#ကျွန်မသာ ဒူးထောက်မယ်ဆိုရင် ဧကရီတစ်ပါး ဘယ်လိုဖြစ်လာနိုင်မှာလဲ#
Vol. 81 Ch. 1145
အင်ပါယာကောင်းကင်အပိုင်းကို တော်၀င်မိသားစု၀င်များနှင့် ဂိုဏ်းများ၏ဆက်ခံသူများအတွက် အထူးဖန်တီးထားခြင်းပင်။
ဟုန်ရင်နှင့် ကျန်သောသူများ တံခါးကနေ ၀င်လာသောအခါ သူတို့ဒါကို ရှင်းလင်းစွာ ခံစားမိပါသည်။
ခန်းမတစ်ခုလုံးက လင်း၀င်းတောက်ပနေသည်။ ထောင်ချီသောညလင်းပုလဲများကို အမိုးခုံး၌ မြင့်မားစွာချိတ်ဆွဲထားပြီး ခန်းမတစ်ခုလုံးကို အလင်းပေးနေသည်။
ဟုန်ရင်တို့ ဧရာမခန်းမထဲသို့ လျှောက်သွားစဉ် သူတို့ဘယ်လောက်ထိ သေးငယ်သလဲဆိုတာ ခံစားရသည်။
သူတို့လှည့်ပတ်ကြည့်လိုက်ကြ၏။
ပတ်ပတ်လည်က သေသေသပ်သပ်စီရီထားသည့် ရွှေရောင်စင်များနှင့် ပြည့်နှက်နေသည်။ စင်များက ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းကဲ့သို့ ကြွေထည်ပစ္စည်းမျိုးစုံနှင့် ပြည့်နှက်နေသော်လည်း ၎င်းတို့က ကျောက်စိမ်းတော့မဟုတ်ပါ။ ကျောက်စိမ်း၏အရည်အသွေးက ပြိုင်ဘက်ကင်းလောက်အောင် လှပသည်။
ဟုန်ရင်ပိုနီးစွာ လျှောက်သွားပြီး ရွှေရောင်စင်များနားကနေ ဖြတ်သွားသည်။ သူမ နံရံပေါ်၌ ချိတ်ဆွဲထားသည့် ရှေးဟောင်းနံရံဆေးရေးပန်းချီများကို မြင်နိုင်သည်။
ဆီဆေးပန်းချီကားပေါ်က စစ်တပ်၊ နှစ်ဘက်စလုံးက ဗိုလ်ချုပ်များနှင့် ရွှေရောင်ချပ်၀တ်နှင့် နဂါး၀တ်စုံနှင့် ဘုရင်တို့က ဆီဆေးပန်းချီကားကနေ ပြေးထွက်လာတော့မည့်အလား အသက်၀င်လှသည်။
ဟုန်ရင် ဒီနံရံဆေးရေးပန်းချီထဲ ဆွဲသွင်းခံလိုက်ရပြီး ကမ္ဘာတစ်ခုလုံးကို သက်ရောက်စေသည့် ဒီစစ်ပွဲကြီး၌ ကိုယ်တိုင်ပါ၀င်သွားပုံရသည်။
ဓားအလင်းနှင့် ဓားအရိပ်များက သွေးများနှင့် ပြည့်နှက်နေသည်။
မုဖူရှန်းနှင့် ကျန်သောသူများ ချဉ်းကပ်လာသောအခါမှသာ ဟုန်ရင်အသိပြန်၀င်လာသည်။
ဟုန်ရင် အသိပြန်၀င်လာသောအခါ သူမ၏ ယှဉ်၍မရလောက်အောင် ဂုဏ်ကျက်သရေရှိသည့် အင်ပါယာအော်ရာက အလိုအလျောက် ဖော်ပြလာသည်။
မုဖူရှန်း ဟုန်ရင်ကိုဆွဲကာ ရှေ့သို့ တည့်တည့်ကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ" ဟုန်ရင်မေးလိုက်သည်။
