← Chapters

အမှောင် သတ်မှတ်ချက်မှ ထိပ်ဆုံး သုံးယောက်

Vol. 4 Ch. 304

အမှောင် သတ်မှတ်ချက်မှ ထိပ်ဆုံး သုံးယောက်

Vol. 4 Ch. 304

"အမှောင် သတ်မှတ်ချက်လို့ နာမည် တပ်ထားပေမဲ့ တကယ်တော့ မြေအောက် လောကရဲ့ အလိုချင်ဆုံး လူစာရင်းဆို ပိုမှန်မယ်။ အဲဒါကို စီအိုင်အေရဲ့ အထူးတပ်ဖွဲ့က အင်တာနက်ပေါ်မှာ တင်ထားတယ်လေ။ အနက်ရောင် နောက်ခံမှာ အနီရင်ရောင် စာလုံးတွေနဲ့ ဖော်ပြ ထားတာကြောင့် အမှောင် သတ်မှတ်ချက်လို့ ခေါ်တာပဲ"

ပျံလွှားနီလေးက စိတ်ရှည်စွာ ရှင်းပြသည်။

"အမှောင် သတ်မှတ်ချက်က သုံးလတစ်ခါ အပြောင်းအလဲ ရှိတယ်။ မြေအောက် လောကက သူလျှိုတွေ၊ အဓိက နိုင်ငံကြီးတွေက စပါယ်ရှယ် အေးဂျင့်တွေကနေ အထူး စုံစမ်းပြီးတော့ အဲဒီစာရင်းကို ဖော်ပြတာ။ နောက်ပြီး အမှောင် သတ်မှတ်ချက်မှာ ကမ္ဘာပေါ်က အစွမ်း အထက်ဆုံး တိုက်ခိုက်ရေး သမား အယောက် နှစ်ဆယ်ကိုလည်း အသေးစိတ် စာရင်းပြုစု ပေးထား သေးတယ်"

"ရှင်သတ်ခဲ့တဲ့ သီးဆပ်ဆိုရင် အမှောင် သတ်မှတ်ချက်မှာ နံပါတ် နှစ်ဆယ် ရှိတယ်။ သူက ဥရောပရဲ့ ခေါင်းဆောင် တော်တော်များများကို လုပ်ကြံခဲ့တယ်။ သူ့ရဲ့ အရိပ် ထိန်းချုပ် နိုင်စွမ်းနဲ့ ခုန်ကျော်ခြင်း စွမ်းအားက သူ့ကို အရမ်းတော်တဲ့ လုပ်ကြံသူ တစ်ယောက် ဖြစ်စေခဲ့တယ်။ နိုင်ငံတကာ ဥပဒေ ထိန်းသိမ်းရေး အဖွဲ့က သူ့ကို မရေမတွက် နိုင်အောင် ဖမ်းဖို့ ကြိုးစား ခဲ့ပေမဲ့ တစ်ခါမှ မအောင်မြင်ခဲ့ဘူး။ ရှင်က သူ့ကို သတ်နိုင် လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး"

ပျံလွှားနီလေး၏ အသံက အံသြမှု အနည်းငယ် စွက်ဖက်နေသည်။

"သီးဆပ်လို လူမျိုးတောင် နံပါတ် နှစ်ဆယ်မှာ ရပ်တည်နိုင်တယ် ဆိုတော့ အမှောင် သတ်မှတ်ချက်က အရမ်းကြီး ကြမ်းနေတာတော့ မဟုတ်လောက်ပါဘူး"

ချန်းဖန်က တည်ငြိမ်စွာပင် ပြောသည်။

"သီးတပ် အပြင်ရော ဘယ်သူတွေ အမှောင် သတ်မှတ်ချက်မှာ ပါနေသေးလဲ"

