#ဟောင်တျန်း၊ မင်းဆရာကို ငါလည်းသိတယ်#
Vol. 81 Ch. 1146
ဧကရာဇ်တစ်ဦးဖြစ်လာရန်အတွက် လိုအပ်ချက်များက အင်မတန်တင်းကျပ်သည်။
ပထမဆုံးလိုအပ်တာက ပါရမီပင်။ ဒါက မရှိမဖြစ်လိုအပ်လေရာ သံသယဖြစ်နေစရာပင်မလို။
ပါရမီသာမရှိပါက မည်မျှပင် ကြိုးစားနေပါစေ အသုံးမဝင်ပါ။ ပျမ်းမျှပါရမီနှင့် သူများက အဆုံးတွင် အားအကောင်းဆုံးသူများဖြစ်လာကြပေလိမ့်မည်။
ဒါ့အပြင် ပါရမီက သာမန်ဟုဆို၍ရလျှင်ပင် အမြဲလိုလိုထူးခြားသည့် အရည်အချင်းများလည်းရှိရပေမည်။
အဆုံးတွင် ပါရမီက အရာတိုင်းကို ဆုံးဖြတ်ပေးသည့် အုတ်မြစ်တစ်ခုပင်။ ပါရမီမရှိပါက ဘာမှမဟုတ်ပေ။
ဒုတိယက ဧကရာဇ်နေရာတွင် အချိန်အတော်ကြာထိုင်ရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် နယ်မြေကို အဆက်မပြတ်တိုးချဲ့ကာ အင်ပါယာအင်အားကို တိုးမြှင့်ရန်လည်း လိုအပ်သည်။
ဒါက အင်ပါယာဆန္ဒကို ကျင့်ကြံရန်အတွက် အခြေအနေတစ်ရပ်ပေတည်း။
နောက်ဆုံးတွင် အင်ပါယာနှလုံးသားဖြစ်သည်။
အင်ပါယာနှလုံးသားသာမရှိပါက ပါရမီရှိပြီး အင်ပါယာကို ပိုအားကောင်းလာအောင် ဦးဆောင်နိုင်လျှင်ပင် ဧကရာဇ်ဖြစ်လာမည့် လမ်းကြောင်း၌ အဝေးကြီးသွားနိုင်မည်မဟုတ်။
အကယ်၍ ပါရမီရှိပါက အများဆုံး တခြားနယ်ပယ်များတွင် အောင်မြင်မှုများ ရနိုင်သော်လည်း ဧကရာဇ်တစ်ဦး ဖြစ်လာရန်ဟူသည် မဖြစ်နိုင်ပါ။
ဒီအခြေသုံးခုထဲက ဘယ်တစ်ခုကိုမှ စွန့်ဖယ်ပစ်၍မရပေ။
တိုက်ဆိုင်စွာပင် ဟုန်ရင်တွင် တစ်ချိန်တည်းမှာပင် ဒီအခြေအနေသုံးခုရှိခဲ့သည်။
အင်ပါယာနှလုံးသားအပေါ် သူမအမြင်ကို ပြောလာသောအခါ အဖိုးအို သူ့၏ လေးနက်သည့်အမူအရာကို ပြောင်းရင်း ဖိအားကိုပြန်ရုပ်သိမ်းကာ ကျယ်လောင်စွာ ရယ်မောသည်။
"ငါနှစ်များစွာစောင့်နေခဲ့တာ၊ မင်းတို့က ဒီကို ပထမဆုံးရောက်လာတဲ့ လူငယ်တွေဆိုပေမယ့် ဒီလိုပါရမီရှင်တစ်ယောက် ပေါ်လာတာက ငါ့ကိုတကယ်အံ့ဩသင့်စေတယ်"
ရှေးခေတ်တွင်ပင် လူအနည်းငယ်ကသာ ဟုန်ရင်ကဲ့သို့ ငယ်ရွယ်သည့်အရွယ်တွင် ဒီလိုအစွမ်းထက်သည့် အင်ပါယာဆန္ဒကို ကျင့်ကြံနိုင်သည်။
ဒါမှမဟုတ် မည်သူမှ ဟုန်ရင်၏လက်ရှိစံချိန်ကို မကျော်လွှားနိုင်ပေ။
