အခန်း ၁၇၈-၁၇၉
Vol. 6 Ch. 178-179
အခန်း ၁၇၈
လီယူကျားရှုခင်းသာ။
ထိုနေရာသည် အရှေ့ပင်လယ်တိုက်ကြီးတွင် အထင်ရှားဆုံး ပန်းပဲဂိုဏ်းဖြစ်သည်။
ပန်းပဲလုပ်ငန်းအတွက် အမျိုးမျိုးသော လျှို့ဝှက်နည်းစနစ်များတွင် ကျွမ်းကျင်ရုံသာမက၊
ကမ္ဘာပေါ်ရှိ အဖိုးအထိုက်ဆုံးပစ္စည်းများကို စုဆောင်းသည်ဟုလည်း ဆိုကြသည်။
ကျူဒီကျဲန်သည် လီယူကျားရှုခင်းသာမှ တစ်စုံတစ်ဦးကို ပစ္စည်းများထုလုပ်ရန်အတွက် ခရီးရှည်ကြီး သွားခြင်းမဟုတ်ဘဲ၊
တိကျသောပစ္စည်းတစ်ခုကို ရှာဖွေရန်ဖြစ်သည်။
နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲ။
ယဲ့ယွီအတွက် ပစ္စည်းတွေ ထုလုပ်နေတာဖြစ်လို့ အရာအားလုံးက ထိပ်တန်းဖြစ်ရမယ်။
နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲကို ဝယ်ဖို့အတွက်၊
ကျူဒီကျဲန်က ဒီတစ်ခါ ဝိညာဉ်ခန်းမရဲ့ ပိုင်ဆိုင်မှု ၉၀% ကျော်ကို ယူလာခဲ့တယ်။
သူမက ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို ရအောင်ယူရမယ်။
ဝိညာဉ်ကျောက်တုံးတစ်ရာ ဝင်ကြေးပေးပြီးနောက်၊
ကျူဒီကျဲန် လီယူကျားရှုခင်းသာရဲ့ ရောင်းချခန်းမထဲကို အောင်မြင်စွာ ဝင်ရောက်ခဲ့တယ်။
အဲဒီမှာ သူမက လှပတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်။
ယဲ့ယွီသာ ဒီမှာရှိရင် သူ သေချာပေါက် မှတ်မိလိမ့်မယ်။
ဒီအမျိုးသမီးက ယခင် အိပ်မက်စနစ် က အမျိုးသမီးပဲ။
ပင်လယ်စောင့်နတ်၊ ဆူးယောင်။
ဘယ်အချိန်၊ ဘယ်နေရာမှာမဆို၊
ဆူးယောင်သည် တိတ်ဆိတ်စွာ ပွင့်လန်းနေသော လီလီပန်းတစ်ပွင့်နှင့် တူသည်။ မထင်ပေါ်၊ လွတ်လပ်ပြီး ထည်ဝါသည်။
သူမ၏ အလှကြောင့် ကျူဒီကျဲန်၏ မျက်လုံးများ အလိုလို လင်းလက်လာခဲ့သည်။
လီယူကျားရှုခင်းသာ၏ တာဝန်ခံအကြီးအကဲသည် အနီးရှိ အခန်းတစ်ခန်းမှ ထွက်လာကာ၊
သိုလှောင်လက်စွပ်တစ်ခုကို ဆူးယောင်ရှေ့က စားပွဲပေါ် တင်လိုက်သည်။
"ရှင်လိုချင်တာတွေ အကုန် အထဲမှာ ရှိတယ်။
ဒါပေမဲ့ နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲတော့ တကယ် မရှိဘူး။"
ဒီစကားကို ကြားတော့ ကျူဒီကျဲန် မျက်မှောင် အနည်းငယ် တွန့်ကွေးသွားခဲ့တယ်။
"နင်တို့ဆီမှာ နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲ မရှိဘူးလား?"
အကြီးအကဲရဲ့ မျက်နှာအမူအရာ ထူးဆန်းသွားပြီး သူ မေးလိုက်တယ်- "လေးစားရသောသခင်မလေးလည်း နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲ ဝယ်ဖို့လာတာလား၊ နတ်သမီး?"