ချန်းဖန်က သူမကို ကြည့်ရင်း စိတ်ဝင်စားစွာ ထပ်၍ မေးလိုက်သည်။

ပျံလွှားနီလေးက မျက်မှောင်ကြုတ်ကာ စဉ်းစားရင်း …

"ရှင်အပါအဝင် အမှောင် သတ်မှတ်ချက်မှာ တရုတ်လူမျိုး လေးယောက် ပါတယ်။ ရဲ့နန်ထင်းက နံပါတ် တစ်ဆယ်။ ကျွန်မရဲ့ သူဌေး အဇူရာနဂါးက နံပါတ် ခုနစ်မှာ ရှိတယ်"

"ဆရာချန်း ကရော …"

တန့်ရီဖေးက သိချင်စိတ်ကို မထိန်းချုပ်နိုင်ပဲ ဝင်ရောက် မေးလိုက်သည်။

"စီအိုင်အေက သိပ်မကြာခင်မှာ အဲဒီစာရင်းကို ထပ်ပြောင်း လိမ့်မယ် ထင်တယ်။ သူက ထိပ်ဆုံး ငါးယောက် မဟုတ်ရင်တောင် ဆယ်ယောက် စာရင်းတော့ ဝင်လိမ့်မယ်"

ပျံလွှားနီလေးက ပြန်ဖြေလိုက်သည်။

"ထိပ်ဆုံး ငါးယောက် မဟုတ်ရင်တောင် ဆယ်ယောက် …"

ချန်းဖန်က ခေါင်းခါရင်း ပြုံးလိုက်သည်။

ချန်းဖန်၏ အထင်အမြင် သေးသည့် အမူအရာကို ပျံလွှားနီလေးက မကျေမနပ် ကြည့်ရင်း နှာခေါင်း ရှုံ့လိုက်သည်။ ထိုနို့နံ့ မစင်သော ကောင်စုတ်လေးမှာ လောကကြီး၏ ကျယ်ဝန်းမှုအား သိပုံမရပေ။

"ရှင့်ကိုယ်ရှင် ကောင်းကင် စာအုပ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်တယ် ဆိုပြီး ဘဝင်မြင့် မနေနဲ့။ ရှင်က ကောင်းကင် စာအုပ်ရဲ့ ထိပ်ဆုံးမှာ ရှိတဲ့ ရဲ့နန်ထင်းတို့လို၊ ကျွန်မရဲ့ သူဌေး အဇူရာ နဂါးတို့လို ပုဂ္ဂိုလ်တွေနဲ့ တိုက်ခိုက် ဖူးသေးတာ မဟုတ်ဘူး။ အဘိုးကြီးက ရှင့်ကို ကောင်းကင် စာအုပ်ရဲ့ ထိပ်ဆုံးမှာ ထားတယ် ဆိုပေမဲ့ ရှင်က အဲဒီနေရာနဲ့ ထိုက်တန်လို့ မထင်တဲ့ လူတွေမှ အများကြီးပဲ"

"ထားပါတော့လေ။ ရဲ့နန်ထင်းတောင် အဆင့် တစ်ဆယ်မှာပဲ ရှိတယ် ဆိုတော့ ထိပ်ဆုံး သုံးယောက်ကရော ဘယ်သူတွေလဲ"

ချန်းဖန်က တစ်ချက်ပြုံးရင်း မေးလိုက်သည်။

"အမှောင် သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးသုံးယောက် …"

ပျံလွှားနီလေးက မျက်မှောင်ကြုတ်ရင်း သူမ၏ ဦးနှောက်အား အလုပ်ပေး လိုက်သည်။

ထို့နောက် သူမ၏ ခေါင်းကို ခါယမ်းကာ …

"အမှောင် သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး သုံးယောက် နေရာက နှစ်သုံးဆယ် ကြာအောင် မပြောင်းလဲခဲ့ဘူး။ သူတို့က အမေရိကန် စစ်တပ်ရဲ့ လက်ကနေတောင် အကြိမ်ကြိမ် လွတ်မြောက် ခဲ့ဖူးတယ်"

"လူတွေကတော့ သူတို့ကို တန်ခိုးရှင် အဆင့် ရောက်နေတာလို့ ခန့်မှန်းကြတယ်။ ဒါကြောင့် သူတို့ကို မြေအောက် လောကရဲ့ အရှင်သခင် သုံးယောက်လို့ ခေါ်တယ်"

