← Chapters

အခန်း ၁၇၀-၁၇၁

Vol. 6 Ch. 170-171

အခန်း ၁၇၀-၁၇၁

Vol. 6 Ch. 170-171

အခန်း ၁၇၀

ယင်ဖေးကျင်းသည် နှလုံးကြေကွဲဆေးလုံးတွင် ဖြေဆေးမရှိဟု ကြားလိုက်ရသောအခါ သူမ၏မျက်နှာ ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။

ဖြေဆေးမရှိဘူးလား။

သုံးလကြာရင် သူ တကယ် အဆိပ်သင့်ပြီး သေရတော့မှာလား။

ယင်ဖေးကျင်း ထိတ်လန့်နေစဉ် ယဲ့ယွီက သူမ၏ နဖူးကို လက်ညှိုးဖြင့် ဖွဖွလေး တို့လိုက်သည်။

"ကဲ၊ ဒါပဲ၊ အဆိပ်က ပြေသွားပြီ။"

ယင်ဖေးကျင်း ရှုပ်ထွေးသွားသည်။

"ဒါပဲလား။ တို့လိုက်ရုံနဲ့ လုံလောက်ပြီလား။"

"တကယ်တော့ တို့စရာတောင် မလိုပါဘူး။ ဒါက သကြားလုံးဆေးလုံးပဲ။ အဆိပ် လုံးဝမပါဘူး!"

ယဲ့ယွီစကားကို ကြားတော့ ယင်ဖေးကျင်း ဒေါသတကြီးဖြင့် သွားများ ကြိတ်လိုက်သည်။

ဒီအချိန်မှာ သူ ယဲ့ယွီရဲ့ လှည့်စားခြင်းကို ခံလိုက်ရပြီဆိုတာ သိလိုက်ရတယ်။

ဘာ နှလုံးကြေကွဲဆေးလုံး လဲ? ဒါက သကြားလုံးဆေးလုံးပဲ!

စောစောက စားတုန်းက နည်းနည်းချိုနေတာ အံ့ဩစရာ မဟုတ်ဘူး။

ဒါကြောင့်ပဲ။

"ယဲ့ယွီ! မင်းကို ငါ အလွတ်မပေးဘူး!"

ယင်ဖေးကျင်း၏ ဒေါသတကြီး ဟိန်းဟောက်သံသည် နန်းတော်တွင် ပဲ့တင်ထပ်သွားသည်။

ယင်းအပေါ်တွင် ဧကရာဇ် ယင်ကျိက စုံတွဲကြားက ကစားနည်းလေးတစ်ခုအဖြစ်သာ မှတ်ယူလိုက်သည်။

အူး... အူး... အူး...။

ငယ်ရွယ်သေးတာတောင် ဒီလောက် အားအပြည့်ပဲ!

ခဏအကြာတွင် ယင်ဖေးကျင်းသည် ယဲ့ယွီကို နောက်ဆုံးတွင် လိုက်မမီတော့ပေ။

အစား သူမသည် အမျိုးမျိုးသော ဖွဲ့စည်းပုံများဖြင့် ပိတ်ဆို့ခံရပြီး စိတ်တိုဒေါသထွက်ခဲ့ရသည်။

ထို့ကြောင့် သူမသည် ယဲ့ယွီကို ကြည့်ပြီး နှုတ်ဆက်ကာ တောင်ပိုင်းရိုင်းစိုင်းတိုက်ကြီးသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

မထွက်ခွာမီ ယင်ကျိက ကျိုးရွှမ် လန်နိုင်ငံတွင် ချန်ထားခဲ့သော လက်စွပ်ကို သူမအား ပေးလိုက်သည်။

"ဒါက မင်းအဒေါ် ငါ့အတွက် ချန်ထားခဲ့တဲ့ မေတ္တာသင်္ကေတပဲ။ ဒီအချိန်အထိ ငါ သေသေချာချာ သိမ်းထားတယ်။ အခု မင်း ဒါကို ယူသွားလို့ ရပြီ။ ပြီးတော့ သူ့ကို ငါ လန်နိုင်ငံ နန်းတော်မှာ သူ့ကို ပြန်လာဖို့ စောင့်နေမယ်လို့ ပြောလိုက်ပါ။ သူ တစ်လအတွင်း ပြန်မလာရင် ငါ သူ့ကို သွားရှာမယ်။"

ယင်ဖေးကျင်းက လက်စွပ်ကို ယူပြီး ခေါင်းညိတ်လိုက်သည်။

"သေချာပေါက် ပြောပြပါ့မယ်။ ဒါပေမဲ့ အရင်ဆုံး အဖေ သန့်ရှင်းရေး လုပ်ထားတာ ပိုကောင်းမယ်။ ကျွန်မ ဘာကို ဆိုလိုတာလဲဆိုတာ နားလည်တယ်မလား။"

ယင်ဖေးကျင်းက အတော်လေး သွယ်ဝိုက်ပြောဆိုခဲ့သော်လည်း ယင်ကျိ၏ မျက်နှာသည် အနည်းငယ် ထူးဆန်းလာခဲ့သည်။

