#မင်းဆရာငါ့ကို မြင်ဖူးလိမ့်မယ်#
Vol. 81 Ch. 1143
အော်ရာလမ်းညွှန်မှုနောက်ကနေလိုက်ရင်း နင်းချန်ရှင်းနှင့် မု၀မ်အာတို့ အမည်မသိအချိန်ကာလတစ်ခုအထိ လျှောက်နေခဲ့ကြသည်။
သူတို့ပိုနက်နက်သွားလေလေ၊ အဆောက်အဦးများက ပိုနည်းလာလေလေပင်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းအော်ရာက ပို၍ပင်ထူထဲလာသည်။
သူမကိုယ်ထဲက အင်မော်တယ်ချီက အများကြီးပိုမြန်မြန်စီးဆင်းနေတာကို မု၀မ်အာ ရှင်းရှင်းလင်းလင်း ခံစားနိုင်ပါသည်။
ဒီနေရာတွင်ကျင့်ကြံခြင်းက တစ်၀က်မျှအားစိုက်ထုတ်ရုံနှင့် ရလဒ်နှစ်ဆကို ရနိုင်သည်ဟု ဆို၍ရသည်။
ရုတ်တရက် နင်းချန်ရှင်းနှင့် မု၀မ်အာတို့ရပ်လိုက်သည်။ သူတို့ရှေ့တွင် ပုံမှန်မဟုတ်သည့်မျှော်စင်တစ်ခုရှိသည်။
မျှော်စင်က ကွေးညွတ်နေပြီး အင်မတန်ထူးဆန်းသည်။
နင်းချန်ရှင်းမော့ကြည့်လိုက်၏။ သူ့အထက်က နေရောင်အောက်၌ အလင်းနက်ကို ရောင်ပြန်ဟပ်စေသည့် အမည်မသိပစ္စည်းတစ်ချို့နှင့် ပြုလုပ်ထားသော ကျောက်ပြားတစ်ခုရှိသည်။
ကောင်းကင်လှုပ်ခတ်မျှော်စင်ဟူသော နာမည်ကို ကျောက်ပြားပေါ်၌ ရေးထွင်းထားသည်။
ဒီစကားလုံးသုံးလုံးကနေ ဖော်ပြနေသည့် မဆုတ်မနစ်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် မု၀မ်အာသက်ပြင်းချသည်။
"အဲတုန်းက ဒီမျှော်စင်ပိုင်ရှင်က ဒီမျှော်စင်ကို တည်ဆောက်ပြီး ဒီစကားလုံးသုံးလုံးကို ရေးဖို့အတွက် ဘယ်လောက်တောင် သတ္တိရှိခဲ့တာလဲ"
နင်းချန်ရှင်းခေါင်းညိတ်သည်။
"ရှေးခေတ်က ကျင့်ကြံခြင်းအစဉ်အလာက အရမ်းတောက်ပတယ်၊ ဆရာကလည်း ရှေးခေတ်ကလာသလားဆိုတာ ငါတကယ်သိချင်မိတယ်"
မု၀မ်အာလက်အစုံကိုဖြန့်လိုက်သည်။
"ကျွန်မမသိဘူး၊ ဒါပေမယ့် ဆရာ့စရိုက်အရဆိုရင် သူ့နောက်ခံကို ဘယ်သူမှရှာမတွေ့နိုင်ဘူးလို့ထင်တယ်"
