#အင်မော်တယ်နယ်မြေ၀င်ပေါက်သို့ ပြန်သွားခြင်း#
Vol. 81 Ch. 1147
အဇူရာကျောင်းတော်၀င်ပေါက်တွင် ဟုန်ရင်၊ မုဖူရှန်း၊ နင်းချန်ရှင်းနှင့် မု၀မ်အာတို့ အောင်မြင်စွာ ဆုံစည်းကြသည်။
အိုက်ရွှယ်နှင့် သစ်သားလူနောက်က လိုက်လာရင်း ဖြစ်ပျက်ခဲ့တာတွေကို အတိုချုပ်ရှင်းပြသောအခါ မု၀မ်အာ အနည်းငယ်ကြက်သေသေသွားသည်။
"ဟမ်၊ အဲဘက်က စီနီယာကလည်း သူဆရာ့ကို သိတယ်လို့ပြောခဲ့တာလား"
မုဖူရှန်းအံ့ဩသင့်သွားသည်။
"အစ်ကိုတို့ရောပဲလား"
နင်းချန်ရှင်းခေါင်းညိတ်သည်။
ဟုန်ရင်လေးနက်သည့်အကြည့်ဖြင့်ပြောသည်။
"ဆရာကိုသိတဲ့လူတွေက အရမ်းနည်းတယ်၊ ဒါ့အပြင် သူတို့ကလည်း ရှေးခေတ်က ထိပ်တန်းကျွမ်းကျင်သူတွေပဲ၊ ဘေးကင်းလုံခြုံရအောင် ဆရာ့ကိုပေးရမယ်"
ဒါကိုကြားသော် မုဖူရှန်းနှင့် ကျန်နှစ်ယောက်ခေါင်းညိတ်လိုက်ကြ၏။
မကြာမီ သူတို့လေးယောက် ထာ၀ရသက်တမ်းကမ္ဘာကို ဆက်သွယ်လိုက်ကြသည်။
လုချန်ရှန်း ကျောက်စိမ်းဆွဲသီးကို ဆွံအစွာကိုင်ထားသည်။
"ဘာလဲ၊ မင်းတို့ငါ့ကို နောက်ထပ်ရက်နည်းနည်းလောက် ငြိမ်းငြိမ်းချမ်းချမ်းနေခွင့်ပေးလို့ရမလား၊ မင်းတို့ဆရာအလုပ်များနေတယ်"
သူလိမ်နေခြင်းမဟုတ်။
အချိန်ကြာလာသည်နှင့်အမျှ ဒါကိုကိုင်တွယ်ရန်အတွက် လုချန်ရှန်းနည်းလမ်းများကို ရှာဖွေနေသည်။
ကိုးသွယ်မြေအောက်အစီအရင်ကိုပင် သူထပ်မံအားဖြည့်ရန် ကြိုးစားခဲ့သည်။
"ဆရာ၊ ကျွန်မမှာ မေးစရာတစ်ခုရှိတယ်" ဟုန်ရင်၏လေးနက်သောအသံ ထွက်လာသည်။
ဒီလေးနက်မှုကိုကြားသောအခါ လုချန်ရှန်း စနောက်နေတာကို ရပ်ပြီး လေးနက်စွာ ပြောသည်။
"ငါနားထောင်နေတယ်"
"ဒီလိုပါ......"
ထို့နောက် ဟုန်ရင်သူ့ကို အရာအားလုံးကို ပြောပြလိုက်သည်။
လုချန်ရှန်းအနည်းငယ် ကြက်သေသေသွားသည်။
ဟောင်တျန်း၊ ဟန်တျန်းလား!
သူတို့ကဘယ်သူတွေလဲ!