ကျူဒီကျဲန် ခေါင်းညိတ်လိုက်တယ်။
ဒီအခြေအနေကို မြင်တော့ ဆူးယောင်က ကျူဒီကျဲန်ကို လှည့်ကြည့်လိုက်တယ်။
သူမ စကားတစ်ခွန်းမှ မပြောခဲ့ဘူး။
အကြီးအကဲ သက်ပြင်းချလိုက်တယ်- "နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲ ကုန်သွားပြီ။
ဒီနတ်သမီးက ခင်ဗျားနဲ့ အတူတူပဲ။
သူမလည်း ဒီပစ္စည်းကို လိုတယ်။"
ကျူဒီကျဲန် ရင်ထဲမှာ တော်တော် စိတ်ပျက်မိခဲ့တယ်။
နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲက အလွန် ရှားပါးတယ်။
အလယ်ပိုင်းတိုက်ကြီးမှာ ရှာမတွေ့လို့ ဒီနေရာကို ဒီလောက်ဝေးဝေး လာခဲ့တာ။
ဒါတောင် ဒီမှာ မရှိသေးဘူး။
သူမ တခြားတိုက်ကြီးတွေဆီကို ထပ်သွားရတော့မှာလား?
ဆူးယောင်လည်း အရမ်းစိတ်ပျက်ခဲ့တယ်။
နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲက သူမလည်း လိုအပ်တဲ့ ပစ္စည်းတစ်ခုပဲ။
အိပ်မက်ထဲမှာ၊
နတ်ဘုံရောက် ယန်ရှောင်၊ ခေါင်းကိုးလုံးပါ ရေဘေးနဂါးကြီးဟာ ပင်လယ်အုပ်စိုးသူသုံးခွလှံတန်ကို ပြန်ယူဖို့ ပင်လယ်စောင့်နတ်အများအပြားကို သတ်ဖြတ်ခဲ့တယ်၊
ဆူးယောင်ရဲ့အကြောင်းတွေအကုန်ပေါ်သွား စေခဲ့တယ်။
ပြီးတော့ ဆူးယောင်ကို ကာကွယ်ဖို့ ယဲ့ယွီကသူ့ကိုယ်သူအသေခံဖို့အထိ ဆန္ဒရှိခဲ့တယ်။
အဲဒီအချိန်က သူတို့ရဲ့ စကားပြောဆိုမှုတွေအရ၊
ယန်ရှောင်ဟာ ပင်လယ်အုပ်စိုးသူသုံးခွလှံတန်ကို အလွန်တန်ဖိုးထားတယ်ဆိုတာ ရှင်းပါတယ်။
အခု၊ အိပ်မက်ကနေ နိုးလာပြီးနောက်၊
ပင်လယ်အုပ်စိုးသူသုံးခွလှံတန်ဟာ ဆူးယောင်ဘေးနားမှာ နက်နဲစွာ ပေါ်လာခဲ့တယ်။
ဆူးယောင်ရဲ့ အမြင်အရ၊ ဒီထူးဆန်းတဲ့ ဖြစ်ရပ်က ကံကြမ္မာတစ်မျိုးပဲ။
အိပ်မက်ထဲက ကြေကွဲစရာတွေ ထပ်မဖြစ်အောင်၊
ဆူးယောင်က ယန်ရှောင်ကို ရှင်းပစ်ပြီး ပင်လယ်အုပ်စိုးသူသုံးခွလှံတန်ကို ယဲ့ယွီဆီ သေချာ ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။
သို့သော်၊
ဒီတာဝန်က ပြီးမြောက်ဖို့ မလွယ်ဘူး။
ယန်ရှောင်က ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်၊ ခေါင်းကိုးလုံးမြွေကြီး။
ဆူးယောင်က သူ့ကို ယှဉ်နိုင်ဖို့ အလှမ်းဝေးတယ်။
သူမ ထပ်ပြီး လေ့ကျင့်ရလိမ့်မယ်။
အဲဒီမတိုင်ခင်မှာ၊
ယန်ရှောင်ရဲ့ ပစ်မှတ် မဖြစ်ရအောင်၊
ဆူးယောင်က ပင်လယ်အုပ်စိုးသူသုံးခွလှံတန်ကို "ပြုပြင်" ရုံပဲ တတ်နိုင်တယ်။
နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲက မှော်ကိရိယာရဲ့ အဆင့်ကို မြှင့်တင်ပေးရုံသာမက၊