အတွေးဖြင့်ပင် ပျံလွှားနီလေး၏ မျက်လုံးက ကြောက်ရွံ့ခြင်း များဖြင့် ပြည့်နှက်လာသည်။

"တန်ခိုးရှင် အဆင့် …"

ချန်းဖန်၏ အမူအရာကမူ တည်ငြိမ်နေသည်။ တန်ခိုးရှင် အဆင့် ကျင့်ကြံသူများမှာ မည်မျှပင် အစွမ်းထက်သည် ဖြစ်စေ သူ့ကိုမူ မခြိမ်းခြောက် နိုင်ပေ။ သူကား ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်ကာ အဇူရာ သက်ရှည် ခန္ဓာကိုယ် အပါအဝင် အခြား နတ်ဘုရား စွမ်းအား များစွာကို ပိုင်ဆိုင် နေခဲ့သူ ဖြစ်သည်။

ထို့ကြောင့်ပင် တန်ခိုးရှင် အဆင့် ကျင့်ကြံသူကို အနိုင် ယူနိုင်ရန် ယုံကြည်ချက် ရှိသည်။

"သူတို့ တန်ခိုးရှင် အဆင့်ကို ရောက်တယ် ဆိုတာ သက်သေတော့ မရှိသေးဘူး"

ပျံလွှားနီလေးက ခေါင်းအား ခါယမ်းလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူတို့က အရမ်းကို အစွမ်းထက်ပြီး အန္တရာယ် များတာတော့ အသေအချာပဲ"

"ဒါပေမဲ့ စိတ်ပူ မနေပါနဲ့။ ရှင်က သူတို့ကို မကျော်နိုင်ရင်တောင် ထိပ်ဆုံး ငါးယောက် စာရင်းတော့ ဝင်နိုင် ပါသေးတယ်"

ပျံလွှားနီလေးက ပြောသည်။

"ဟုတ်လား …"

ချန်းဖန်က ပြုံးရုံသာ ပြုံးလိုက်သည်။

"ချန်းပေ့ရွှမ်း … ရှင် အစွမ်းထက်တာ ကျွန်မသိတယ်။ ဒါပေမဲ့ ရှင့်မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အသက်ကိုလည်း ထည့်စဉ်းစားဦး။ ရှင်တစ်ခုခု လျှောက်မလုပ်ခင်မှာ နှစ်ကြိမ် ပြန်စဉ်းစား သင့်တယ်"

ပျံလွှားနီလေးက သက်ပြင်း တစ်ချက်ချရင်း ဆိုသည်။

"မင်းက ငါ့ကို ခြောက်နေတာလား …"

ချန်းဖန်က သူမကို အေးစက်စွာ ကြည့်ရင်း မေးသည်။

"ခြောက်တာ မဟုတ်ဘူး။ အကြံပေးတာပါ"

ပျံလွှားနီလေးက ထိုင်နေရာမှ ထရပ်လိုက်ရင်း …

"ရှင် ဒီနိုင်ငံမှာ နေချင်ရင် ဒီနိုင်ငံရဲ့ ဥပဒေကိုတော့ လိုက်နာရမှာပဲ။ ဗိုလ်ချုပ်လီက ရှင်သန်ခြင်း ရေစင်အတွက် ရှင့်ကို ကာကွယ် ပေးနေတယ် ဆိုပေမဲ့ အမြဲတမ်းတော့ မကာကွယ် ပေးနိုင်ဘူး။ အနှေးနဲ့ အမြန် သူတို့က ရှင့်ကို မေ့သွားမှာပဲ"

သူမက ပြောပြီးသည်နှင့် ချန်းဖန်အား ကျောခိုင်းရင်း ထွက်ခွာ သွားတော့သည်။

"ဆရာချန်း … သူ့ကို ရှင်သိလား။ နောက်ပြီး သူပြောတဲ့ အထူးဌာန ဆိုတာကရော ဘာလဲ။ အဲဒါက တကယ် ရှိတာလား။ ကျွန်မသာ ရှင့်နေရာမှာ ဆိုရင် သူ့ခေါင်းကို ဆွဲပြီး မြစ်ရေထဲမှာ အေးခဲတဲ့ အထိ နှစ်ထားလိုက်မှာ"