သို့စေကာမူ သူတို့က လူသားဘိုးများ၏ အကြွင်းအကျန်အတွေးများဟု ဟုန်ရင်ပြောလာသေညအခါ လုချန်ရှန်း ဘာကြောင့် ဒီလိုပြောရသလဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားသည်။
သူတို့က အင်မော်တယ်နယ်မြေ၀င်ပေါက်ရှိ ကောင်းကင်ဖိနှိပ်စေတီက အဖိုးအိုများမှလွဲ၍ တခြားသူများဖြစ်မည်မဟုတ်။
ဒါကိုတွေးမိသောအခါ လုချန်ရှန်းပြန်ဖြေသည်။
"ငါတို့တစ်ခါတွေ့ဖူးတယ်၊ စိတ်ပူနေစရာမလိုဘူး" ထို့နောက်သူတွေးနေမိသည်။
ထိုအဖိုးအိုများကို မေးမြန်းရင်း ငရဲနတ်ဆိုးဒေသတွင် ဘယ်လိုအားနည်းချက်တွေရှိလဲ၊ ဘယ်ကျွမ်းကျင်သူတွေက တိုက်ခိုက်ရာ၌ တော်သလဲဆိုတာကို သိအောင်လုပ်ရန်အတွက် သူအချိန်တစ်ခုရှာနိုင်သည်။
သင့်ကိုယ်သင်နှင့်ရန်သူကို သိနေပါက တိုက်ပွဲတစ်ရာကိုပင် အနိုင်ယူနိုင်သည်။
ကျောက်စိမ်းဆွဲသီးကို သိမ်းဆည်းပြီးနောက် လုချန်ရှန်း ဟွမ်ချင်းကို ကြည့်သည်။
"ဒီမှာနေပြီး အိမ်ကိုစောင့်ကြပ်နေ" ထို့နောက် သူတခြားတစ်ဘက်က အမည်မသိအနီရောင်အပင်များနှင့် ပြုလုပ်ထားသည့် အသိုက်ကို ကြည့်သည်။ ထိုထဲတွင် ဧရာမနဂါးဥတစ်လုံးရှိသည်။
"ဒီနဂါးဥကိုကြည့်ပါဦး၊ မကြာခင် ထွက်လာတော့မယ်ထင်တယ်"
ဟွမ်ချင်းခေါင်းညိတ်ကာမေးသည်။
"ဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် ရှင့်ဘာသွားလုပ်မှာလဲ"
"သူတို့ပြဿာနာထပ်ရှာထားပြန်တာလား"
လုချန်ရှန်းအပြင်ထွက်တိုင်း သူ့တပည့်များ၏ အမှိုက်များကို ရှင်းပေးရန်အတွက် ကူညီပေးမည်သာဖြစ်သည်။
မဟုတ်ပါက လုချန်ရှန်း၏စရိုက်ကို ထောက်ဆပါက သူ့ကျန်နေသောသက်တမ်းတစ်လျှောက် ဒီထာ၀ရသက်တမ်းကမ္ဘာတွင်သာ နေထိုင်ပေလိမ့်မည်။
လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။
"ငါတစ်ခုခုကို ကိုင်တွယ်ဖို့လိုနေလို့"
ထို့သို့ပြောပြီးနောက် ဟွမ်ချင်း အံ့ဩသင့်နေစဉ်မှာပင် လုချန်ရှန်း ထိုနေရာမှ ပျောက်သွားသည်။
ဟွမ်ချင်းမိန်းမောတွေဝေစွာပြောသည်။
"ဒီတစ်ကြိမ် အဲဒီကလေးတွေရဲ့ အမှိုက်တွေကို ကူရှင်းပေးဖို့အတွက် သွားတာမဟုတ်ဘူးလား"
.....