တကယ်တမ်းတော့ သူ ကောင်းစွာ နားလည်သည်။

သူ့ကိုယ်သူ ဂရုစိုက်ရမယ့် အချိန်ရောက်ပြီ။

နှစ်တွေကြာလာတာနဲ့အမျှ သူဟာ သူ့အသွင်အပြင်ကို ဂရုမစိုက်ခဲ့ဘူး။

သူ ဝဖြိုးလာပြီး ဆံပင်ဖြူတွေ ပေါက်လာကာ နွမ်းနယ်နေတဲ့ အဘိုးအိုတစ်ယောက်နဲ့ တူနေတယ်။

ဒီလို ပုံရိပ်က ကျိုးရွှမ်နဲ့ အတူရှိဖို့ တကယ် မသင့်လျော်ဘူး။

ခဏတာ စဉ်းစားပြီးနောက် ယင်ကျိက တိုးတိုးလေး ပြောလိုက်တယ်- "မင်းအဒေါ်ကို နှစ်လနေမှ ငါ့ကို ပြန်လာတွေ့ခိုင်းလိုက်။ ငါ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေး လုပ်သင့်တယ်။ မနက်ဖြန် ငါ ကိုယ့်ကိုယ်ကိုယ် ပြန်လည်နုပျိုစေမယ့် ဆေးရည်တွေ သွားရှာမယ်။"

ယင်ဖေးကျင်းက အောင့်သက်သက် ပြုံးလိုက်တယ်။

သူမရဲ့ ထက်မြက်တဲ့ စိတ်က မနေ့က နားလည်မှုကနေ ဒီ လန်နိုင်ငံ ခရီးစဉ်က စမ်းသပ်မှု လုံးဝ မဟုတ်ဘူးဆိုတာကို ခန့်မှန်းမိစေခဲ့တယ်။

အစား ယင်ကျိရဲ့ နှလုံးသား ပြောင်းလဲသွားပြီလားဆိုတာ သိဖို့သက်သက်ပဲ။

အခု သူ့ကို မြင်ပြီးတော့ အိုမင်းရုံကလွဲလို့ သူ့ရဲ့ နှလုံးသားက မပြောင်းလဲသေးဘူး။

ဒီအဖြေကို သိလိုက်ရရင် သူ့အဒေါ် ကျိုးရွှမ် သေချာပေါက် ပျော်ရွှင်လိမ့်မယ်။

ယင်ဖေးကျင်း ထွက်ခွာခါနီးမှာ ယင်ကျိက သူ့ကို ထပ်ခေါ်လိုက်ပြန်တယ်။

"စကားမစပ်၊ မင်းကလည်း ယင်ဆိုတဲ့ မျိုးနွယ်နာမည်ကို ခံယူထားတယ်။ ကျိုးရွှမ်က မင်းအဒေါ်သက်သက် မဟုတ်ဘူးဆိုတာ သေချာလား..."

သူက ဒီဝါကျရဲ့ တစ်ဝက်ကိုပဲ ပြောလိုက်ပေမဲ့ အဓိပ္ပာယ်က ရှင်းနေတယ်။

ယင်ဖေးကျင်း နဖူးမှာ ချက်ချင်း အနက်ရောင်လိုင်းတွေ ပြည့်သွားခဲ့တယ်။

သူမ ဟိန်းဟောက်လိုက်တယ်- "ကျွန်မ အဖေရဲ့ မျိုးရိုးနာမည်က ယင်! ဒါကြောင့် ကျွန်မလည်း ယင်ဆိုတဲ့ မျိုးရိုးနာမည်ကို ခံယူထားတယ်။ အဲဒါ ဘာမှားလဲ? ဒါက တိုက်ဆိုင်မှုပဲ! ရှင် ဘာတွေ စဉ်းစားနေတာလဲ?"

ယင်ဖေးကျင်း ဒေါသထွက်နေတာကို မြင်တော့ ယင်ကျိ နောက်ထပ် စကားမပြောရဲတော့ဘဲ သူ့လက်ကို အမြန် ဝှေ့ယမ်းလိုက်တယ်။

ယင်ဖေးကျင်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားခဲ့တယ်။

မထွက်ခွာမီ သူက အရှေ့ဘက်ကို မျက်နှာမူပြီး "ကျွန်မ သွားပြီ!" လို့ ပြောဖို့ မမေ့ခဲ့ဘူး။

အဲဒီနောက် ယင်ဖေးကျင်းဟာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့တယ်။

သူမ ထွက်သွားပြီးနောက် ယဲ့ယွီဟာ အရှေ့ဘက်ကနေ ပေါ်လာပြီး ယင်ဖေးကျင်း ပျောက်ကွယ်သွားတဲ့ဘက်ကို ကြည့်ကာ လက်အနည်းငယ် ဝှေ့ယမ်းလိုက်တယ်။

အခြေအနေ ဘယ်လိုပဲဖြစ်စေ ဒီ မြေခွေးနတ်ဆိုးမမှာ စိတ်ကောင်းနှလုံးကောင်း ရှိတယ်။

ဒါပေမဲ့ သူ့ကို မြင်တိုင်း သူ့ကို စနောက်ချင်စိတ်ပဲ ပေါက်တယ်။

တောင်ပိုင်းရိုင်းစိုင်းတိုက်ကြီးလား? အဲဒီမှာ ကြောင်မလေးတွေ ရှိမလား မသိဘူး။

ရှိခဲ့ရင်တော့ ကြီးကြီးမားမား ကိစ္စဖြစ်လိမ့်မယ်။

ထိုနေ့ညနေတွင် ယဲ့ယွီနှင့် လီနျန်အန်းတို့သည် အခြားသူများနှင့်အတူ လန်နိုင်ငံမှ ထွက်ခွာပြီး ဝိညာဉ်လှေပေါ်သို့ ပြန်လည်ရောက်ရှိကာ ချီယင်တောင်ကမ်းပါးသို့ ဦးတည်၍ ထပ်မံ ထွက်ခွာခဲ့ကြသည်။

