← Chapters

#နင်းချန်ရှင်း၏ လုံးလုံးလျားလျားရပ်တည်ချက်#

Vol. 81 Ch. 1142

#နင်းချန်ရှင်း၏ လုံးလုံးလျားလျားရပ်တည်ချက်#

Vol. 81 Ch. 1142

မုဖူရှန်းက စံအိမ်တော်က တပည့်များအားလုံးထဲတွင် အများဆုံးနိမ့်ချနေတတ်သူမဟုတ်ပါ။ 

ဒါမှမဟုတ် သူသာတစ်ယောက်တည်း ပြုမူပါက အများဆုံးနိမ့်ချနေတတ်သူက သေချာပေါက် မုဖူရှန်း ဖြစ်လိမ့်မည်ဟု ဆိုပါက ပိုမှန်သည်။ သို့စေကာမူ ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်တို့နှင့်အတူ လှုပ်ရှားဆောင်ရွက်ရသောအခါ သူဘယ်လိုလုပ် နိမ့်ချပြီး နေနိုင်မည်နည်း။ 

ထို့ကြောင့် နင်းချန်ရှင်းက စံအိမ်တော်၌ အများဆုံးနိမ့်ချနေတတ်သူဖြစ်သည်။ 

နင်းချန်ရှင်း လှုပ်ရှားခဲသည်။ 

စံအိမ်တော်က တခြားသူများပင်လျှင် နင်းချန်ရှန်း စွမ်းအားအပြည့်အ၀သုံးတာကို မြင်ရသည်။ 

နင်းချန်ရှင်း ဒေါသထွက်ပြီး အမှန်တကယ်တိုက်ခိုက်ခဲ့သည့် အကြိမ်တစ်ကြိမ်တည်းသာဖြစ်ပြီး သူဗုဒ္ဓတောင်ပေါ် တက်ခဲ့တုန်းကဖြစ်သည်။ 

ရှုသုံ့ယွင်၏ တိုက်ခိုက်မှုက ရွှေအကြေးခွံနတ်လှံတံကို ကိုင်ထားသည့် နတ်ဗိုလ်ချုပ်နှင့် တိုက်မိသွားသောအခါ နောက်ဆက်တွဲ ပြင်းထန်သောလှိုင်းက မျှော်လင့်ထားသကဲ့သို့ မပျံ့သွားခဲ့ပေ။ 

ဆန့်ကျင်ဘက်ပင် ၎င်းက အလွန်အမင်း ချုပ်တည်းထားအည့် နတ်အလင်းဖြစ်ပြီး ရှုသုံ့ယွင်ကို လုံး၀လွှမ်းခြုံပစ်သည်။ 

နတ်အလင်းက ရှုသုံ့ယွင်၏ကိုယ်ခန္ဓာထဲသို့ အဆက်မပြတ်တိုး၀င်ကာ ကိုယ်ထဲက ဝိဉာဉ်ချီနှင့် အင်မော်တယ်ချီကို အေးခဲစေသည်။ သူ့အရိုးများ၊ အကြောများနှင့် သွေးစီးဆင်းမှုပင်လျှင် နတ်အလင်းနှင့် ပြည့်နှက်နေသည်။ 

တစ်ခဏအကြာတွင် ရှုသုံ့ယွင် တိုက်ရိုက်နာကျင်မှုကို မခံစားရသော်လည်း သူ့ကိုယ်ခန္ဓာက တဖြည်းဖြည်းတောင့်တင်းလာသည်။ 

"မင်းငါ့ကိုဘာလုပ်လိုက်တာလဲ" ရှုသုံ့ယွင်၏ တောင့်တင်းနေသည့်မျက်နှာက တုန်ယင်နေပြီး ကြောက်လန့်တကြား အော်ဟစ်သည်။ 