မိမိရဲ့ aura ကိုလည်း ဖုံးကွယ်ပေးတယ်။
ဒါက ဆူးယောင် အလိုအပ်ဆုံး အင်္ဂါရပ်တစ်ခုပဲ။
လီယူကျားရှုခင်းသာမှာ မရှိတာကတော့ စိတ်ပျက်စရာပဲ။
သူတို့ဆီမှာတောင် မရှိရင်၊
အရှေ့ပင်လယ်တိုက်ကြီးတစ်ခုလုံးမှာ တခြားဂိုဏ်းတွေဆီမှာလည်း မရှိနိုင်တော့ဘူး။
ဆူးယောင်က တော်တော် စိတ်မကောင်း ဖြစ်နေခဲ့တယ်။
ပင်လယ်အုပ်စိုးသူသုံးခွလှံတန်ရဲ့ aura ကို ဝှက်ဖို့ တခြားနည်းလမ်းတွေ စဉ်းစားရတော့မယ် ထင်တယ်။
ဆူးယောင်နဲ့ ကျူဒီကျဲန်တို့ ထွက်သွားတော့မလို့ ရှိတုန်း၊
တာဝန်ခံ အကြီးအကဲက ရုတ်တရက် ပြောလိုက်တယ်- "ခဏလေး စောင့်ပါဦး၊ နတ်သမီးတို့။
ခင်ဗျားတို့ နှစ်ယောက်လုံး ခွန်အား တော်တော် ကောင်းတာ မြင်တယ်။
ကျွန်တော် ခင်ဗျားတို့ကို မှန်ကန်တဲ့ လမ်းညွှန်ပေးရမလား?
ယိုဖျင်ချိုင့်ဝှမ်းမှာ ရေတံခွန်တစ်ခု ရှိတယ်။
ရေတံခွန်ရဲ့ အရှေ့ဘက် မိုင်နှစ်ဆယ်အကွာမှာ နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲ ရှိကောင်းရှိနိုင်တယ်။
အဲဒီမှာ မြင်ဖူးတယ်လို့ တစ်ယောက်ယောက်က ပြောဖူးတယ်။
ဒါပေမဲ့ အဲဒီနေရာကို အစွမ်းထက်တဲ့ နတ်ဆိုးမျောက်တစ်ကောင်က စောင့်နေတာကြောင့် ရဖို့ ခက်လိမ့်မယ်။
ခင်ဗျားတို့ နှစ်ယောက်လုံး ကြိုးစားကြည့်ရမလား?
နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲကို ရခဲ့ပြီး ပိုလျှံတာတွေ ရှိရင် လီယူကျားရှုခင်းသာက အမြင့်ဆုံးဈေးနဲ့ ဝယ်ယူဖို့ ဆန္ဒရှိပါတယ်။"
ဒီစကားကို ကြားတော့၊
ဆူးယောင်ရဲ့ မျက်နှာ တောက်ပလာခဲ့တယ်။
ဒါပေမဲ့ ကျူဒီကျဲန်ရဲ့ မျက်နှာကတော့ လေးနက်သွားခဲ့တယ်။
သူမ ရေရွတ်လိုက်တယ်- "ယိုဖျင်ချိုင့်ဝှမ်း ဘယ်မှာလဲ?"
အလယ်ပိုင်းတိုက်ကြီးက လူတစ်ယောက်အနေနဲ့၊
ကျူဒီကျဲန်က အရှေ့ပင်လယ်တိုက်ကြီးရဲ့ ပထဝီဝင်ကို တကယ် မသိဘူး။
ဆူးယောင်က တိုးတိုးလေး ပြောလိုက်တယ်- "လမ်းမသိရင် ကျွန်မ လမ်းပြပေးနိုင်တယ်။
ကျွန်မတို့ နှစ်ယောက်လုံး နတ်ဆိုးကာကွယ်ရေး ဝူဘောင်သဲအတွက် သွားတာဆိုတော့ လမ်းမှာ တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်မယ်ထင်တယ်။"
ကျူဒီကျဲန် ပြုံးလိုက်တယ်- "အရမ်း ကျေးဇူးတင်ပါတယ်!"
သဘောတူပြီးနောက် နှစ်ယောက်သား လီယူကျားရှုခင်းသာမှ ထွက်ခွာခဲ့ကြသည်။
ယိုဖျင်ချိုင့်ဝှမ်းသို့ သွားရာလမ်းတွင်၊
ဆူးယောင်က ပေါ့ပေါ့ပါးပါး မေးလိုက်တယ်- "သူငယ်ချင်း၊ ရှင်က အရှေ့ပင်လယ်တိုက်ကြီးက မဟုတ်ဘူးလား?"