မုဖူရှန်းဘာတစ်ခုမှမပြောပေ။ ယင်းအစား မေးစေ့ကို အနည်းငယ်မြှောက်ပြရင်း သူမကို ကိုယ်တိုင်ကြည့်ရန် ညွှန်ပြသည်။
သူမ၏အကြည့်က ရှေ့က ဧရာမပလ္လင်ပေါ် ကျရောက်သွားသောအခါ ဟုန်ရင် ကြက်သေသေသွားသည်။
ပလ္လင်ဘေးတွင် ကျောက်မျက်ရတနာမျိုးစုံကို မြှုပ်နှံထားသည်။ ကျောက်မျက်တစ်ခုစီက ထုတ်လွှတ်သည့် အလင်းတန်းများက မတူကြသလို အော်ရာကလည်း မတူပါ။ ၎င်းတို့က တာအိုနိယာမစွမ်းအားမျိုးစုံဖြင့် ပြည့်နှက်နေကြ၏။ လူတစ်ယောက်သာ သူ့တာအိုနိယာမစွမ်းအားနှင့် သက်ဆိုင်သည့် ကျောက်မျက်များကို ကိုင်ထားသရွေ့ တစ်၀က်မျှအားထုတ်ရုံနှင့် ရလဒ်နှစ်ဆကို ရိတ်သိမ်းနိုင်သည့် သက်ရောက်မှုကို သေချာပေါက်ဖြစ်စေလိမ့်မည်။
သိပ်သည်းသည့်အက္ခရာများက ပလ္လင်ကို ၀န်းရံထားပြီး ကာကွယ်ပေးနေသည်။ တစ်ချိန်တည်းမှာပင် ပလ္လင်နောက်တွင် ဧရာမဖန်သားပြင်ကြီးတစ်ခုရှိသည်။ ဖန်သားပြင်က ဆန်းကြယ်သည့်အဆင်းများနှင့် နတ်သားရဲလေးကောင်ဖြင့် ပြည့်နှက်နေသည်။
ဒီပလ္လင်၏တန်ဖိုးတစ်ခုတည်းကပင် အဆင့်မြင့်ကြယ်နယ်မြေကို သွေးအိုင်တစ်ခု ဖြစ်သွားစေလောက်သည်။ နတ်သခင်အဆင့်ဂိုဏ်းများပင်လျှင် အစွမ်းကုန် တိုက်ခိုက်ကြပေလိမ့်မည်။
သို့စေကာမူ သူတို့ကိုပိုထိတ်လန့်စေတာက ပလ္လင်ပေါ်၌ အဖိုးအိုတစ်ဦးထိုင်နေသည်။ အဖိုးအိုက ဘာနယ်ပယ်အော်ရာကိုမှ မထုတ်ဖော်ထားသည့်တိုင် ဂုဏ်ကျက်သရေရှိသည့် အမူအရာတစ်ခုရှိသည်။
ဟုန်ရင်နှင့်ကျန်သောသူများ အဖိုးအိုကို မြင်လိုက်သည့်အခိုက်အတန့်၌ အလွန်အမင်းအစွမ်းထက်သည့် ဖိအားတစ်ခုက သူတို့အပေါ်ဖိနှိပ်ကျဆင်းလာတာကို ခံစားလိုက်ရသည်။
"ဒူးထောက်" ရုတ်တရက်အဖိုးအိုအော်ဟစ်သည်။
ဒီဖိနှိပ်မှုခံစားချက်က ချက်ချင်းဆိုသလို မရေမတွက်နိုင်လောက်သည့် အကြိမ်များစွာ တိုးသွားခဲ့သည်။
တောင်ကြီးတစ်လုံးက သူတို့ကို တစ်ချိန်တည်းမှာပင် အဆက်မပြတ်အချိန်တိုင်း ဖိသိပ်နေသည့်အသွင်။
ဒါကအပေါ်ယံကဖိအားတင်မက အလွန်အမင်းသိပ်သည်းသည့် အင်ပါယာဆန္ဒကလည်း သူတို့၏စိတ်အခြေအနေနှင့် ဝိဉာဉ်ကို တိုက်ခိုက်သည်။
ဟုန်ရင်၏မျက်သူငယ်အိမ်များပင်လျှင် ကျုံ့သွားရပြီး သူမကိုယ်လုံးလေးက တုန်ယင်သွား၏။
ဒီအင်ပါယာဆန္ဒက သူမထက်ပင် အားကောင်းသည်။
ဘုန်း.....!