နင်းချန်ရှင်းခပ်မှိန်မှိန်ပြုံးသည်။
"မှန်တယ်"
ဒီအခိုက်အတန့်မှာပင် ရုတ်တရက် ရှေးဟောင်းအော်ရာက မမြင်ရသည့်လက်တစ်ဖက်အဖြစ် သိပ်သည်းသွားပြီး ကောင်းကင်လှုပ်ခတ်အပိုင်းရှိ တံခါးကို တွန်းဖွင့်လိုက်သည်။
ပွင့်နေသည့်တံခါးက နင်းချန်ရှင်းကို ၀င်ခွင့်ပြုသည်ဟု ဆိုနေပုံရသည်။
ဒါကိုမြင်သော် မင်းချန်ရှင်း အမူအရာကင်းမဲ့စွာပင် လျှောက်သွားသည်။
မု၀မ်အာ၏အမူအရာက အနည်းငယ် လေးနက်နေသည်။ သူမမုဖူရှန်းပေးခဲ့သည့် အဆောင်များကို ထုတ်ယူကာ လိုက်သွား၏။
သူတို့၀င်လာသည်နှင့်တစ်ပြိုင်နက် နောက်က တံခါးက ဘုန်းခနဲမြည်သံနှင့်အတူ ပိတ်သွားလေတော့သည်။
မူလကမှောင်မိုက်နေသည့်ခန်းမ၌ နံရံပေါ်ရှိ ဖယောင်းတိုင်များက တစ်တိုင်ပြီးတစ်တိုင် ထွန်းလင်းလာသည်။
ခန်းမတစ်ခုလုံးက ရုတ်တရက်လင်း၀င်းသွားခဲ့သည်။
ထူးဆန်းတာက မျှော်စင်ဆီတက်ရန်အတွက် လှေကားထစ်များဟူ၍မရှိဘဲ ယင်းအစား အပေါ်ကနေ အောက်သို့ ဘာအတားအဆီးမှမရှိဘဲ ချိတ်ဆက်ထားသည်။
အောက်ကနေကြည့်ပါက မျှော်စင်၏ အမိုးခုံးကိုပင် တိုက်ရိုက်မြင်နိုင်သည်။
ဒီအချိန်မှာပင် နက်ရှိုင်းသည့်အသံတစ်သံကို ကြားရသည်။
"ငါမင်းကိုဘာလို့ ဒီကိုခေါ်လိုက်ရသလဲဆိုတာသိလား"
နင်းချန်ရှင်း၏ အမူအရာက တည်ငြိမ်နေသည်။ သူခေါင်းခါယမ်းကာပြောသည်။
"ကျွန်တော်မသိပါဘူး၊ ကျေးဇူးပြုပြီး ရှင်းပြပေးပါ"
"မင်းပြောခဲ့တာနဲ့ ထုတ်လွှတ်ခဲ့တဲ့အော်ရာက ငါ့ကို မင်းက ကောင်းကင်လှုပ်ခတ်အပိုင်းရဲ့ဆန္ဒကို ဆက်ခံဖို့အတွက် အတော်လေးသင့်တော်တယ်လို့ တွေးမိစေတာပဲ၊ ဒါကြောင့် ငါမင်းကို ဒီကို လာစေချင်တာ"
နင်းချန်ရှင်းအနည်းငယ် ကြက်သေသေသွားသည်။
ကောင်းကင်လှုပ်ခတ်အပိုင်းရဲ့ ဆန္ဒကို အမွေဆက်ခံရမှာလား!