ယိုဖျင်ချိုင့်ဝှမ်းက အရှေ့ပင်လယ်တိုက်ကြီးမှာ အရမ်းနာမည်ကြီးတယ်။
ရှာဖွေဖို့လည်း အတော်လေး လွယ်တယ်။
ဒေသခံတွေက မသိနိုင်စရာ မရှိဘူး။
ကျူဒီကျဲန် ခေါင်းညိတ်လိုက်တယ်- "ကျွန်မက အရှေ့ပင်လယ်တိုက်ကြီးက မဟုတ်ပါဘူး။
ကျွန်မ အလယ်ပိုင်းတိုက်ကြီးက လာတာပါ။"
ဆူးယောင်ရဲ့ မျက်လုံးတွေ လင်းလက်လာခဲ့တယ်။
ကျူဒီကျဲန်ကို ယဲ့ယွီဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်ကို သိလားလို့ မေးမလို့ ရှိတုန်းမှာပဲ၊
သူမ နောက်ဆုံးအချိန်မှာ သူ့ပါးစပ်ကို ပိတ်လိုက်တယ်။
အိပ်မက်ထဲမှာ၊
ယဲ့ယွီက အရှေ့ပင်လယ်တိုက်ကြီးက လူတစ်ယောက်၊
ကျူဒီကျဲန်က အလယ်ပိုင်းတိုက်ကြီးက လာတာ။
ယုတ္တိနည်းအရ သူတို့ တစ်ယောက်နဲ့တစ်ယောက် သိနိုင်စရာ မရှိဘူး။
ဒါကြောင့် သူ မေးရင်တောင်၊
အားစိုက်ထုတ်တာ အလကားပဲ။
ဒီလိုနဲ့၊
ဆူးယောင် စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်။
ယဲ့ယွီ၊ ရှင် ဘယ်မှာလဲ?
ရှင်ကို အရမ်းလွမ်းတယ်!
...
နောက်ရက်ပေါင်း နှစ်ဆယ်အတွင်း၊
ယဲ့ယွီသည် တကယ်ကို ပျော်ပျော်ပါးပါး နေထိုင်ခဲ့သည်။
သူနှင့် ယွမ်မူချီတို့သည် နေ့ရောညပါ အတူတကွ နေထိုင်ခဲ့ကြသည်။
နေ့တိုင်း ကွန်းဇာတ်ကောင်ကျင့်စဉ်ကို လေ့ကျင့်ခဲ့ကြသည်။
သူတို့၏ ကြိုးစားမှုသည် တကယ်ကို အံ့မခန်းပင်။
ဤကာလအတွင်း ယဲ့ယွီ၏ ကျင့်ကြံမှုအဆင့်သည် ချိုးဖျက်လာပြီး အသွင်ပြောင်းလဲခြင်းအဆင့်၏ ထိပ်ဆုံးသို့ပင် ရောက်ရှိခဲ့သည်။
ဒါက ကြိုးစားအားထုတ်မှုရဲ့ အကောင်းဆုံး သက်သေပဲ။
ယွမ်မူချီက ဒီလုပ်ငန်းစဉ်ကို အပြည့်အဝ ပျော်ရွှင်ခဲ့တယ်။
သူမ အိပ်မက်ဆီ ပြန်ရောက်သွားသလိုပဲ။
သူတို့ အတူတူ ကုန်ဆုံးခဲ့တဲ့ အချိန်တွေက ချိုမြိန်ခဲ့တယ်။
ဒါပေမဲ့ ယဲ့ယွီမှာ သူ့ရဲ့ ကိုယ်ပိုင် ရုန်းကန်မှုတွေ ရှိခဲ့တယ်။
ဒါက ယွမ်မူချီနဲ့ အတူတူ နေရတာ မပျော်လို့ မဟုတ်ဘူး၊
ဒါပေမဲ့ ယွမ်မူချီက အရမ်း ကပ်တွယ်နေတာ။
တစ်နေ့ကို ၁၂ နာရီလုံး သူ ယဲ့ယွီဘေးမှာ ရှိချင်နေတယ်။
သူမက သူ့ကို အိပ်မက်ထဲမှာ အတုအယောင်ဖန်တီးဖို့ ဘာအခွင့်အရေးမှ မပေးခဲ့ဘူး။
ဒါက တော်တော် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။
ဒီကာလအတွင်း၊
ယဲ့ယွီက ယွမ်မူချီနဲ့ ဆက်သွယ်ခနဖြတ်ဖို့ ကြိုးစားခဲ့တယ်။
ဒါပေမဲ့ သူမက သူ့ဘေးနားကနေ ဘယ်တော့မှ မခွာဘူး။
ယဲ့ယွီက အဲဒါကို တော်တော် အကူအညီမဲ့နေခဲ့တယ်။
ဒါကြောင့် ရက်ပေါင်း ၂၀ ကြာပြီးနောက်၊
ယဲ့ယွီက ယွမ်မူချီရဲ့ လက်ကို ဆွဲပြီး တိုးတိုးလေး ပြောလိုက်တယ်- "ကိုယ့်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှိတယ်။
ကွေးယွမ်ဂိုဏ်းမှာ ကို့ ကို စောင့်နေမလား?