အသက်ရှုကြိမ်ရေငါးကြိမ် မပြည့်ခင်မှာပင် သစ်သားလူ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည်။
သူ့ကိုယ်ခန္ဓာက ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး နာကျင်စွာ ညည်းတွားနေသည်။
အိုက်ရွှယ်၏အမူအရာကလည်း ကြည့်ရဆိုးနေသည်။ သူမခြေများက မရပ်မနားတုန်ယင်နေပြီး သူမကိုယ်က အနည်းငယ်ကိုင်းနေသည်။ သူမအံတင်းတင်းကြိတ်ရင်း ဒူးမထောက်ချင်ပေ။
ပါရမီရှင်များတွင်လည်း သူတို့၏ ဂုဏ်ကျက်သရေဆိုတာ ရှိပေသည်။
သာမန်လူများက ကောင်းကင်ဘုံ၊ မြေကြီးနှင့် သူတို့မိဘများအား ဒူးထောက်ကြသည်။
သို့စေကာမူ ပါရမီရှင်များက မိုးနှင့်မြေကို ဒူးထောက်ရန်ပင် ဆန္ဒမရှိပါ။ တစ်နေ့တွင် သူတို့မိုးနှင့်မြေကိုပင် ကျော်ဖြတ်ကာ သတ်ပစ်နိုင်မည်ဟုသာ တွေးကြသည်။
သစ်သားလူ ကြမ်းပြင်ပေါ်လဲကျသွားတာကို မြင်ရသောအခါ မုဖူရှန်း အနည်းငယ်လန့်သွားသည်။
သောက်ကျိုးနည်း....!
ဘာလားဟ!
ဒါအမှန်ဆိုရင် ဘာမှမဖြစ်ပေမယ့် မင်းဟန်ဆောင်နေတာဆိုရင်တော့ ငါ့ထက်သောက်ရမ်းပိုကောင်းအောင် ဟန်ဆောင်နိုင်တာပဲ!
မဖြစ်နိုင်တာ.....!
ဒါကိုတွေးမိသောအခါ မုဖူရှန်း အလုံးစုံထုတ်လွှတ်ကာ နာကျင်စွာအော်ဟစ်ရင်း ကြမ်းပြင်ပေါ် လဲကျသွားသည်။
ဟမ့်၊ ဒီနည်းနဲ့ဆိုရင် ဒူးထောက်တဲ့ဖြစ်ရပ်က ဖြစ်လာမှာမဟုတ်ဘူး၊ ဒါကို ဒူးထောက်နေတယ်လို့တော့ ယူဆလို့မရဘူးလေ၊ ဟုတ်တယ်မလား၊ ဟဲဟဲ!
ဟုန်ရင် မုဖူရှန်းကို 'နင်ဘာလုပ်နေတာလဲ'ဟု မေးနေသည့်အသွင် ပြူးကျယ်စွာ ကြည့်နေသည်။
မုဖူရှန်း ဟုန်ရင်ကို မျက်လုံးမှိတ်ပြပြီး အသံပို့လွှတ်လိုက်သည်။
"ကျွန်တော်ကအားမကောင်းဘူးလေ၊ အဲဒီအဖိုးကြီးက အရမ်းအားကောင်းလွန်းတော့ ကျွန်တော်ဖိနှိပ်ခံလိုက်ရတာပါ၊ ပြဿာနာတစ်ခုခုရှိလို့လား"
ဟုန်ရင် "....."