သူတို့နှင့်အတူ လန်နိုင်ငံမှ ဖွဲ့စည်းပုံပညာ ကျွမ်းကျင်သော ကျင့်ကြံသူလေးဦးလည်း ပါလာခဲ့သည်။ သူတို့၏ ကျင့်ကြံမှုအဆင့်များမှာ မြင့်မားခြင်းမရှိဘဲ အသွင်ပြောင်းခြင်းဘုံ၏ အလယ်အလတ်အဆင့်ခန့်သာ ရှိသော်လည်း ဘာမှမရှိခြင်းထက်တော့ ကောင်းမွန်သည်။

မည်သို့ပင်ဆိုစေကာမူ မနေ့က တိုက်ပွဲအပြီးတွင် လန်နိုင်ငံ၏ တစ်ဦးတည်းသော အဆင့်မြင့် ဖွဲ့စည်းပုံမာစတာ ဝူရမ်ဘီ သေဆုံးသွားခဲ့ပြီဖြစ်သည်။

ချင်ယွင်ဂိုဏ်းသည် လူအင်အား လိုအပ်နေပြီး မသန်စွမ်းသူများထဲမှသာ ရွေးချယ်နိုင်တော့သည်။

အစပိုင်းတွင် ယင်ကျိသည် အဘယ်ကြောင့် ဖွဲ့စည်းပုံကျင့်ကြံသူများ လိုအပ်သည်ကို အတော်လေး စပ်စုခဲ့သည်။ ယဲ့ယွီ၏ ဖွဲ့စည်းပုံပညာ ကျွမ်းကျင်မှုသည် အရာအားလုံးကို ချေမှုန်းနိုင်လောက်အောင် လုံလောက်နေသည်။ ထိုသို့သော အခြေအနေမျိုးတွင် အဘယ်ကြောင့် ဤနေရာသို့ လာရောက်၍ လူအင်အား ချေးငှားရသနည်း။

ယဲ့ယွီ၏ ယင်ကျိအား ပေးသောအဖြေမှာ "လူကြီးလူကောင်းတစ်ယောက်သည် သူ၏အရည်အချင်းများကို ဝှက်ထားတတ်သည်" ဟူ၍ ဖြစ်သည်။

သူ၏ ဖွဲ့စည်းပုံပညာ ကျွမ်းကျင်မှုကို အခြားမည်သူမျှ မသိသောကြောင့် ယင်ကျိအား လျှို့ဝှက်ထားရန် သူ တောင်းဆိုခဲ့သည်။

ဤအချက်ကို ကြားပြီးနောက် ယင်ကျိသည် မဆိုင်းမတွ သဘောတူခဲ့သည်။

ဟုတ်တာပေါ့! ယဲ့ယွီက သူ့အသက်ကို မနေ့ကမှ ကယ်တင်ခဲ့တာ။ ဒီလိုကြီးမားတဲ့ ကျေးဇူးတရားနဲ့ လျှို့ဝှက်ချက်တစ်ခုကို ကူညီပေးဖို့ ဘာခက်ခဲစရာရှိလဲ?

ထို့အပြင် ယဲ့ယွီတွင် နောက်ထပ် ကိုယ်ပိုင်လက္ခဏာတစ်ခုရှိသေးသည် — သူသည် သူ၏တူမ၏ ခင်ပွန်းလောင်းဖြစ်သည်။

လက်ရှိတွင် ယင်ဖေးကျင်းသည် ပြန်သွားပြီး သူ၏အကြောင်းကို ပြောပြရုံသာ လိုအပ်ပြီး သူနှင့် ကျိုးရွှမ်တို့သည် သူတို့၏ ဆက်ဆံရေးကို ပြန်လည်စတင်ရန် အခွင့်အရေး ရရှိနိုင်သည်။

ဤအချိန်တွင် ယင်ကျိသည် ယဲ့ယွီအား ခက်ခဲအောင် ပြုလုပ်ပါက ယင်ဖေးကျင်းသည် ကျိုးရွှမ်ရှေ့တွင် သူ့ကို ဒုက္ခပေးလိမ့်မည်။

၎င်းသည် တကယ်ကို ဆန့်ကျင်ဘက်ဖြစ်လိမ့်မည်။

ညနေစောင်းသောအခါ ဝိညာဉ်လှေအတွင်း၌ ယဲ့ယွီသည် ယင်ဖေးကျင်းထံမှ ရရှိသော သိုလှောင်လက်စွပ်ကို စစ်ဆေးနေသည်။

သူသည် အတွင်း၌ အတန်ဖိုးဆုံးသော ပစ္စည်းမှာ အလယ်အလတ်အဆင့် ဝိညာဉ်ပစ္စည်း ဖြစ်သော နတ်ဆိုးချိုးထီး ဖြစ်သည်ကို တွေ့ရှိခဲ့သည်။

၎င်းကို ဝိညာဉ်စွမ်းအင် ထည့်သွင်းပြီးနောက် အသွင်ပြောင်းခြင်းဘုံအောက်ရှိ တိုက်ခိုက်မှုအများစုကို ခုခံနိုင်ရုံသာမက သရဲတစ္ဆေများနှင့် မကောင်းဆိုးဝါးများကို စုဆောင်းကာ ထီးအတွင်း၌ သန့်စင်ရန် ထောင်ချနိုင်သည်။