ဖိအားမရှိတော့သဖြင့် မုဖူရှန်း၊ အိုက်ရွှယ်နှင့် သစ်သားလူတို့ ထရပ်ကြသည်။ အိုက်ရွှယ် ဟုန်ရင်ကို လေးနက်စွာကြည့်နေသည်။
သူမ အမွေအနှစ်ကို ရရန်မလိုအပ်သော်လည်း သူမကဲ့သို့ ကြီးကြပ်ရေးဗိမာန်က ပါရမီရှင်တစ်ဦးအတွက်ပင် ရအောင်လုပ်ရန် အခွင့်အလမ်းမရှိခဲ့သည့်အချက်က လက်ခံရန်အတွက် ခက်ခဲနေသည်။
သူမကငယ်စဉ်ကတည်းက သက်တူရွယ်တူများကို ဖိနှိပ်လာခဲ့သော တည်ရှိမှုမျိုးဖြစ်သည်။
ယခုတစ်ဘက်လူကို သူမကိုချေမွပစ်လေရာ သူမဒါကို တကယ်ပင်ကျင့်သားရမနေပါ။
ဟုန်ရင်၏အမူအရာက အနည်းငယ် ပိုကောင်းလာသည်။ သူမအဖိုးအိုကို ခိုင်မာစွာကြည့်ရင်း နှိမ့်ချခြင်း၊ မောက်မာခြင်းမရှိဘဲ ပြောသည်။
"စီနီယာက ကျွန်မကိုချီးမွမ်းနေတာပဲ၊ ကျွန်မသွားရမယ့်လမ်းက ရှည်ပါသေးတယ်၊ ဒါ့အပြင် ကျွန်မကိုယ့်ကိုကိုယ် အတော်လေးယုံကြည်မှုရှိပါတယ်"
"ငါလိုချင်တာဒါပဲ" အဖိုးအိုအတော်လေးပျော်သွားပြီး ရယ်မောလိုက်သည်။
"ဧကရီတစ်ပါးအနေနဲ့ ဘယ်လိုလုပ်ပြီး နှိမ့်ချနေနိုင်မှာလဲ၊ သက်ရှိအားလုံးကို ငုံ့ကြည့်ခြင်းနဲ့ပဲ တိုင်းပြည်တစ်ခုရဲ့ ဘုရင်ဖြစ်လာနိုင်မှာလေ၊ လူတိုင်းရဲ့အပေါ်မှာ ရပ်တည်နိုင်မှ ဧကရီတစ်ပါးဖြစ်လာနိုင်မှာလေ"
"ဒီလိုဆိုမှတော့ ငါပြောခဲ့တာကို မင်းဘယ်လိုထင်လဲ"
အဖိုးအိုက ဟုန်ရင်ကို အင်ပါယာကောင်းကင်အပိုင်း၏ အမွေကို ဆက်ခံရန်အတွက် စိတ်ကူးရှိသလားဟု မေးနေခြင်းပင်။
ထို့နောက် သူတို့အင်ပါယာကောင်းကင်အပိုင်း၏ဆန္ဒက ထိုကောင်းကင်လှုပ်ခတ်အပိုင်းနှင့် အမှန်တကယ်တူသည်ဟု အဖိုးအိုရှင်းပြသည်။ သူတို့ကို ပြုစုပျိုးထောင်ပုံကသာ ကွဲပြားသည်။
လူတိုင်း အဇူရာကောင်းကင်ကျောင်းတော်၏ အတိတ်ကလုပ်ရပ်များကို ကြားပြီးနောက် အနည်းငယ်ထိတ်လန့်သွားကြ၏။
သေမျိုးနယ်မြေက ထိုအချိန်က ဒီလောက်ထိ အားကောင်းလိမ့်မည်ဟု သူတို့်မထင်ထားခဲ့ကြပေ။
ဟုန်ရင်ကြားပြီးနောက် ရယ်မောသည်။
"ဒါဆို ကျွန်မဘာလို့ငြင်းရမှာလဲ"
"ကျွန်မရဲ့စိတ်ကူးက တိမ်ဖီးနစ်အင်ပါယာကို သေမျိုးကမ္ဘာရဲ့ အထွတ်အထိပ်ကို ဆောင်ကြဉ်းပေးဖို့ပဲလေ၊ ဒါပေမယ့်...."