"စီနီယာ၊ ကျွန်တော့်မှာ လုပ်ချင်တဲ့အရာတွေနဲ့ ကိုယ်ပိုင်ဆန္ဒရှိပါတယ်" သူ့နှလုံးသားထဲက အတွေးများက ဒီကမ္ဘာနှင့် အမြဲမကိုက်ညီတာကို နင်းချန်ရှင်းသိပါသည်။
ထို့ကြောင့် သူ့လိုလူတစ်ယောက်ကို သူလိုအပ်သော်လည်း ပေါ်ပေါက်လာမည်လို့တော့ တစ်ခါမှ မျှော်လင့်မထားပါ။
ရယ်မောသံတစ်သံထွက်လာသည်။
"ငြင်းဖို့အလျင်မလိုပါနဲ့၊ မင်းဘာတွေးနေသလဲဆိုတာ ငါသိပါတယ်၊ မင်းရဲ့အတွေးတွေက ကောင်းကင်လှုပ်ခတ်အပိုင်းနဲ့ နည်းနည်းကွဲပြားနေပေမယ့် ယေဘုယျဦးတည်ချက်က လုံး၀အတူတူပဲ'
"ဒါ့အပြင် မင်းလိုလူတစ်ယောက်ကို ကောင်းကင်လှုပ်ခတ်အပိုင်းကို လက်လွှဲပေးမှသာ ငါစိတ်သက်သာရာရလိမ့်မယ်"
နင်းချန်ရှင်းမေးသည်။
"စီနီယာ၊ ကျေးဇူးပြုပြီး ဆက်ပြောပါ"
မျှော်စင်ထဲကအသံက ရှင်းပြသည်။
"အဇူရာကောင်းကင်ကျောင်းတော်က အမြဲလိုလို သေမျိုးနယ်မြေရဲ့ အမွေအနှစ်အတွက် ကြိုးစားလုပ်ကိုင်ခဲ့တာ"
"အင်ပါယာကောင်းကင်အပိုင်းက တော်၀င်မိသားစုနဲ့ဂိုဏ်းတွေရဲ့ အမွေခံတွေအတွက် ပါရမီကို ပံ့ပိုးကူညီပေးတယ်"
"ကောင်းကင်လှုပ်ခတ်အပိုင်းကတော့ ငါတို့က အဲဒီပါရမီရှင်လျှို့ဝှက်ကျင့်ကြံသူတွေနဲ့ နိမ့်ကျတဲ့လူတန်းစားမှာ မွေးဖွားလာတဲ့ ကျင့်ကြံသူတွေကို စုစည်းတယ်၊ သူတို့ကို ငါတို့ရဲ့ စံသဘောတရားတွေကို လွှဲပြောင်းပေးပြီး အမွေအနှစ်ကို လက်ဆင့်ကမ်းပြီး သေမျိုးနယ်မြေကို သွေးသစ်အဆက်မပြတ် ပို့ဆောင်ပေးနေတယ်"
"ဒါ့အပြင် မင်းဒီလိုခံစားရမှာမဟုတ်ဘူး"
နင်းချန်ရှင်းစိတ်ရှုပ်နေသည်။
မျှော်စင်ထဲကအသံက ဆက်ပြောသည်။
"ဒီကမ္ဘာရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတဲ့လူအများစုက ဆင်းရဲဒုက္ခထဲမှာ မွေးဖွားလာကြပြီး သေခြင်းရှင်ခြင်းရဲ့ ပြုပြင်မှုအောက်မှာ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာကြတဲ့သူတွေပဲ"
ဒါကိုကြားသောအခါ နင်းချန်ရှင်း သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
"ကောင်းကင်လှုပ်ခတ်အပိုင်းကို တည်ထောင်ခဲ့တဲ့အကြောင်းရင်းက ဒီအတွက်ကြောင့်ပဲ၊ ဆင်းရဲဒုက္ခကနေ မွေးဖွားလာသူတွေက အခက်အခဲအများကြီးကို ကျော်ဖြတ်ရပြီး သူတို့ရဲ့စိတ်တွေကို တခြားကျင့်ကြံသူတွေထက် ပိုအားကောင်းလာစေခဲ့တယ်"
နင်းချန်ရှင်းပဟေဠိဖြစ်နေသည်။
"ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့ စံသဘောတရားနဲ့ ဘယ်လိုထပ်တူကျတာလဲ"
"ဘာလို့လဲဆိုတော့ ငါတို့အဇူရာကောင်းကင်ကျောင်းတော်က ဒါကို သေမျိုးကမ္ဘာတစ်ခုလုံးရဲ့ ကျင့်ကြံခြင်းအစဉ်အလာအတွက်ပဲ"