ကို အလုပ်ပြီးတာနဲ့၊
အချစ် ကို သေချာပေါက် လာရှာမယ်။"
ယွမ်မူချီက တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ် သဘောတူလိုက်တယ်။
သူမရဲ့ ပြတ်သားမှုက ယဲ့ယွီကို အံ့အားသင့်စေခဲ့တယ်။
သူက သူမအတွက် ရှည်လျားတဲ့ မိန့်ခွန်းတစ်ခု ပြင်ဆင်ထားခဲ့ပြီး၊
ယွမ်မူချီရဲ့ မေးခွန်းတွေကို ဖြေဖို့ စောင့်နေခဲ့တာ။
ဒါပေမဲ့ သူမ ဒီလောက် ရိုးရှင်းလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ဘူး။
ဒါက ယဲ့ယွီကို နည်းနည်း ထူးဆန်းစေခဲ့တယ်။
ယဲ့ယွီရဲ့ အံ့အားသင့်နေတဲ့ ပုံကို မြင်တော့၊
ယွမ်မူချီက သူ့အဝတ်အစားတွေကို ပြင်ပေးဖို့ လက်မြှောက်လိုက်တယ်။
"ချစ်သူ၊ အလုပ်ပြီးရင် ပြန်လာပြီး ကျွန်မကို ရှာဖို့ မမေ့နဲ့နော်!
ကျွန်မ ကွေးယွမ်ဂိုဏ်းမှာ ရှင်ကို စောင့်နေမယ်။"
ဒီစကားပြောပြီးနောက်၊
ယွမ်မူချီ တိုက်ရိုက် ထွက်သွားခဲ့တယ်။
တကယ်တော့၊
သူမက သူ့စိတ်ထဲမှာ နားလည်ထားပြီးသား၊
ယဲ့ယွီမှာ သူ့ကို တစ်ယောက်တည်း အဖော်မလုပ်နိုင်ဘူးဆိုတာ။
ဒါကြောင့် သူ သူ့အချိန်အားလုံးကို သူမအတွက်ပဲ မြှုပ်နှံနိုင်မှာ မဟုတ်ဘူး။
သူနဲ့ နှစ်ဆယ်ရက် တည်းနေရတာတောင် အရမ်း ရှားပါးနေပြီ။
ယဲ့ယွီနဲ့ ပတ်သက်တဲ့ အရာအားလုံးကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ပြီးကတည်းက၊
ယွမ်မူချီ နောင်တရမှာ မဟုတ်ဘူး။
ဒါ့အပြင် သူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ စာအုပ်တစ်အုပ် တိတ်ဆိတ်စွာ ရှိနေတယ်။
ယောက်ျားတစ်ယောက်ကို ရှင်အပေါ် လုံးဝ စွဲလန်းအောင် လုပ်နည်းတစ်ရာ။
အဲဒီအထဲမှာ၊
ပထမဆုံး နည်းလမ်းကတော့၊
အရမ်း ကပ်တွယ်မနေဖို့ပဲ။
ယောက်ျားတွေက ချုပ်နှောင်ခံရတာ မကြိုက်ဘူး။
ဒီလိုနဲ့ ယွမ်မူချီက ဒီလို ပြတ်ပြတ်သားသား ထွက်သွားခဲ့တာ။
စာအုပ်ထဲက ဒုတိယနည်းလမ်းကတော့ သင့်တော်တဲ့ အကွာအဝေးကို ထိန်းထားခြင်းက ယောက်ျားတစ်ယောက်ကို လတ်ဆတ်တဲ့ ခံစားချက်ကို အမြဲပေးစွမ်းနိုင်မယ်လို့ ဖော်ပြထားတယ်။
ချီးကျူးစရာ၊ ချီးကျူးစရာ။
ဒါတွေက အသိပညာတွေချည်းပဲ!