ဟုမ်ရင်စကားလုံးများမှ ပထမအပိုင်းကို ကြားရသောအခါ အဖိုးအိုကျေနပ်စွာ ခေါင်းညိတ်သည်။ သို့သော် 'ဒါပေမယ့်' ဆိုသောစကားကို ကြားသောအခါတွင်မူ သူကြက်သေသေသွားသည်။
"ဒါပေမယ့်ဘာလဲ"
ဟုန်ရင်၏နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွား၏။ သူမ၏ အမူအရာပ မောက်မာမှုနှင့် ယုံကြည်မှုဖြင့် ပြည့်၀နေသလို မျက်လုံးများကလည်း ရည်မှန်းချက်များနှင့် ပြည့်နှက်နေသည်။
"ဒါပေမယ့် ဒါက ပထမခြေလှမ်းပဲရှိသေးတယ်၊ တောင်ရဲ့အပြင်ဘက်မှာ တောင်တစ်လုံးဆိုတာ ရှိတာပဲလေ၊ အင်ပါယာလမ်းစဉ်ကို ကျွန်မတို့ ဆက်သယ်သွားချင်တယ်ဆိုမှတော့ တိမ်ဖီးနစ်အင်ပါယာက ဒီတောင်အပြင်ဘက်က တောင်ဖြစ်ဖို့လိုတယ်၊ ဒီတောင်အပြင်ဘက်ကတောင်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့လိုတယ်"
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"
ဒါကိုကြားသောအခါ အဖိုးအိုရုတ်တရက် ထလိုက်စဉ် ကြီးမားသည့်အင်ပါယာအော်ရာက ဆူနာမီတစ်စင်းပမာ ပေါက်ကွဲထွက်လာသည်။
နှစ်အကြာကြီးဖိနှိပ်ထားခဲ့ရသည့် ခံစားချက်များက ဒီတဒင်္ဂ၌ ပေါက်ကွဲထွက်လာသည့်အလားပင်။
"အပြင်ဘက်တောင်ထိပ်ကို ရောက်ဖို့အတွက် ဘယ်လိုနည်းလမ်းကောင်းလဲ၊ ငါအောင်မြင်နိုင်မလားဆိုတာကိုတော့ ငါမသိဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်ဒါကို လုပ်နိုင်တယ်ဆိုရင် အဲဒီလူက သေချာပေါက်မင်းပဲဆိုတာ ငါယုံကြည်တယ်"
အဖိုးအို၏လေသံက ပြင်းပြနေပြီး စိတ်အားထက်သန်စွာပင်ပြောသည်။
"ငါတို့သေမျိုးနယ်နေ့မှာ ဒီလိုပုဂ္ဂိုလ်တစ်ယောက်ပေါ်လာမှတော့ ငါတို့မဖွံ့ဖြိုးလာတော့မှာကို ဘာလို့စိုးရိမ်နေရတော့မှာလဲ"
ဒီနေရာတွင် အဖိုးအို၏မျက်လုံးများက လင်း၀င်းသွားသည်။ သူဟုန်ရင်အား ငုံ့ကြည့်ရင်း လေးနက်စွာပြောသည်။
"ငါမင်းလောက်မတော်ဘူး"
ဒီနေရာတွင် မုဖူရှန်းရယ်လိုက်မိသည်။
အိုက်ရွှယ်၏အမူအရာက ပြောင်းသွားသည်။
သစ်သားလူ၏မျက်လုံးများမှ အမှုမဲ့အမှတ်မဲ့ လေးနက်သည့်အမူအရာတစ်ခုကို ဖော်ပြသည်။
ဒီတန်ဖိုးဖြတ်မှုက ကြီးမားလွန်းသည်။
အဇူရာကောင်းကင်ကျောင်းတော်တွင် ဘယ်လိုစွမ်းအားမျိုး ရှိလေသနည်း။
ဒါက ရှေးခေတ်က နံပါတ်တစ်ကျောင်းတော်ဖြစ်ပြီး သောင်းချီသောလူများ၏ လေးစားခြင်းကို ခံရသည်။
တစ်ချိန်တည်းမှာပင် ဒီကျောင်းတော်က သေမျိုးနယ်မြေကို တခြားမဟာနယ်မြေများအားဖိနှိပ်ကာ နတ်ဘုရားနယ်မြေအပြီး ဒုတိယရစေရန်အတွက် ဦးဆောင်ခဲ့သည့် တည်ရှိမှုမျိုးလည်းဖြစ်သည်။
အင်ပါယာကောင်းကင်အပိုင်းက အဇူရာကောင်းကင်ကျောင်းတော်၌ အရေးအပါဆုံးအုပ်စုနှစ်စုထဲက တစ်စုပင်။
အဖိုးအိုက အင်ပါယာကောင်းကင်အပိုင်း၏ ကျောင်းအုပ်ဖြစ်လေရာ သူဘယ်လောက်ပင် အားကောင်းလိမ့်မည်နည်း။
အဖြေတစ်ခုတည်းသာရှိသည်။
လူသားဘိုးဘေး!