"ပြီးတော့မင်းရဲ့စရိုက်နဲ့ ခံယူချက်က အဇူရာကောင်းကင်ကျောင်းတော်တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို အပြည့်အ၀ အမွေဆက်ခံနိုင်တယ်"
ဒါကိုကြားသောအခါ နင်းချန်ရှင်း နားလည်သွားသည်။
သူငြိမ်းချမ်းရေးကိုတောင့်တပြီး ဒီလိုစံပြအခြေအနေတစ်ခုကို ဖန်တီးချင်သည်။
ဆိုလိုတာက သူဟောပြောရန်လိုအပ်သည်။
မျှော်စင်ထဲက ဆန်းကြယ်သည့်အသံက ဒါကိုသဘောကျသွားသည်။ အကယ်၍ နင်းချန်ရှင်းသာ ကောင်းကင်လှုပ်ခတ်အပိုင်းကို အမွေဆက်ခံနိုင်ပါက ဒီစိတ်ကူးကို ကောင်းကင်လှုပ်ခတ်အပိုင်းက လူများကိုလည်း သူအသိပေးနိုင်ပေလိမ့်မည်။
အနာဂတ်တွင် ကောင်းကင်လှုပ်ခတ်အပိုင်းက လူများက ဒီစိတ်ကူးအကြံဉာဏ်ကို ဖြည်းဖြည်းချင်းပျံ့အောင် လုပ်နိုင်မည်။
ဒါက နင်းချန်ရှင်း၏ စံသဘောထားများကို အတော်လေး အကူအညီဖြစ်စေသည်။ နင်းချန်ရှင်းတွင် ငြင်းဆိုရန်အတွက် အကြောင်းပြချက်မရှိပါ။
"ဒါဆိုကျွန်တော့်ပါရမီနဲ့စွမ်းအားက ဒီတာ၀န်ကို ထမ်းဆောင်နိုင်ပါ့မလား"
"မင်းပါရမီကလုံလောက်တယ်၊ မင်းစွမ်းအားကတော့ ဆက်လက်တိုးတက်လာဖို့ လိုနေတုန်းပဲ၊ ဒါပေမယ့်ဒါက မင်းကို မသက်ရောက်ပါဘူး၊ ငါမင်းကိုအမွေပေးတာက မင်းရဲ့ဆန္ဒတစ်ခုတည်းပဲ၊ ဘာပဲဆိုဆို အဇူရာကောင်းကင်ကျောင်းတော်မှာ ဒီမျှော်စင်အမွေအနှစ်သာ ကျန်ရစ်ခဲ့ပြီး ဒီဆန္ဒကတော့ ထွက်သွားရလိမ့်မယ်"
လူတစ်ယောက်က အတိုင်းအတာတစ်ခုအထိ အားကောင်ူလာပြီး ထက်မြက်သည့် အမြင်ရှိလာသောအခါ သူ့၏ပါရမီကို စမ်းသပ်ရန် မလိုတော့ပါ။
"မင်းလုပ်ဖို့လိုတာက မင်းကြီးထွားလာတဲ့အခါကျရင် ကျောင်းတော်ပြန်လည်တည်ဆောက်ဖို့ သဘောတူရုံပဲ၊ အဲဒါက အဇူရာကောင်းကင်ကျောင်းတော်လို့ပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် အရေးမကြီးဘူး၊ မင်းအဇူရာကောင်းကင်ကျောင်းတော်ရဲ့ဆန္ဒကို ထိန်းသိမ်းထားနိုင်သရွေ့ အဆင်ပြေတယ်"
နင်းချန်ရှန်းဒီအကြောင်းကို တွေးလိုက်ပြီးနောက် သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
အမှန်ဆိုရပါက ငြင်းဆိုရန်အကြောင်းမရှိ။
"အရမ်းကောင်းတယ်၊ ဒီမျှော်စင်ထဲက ဖယောင်းတိုင်တိုင်းက အမွေအနှစ်ပဲ၊ အချိန်ကျလာတဲ့အခါကျရင် ငါတို့ ကျောင်းတော်ကို ပြန်လည်တည်ဆောက်နေသရွေ့ ဒီနေရာကို အခြေခံအုတ်မြစ်အဖြစ် သုံးနိုင်တယ်"
"တစ်ချိန်တည်းမှာပဲ မင်းနယ်မြေခြောက်ခုပြိုင်ပွဲမှာ အဇူရာကောင်းကင်ကျောင်းတော်နာမည်ကို ပြန်လည်ရယူဖန်တီးဖို့အတွက် နယ်မြေခြောက်ခုကို ၀င်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
နယ်မြေခြောက်ခုပြိုင်ပွဲလား!