မုဖူရှန်းအားကြည့်ပြီး သူမအတိဆွံအနေသည်။
သူက အောက်ခြေမဲ့နေသည်အထိ အရမ်းသတိထားလွန်းသည်။
တခြားတစ်ဘက်တွင် ဟုန်ရင်က အကောင်းဆုံးအခြေအနေ၌ ရှိနေဆဲပင်။
သူမ၏မျက်သူငယ်အိမ်များက အနည်းငယ် တုန်ယင်နေသော်လည်း ခြေထောက်များက ရပ်နေသေးပြီး ကျောကလည်း ဖြောင့်တန်းနေသေးသည်။
သို့စေကာမူ အရိုးများအချင်းချင်း ပွတ်တိုက်သံက သူမကိုယ်ထဲကနေ အဆက်မပြတ်ထွက်လာနေသည်။
ဒီဖိအားက ဟုန်ရင်ကိုယ်ခန္ဓာကို ဖိသိပ်ကာ သူမဆန္ဒနှင့် ဝိဉာဉ်ကို ဆေးကြောနေသည်။
ကိုယ်ထဲကနာကျင်မှုက ဟုန်ရင်မျက်နှာကို မပြောင်းလဲနိုင်ပေ။ သူမဆန္ဒနှင့် ဝိဉာဉ်ကိုမူ ပြောနေစရာပင်မလို။
ဟုန်ရင် အင်ပါယာလမ်းစဉ်တွင် စတင်ခဲ့လေရာ သူမ၏ဆန္ဒနှင့်ဝိဉာဉ်က ဘယ်လိုလုပ် အလွယ်တကူ သက်ရောက်နိုင်မည်နည်း။
ဒီအချိန်မှာပင် ပလ္လင်ပေါ်က အဖိုးအိုက ထပ်မံအော်ဟစ်သည်။
"ငါ့ကိုမြင်တာတောင် ဘာလို့ဒူးမထောက်ရသေးတာလဲ"
ဒီတစ်ကြိမ်က အရင်ကထက် ပို၍ကျယ်လောင်ကာ ပို၍နားအူစရာကောင်းသည်။
အော်ဟစ်သံက ကျယ်ပြောလှသည့် နန်းတော်ခန်းမအတွင်း မလှည့်ပတ်နေဘဲ ယင်းအစား ဖြောင့်တန်းသည့်မျဉ်းအတိုင်းသွားပြီး ဟုန်ရင်နားထဲသို့ ပြေး၀င်သွား၏။
အသံက ဟုန်ရင်စိတ်နှင့် အသိစိတ်ပင်လယ်ထဲတွင် ပဲ့တင်ထပ်နေပြီး သူမ၏ဝိဉာဉ်နှင့် စိတ်အခြေအနေကို တိုက်ခိုက်သည်။
အော်ဟစ်သံနှင့်အတူ ဟုန်ရင်၏မျက်သူငယ်အိမ်များက ပြူးကျယ်လာသည်။
သို့စေကာမူ အင်ပါယာဆန္ဒပြန်လည်စုစည်းမှုအောက်တွင် သူမစိတ်ကို ထိန်းသိမ်းထားနိုင်သေးသည်။
ဒါက ဟုန်ရင်၏ဒူးနှင့်ကျောကို ပြန်လည်ဖြောင့်တန်းသွားစေသည်။
သို့စေကာမူ ဘေးတွင်ရှိနေသည့် အိုက်ရွှယ်ကမူ အခြေအနေကောင်းဟန်မပေါ်။
သူမ၏ဒူးများက ကြမ်းပြင်နှင့် ထိလုနီးပါးပင်။
သူမရုတ်တရက် ပါးစပ်အပြည့်သွေးတစ်ပွက် အန်လိုက်ရသည်။
သစ်သားလူကမူ သူ့တစ်ကိုယ်လုံးက ကြမ်းပြင်နှင့်ကပ်နေပြီး သူ့မျက်နှာက ဖြူရော်နေသည်။
သူငါ့ထက်ပိုဆိုးနေတာလား၊ ဒီလိုမဖြစ်စေရဘူး!
မုဖူရှန်းအနီးကပ်ကြည့်ရင်း တွေးလိုက်မိသည်။
ထို့နောက် သူနာကျင်စွာအော်ဟစ်ရင်း ကိုယ်ထဲက ခုခံမှာတစ်ချို့ကို ထုတ်လွှတ်ကာ အော်ဟစ်သံကို သူ့ကိုယ်ထဲ ၀င်ရောက်လာခွင့်ပေးသည်။
သူမျက်နှာက ချက်ချင်းနီမြန်းသွားပြီး ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်သည်။
ဒါက ဘယ်သူပိုပြီးစိတ်မချမ်းမြေ့ဖွယ် ကောင်းသလဲဆိုတဲ့ ပြိုင်ပွဲတစ်ခုမလား၊ ငါမင်းကို မရှုံးစေရဘူး!