လူသားဘိုးဘေးတစ်ဦးကို ဒီလိုစကားမျိုး ပြောလာအောင် လုပ်နိုင်သည့်အပေါ် ဟုန်ရင်၏အနာဂတ်က အကန့်အသတ်မဲ့နေလေပြီ။
တစ်နည်းအားဖြင့် သူမလမ်းခုလတ်တွင် မသေဆုံးသရွေ့ လူသားဘိုးဘေးနယ်မြေကို သေချာပေါက်ရောက်ပေလိမ့်မည်။
သို့စေကာမူ ဟုန်ရင်ကလည်းနှိမ့်ချမှုမရှိဘဲ ယင်းအစား သူမနှုတ်ခမ်းထောင့်စွန်းက ကွေးညွတ်သွားပြီး ပြုံးသည်။
"ကျွန်မလည်းဒီလိုပဲထင်တယ်"
ဧကရာဇ်များကနိမ့်ချရန်မလိုအပ်ပါ။ အဖိုးအိုက ဟုန်ရင်ကို ဒီအတွက်ပင် လေးစားသွားခြင်းဖြစ်သည်။
အကယ်၍ သူမတွင်သာ တခြားသူများအပေါ် လွှမ်းမိုးနိုင်သည့်အော်ရာမရှိပါက သူဘယ်လိုလုပ်ရွေးချယ်မည်နည်း။ သို့မဟုတ် ဒီအင်ပါယာလမ်းစဉ်အပေါ် ဘယ်လိုခြေချနိုင်မည်နည်း။
"ကောင်းပြီ၊ အများကြီးပြောပြီးပြီဆိုတော့ မင်းအင်ပါယာကောင်းကင်အပိုင်းရဲ့ ဆန္ဒကို အမွေဆက်ခံနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်၊ အချိန်ကျလာတဲ့အခါ မင်းကျောင်းတော်ကို ပြန်လည်တည်ထောင်နိုင်ပါတယ်၊ အဇူရာကောင်းကင်နာမည်ဖြစ်စေ၊ တခြားနာမည်တစ်ခုခုဖြစ်စေ၊ မင်းသေမျိုးနယ်မြေကို အရင်ဂုဏ်ကျက်သရေဆီကို ပြန်ခေါ်သွားနိုင်သရွေ့ အဆင်ပြေတယ်"
ဟုန်ရင်ခေါင်းညိတ်သည်။
ဒီနေရာတွင် အဖိုးအိုရယ်မောသည်။
"ဒီပလ္လင်က မင်းအပိုင်ပဲ"
ထို့နောက်အဖိုးအိုလက်ဝှေ့ယမ်းလိုက်စဉ် သူ့နောက်ကပလ္လင်က လေထဲသို့ လွင့်မြောလာပြီး ဟုန်ရင်ဆီသို့ ဦးတည်ပျံသန်းသွား၏။
ဒါကိုမြင်သော် ဟုန်ရင် ပြန်လည်မွေးဖွားခြင်းတာအိုနိယာမနှင့် အင်ပါယာဆန္ဒတို့ကို တစ်ချိန်တည်းတွင် အသက်သွင်းလိုက်သည်။ လက်ခံရရှိပြီးနောက် ပလ္လင်က စတင်ကျုံ့လာပြီး လည်ဆွဲအဖြစ်ပြောင်းကာ ဟုန်ရင်လည်ပင်းတွင် ချိတ်ဆွဲနေသည်။
သို့စေကာမူ ဟုန်ရင်ဒီအော်ရာကို ထုတ်လွှတ်သောအခါ အဖိုးအိုအနည်းငယ် ကြက်သေသေသွားပြီးနောက် စိတ်သက်သာရာရစွာပြုံးသည်။