၎င်းသည် တကယ်ကို အထင်ကြီးစရာ ကောင်းသည်။

ထို့အပြင် ကျန်ပစ္စည်းများသည် ယဲ့ယွီ၏ စိတ်ဝင်စားမှုကို အနည်းငယ်သာ ဆွဲဆောင်နိုင်ခဲ့သည်။

သူ၏အမြင်သည် မကြာသေးမီက ဆက်တိုက်ပြောင်းလဲနေခဲ့သည်။

လူတွေက အမြဲတမ်း တိုးတက်ဖို့ လိုတယ်။

အချို့သော ပစ္စည်းများသည် သူ ဂုဏ်ယူဝံ့ကြွားနိုင်သည့်အရာများ မဟုတ်ပေ။

ယဲ့ယွီသည် သိုလှောင်လက်စွပ်ကို သိမ်းဆည်းထားပြီး ဤအခွင့်အရေးကို အသုံးချ၍ အိပ်မက်ပုံစံတူခြင်းကို ပြုလုပ်သင့်၊ မပြုလုပ်သင့် စဉ်းစားနေခဲ့သည်။

ရုတ်တရက် ဝိညာဉ်လှေ ရပ်တန့်သွားရာ ယဲ့ယွီ၏ စပ်စုမှုကို ဖြစ်ပေါ်စေခဲ့သည်။

သူသည် သူ၏အခန်းမှ ထွက်လာခဲ့ပြီး ရှေ့တွင် မယုံနိုင်စရာ ကျယ်ဝန်းသော တောင်တန်းကြီးတစ်ခုကို တွေ့လိုက်ရသည်။

လီနျန်အန်းက ဖြည်းဖြည်းချင်း လျှောက်လာပြီး နက်ရှိုင်းသော အသံဖြင့်- "ရောက်ပြီ။ ဒါက ကျူထျန်တောင်တန်းပဲ။ လှေပေါ်က ဆင်း!" ဟု ပြောလိုက်သည်။

ဒီစကားကို ကြားတော့ လူတိုင်း ဝိညာဉ်လှေပေါ်ကနေ ခုန်ဆင်းလိုက်ကြပြီး ယဲ့ယွီလည်း နောက်ကနေ ကပ်ပါလာခဲ့တယ်။

ရောက်တာနဲ့ ယဲ့ယွီ အံ့ဩသွားတယ်၊ သူတို့အပြင် ကျင့်ကြံသူ နှစ်ဖွဲ့ ထပ်စောင့်နေသေးတယ်။

ယဲ့ယွီ အတော်လေး စပ်စုနေခဲ့တယ်။

နောက်ပိုင်းမှာ လီနျန်အန်းရဲ့ ရှင်းပြချက်နဲ့ ယဲ့ယွီ အားလုံးကို နားလည်သွားခဲ့တယ်။

ဒီမှာ စောင့်နေတဲ့ အဖွဲ့နှစ်ဖွဲ့က ရွှမ်ဒူဂိုဏ်းနဲ့ ကိုင်ရှန်ရွာက ဖြစ်တယ်။ သူတို့လည်း ချီယင်တောင်ကမ်းပါးကို ဖယ်ရှားဖို့ ဒီကို ရောက်နေတာ။

နတ်ဆိုးဂိုဏ်းကို ဖယ်ရှားတာက ကိစ္စကြီးပဲ။

ဒီတစ်ကြိမ် ချင်ယွင်ဂိုဏ်း တစ်ယောက်တည်း လုပ်တာ မဟုတ်ဘူး။

အရာရာ တလွဲမဖြစ်အောင် ဂိုဏ်းချုပ် လော်ဇဲ့က ရင်းနှီးတဲ့ ဂိုဏ်းအချို့ကို ဖယ်ရှားရေးမှာ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တယ်။

ဒီလူတွေကို အားဖြည့်တပ်အဖြစ် မြင်နိုင်တယ်။

ဟုတ်ပါတယ်၊ ဒီလို နတ်ဆိုးဆန့်ကျင်ရေး လုပ်ငန်းစဉ်ဟာ ကျင့်ကြံသူလောကမှာ ဂုဏ်သိက္ခာ ရရှိဖို့အတွက် အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်တယ်။

ဒီဂိုဏ်းတွေက သေချာပေါက် လက်လွတ်ခံမှာ မဟုတ်ဘူး။

ယဲ့ယွီသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ ဤနေရာတွင် စုဝေးနေသော ကျင့်ကြံသူအရေအတွက်သည် သုံးရာနီးပါး ရှိနေသည်ကို သတိပြုမိခဲ့သည်။

သူတို့သည် အားနည်းသည်ဟု မဆိုနိုင်ပေ။

သို့တိုင် လီနျန်အန်း၏ အဆိုအရ ၎င်းမှာ မပြီးဆုံးသေးပေ။ နောက်ထပ်ဂိုဏ်းတစ်ခု မကြာမီ ရောက်ရှိလာမည်ဟု ဆိုသည်။

လီနျန်အန်း စကားပြောပြီးသည်နှင့် ဝိညာဉ်လှေတစ်စီး လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

၎င်း တည်ငြိမ်သွားသောအခါ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ထွက်လာခဲ့သည်။

လူအုပ်ထဲတွင် ယဲ့ယွီသည် အလွန်ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

၁၇၁ ဆက်ရန်

*****

အခန်း ၁၇၁

ပုံမှန်အခြေအနေအရ ယဲ့ယွီသည် အမျိုးသမီးများကို စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲမှတ်လေ့ရှိသော်လည်း၊ သူ အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးသည့် အမျိုးသားများ၏ မျက်နှာများကိုမူ မှတ်မိရန် ခဲယဉ်းလှသည်။ သူသည် မျက်နှာမမှတ်မိရောဂါ ရှိသည်ဟုပင် ဆိုနိုင်သည်။ ( မှတ်ချင်တာပဲမှတ်မိသောရောဂါ )