တန့်ရီဖေးက ထွက်ခွာသွားသော ပျံလွှားနီလေးအား မကျေမနပ် ကြည့်ကာ ပြောသည်။

"တိတ်တိတ်နေစမ်း သမီး … ငါတို့ရဲ့ အဆင့်က ဆရာချန်းရဲ့ ကိစ္စတွေကို ဝင်မပြောသင့်ဘူး။ နောက်ပြီး အဲဒီ မိန်းမကလည်း အရမ်း အစွမ်းထက်တဲ့ ပုံပဲ။ သူ့အဆင့်နဲ့ဆို ညာနေတာ မဖြစ်နိုင်ဘူး"

တန့်ယွမ်ချင်းက တန့်ရီဖေးအား မာန်မဲလိုက်ရင်း ချန်းဖန်ဘက်သို့ လှည့်လိုက်ကာ …

"ဆရာချန်း … ခင်ဗျားရော သူ့ကို ဘယ်လိုထင်လဲ"

"သူ ဘယ်ကလာလဲ ဆိုတာကတော့ ဖုံးကွယ်ထားပုံ မရဘူး။ သူသာ လျှို့ဝှက် ဌာနတစ်ခု အတွက် အလုပ်လုပ် ပေးနေတာ မဟုတ်ရင် သူ့ အစွမ်းနဲ့ဆို နာမည် အရမ်း ကျော်ကြား နေလောက်ပြီ"

ချန်းဖန်က ခေါင်းကို ခါရင်း သူ့အား မေးလိုက်သည်။

"ယွမ်ချင်း … အထူးဌာန အကြောင်း ခင်ဗျားကြားဖူးတာ တစ်ခုခု ရှိလား"

"အထူးဌာန … ကြားဖူး သလိုတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါက ကျုပ်တို့နဲ့ အလှမ်းကာဝေး လွန်းတယ်"

တန့်ယွမ်ချင်းက မချိပြုံး ပြုံးလိုက်ရင်း …

"ကျုပ်လို အတွင်းအား ထိပ်သီး အဆင့် သိုင်းသမားတွေ ဆိုတာ သူတို့ အတွက်တော့ အင်းဆက် ပိုမွှားတွေနဲ့ မခြားပါဘူးလေ"

"အင်း …"

ချန်းဖန်က ခေါင်းညိတ်ရင်း တွေးလိုက်မိသည်။

"ကောင်မလေး … မင်းက ငါ့ကို အထင်သေး ရဲတယ်ပေါ့။ ငါက တကယ်ပဲ အခြားလူရဲ့ အကာအကွယ်ကို လိုအပ်တယ်လို့ မင်းက တွေးနေတယ် ပေါ့လေ"

"မင်းက ငါ့ကို အထင်သေးလွန်း နေပြီ။ မင်းတို့ ဘယ်လောက်ပဲ အစွမ်းထက်ပြီး လွှမ်းမိုး နိုင်စွမ်း ရှိပါစေ။ ငါ့ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး"

သုံးရက်ကြာပြီး နောက်၌ …

စီအိုင်အေမှာ အမှောင် သတ်မှတ်ချက်အား အပြောင်းအလဲ တစ်ခု သတ်မှတ်ခဲ့သည်။ ထိုသတ်မှတ်ချက် အသစ်တွင် တတိယမြောက် နေရာက အပြောင်းအလဲ တစ်ခု ဖြစ်ခဲ့၏။

"ချန်းပေ့ရွှမ်း …"

ထိုသတင်းက အမှောင် ကမ္ဘာဟု ခေါ်ဆိုသည့် မြေအောက် လောကအား ပြင်းထန်စွာ ရိုက်ခတ် သွားတော့သည်။

***

All Chapters