နင်းချန်ရှင်း ရှုသုံ့ယွင်ကို ကြည့်ရင်း ခပ်ပေါ့ပေါ့ပြောသည်။ 

"ငါမင်းကို နောက်ထပ်အခွင့်အလမ်းတစ်ခု ပေးချင်လို့ပါ၊ ငါသိချင်တာကိုပြောပါ၊ ဒါဆို မင်းကိုလွှတ်ပေးလို့ရတယ်"

"ဟားဟားဟားဟား" ရှုသုံ့ယွင် ကျယ်လောင်စွာ ရယ်မောသည်။ သူ့ရယ်သံက ထေ့ငေါ့မှုနှင့် ပြည့်နှက်နေသည်။ ထို့နောက် သူနင်းချန်ရှင်းကို တင်းမာသည့် အမူအရာဖြင့် ကြည့်ရင်း အံကြိတ်သည်။ 

"ငါက ၀တ်စုံဖြူစစ်ဆေးသူဖြစ်ပြီး ကြီးကြပ်ရေးဗိမာန်ရဲ့ ထောက်တိုင်ကြီးတစ်ခုပဲ"

"ကြီးကြပ်ရေးဗိမာန်အတွက် ဒီလောက်တန်ဖိုးသေးသေးလေးကိုတောင် ပေးဆပ်ဖို့ ဆန္ဒမရှိဘူးဆိုရင် မင်းငါနဲ့ ငါတို့၀တ်စုံဖြူစစ်ဆေးသူတွေကို လျှော့တွက်နေတာပဲ"

"ဒါ့အပြင် ငါ့ကိုဒီလောက် အလွယ်တကူ အနိုင်ယူနိုင်မယ်လို့ မင်းထင်နေတာလား"

ဒီနေရာတွင် ရှုသုံ့ယွင်၏မျက်လုံးများ၌ အစီအရင်တစ်ခုပေါ်လာသည်။ 

စက်ဝိုင်းပုံအစီအရင်က စတင်လည်ပတ်လာသည်။ 

တစ်ချိန်တည်းမှာပင် ရှုသုံ့ယွင်၀န်းကျင်က မူလကအေးခဲနေသည့်အော်ရာက စတင်ဆူပွက်လာသည်။ 

"၀တ်စုံဖြူစစ်ဆေးသူတွေမှာ ကြီးကြပ်ဖို့ အရည်အချင်းရှိရုံတင်မကဘူး" ရှုသုံ့ယွင် နင်းချန်ရှင်းကို ကြည့်ရင်းနှာခေါင်းရှုံ့သည်။ 

"သူတို့က ကြီးကြပ်ရေးဗိမာန်မှု စစ်တပ်တစ်ခုလို တည်ရှိမှုလည်းဖြစ်တယ်"

"ဒါကြောင့် တကယ်တိုက်ခိုက်ရေးစွမ်းရည်နဲ့ ပတ်သက်ပြီး ငါတို့က ထူးခြားတဲ့အဆင့်တစ်ခုမှာ ရှိဖို့လိုတယ်"

ယင်းနောက်တွင် ရှုသုံ့ယွင်ရှေ့က ဆူပွက်နေသည့်အော်ရာက စတင်သိပ်သည်းလာသည်။ 

သူ့ကိုယ်ခန္ဓာရှေ့တွင် ကြီးမားသည့်အစီအရင်တစ်ခု ကျုံ့နေသည်။ 

အနီးကပ်ကြည့်ဆိုပါက ဒီဝိဉာဉ်ပုံစံက ရှုသုံ့ယွင်၏မျက်လုံးထဲက ဝိဉာဉ်ပုံစံနှင့် အတိအကျဆင်တူတာကို တွေ့ရပေလိမ့်မည်။ ဘာအပြောင်းအလဲမှမရှိချေ။ 

ဒီအခိုက်အတန့်၌ ရှုသုံ့ယွင် ရှေ့တက်ပြီး အစီအရင်ကို ဖြတ်သန်းသွား၏။ 

ရှုသုံ့ယွင်၏ခြေထောက်က အစီအရင်ကို အရင်ဖြတ်သွားသောအခါ အဖြူရောင်ချပ်၀တ်တစ်ခု ဖုံးလွှမ်းသွားသည်။ 