သို့သော်လည်း၊ ချွင်းချက်များတော့ ရှိသည်။

ယဲ့ယွီသည် အလွန်ရှားပါးသော အမျိုးသားအနည်းငယ်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ဥပမာအားဖြင့် ရှေ့ရှိလူအုပ်ထဲမှ ဖန်ယင်ကျွမ်း အမည်ရှိ ကျင့်ကြံသူကိုပင်။

သူ့ကို အချိန်အကြာကြီး မတွေ့ရသေးသော်လည်း ယဲ့ယွီသည် သူ့ကို ကောင်းစွာ မှတ်မိနေသည်။

အကြောင်းပြချက်မှာ ရိုးရှင်းသည်- ဖန်ယင်ကျွမ်းသည် တစ်ချိန်က သူ့ကို "သေစေခဲ့သည်!"

ဒီလူက ကွေးယွမ်ဂိုဏ်းက တပည့်တစ်ယောက်ဖြစ်ပြီး တက်ကြွဖြောင့်မတ်ပုံရပေမဲ့ တကယ်တော့ သူက လူအလူမိုက်ဖြစ်သည်။!

အိပ်မက်ထဲမှာ ယဲ့ယွီဟာ ယွမ်မုချီကို ချစ်ခဲ့ပြီး ကွေးယွမ်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ဘွဲ့ကို ရရှိခဲ့ကာ ဂိုဏ်းကို မကြာခဏ သွားရောက်လည်ပတ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဖန်ယင်ကျွမ်းက သူ့ကို အကြိမ်များစွာ တွေ့ဆုံခဲ့ဖူးတယ်။

နောက်ပိုင်းမှာ ယဲ့ယွီဟာ ပူလင်ဖေးနဲ့အတူ အပြင်ထွက် လည်ပတ်နေတုန်း ဖန်ယင်ကျွမ်းနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံခဲ့တယ်။

ဒါပေမဲ့ ဒီလူက အသိဉာဏ် လုံးဝမရှိဘူး။ သူက ချက်ချင်းပဲ ယဲ့ယွီကို ဦးညွှတ်ပြီး သူနဲ့ ယွမ်မုချီတို့ကြားက ကိစ္စကို မတော်တဆ ထုတ်ဖော်လိုက်တယ်။

ရလဒ်အနေဖြင့် ပူလင်ဖေးသည် ဒေါသဖြင့် ပေါက်ကွဲကာ လက်စားချေရန် ယွမ်မုချီကို သွားရှာခဲ့သည်။

နှစ်ဦးသား တိုက်ပွဲဆင်နွှဲပြီးနောက် ယဲ့ယွီအတွက် ကြေကွဲဖွယ်ရာ အဖြစ်အပျက်များ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

ဖန်ယင်ကျွမ်းသာ မရှိခဲ့လျှင် ယဲ့ယွီသည် ပူလင်ဖေးနှင့် ယွမ်မုချီတို့ကြားတွင် ချောမွေ့စွာ သွားလာနိုင်ခဲ့လိမ့်မည်ဟု ဆိုနိုင်သည်။

သူတို့နှစ်ဦးနှင့်အတူ ကောင်းကင်ဘုံသို့ပင် တက်လှမ်းနိုင်ခဲ့လိမ့်မည်။

ဖန်ယင်ကျွမ်းသည် ထိုအိပ်မက် ပျက်စီးရခြင်း၏ အဓိက တရားခံပင်!

ယခု ပြန်လည်ဆုံတွေ့သောအခါ ယဲ့ယွီသည် စိတ်မချမ်းသာသေးပေ။

သို့သော်လည်း သူသည် ဖန်ယင်ကျွမ်း၏ လုပ်ရပ်များမှာ မရည်ရွယ်ဘဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း နားလည်ခဲ့သည်။

မဟုတ်ပါက ယဲ့ယွီသည် ထိုနေရာတွင်ပင် သူ့ကို ပြန်လည်မွေးဖွားရန် စေလွှတ်ခဲ့လိမ့်မည်!

ခဏလေး!

အိပ်မက်ထဲမှာ ဖန်ယင်ကျွမ်းက ကွေးယွမ်ဂိုဏ်းဝင် မဟုတ်ဘူးလား။

သူ ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ။

ကွေးယွမ်ဂိုဏ်းဝင်တွေလည်း ဒီကို လာမှာလား။

ယွမ်မုချီရော ဘယ်မှာလဲ။

ယဲ့ယွီသည် စူးစူးစမ်းစမ်း ကြည့်ရှုခဲ့သော်လည်း ယွမ်မုချီ၏ ပုံရိပ်ကို မတွေ့ရပေ။

ပြောရမယ်ဆိုရင် ယဲ့ယွီက ယွမ်မုချီကို တကယ် သဘောကျခဲ့တာပါ။

သူတို့နှစ်ယောက်ဟာ နှစ်ကိုယ်တူကျင့်ကြံမှုမှာ ကျွမ်းကျင်ခဲ့တယ်။ သူမရဲ့ အိပ်ရာပေါ်ကတင်းမာအိစက်ထွားကြိုင်းမှုတွေ သာယာတဲ့ကြိုးကြာငှက်လို အော်မြည်ရုန်းကန်သံတွေက ပြန်တွေးလိုက်တိုင်းသူ့ကို သွားကြားညက်နေသလိုအေးစိမ့်တဲ့ခံစားချက်ကိုပေးနေတုန်းပဲ။