ယွမ်မူချီ ခြေလှမ်းပေါ့ပေါ့နဲ့ လျှောက်သွားခဲ့တယ်။ သူ နောက်လှည့်မကြည့်ပေမဲ့၊
သူမရဲ့ ဝိညာဉ်အသိနဲ့ ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့တယ်။
ယဲ့ယွီက အဲဒီမှာ ရပ်နေပြီး သူမ ထွက်သွားတဲ့ဘက်ကို ငေးကြည့်နေခဲ့တယ်။
စာအုပ်ထဲမှာ ရေးထားတာ တကယ် မှန်တယ်။
ယွမ်မူချီရဲ့ နှုတ်ခမ်းမှာ ပြီးပြည့်စုံတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
ဒီစာအုပ်ကို လက်ထဲမှာ ကိုင်ထားတော့၊
ပူလင်ဖေး၊ နင် ငါနဲ့ ဘာနဲ့ ပြိုင်နိုင်ဦးမှာလဲ?
၁၇၉ ဆက်ရန်
*****
အခန်း ၁၇၉
မိန်းကလေးတစ်ယောက်ရဲ့ သက်လုံစွမ်းအားကောင်းတာကို ကြောက်စရာမလိုဘူး ၊ အဲ့ဒီသက်လုံကောင်းတဲ့ မိန်းကလေးက ကြိုးစားနေပြီဆိုရင်တော့ကြောက်စရာကောင်းလာပြီ။
သူမက အခုဆိုရင် နည်းဗျူဟာတွေတောင် လေ့လာနေပြီ။
ဘယ်သူက ဒါကို ခံနိုင်ရည်ရှိမှာလဲ။
ယဲ့ယွီသည် ယွမ်မူချီ၏ ပုံရိပ် လုံးဝ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီးမှ သူ၏အကြည့်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။
သူတို့ ခံစားခဲ့ရတဲ့ ပြင်းထန်တဲ့ နီးကပ်မှုကတော့
သူမရဲ့ ပြတ်ပြတ်သားသား ထွက်ခွာသွားမှုနဲ့ သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေတယ်။
ဒီလို ကြီးမားတဲ့ ကွာခြားချက်က ယဲ့ယွီကို နည်းနည်း ထူးဆန်းစေခဲ့တယ်။
သို့သော်၊
ယဲ့ယွီက သူ့စိတ်ကို အမြန် ပြင်ဆင်လိုက်တယ်။
သူက လုံခြုံပြီး လူရှင့်းတဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး၊
အိပ်မက်အတုအယောင် စတင်လုပ်ဆောင်ခဲ့တယ်။
ရက်ပေါင်းနှစ်ဆယ်ကျော် ကံကောင်းခြင်းတွေကို စုဆောင်းပြီးနောက်၊
ဒီတစ်ခါ ပိုကောင်းတဲ့ စွမ်းရည်ကို ရနိုင်လိမ့်မယ်လို့ သူ မျှော်လင့်ခဲ့တယ်။
[အိပ်မက်တစ်ခုစီထဲ ဝင်တိုင်း ဘဝသစ်တစ်ခုပဲ!]
[မြေပုံနဲ့ ဇာတ်ကောင်တွေ ထည့်သွင်းနေသည်...]
[ရွေးချယ်မှု အတည်ပြုပြီ!]
[ဒီအိပ်မက်ရဲ့ ပါရမီ: အမျိုးသမီးတွေရဲ့ အတွေးတွေကို နားထောင်နိုင်ခြင်း၊ အဆင့်မြှင့်တင်ထားသော ဗားရှင့်း။ (ရွှေရောင်)]
[အမျိုးသမီးတွေရဲ့ အတွေးတွေကို သင် နားထောင်နိုင်သည်]
[အတွေးကို နားထောင်တဲ့ အမျိုးသမီးက ပိုအားကောင်းလေ၊ သင့်ရဲ့ ကျင့်ကြံမှု မြန်နှုန်း ပိုမြန်လေပဲ။]
[အရေအတွက်ထက် အရည်အသွေးကို ပိုမို ဦးစားပေးပါ!]