ထို့နောက် သူ့လက်နှင့်ခန္ဓာကလည်း ဖြတ်သွားသောအခါ အလားတူဖုံးသွားကြ၏။ 

ရှုသုံ့ယွင်တစ်ကိုယ်လုံးကို အဖြူရောင်ချပ်၀တ်နှင့် ဖုံးထားသည်။ သူ့အော်ရာကလည်း ကြီးမားသည့် အပြောင်းအလဲတစ်ခုကို ကြုံတွေ့နေရသည်။ 

"မင်းသိလား" ရှုသုံ့ယွင်၏အသံက ချပ်၀တ်ထဲကနေ ထွက်လာသည်။ 

"၀တ်စုံဖြူစစ်ဆေးသူတွေက ကြီးကြပ်ရေးဗိမာန်ရဲ့ ငွေရောင်အစောင့်လို့လည်း လူသိများတယ်"

"ငါဒီအဖြူရောင်ချပ်၀တ်ကို ၀တ်ဆင်လိုက်တာနဲ့ ငါ့ရှေ့က အတားအဆီးအားလုံးကို ဖယ်ရှားပစ်ရမယ်လို့ ဆိုလိုနေတာပဲ"

သူစကားပြောပြီးသည့်အခိုက်တွင် ဝှီးခနဲမြည်သံနှင့်အတူ ရှုသုံ့ယွင် ထိုနေရာကနေ ပျောက်ကွယ်သွားပြီး ပုံရိပ်တစ်ခုသာ ချန်ထားခဲ့သည်။ 

မျက်နှာကို တိုက်ခတ်လာသည့် လေတစ်စင်းကို ခံစားလိုက်ရစဉ်မှာပင် နင်းချန်ရှင်းရှေ့တွင် အဖြူရောင်ချပ်၀တ်ကို ၀တ်ဆင်ထားသည့် ရှုသုံ့ယွင် ချက်ချင်းပေါ်လာသည်။ 

သူလက်သီးကျစ်ကျစ်ဆုပ်လိုက်သောအခါ သူ့ချပ်၀တ်က အက်ကွဲသံများကို ထုတ်လွှတ်သည်။

ထို့နောက် နင်းချန်ရှင်း၏မျက်နှာဆီသို့ လက်သီးတစ်ချက်ပစ်ကျွေးလိုက်၏။ 

"မင်းရဲ့ သူတော်ကောင်းနွားသူခိုးဆန်ပြီး ဖြောင့်မတ်တဲ့မျက်နှာက တကယ်ပဲ စိတ်တိုစရာကောင်းလွန်းတယ်"

မု၀မ်အာပြောလိုက်သည်။ 

"စီနီယာအစ်ကိုနင်း၊ သတိထား"

လက်သီးက တဖြည်းဖြည်းနီးကပ်လာတာကို နင်းချန်ရှင်းကြည့်နေသည်။ လေပြင်းတိုက်ခတ်မှုအောက်တွင် သူကမျက်တောင်လေးပင် မခတ်ပါ။ 

သူလက်ထဲတွင် စာအုပ်ကိုကိုင်ရင်း စာမျက်နှာတစ်ခုကို တိတ်တဆိတ်လှန်ပြီးနောက် နူးညံ့စွာပြောသည်။ 

"ယု"

ရုတ်ချည်းဆိုသလို နတ်ဗိုလ်ချုပ်ကိုယ်ပေါ်က ချပ်၀တ်က အလျင်အမြန်ပြိုကွဲသွားပြီး နင်းချန်ရှင်းရှေ့သို့ ပျံသန်းသွားကာ ထူထဲသည့် ဒိုင်းတစ်ခုအဖြစ် သိပ်သည်းသွားသည်။ 

ရှုသုံ့ယွင်၏လက်သီးက ရုတ်တရက် ဒိုင်းကို ၀င်တိုက်မိသည်။ 

ဒုန်း......!

မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သည့် အသံတစ်သံထွက်လာပြီး ပတ်၀န်းကျင်၌ လေလှိုင်းကြီးတစ်ခု တက်လာခဲ့သည်။ 

မု၀မ်အာ နဂါးကိုးကောင်းနတ်အသွင်ပြောင်းဆေးပြင်းဖိုကို ရှေ့တွင်ထားကာ လေလှိုင်းကို ခုခံလိုက်သည်။ 

ဒိုင်းကလုံး၀ပုံမပျက်သွားတာကို မြင်ရသောအခါ ရှုသုံ့ယွင်ထိတ်လန့်သွား၏။ ဒိုင်းပေါ်၌ အက်ကြောင်းဟူ၍လုံး၀မရှိချေ။ 

ဒါက တိုင်တောင်တန်းကဲ့သို့ လုံး၀ရွေ့လျားခြင်းမရှိပါ။ 

ဒီလက်သီးချက်က ကမ္ဘာထဲက အားအကောင်းဆုံးဒိုင်းပေါ်သို့ ကျသွားသည့်အလားပင်။ 

ရှုသုံ့ယွင် အားကိုးရာမဲ့မှုနှင့် စွမ်းအားကင်းမဲ့မှုကို ခံစားရသည်။ 

ထို့နောက်ချက်ချင်းဆိုသလို ရှုသုံ့ယွင် ထိုးနှက်ကာ ထပ်မံကန်ကျောက်ရင်း ဒိုင်းကို တိုက်ခိုက်သည်။ 

ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်တွင် တကယ့်တိုက်ပွဲ၌ ဒီလောက်မြင့်မားသည့် အောင်မြင်မှုများရှိတာကို သူမယုံပေ။ 

ကြီးကြပ်ရေးဗိမာန်ကလွဲပြီး ဒီလိုအစွမ်းထက်သက်တူရွယ်တူတစ်ယောက်ရှိတာကိုလည်း သူမယုံပေ။ 

သူတို့ ထိုနတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက ပါရမီရှင်များကိုပင် အလေးအနက် မမှတ်ယူထားကြပါ။ 

ခရက်ခ် ခရက်ခ် ခရက်ခ် !

ဒိုင်းကဆက်လက်မြည်ဟီးနေသည်။ 

နင်းချန်ရှင်းပြောသည်။ 

"လုံလောက်ပြီလား၊ ငါ့မှာ မင်းနဲ့ကစားဖို့ အချိန်မရှိလောက်တော့ဘူး"

ကစားတာလား!

ချပ်၀တ်အောက်က ရှုသုံ့ယွင်က ပြာနှမ်းသွားရသည်။ 

သူတကယ်ပဲ ဒီတိုက်ပွဲကို ကစားပွဲတစ်ခုလို ဆက်ဆံခဲ့တာလား!

ဒါကငါ့ကို အထင်အမြင်သေးနေတာပဲမလား!

နင်းချန်ရှင်းဆက်ပြောသည်။ 

"မင်းရဲ့သစ္စာရှိမှုက မဆိုးဘူးဆိုပေမယ့် မင်းရည်ရွယ်ချက်တွေက မစင်ကြယ်ဘူး၊ ဒီတော့ မင်းဒီမှာပဲနာနာခံခံနဲ့ နေသင့်တယ်"

"မင်းမိတ်ဆွေတွေ မင်းကို လာခေါ်နိုင်လောက်တာပဲလေ"

ဒီနေရာတွင် နင်းချန်ရှင်းနူးညံ့စွာပြောသည်။ 

"ဖိနှိပ်စေ"

နိယာမက သူ့စကားလုံးများကို လိုက်နာသည်။ 

နတ်ဗိုလ်ချုပ်က ပြိုကွဲသွားပြီး တစ်ဖန်သိပ်သည်းသွားသည်။ ၎င်းက ‌မျှော်စင်မြင့်တစ်ခုအဖြစ် ပြောင်းလဲကာ ရှုသုံ့ယွင်အပေါ်သို့ မြောလွင့်ကာ သူ့အပေါ်ကျဆင်းလာသည်။ 