အဲဒီအိပ်မက်ထဲမှာ ယဲ့ယွီဟာ ယွမ်မုချီနဲ့အတူ ကွမ်အက္ခရာရေးနည်းကို နေ့တိုင်း လေ့ကျင့်ရုံနဲ့ သူ့ကျင့်ကြံမှုအဆင့်က တည်ငြိမ်စွာ တိုးတက်လာခဲ့တယ်။

သူတို့ဟာ အလွန်ကို လိုက်ဖက်ညီခဲ့ကြတယ်။

ဖြစ်နိုင်ရင် ယဲ့ယွီက သူ့ကို တကယ်ပဲ ထပ်တွေ့ချင်ခဲ့တယ်။

ဒါပေမဲ့ ယွမ်မုချီက မလာခဲ့ဘူးလို့ ထင်ရတယ်။ ဒါက ယဲ့ယွီကို အနည်းငယ် စိတ်ပျက်စေခဲ့တယ်။

မကြာခင်မှာပဲ ကွေးယွမ်ဂိုဏ်းရဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ယွီဟိုင်က လျှောက်လာခဲ့တယ်။

သူက လီနျန်အန်းကို လက်အုပ်ချီပြီး- "အကြီးအကဲ လီ၊ ကျွန်တော်တို့ ကွေးယွမ်ဂိုဏ်းက လူတွေ အကုန်ရောက်ပါပြီ။ ချီယင်တောင်ကမ်းပါးကို ဘယ်တော့ တိုက်ခိုက်မလဲ?" လို့ ပြောလိုက်တယ်။

"အရင်ဆုံး နေရာမှာ ခဏနားကြရအောင်။ နာရီဝက်ကြာရင် ကျူထျန်တောင်တန်းထဲကို အတူတူ ဝင်ကြမယ်။ ညဘက်ကို အခွင့်ကောင်းယူပြီး ချီယင်တောင်ကမ်းပါးကို အလစ်အငိုက် ဖမ်းကြရအောင်!"

လီနျန်အန်း ချက်ချင်းပဲ အလုပ်ခွဲဝေပေးတာ စတင်ခဲ့တယ်။

ထို့နောက် ကျင့်ကြံသူ အများအပြား နေရာတွင် နားနေကြသည်။

ဒီအခွင့်အရေးကိုယူပြီး ယဲ့ယွီလည်း ပျင်းရိစွာမနေဘဲ ဖန်ယင်ကျွမ်းဆီကို တန်းတန်းမတ်မတ် ချဉ်းကပ်သွားခဲ့တယ်။

"ခင်ဗျားရဲ့ မျက်ခုံးမွှေးနဲ့ မျက်လုံးတွေက တော်တော် ထင်ရှားတယ်နော်၊ အသွင်အပြင် ကောင်းတယ်ဗျာ!"

"ခင်ဗျား ချီးမွမ်းတာပါ။ ကျွန်တော်က သာမန်တပည့်တစ်ယောက်ပါ" လို့ ဖန်ယင်ကျွမ်းက ပြန်ဖြေတယ်။

ဒီလိုပြောပေမဲ့ ဖန်ယင်ကျွမ်းမျက်နှာက အပြုံးက ပိုလို့တောင် တောက်ပလာခဲ့တယ်။

ဘယ်သူကများ ချီးမွမ်းစကားကို မကြားချင်ဘဲ နေမလဲ။

နောက်တစ်စက္ကန့်တွင် ယဲ့ယွီသည် သူ၏သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံးဆယ်လုံးကို ထုတ်ယူကာ ဖန်ယင်ကျွမ်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ဒီလုပ်ရပ်က ဖန်ယင်ကျွမ်းရဲ့ မျက်လုံးတွေကို ချက်ချင်း တောက်ပသွားစေခဲ့တယ်။

ကွေးယွမ်ဂိုဏ်းရဲ့ သာမန်တပည့်တစ်ယောက်ဖြစ်တဲ့ ဖန်ယင်ကျွမ်းမှာ အရင်းအမြစ်တွေ ပေါပေါများများ မရှိဘူး။

ဝိညာဉ်ကျောက်တုံးဆယ်လုံးဆိုတာ ဂိုဏ်းထဲမှာ တစ်လကျော်ကြာ ပေးရတဲ့ အထောက်ပံ့နဲ့ ညီမျှတယ်။

ယဲ့ယွီက စကားပြောလိုက်တယ်- "တကယ်တော့ ခင်ဗျားက ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ တော်တော်တူတယ်။ သူက ကျွန်တော့်ဆီက ဝိညာဉ်ကျောက်တုံးတွေ အများကြီး ချေးပြီးတော့ ပျောက်ကွယ်သွားခဲ့တယ်။ ဒီကိစ္စက ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်း လေးပင်နေတယ်။ ဝိညာဉ်ကျောက်တုံးတွေက အရေးမကြီးပါဘူး၊ သူ 'တောင်းပန်ပါတယ်' လို့ ပြောတာကိုပဲ ကျွန်တော် ကြားချင်တယ်။ သူ့ကို ကျွန်တော့်အတွက် ပြောပြပေးလို့ ရမလား မသိဘူးဗျာ။"

ဖန်ယင်ကျွမ်း ခဏတာ တွန့်ဆုတ်သွားခဲ့သည်။

သူ့လက်ထဲက ဝိညာဉ်ကျောက်တုံးတွေကို ကြည့်ရင်း ဖန်ယင်ကျွမ်းက တော်တော်ကို စိတ်ရှုပ်ထွေးနေခဲ့တယ်။