ဘိုးဘေးအင်ပါယာအပိုင်းနှင့် နီးသထက်ပိုနီးလာစဉ် အိုက်ရွှယ်အနည်းငယ် ခေါင်းလှည့်ကာ နောက်ကနေ အနီးကပ်လိုက်နေသည့် ဟုန်ရင်နှင့်ကျန်သောသူများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။
ကြည့်ရသည်မှာ သူတို့ရပ်မည့်ပုံမပေါ်။
သူမ ရှုသုံ့ယွင်ကို ဒီမတိုင်ခင်က ဆက်သွယ်ခဲ့သော်လည်း သူကဖိနှိပ်ခံထားရသည်ာ
ကြီးကြပ်ရေးဗိမာန်၏ပန်းတိုင်ကို အောင်မြင်စွာပြီးမြောက်ရန်နှင့် ဗလာနတ္ထိပုံတူကို ရယူရန်အတွက် အိုက်ရွှယ် ရှုသုံ့ယွင်ကို ကယ်တင်ရန် ကောင်းကင်လှုပ်ခတ်အပိုင်းကို သွားရန်အတွက် မရွေးချယ်ခဲ့ပါ။
တစ်ချိန်တည်းမှာပင် ရှုသုံ့ယွင်ကလည်း သူမကို အထူးတာ၀န်ကိုအရင် ပြီးမြောက်စေချင်သည်။
သို့စေကာမူ ဒါက အိုက်ရွှယ်ကို ဟုန်ရင်နှင့်ကျန်သောသူများအား သတိထားမိစေသည်။ သူတို့ဘယ်ဂိုဏ်းကလဲ!
သူတို့က နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းရဲ့ လျှို့ဝှက်လက်ကိုင်တုတ်တွေလား!
ဒါမှမဟုတ် အနီ၀တ်အမျိုးသမီးနဲ့ ပတ်သက်တာလား!
ဒါမှမဟုတ် နောက်ထပ်ပုန်းလျှိုနေတဲ့ လူတစ်ယောက်လား!
ဘယ်အရာမဆိုဖြစ်နိုင်သည်။
လက်ရှိကြီးကြပ်ရေးဗိမာန်၏ လုပ်ဆောင်ချက်များကို အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးက ဂိုဏ်းတိုင်း အာရုံစိုက်ထားသည်ဟု ဆို၍ရသည်။
သူတို့ဘာလုပ်ချင်သလဲဆိုတာ စုံစမ်းချင်သောသူများရှိရပေမည်။
သို့သော် အိုက်ရွှယ်၏အမူအရာက အေးစက်သွားပြီး အသံနိမ့်ကာပြောသည်။
"နင်တို့လိုက်ချင်တယ်ဆိုလည်း လိုက်ကြပေါ့၊ ငါတို့မှာလည်း အခုလုံလောက်တဲ့ လူအင်အားမရှိတာလည်း အတော်ပဲ၊ ငါတို့ အမြောက်ဆံနည်းနည်းလိုနေတယ်လေ..."
သူတို့ဘိုးဘေးအင်ပါယာအပိုင်းကို ရောက်လာကြသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ဒီနေရာတွင် အတော်ကြာကြာစောင့်နေခဲ့သည်။
အိုက်ရွှယ် လှည့်ပတ်ကြည့်လိုက်စဉ် မျက်မှောင်ကြုတ်လိုက်၏။
၀မ်ကျင်းကျောက်၊ စုချန်၊ စုန့်စီနဲ့ ကျန်တဲ့သူတွေရော!
ဘာလို့ သူတို့ရဲ့လက္ခဏာတွေ မရှိရတာလဲ!
မတော်တဆတစ်ခုခုဖြစ်သွားတာလား!