[ကဲ၊ သင့်ရဲ့ ပန်းတိုင်က ကမ္ဘာပေါ်က အစွမ်းအထက်ဆုံး အမျိုးသမီးတွေရဲ့ နှလုံးသားကို နားထောင်ဖို့ပဲ!]
ရွှေရောင်အလင်းကို မြင်တော့၊
ယဲ့ယွီ ဝမ်းသာအားရ ဖြစ်သွားခဲ့တယ်။
ရက်ပေါင်းများစွာ ကံကောင်းခြင်းတွေ စုဆောင်းခဲ့ပြီးနောက်၊
သူ တကယ်ပဲ ကောင်းမွန်တဲ့ တစ်ခုခု ရခဲ့တယ်!
မဆိုးဘူး၊ မဆိုးဘူး။
ဒီပါရမီက အလွန်ရိုးရှင့်းပုံရတယ်။
အမျိုးသမီးတွေရဲ့ အတွေးတွေကို နားထောင်လိုက်ရုံနဲ့ သူ့ကျင့်ကြံမှုမြန်နှုန်း တိုးလာလိမ့်မယ်။
ဒီအရာက လုံးဝကို ဂိမ်းကိုဟက်ဆော့တာမျိုးပဲ။
အခုကစပြီး သူ အစွမ်းထက်တဲ့ အမျိုးသမီး နတ်ဆိုးတွေဘေးမှာ ပုန်းနေလို့ရပြီ။
သူ ချက်ချင်း တိုးတက်နိုင်မှာ မဟုတ်ဘူးလား။
ဒီအတွေးနဲ့၊
ယဲ့ယွီ ပြုံးနေတုန်းရှိသေးတယ်၊
နောက်တစ်စက္ကန့်မှာ၊
အလွန်ကြီးမားတဲ့ ဆွဲအားတစ်ခု ရောက်လာခဲ့တယ်။
[အသက် 0 နှစ်၊ ယဲ့ယွီကို အနောက်တိုင်းဒေသ၏ သန့်ရှင်းသောနေရာများထဲမှ တစ်ခုဖြစ်သော ကျီရှာစာသင်ကျောင်းတွင် မွေးဖွားခဲ့သည်။]
[သူသည် ကျီရှာစာသင်ကျောင်း၏ ပထမဆုံးအကြီးအကဲ ယဲ့ချင်ယွီ၏ တစ်ဦးတည်းသောသား ဖြစ်လာခဲ့သည်။]
[ယဲ့ယွီ မွေးဖွားပြီးသည်နှင့်၊]
[သူ ဝေးကွာသောနေရာမှ စာဖတ်သံ နွေးနွေးထွေးထွေးကို ကြားနိုင်သည်။]
[အင်း၊ ပတ်ဝန်းကျင်က တော်တော်ကောင်းပုံရတယ်။]
[အသက် ၅ နှစ်၊ ယဲ့ယွီသည် စာအုပ်တစ်အုပ်ကို အားအင်မရှိစွာ ကိုင်ထားပြီး ကောင်းကင်ကို ငေးကြည့်နေခဲ့သည်။]
[ဆဲဆိုလိုက်သည်!]
[လောကကြီးမှာ တရားမျှတမှု မရှိတော့ဘူးလား။]
[**အပြာရောင်ကြယ်(ကမ္ဘာ)**ပေါ်မှာ စာကျက်ဖို့ပျင်းလို့လောကပြောင်းလာတာပါဆိုမှ။]
[Fantasy worldထဲ ဝင်ပြီး အိပ်မက်ထဲ ရောက်လာတာတောင် ကျောင်းတက်ရဦးမယ်လို့ ဘယ်သူထင်မလဲ။]
[ပြီးတော့ အဆိုးဆုံးကတော့ ဂန္ထဝင်စာပေကို သင်ယူရတာပဲ။]
[အလွတ်ကျက်ပြီး စာစီစာကုံး ရေးရတယ်]
[ကျီရှာစာသင်ကျောင်းက တခြားဂိုဏ်းတွေနဲ့ မတူဘူး။]
[သူတို့က စာလုံးရဲ့စွမ်းအားကို သူတို့ရဲ့အခြေခံအဖြစ် မှီခိုကြတယ်။]
[ရင်ဘတ်ထဲမှာ ထူးချွန်တဲ့ စာပေတွေ ရှိရင် ရန်သူတွေကို သတ်ပြီး နတ်ဆိုးတွေကို နှိမ်နင်းနိုင်တယ်။]