လူစည်ကားရာနေရာမှာ စိမ်းကားတဲ့သူတစ်ယောက်ကို ပထမဆုံးအကြိမ် 'တောင်းပန်ပါတယ်' လို့ ပြောဖို့က နည်းနည်း ရုတ်တရက်ဆန်တယ်။

တွန့်ဆုတ်နေသူတစ်ယောက်အတွက် ယဲ့ယွီမှာ သူ့ကို ဆုံးဖြတ်ချက်ချဖို့ ကူညီပေးနိုင်တဲ့ ထူးခြားတဲ့ လျှို့ဝှက်လက်နက်တစ်ခု ရှိတယ်။

သူက ဝိညာဉ်ကျောက်တုံး ငါးလုံးကို ဖန်ယင်ကျွမ်းရဲ့ လက်မောင်းထဲ ထပ်ပစ်ထည့်လိုက်တယ်။

လေးလံတဲ့ အလေးချိန်ကို ခံစားရတော့ ဖန်ယင်ကျွမ်း သူ့ဆုံးဖြတ်ချက်ကို ချလိုက်တယ်။

ယဲ့ယွီက ဆက်ဖိပြောလိုက်တယ်- "ဒီလိုဆိုရင် ဘယ်လိုလဲ? ခင်ဗျားက သူ့အတွက် 'တောင်းပန်ပါတယ်' လို့ ပြောပေးရင် ဝိညာဉ်ကျောက်တုံးတစ်လုံး အပိုပေးမယ်။ ကျွန်တော့်ရဲ့ ဆန္ဒလေးတစ်ခုကို ဖြည့်ဆည်းပေးရုံပေါ့။"

ဖန်ယင်ကျွမ်းက ပြတ်ပြတ်သားသား အော်လိုက်တယ်- "တောင်းပန်ပါတယ်! ကျွန်တော် မှားသွားပါပြီ!"

ဒီစကားကို ကြားတော့ ယဲ့ယွီ ချက်ချင်း စိတ်သက်သာရာ ရသွားတယ်။

တကယ်ပဲ၊ ပိုက်ဆံက တောင်တွေကို ရွှေ့နိုင်တာပဲ။

ဖန်ယင်ကျွမ်းရဲ့ နောက်ကျမှ တောင်းပန်စကားကို ကြားရတာဟာ အိပ်မက်ထဲက အဖြစ်အပျက်တွေအတွက် လျော်ကြေးတစ်ခု ဖြစ်တယ်။

ဝိညာဉ်ကျောက်တုံးတွေကရော။

အရေးမကြီးပါဘူး။ ယဲ့ယွီမှာ အများကြီးရှိတယ်။

ကျောက်တုံးတစ်လုံးစီ ပစ်ချလိုက်တိုင်း ဖန်ယင်ကျွမ်းရဲ့ မျက်နှာ နီရဲလာပြီး သူ့အသံက ပိုကျယ်လာခဲ့တယ်။

သူက သူ့ရဲ့ စွမ်းဆောင်ရည်ကိုတောင် အစပျိုးပြီး "တောင်းပန်ပါတယ်၊ ကျွန်တော် သေဖို့ ထိုက်တန်ပါတယ်! ကျွန်တော် လူတောင် မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ!" လို့ ပြောလာခဲ့တယ်။

မကြာခင်မှာပဲ ဖန်ယင်ကျွမ်းရဲ့ အပြုအမူတွေက ပတ်ဝန်းကျင်က လူအများရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့တယ်။

ကွေးယွမ်ဂိုဏ်းက တပည့်အချို့ ရောက်လာပြီး စပ်စုစွာ မေးလိုက်တယ်- "ညီလေး ဖန်၊ ဘာဖြစ်တာလဲ? ဒီလူက မင်းကို အနိုင်ကျင့်နေတာလား?"

ယဲ့ယွီ ပြုံးလိုက်ပေမဲ့ ဘာမှမပြောဘူး။

ဖန်ယင်ကျွမ်း သူတို့ကို တိုက်ရိုက် တွန်းဖယ်လိုက်တယ်။

"မင်းတို့ တခြားသူတွေ ကိစ္စဝင်မပါဖို့ ငါ အကြံပေးမယ်။ ဒါက—ဒါက ငါ ဒီသူငယ်ချင်းနဲ့ ကစားနေတဲ့ ဂိမ်းတစ်ခုပဲ။ ငါ ပျော်တယ်!"

ဒီလိုပြောပြီးနောက် ဖန်ယင်ကျွမ်းက ယဲ့ယွီကို ထပ်ပြီး တောင်းပန်စပြုတယ်။

ယဲ့ယွီကတော့ ဝိညာဉ်ကျောက်တုံးတွေ ပေးဖို့ ဘယ်တော့မှ တွန့်ဆုတ်မနေဘဲ တောင်းပန်စကားတစ်ခွန်းစီအတွက် တစ်လုံးစီ ပစ်ပေးနေခဲ့တယ်။

မကြာခင်မှာပဲ ကြည့်ရှုသူတွေဟာ ဒီလို လမ်းကြောင်းတစ်ခုကို သတိထားမိလာတယ်။

တစ်ယောက်က ချက်ချင်း ထရပ်ပြီး ပြောလိုက်တယ်- "ဒီသူငယ်ချင်း၊ ကျွန်တော်က တောင်းပန်စကား ပြောတာ တော်တော် ကောင်းတယ်။ 'တောင်းပန်ပါတယ်' ဆိုတဲ့ စကားကို လုံးဝ စိတ်ရင်းမှန်နဲ့ ပြောတာ။ ခင်ဗျားကို စိတ်ခံစားမှုတန်ဖိုး ထိထိရောက်ရောက် ပေးနိုင်မှာ သေချာတယ်။

သူ့အစား ကျွန်တော့်ကို ပြောခွင့်ပြုပါလား?