ထို့နောက် သူမ၏အကြည့်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအပေါ် ကျရောက်လာသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ဒီနေရာတွင် စောင့်နေကြသည်က ဘိုးဘေးအင်ပါယာအပိုင်ူကို အသက်သွင်းရန်လိုအပ်တာကို သိထားပြီးသည်ဟု ဆိုလိုနေပေသည်။
တစ်နည်းအားဖြင့် သူတို့ ခွန်းလွန်အပိုင်းကို ဦးတည်သွားခဲ့သည့် စုန့်စီနှင့်ကျန်နှစ်ယောက်နှင့် တွေ့ခဲ့လောက်သည်။
ဒါကိုတွေးမိသောအခါ အိုက်ရွှယ်မေးသည်။
"စုန့်စီနဲ့ကျန်တဲ့သူတွေဘယ်မှာလဲ"
ယဲ့ချိုးပိုင်ပြုံးသည်။
"မကောင်းမှုလုပ်တဲ့လူတွေက သေရမှာပဲလေ"
ယဲ့ချိုးပိုင်၏ခပ်ပေါ့ပေါ့စကားလုံးများကို ကြားသောအခါ အိုက်ရွှယ်တစ်ယောက် မိုးကြိုးပစ်ခံလိုက်သည့်အလားပင် ခံစားလိုက်ရပြီး ကြက်သေသေနေတော့သည်။
မုန်တိုင်းတစ်စင်းက သူမနှလုံးသားထဲက ပင်လယ်မျက်နှာပြင်ကို ၀င်တိုက်ပြီး မုန်တိုင်းထန်သည့် လှိုင်းများကို အစပျိုးနေသည့်အလားပင်။
"သေပြီလား"
စုန့်စီ၏ တကယ့်ခွန်အားကို သူမသိသော်လည်း သူကသေချာပေါက်အားမနည်းသည်မှာ ရှင်းပါသည်။
မဟုတ်ပါက အထက်လူကြီးများက အရေးပါသည့်အချိန်တွင် စုန့်စီ၏အမြင်ကို နားထောင်ရန်အတွက် သူမကိုပြောခဲ့မည်မဟုတ်။
"ရှင့်သတ်လိုက်တာလား" အိုက်ရွှယ်၏ မျက်လုံးများက ခက်ထန်သွားပြီး ယဲ့ချိုးပိုင်ကိုကြည့်သည်။
"ကြီးကြပ်ရေးဗိမာန်နဲ့ ရန်သူဖြစ်လာခြင်းရဲ့ တန်ဖိုးကိုရှင့်သိလား"
ယဲ့ချိုးပိုင်အေးစက်စွာပြောသည်။
"ငါ့ကိုမစော်ကားလာသရွေ့ ငါဘယ်သူ့ကိုမှ မစော်ကားတတ်ဘူး၊ သူတို့ငါ့တို့ကို ထောင်ချောက်ဆင်ဖို့ ရှိနေမှတော့ သေဖို့အတွက်လည်း ပြင်ဆင်ထားရမှာပေါ့"
အိုက်ရွှယ်တစ်ခုခုပြောတော့မည့်အချိန်တွင် သူမ၏အမူအရာက ရုတ်တရက်အေးခဲသွား၏။ သံသယအရိပ်အယောင်တစ်ခုက သူမမျက်လုံးထဲတွင် ပေါ်လာပြီးနောက် သူမနားလည်သွားသည်။
၎င်းနောက် ယဲ့ချိုးပိုင်တို့ကို အေးစက်စွာကြည့်ရင်း ချောက်ကမ်းပါးဆီသို့ လျှောက်သွားသည်။
အိုက်ရွှယ်၏တုံ့ပြန်မှုက ယဲ့ချိုးပိုင်တို့၏ မျှော်လင့်ချက်များကို ကျော်လွန်နေသည်။
ယေဘုယျအခြေအနေနဲ့ တိုးတက်အောင် လုပ်တာလား!
သူတို့ စုန့်စီတို့အတွက် လက်စားချေသင့်တာမလား!
ဒါပေမယ့် အခုဘာဖြစ်သွားတာလဲ!