"အဲဒီလူငယ်လေးရဲ့တပည့်ဖြစ်သရွေ့ အရာတိုင်းက အဓိပ္ပာယ်ရှိပါတယ်"
ဟုန်ရင်ကြက်သေသေသွားသလို မုဖူရှန်းလည်း အံ့ဩသင့်သွားသည်။
အိုက်ရွှယ်နှင့် သစ်သားလူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ဟုန်ရင်အလျင်အမြန်မေးသည်။
"စီနီယာ၊ ဆရာကိုသိတာလား"
အဖိုးအိုပြုံးရင်း ခေါင်းညိတ်သည်။
"ငါသာမမှားဘူးဆိုရင် ငါတို့တစ်ခါတွေ့ဖူးတယ်"
"ငါ့နာမည်က ဟောင်တျန်းပါ၊ မင်းဆရာ ငါ့ကိုအရင်က မြင်ဖူးပေမယ့် သူငါ့နာမည်ကို သိလား၊ မသိလားတော့ မသိဘူး"
"ကောင်းပြီ၊ အဲဒီလူရဲ့တပည့်ကို လက်ဆင့်ကမ်းပေးရတာက ငါ့ကို လုံး၀စိတ်သက်သာရာရစေပါတယ်"
ဒီနေရာတွင် ကျယ်လောင်သည့်ရယ်မောသံနှင့်အတူ အဖိုးအို၏ကိုယ်ခန္ဓာက ခန်းမထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွား၏။
ကြည့်ရသည်မှာ ဒါကအသိစိတ်အမျှင်စလေးတစ်ခုသာဖြစ်ပုံရသည်။
ဟုန်ရင်နှင့်မုဖူရှန်းတို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြစဉ် အချင်းချင်းမျက်လုံးများ၌ စိတ်ရှုပ်ထွေးမှုကို မြင်ရသည်။
ဟုန်ရင်အသံပို့လိုက်သည်။
"ဆရာကိုမေးမလား"
မုဖူရှန်းခေါင်းညိတ်သည်။
"ဆရာကိုမေးမယ်"
ဒီအခိုက်အတန့်မှာပင် မြေကြီးက စတင်တုန်ခါလာသည်။
ဟုန်ရင်နှင့်ကျန်သောသူများက တစ်ချိန်တည်းတွင် ထွက်ပြေးသွားကြပြီး တုန်ခါနေသည့် ကမ္ဘာကြီးကို ကြည့်လိုက်ကြ၏။ သူတို့ကြည့်နေသည့်နေရာကနေ ရှေးဟောင်းအော်ရာကြီးတစ်ခုက ကောင်းကင်ပေါ် ထိုးတက်သွား၏။
ဒီနေရာတွင် အိုက်ရွှယ်နှင့်သစ်သားလူတို့ အချင်းချင်းကြည့်လိုက်ကြပြီးနောက် ထိုနေရာရှိရာဘက်သို့ ထွက်ပြေးသွားကြသည်။
ဟုန်ရင်နှင့် မုဖူရှန်းတို့ကလည်း တစ်ဦးကိုတစ်ဦးကြည့်ရင်း ခေါင်းညိတ်ကြသည်။
သူတို့သာ သူတို့နောက်မှလိုက်ပါက သူတို့၏ရည်မှန်းချက်ကို သိနိုင်ပေသည်။
အပိုင်း(1147) coming။