ့တာကို နားလည်သွားရသည်။ 

ဒီစွမ်းအားကို သူမကိုင်တွယ်နိုင်ဘူးဟု ရှုသုံ့ယွင် အမှန်တကယ်ခံစားနေရသည်။ 

မြှားကိုပစ်လွှတ်ရန်က လွဲပြီးတခြားရွေးချယ်စရာမရှိပါ။ 

ရှုသုံ့ယွင်အံကြိတ်ရင်း တစ်ချက်အော်ဟစ်ကာ ရွှေအကြေးခွံနတ်လှံတံကို ထိုးနှက်လိုက်သည်။ 

အပိုင်း(1142) coming။ 

All Chapters