ဟုန်ရင်တို့လျှောက်လာသည်။
"သူတို့တာ၀န်ကို အရင်ဆုံးပြီးမြောက်ချင်တာ ဖြစ်လောက်တယ်" အိုက်ရွှယ်နှင့် သစ်သားလူ၏ကျောကို ကြည့်ရင်း အသံတိုးကာပြောသည်။
"ကြည့်ရတာ သူတို့တာ၀န်က ကြီးကြပ်ရေးဗိမာန်အတွက် အတော်လေးအရေးပါပုံပဲ၊ ဦးစားပေးနှုန်းက အရမ်းမြင့်တယ်"
"စောင့်ကြည့်ကြတာပေါ့" ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"သူတို့ဘာလုပ်ချက်တာလဲဆိုတာ အရင်ဆုံးပုံဖော်ကြည့်ကြရအောင်"
"သူတို့နောက်ကလိုက်ကြမယ်"
ထို့နောက် ယဲ့ချိုးပိုင်တို့ ချောက်ကမ်းပါးဆီသို့ လျှောက်သွားကြလေတော့သည်။
ချောက်ကမ်းပါးနှစ်ဘက်တွင် အရိုးစုနှစ်ခုက ခြေချင်းခတ်ကာ ထိုင်နေဆဲပင်။
အိုက်ရွှယ်တို့ရှေ့တက်လာသောအခါ သူတို့ထပ်မတိုက်ခိုက်တော့ပါ။
အရိုးစုတစ်ခုခေါင်းမော့သည်။ ၎င်း၏ ဗလာကျင်းနေသည့်မျက်လုံးများက မီးတောက်ပြာများနှင့် လောင်ကျွမ်းနေပြီး အိုက်ရွှယ်ကို စိုက်ကြည့်သည်။
"မင်းတို့ ဗလာနတ္ထိပုံတူကို ရနိုင်သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေ မိုက်မဲတာဘာတစ်ခုမှ မလုပ်ဖို့ ငါမျှော်လင့်ပါတယ်"
အိုက်ရွှယ်ဂုဏ်ယူစွာပြောသည်။
"ကျွန်မတို့ဒါကို သေမျိုးနယ်မြေအတွက် လုပ်နေတာပါ"
အရိုးစုနှစ်ခု သက်ပြင်းချလိုက်ပုံရသော်လည်း တခြားဘာတစ်ခုမှမပြောဘဲ သူတို့ကို၀င်ခွင့်ပေးလိုက်သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကလည်း နောက်ကနေ အနီးကပ်လိုက်သွားကြ၏။
သို့စေကာမူ အုပ်စုနှစ်စု ချောက်ကမ်းပါးထဲ၀င်ပြီး အဝေးတစ်နေရာသို့ရောက်သွားစဉ် အနီ၀တ်ပုံရိပ်တစ်ရိပ် ရုတ်တရက်လင်း၀င်းသွားပြီး အလားတူပင် ချောက်ကမ်းပါးထဲသို့ ၀င်သွားသည်။
အရိုးစုနှစ်ခု ဒီမြင်ကွင်းကိုမြင်သည့်တိုင် ဂရုမစိုက်နိုင်ဘဲ တိတ်တဆိတ်သက်ပြင်းချရုံသာ တတ်နိုင်သည်။
"ဘာတစ်ခုမှ မမှားသွားဖို့ပဲ မျှော်လင့်ကြတာပေါ့"
"လက်ရှိသေမျိုးနယ်မြေက ၀ရုန်းသုန်းကားအခြေအနေကို မခံနိုင်တော့ဘူး"
ထိုသို့ဆိုပြီးနောက်တွင် အရိုးစုနှစ်ခု၏ မီးတောက်ပြာများက ပျောက်ကွယ်သွားပြီး ထပ်မံဆိတ်ငြိမ်သွားကြ၏။
......
ဒီအခိုက်အတန့်၌ အင်မော်တယ်နယ်မြေ၀င်ပေါက်တွင် နတ်ဆိုးနက်အော်ရာက ၀င်ပေါက်၏ ၄၀ရာခိုင်နှုန်းနီးပါးကိုပင် တိုက်စားထားလေပြီ။
ဒါကိုမြင်သောအခါ လုချန်ရှန်း၏ အမူအရာက လေးနက်သွား၏။ သူ ကောင်းကင်ဖိနှိပ်စေတီအထက်ကို ပြန်ရောက်လာသည်။
အပိုင်း(1148) coming။