ဟုန်ရင်တွင် ဒီလူရွှင်တော်နှင့် ဆက်ဆံနေရန်အတွက် အချိန်မရှိပါ။
ဒီအော်ဟစ်သံက သူမကို အကြီးမားဆုံးထိခိုက်စေသည်။
မည်သို့ပင်ဆိုစေကာမူ အဖိုးအိုက ဟုန်ရင်အား အော်ဟစ်လိုက်ခြင်းပင်။
ဒီအခိုက်အတန့်၌ ဟုန်ရင်၏မျက်နှာက အနည်းငယ်ရှုံ့တွနေသော်လည်း ပုံမှန်အနေအထားကို ထိန်းသိမ်းထားရင်း ပလ္လင်ပေါ်က အဖိုးအိုကို မော့ကြည့်သည်။ သူမပုံမှန်အသံကို ထိန်းကာ တစ်လုံးချင်းပြောသည်။
"ကျွန်မကဧကရီတစ်ပါးပဲ၊ ဘာလို့တခြားသူတွေကို ဒူးထောက်ရမှာလဲ"
"ရှင့်က ဧကရာဇ်တစ်ပါးဖြစ်ပြီး ကျွန်မထက် ပိုအားကောင်းတယ်ဆိုရင်တောင် ကျွန်မအတွက် ရှင့်ကို ဒူးထောက်ဖို့ အကြောင်းရင်းမရှိသေးဘူး"
ဧကရီတစ်ပါးဖြစ်လာရန်အတွက် မွေးဖွားလာခဲ့သည့် ဟုန်ရင်က အင်ပါယာလမ်းကြောင်းပေါ် တက်လှမ်းခဲ့သည်။
သူမဒူးထောက်လိုက်တာနှင့် သူမ၏ဂုဏ်ကျက်သရေကို ဆုံးရှုံးသွားရပေလိမ့်မည်။
ဒီရည်မှန်းချက်ပျောက်ကွယ်သွားသည်နှင့် ဧကရီတစ်ပါးဖြစ်လာမည့်လမ်းကြောင်းကလည်း လုံး၀ပိတ်ဆို့သွားပေလိမ့်မည်။
"ဧကရီလား၊ မင်းခွန်အားနဲ့ ကိုယ့်ကိုကိုယ် ဧကရီလို့ခေါ်ဖို့ ထိုက်တန်လို့လား" အဖိုးအို၏အသံက တည်ငြိမ်နေသော်လည်း သူက ဟုန်ရင်ကို လှောင်ပြောင်နေပုံရသည်။
ဟုန်ရင် နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်းမရှိဘဲ ပြန်ဖြေသည်။
"ခွန်အားဆိုတာ ကြီးထွားလာတိုင်တုန်းပဲ၊ ရှင့်ကို မကျော်လွှားနိုင်ဘူးလို့ ကျွန်မမထင်ဘူး"
"ဒါ့အပြင် ခွန်အားနဲ့ပါရမီပဲရှိပြီး အင်ပါယာနှလုံးသားမရှိဘူးဆိုရင် ဖိအားပေးခံရတဲ့အခါ ဒူးထောက်ရမယ်ဆိုရင် ဘယ်လိုလုပ် ဧကရာဇ်လို့ ခေါ်ထိုက်တော့မှာလဲ"
ယင်းနောက်တွင် သူမကိုယ်ပေါ်က ဖိအားနှင့် အသိစိတ်ပင်လယ်ကို ကျူးကျော်နေသည့်ဖိအားက ဘယ်တော့မှ ပေါ်မလာခဲ့သည့်အလား ချက်ချင်းပျောက်ကွယ်သွားသည်။
အဖိုးအို၏လေးနက်သည့်အမူအရာက ပျောက်ကွယ်သွားပြီး ကြင်နာတတ်သည့် အပြုံးတစ်ပွင့်က အစားထိုးလာသည်။
"ဘယ်လိုတောင်ကြီးမားတဲ့ အင်ပါယာနှလုံးသားလဲ"
"မင်း အင်ပါယာကောင်းကင်အပိုင်းရဲ့ ဆန္ဒကို အမွေဆက်ခံဖို့ အရည်အချင်းပြည့်မီတယ်"
အပိုင်း(1146) coming။