နင်းချန်ရှင်း၏ သံသယများကို မြင်နေသည့်အလား မျှော်စင်ထဲက အသံက ပြုံးသည်။
"မဟာနယ်မြေတိုင်းမှာ အဇူရာကောင်းကင်ကျောင်းတော်နဲ့ ဆင်တူတဲ့နေရာတစ်ခုစီရှိပြီး နယ်မြေခြောက်ခုပြိုင်ပွဲက မဟာနယ်မြေက ကျောင်းတော်အသီးသီးအတွက် ယှဉ်ပြိုင်ဖို့ နေရာတစ်ခုပံ့ပိုးပေးတယ်"
"ဒါက လူတစ်ယောက်ရဲ့အသိပညာကို တိုးစေရုံတင်မက ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုလည်း တိုးစေတယ်၊ အဆင့်ပိုမြင့်လေလေ၊ အရင်းအမြစ်တွေပိုရလေလေပဲ"
"အရင်က ငါတို့သေမျိုးနယ်မြေက နတ်ဘုရားနယ်မြေအပြီး ဒုတိယဆိုတာ မင်းသိထားသင့်တယ်၊ နယ်မြေခြောက်ခုပြိုင်ပွဲမှာ ငါတို့က ဒုတိယနေရာမှာ ရပ်တည်ခဲ့တယ်"
အရင်က သေမျိုးနယ်မြေက တကယ်ကို ခမ်းနားထည်ဝါခဲ့တာပဲ!
နင်းချန်ရှင်းနှင့် မု၀မ်အာတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
"ကောင်းပြီ၊ ငါကောင်းကင်လှုပ်ခတ်အပိုင်းကို မင်းအတွက် ချန်ထားခဲ့မယ်၊ မင်း ဒီဆန္ဒကို အမွေဆက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"အိုး၊ ဟုတ်သားပဲ၊ ဒီမျှော်စင်က တိုက်ပွဲမှာ မင်းကိုကူညီနိုင်လောက်တယ်"
နင်းချန်ရှင်းလက်နှစ်ဖက်ဆုပ်သည်။
"ကျေးဇူးပါ စီနီယာ၊ စီနီယာရဲ့နာမည်ကို သိခွင့်ရှိမလား"
"ငါလား၊ ငါ့နာမည်က ဟန်တျန်း၊ မင်းဆရာ ငါ့ကိုသိလောက်တယ်"
ဆရာလား!
နင်းချန်ရှင်းကြက်သေသေသွားသည်။
ဒီလူကအမှန်တကယ်ပင် သူ့ဆရာ၏ တည်ရှိမှုကို သိနေငည်။
သူထပ်မေးချင်သော်လည်း အထဲက အော်ရာက လုံး၀ပျောက်ကွယ်သွားခဲ့လေပြီ။
ဒါကအသိစိတ်အပိုင်းအစလေးတစ်ခုသာ ဖြစ်ပုံရသည်။
တခြားတစ်ဘက်တွင် ဟုန်ရင်နှင့် မုဖူရှန်းတို့က နောက်ဆုံးတော့ ကြီးကြပ်ရေးဗိမာန်က ကျန်နှစ်ယောက်နှင့် တွေ့ဆုံလေတော့သည်။
အပိုင်း(1144) coming။