ဒါကိုမြင်သောအခါ ရှုသုံ့ယွင် ဒေါသတကြီးအော်ဟစ်သည်။ 

ချပ်၀တ်ပေါ်၌ အလင်းဖြူတစ်ခု ပွင့်လန်းလာသည်။ 

ဒီအခိုက်အတန့်၌ အားလုံးက သူ့လက်သီး၌ စုစည်းလာပြီး လက်သီးတစ်ချက် ပစ်ကျွေးလိုက်၏။ 

သူမျှော်စင်ကို ရိုက်ခွဲပစ်ချင်သည်။ 

ကံဆိုးစွာပင် နင်းချန်ရှင်း၏စွမ်းအားက သူနှင့်လုံး၀ခြားနားသည့်အဆင့်တစ်ခုတွင် ရှိနေသည်။ 

မျှော်စင်ကျဆင်းလာသောအခါ ရှုသုံ့ယွင်၏ အားအပြည့်လက်သီးတွင် ခုခံနိုင်စွမ်းမရှိပုံပင်။ 

လက်သီးထိုးလိုက်သည့်လက်မောင်းက ထိုနေရာ၌ပင် မျှော်စင်၏ ချေမွခြင်းကို ခံရသည်။ 

ရှုသုံ့ယွင်အော်ဟစ်လိုက်သည့်အခိုက်အတန့်၌ သူ့တစ်ကိုယ်လုံးက မျှော်စင်၏ လုံး၀ဖိနှိပ်ခြင်းကို ခံရသည်။ 

ရှုသုံ့ယွင်ရုန်းကန်နေသည်။ 

သို့သော် သူဘယ်လောက်ပင် ကြိုးစားနေပါစေ လုံး၀လှုပ်ရှားနိုင်စွမ်းမရှိပါ။ 

"မင်းဘယ်ကလာတာလဲ" ရှုသုံ့ယွင်၏ လည်ပင်းက သွေးကြောများက အတော်လေးသိသာနေသည်။ သူနင်းချန်ရှင်းကို ကြည့်ရင်း အော်ဟစ်သည်။ 

"အင်အားစုခုနှစ်ခုကြားမှာ မင်းလိုလူမျိုး တည်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး"

နင်းချန်ရှင်းတွေးလိုက်မိသည်။ 

"မင်းသိဖို့မလိုပါဘူး"

ထို့နောက် သူရှုသုံ့ယွင်၏ အော်ဟစ်သံကို လျစ်လျူရှုကာ ရှေ့သို့လျှောက်သွားသည်။ 

မု၀မ်အာ နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကိုသိမ်းဆည်းရင်း ခုန်လိုက်သွားသည်။ 

သူမခုန်ပေါက်သွားနေစဉ် လက်အစုံကို နောက်ကျော၌ထားကာ အပြုံးဖြင့်မေးသည်။ 

"စီနီယာအစ်ကို၊ အခုဘယ်ကိုသွားမှာလဲ၊ သူတို့ရည်ရွယ်ချက်ကို မမေးတော့ဘူးလား"

နင်းချန်ရှင်းခေါင်းခါယမ်းသည်။ 

"သူ့လိုလူမျိုးက ဘာတစ်ခုမှပြောမှာမဟုတ်ဘူး၊ မင်းဘယ်လောက်ပဲမေးမေး အသုံးမ၀င်ဘူး"

"ဒါပေမယ့် အခုလေးတင်ငါသူနဲ့ ငြင်းနေတုန်း အဲဒီဘက်မှာ ငါ့ကို ဆွဲဆောင်နေတဲ့ အော်ရာတစ်ခုရှိနေပုံပဲ"

"ငါတစ်ခုခု.....ရှာတွေ့လောက်တယ်"

အပိုင်း(1143) coming။ 

All Chapters