ကျွန်တော်က ဈေးပေါတယ်၊ နှစ်ကြောင်းအတွက် ဝိညာဉ်ကျောက်တုံးတစ်လုံးပဲ ပေးရင်ရပြီ!"အော် ငွေ ၊ ငွေ ၊

"ဖယ်စမ်း! မင်းကို စကားသုံးကြောင်းအတွက် ဝိညာဉ်ကျောက်တုံးတစ်လုံး ပေးမယ်!"

"အားလုံးဖယ်၊ ငါ ဒူးထောက်ပြီး အော်မယ်!"

ကျင့်ကြံသူများစွာသည် ပျော်ရွှင်စရာထဲသို့ ပါဝင်ချင်ကြသည်။

ဖန်ယင်ကျွမ်းသည် ချက်ချင်း မကျေမနပ် ဖြစ်သွားခဲ့သည်။

"မင်းတို့အားလုံး ငါ့အစားအစာကို ဘယ်လိုများ လုယူရဲတာလဲ? မရှက်ကြဘူးလားဟ!"

ဒီလို အပြစ်တင်စကားကို လူအုပ်ကြီးက လုံးဝ ဂရုမစိုက်ခဲ့ကြဘူး။

ဒီခေတ်ကြီးမှာ ဝိညာဉ်ကျောက်တုံးတွေကနေ အကျိုးအမြတ် မလိုချင်တဲ့သူ ဘယ်သူရှိလို့လဲ။

တောင်းပန်စကားအနည်းငယ်ပဲ ပြောရတာ၊ ကျောက်တုံးတွေက လက်ထဲ ရောက်နေပြီ။

ဒီလောကမှာ ဒီထက် လွယ်ကူတဲ့အရာ ရှိနိုင်မလား။

လူတိုင်း၏ စိတ်အားထက်သန်သော အမူအရာများကို ကြည့်ရင်း ယဲ့ယွီက ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး၊ ကျွန်တော်က ဒီသူငယ်ချင်း တောင်းပန်တာကိုပဲ လိုချင်တာ။ တခြား ဘယ်သူမှ ပါဝင်လို့ မရဘူး။

ဒါက ကျွန်တော်တို့ရဲ့ ဂိမ်းလေးပဲ!"

ဒီစကားကို ကြားတော့ လူတိုင်း စိတ်ပျက်အားငယ်တဲ့ အမူအရာတွေ ပြသခဲ့ကြတယ်။

ဒါပေမဲ့ ဖန်ယင်ကျွမ်းကတော့ တော်တော် စိတ်လှုပ်ရှားနေခဲ့တယ်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ အခွင့်အရေးပေးတဲ့အတွက်။ တောင်းပန်ပါတယ်၊ တကယ် တောင်းပန်ပါတယ်! ကျွန်တော် သေဖို့ ထိုက်တန်ပါတယ်!"

မသိစိတ်ဖြင့် ဖန်ယင်ကျွမ်းသည် ယဲ့ယွီကို "သူငယ်ချင်း" ဟု ခေါ်ရာမှ "အစ်ကိုကြီး" ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

သူတို့၏ ဟာသတိုလေးသည် လူအများစု၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။

လီနျန်အန်းလည်း အတော်လေး ထူးဆန်းနေခဲ့သည်။

ယဲ့ယွီ ဘာကြောင့် ဒီလိုလုပ်နေတာလဲဆိုတာ နားမလည်ခဲ့ပေမဲ့ သူ မတားဆီးခဲ့ပါဘူး။

အဲ့ဒီအစား သူတို့ဘက်ကို စူးစူးစမ်းစမ်း ကြည့်နေခဲ့တယ်။

ဤအချိန်တွင် ရှေ့ရှိ ကျူထျန်တောင်တန်းသည် တိတ်ဆိတ်စွာ ပြောင်းလဲသွားသည်ကို မည်သူမျှ သတိမထားမိကြပေ။

တောင်ကုန်းတစ်ခုသည် မီတာတစ်ရာနီးပါး ရှေ့သို့ ရွေ့လျားသွားခဲ့သည်။

ယဲ့ယွီနောက်ဘက်ရှိ သစ်တောထဲတွင် နတ်ဆိုးကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် အသက်ပင်ပြင်းပြင်းမရှူရဲပဲ ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည်။

ဦးဆောင်နတ်ဆိုးကျင့်ကြံသူသည် မျက်မှောင်ကြုတ်ကာ ရှေ့မှလာသောအသံများကို နားထောင်နေပြီး အတော်လေး စိတ်ရှုပ်ထွေးနေခဲ့သည်။

သန်းခေါင်ယံပင် မရောက်သေး။

ယုတ္တိနည်းအရ ဒုတိယအကြီးအကဲသည် သတ်မှတ်ထားသောနေရာသို့ ရောက်ရှိလာသင့်သေးသည်မဟုတ်ပေ။

အဘယ်ကြောင့် သတင်းအချက်အလက်သည် ဤမျှလျင်မြန်စွာ ရောက်ရှိလာရသနည်း။

ဟုတ်ပါပြီ။

All Chapters