[သူတို့က ဖြောင့်မတ်တဲ့ စွမ်းအင်ကို လေ့ကျင့်ကြတယ်။]
[ဒီကျင့်ကြံမှုနည်းလမ်းက ကျင့်ကြံသူလောကမှာ တော်တော် ထူးခြားတယ်။]
[ဒါပေမဲ့ ကျီရှာစာသင်ကျောင်းက နာမည်ကြီး ဆရာတွေနဲ့ ပညာရှင့်တွေ အများကြီး မွေးထုတ်ခဲ့တယ်ဆိုတာကို ငြင်းလို့မရဘူး။]
[နှစ်ထောင်ပေါင်းများစွာ အရင်က ကျီရှာစာသင်ကျောင်းရဲ့ နောက်ဆုံး ကျောင်းအုပ်ကြီးက ကဗျာတစ်ပုဒ် ရေးပြီးတာနဲ့ အဲဒီနေရာမှာတင် နတ်ဘုံရောက်သွားတယ်ဆိုတဲ့ ဒဏ္ဍာရီတောင် ရှိတယ်။]
[ဒါက အနောက်တိုင်းဒေသမှာ လှပတဲ့ ပုံပြင်တစ်ခု ဖြစ်လာခဲ့တယ်။]
[ဒါပေမဲ့ ဂန္ထဝင်စာပေက ယဲ့ယွီအတွက် အရမ်း ခက်ခဲလွန်းတယ်၊ သူ တကယ် မကြည့်ချင်ဘူး!]
[ယဲ့ယွီသည် တော်တော် စိတ်မကောင်းဖြစ်ကာ ကောင်းကင်ကို သက်ပြင်းချရင်း ငေးကြည့်နေခဲ့သည်။]
[ထိုအချိန်တွင်၊ ဖြောင့်မတ်သော အသွင်အပြင်ရှိသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် သူ့အနီးသို့ ချဉ်းကပ်လာခဲ့သည်။]
[သူ၏ မျက်နှာသည် မှုန်မှိုင်းသွားကာ- "ယွီအာ၊ စာကျက်တဲ့အခါ အာရုံမပျက်ရဘူး။ ပညာရှင့်ကြီးတို့၏ စာအုပ်များကို လေးစားရမယ်!" ဟု ပြောလိုက်သည်။]
[နားလည်လား?]
[ဒီလေးနက်တဲ့ အမျိုးသားက ဒီအိပ်မက်ထဲမှာ ယဲ့ယွီရဲ့ ဖခင် ယဲ့ချင်ယွီပဲ။]
[ဖခင်ရဲ့ ဆုံးမစကားတွေကို ရင်ဆိုင်ရတော့ ယဲ့ယွီ တကယ် နားမထောင်ချင်ဘူး။]
[ဒါကြောင့် သူ ပြတ်ပြတ်သားသား အော်လိုက်တယ်- "အမေ၊ အဖေက သားကို အနိုင်ကျင့်နေတယ်!" ]
[ဒီစကားတွေ ပြောလိုက်တာနဲ့၊]
[ယဲ့ချင်ယွီရဲ့ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့တယ်။]
[စာအုပ်ကို ကိုင်ထားတဲ့ ညာလက်က အနည်းငယ် တုန်ယင်လာခဲ့တယ်။]
[နှစ်ကြိမ် အသက်ရှူပြီးနောက် လှပတဲ့ အမျိုးသမီးတစ်ဦး ပေါ်လာခဲ့တယ်။]
[ဒီလူက အိပ်မက်ထဲမှာ ယဲ့ယွီရဲ့ အမေ ဟဲကျဲယင်ပဲ။]
[ဟဲကျဲယင်က မှန်တာမှားတာ ခွဲခြားမနေဘဲ ယဲ့ချင်ယွီကို ချက်ချင်း ရိုက်နှက်ကန်ကျောက်တော့တာပဲ။]
[ရိုက်ရင်း သူ ဆဲဆိုလိုက်တယ်- "ကောင်းလိုက်တဲ့လူကြီး၊ ယဲ့တာဇီ! ယွီအာလေး ဒီလောက်ငယ်သေးတာကို ဘယ်လိုလုပ် အနိုင်ကျင့်ရတာလဲ?" ]
[သောက် အဘိုးကြီး၊ ရှင့်ကို မျက်နှာတောင် မရှိတော့တဲ့အထိရိုက်ပစ်မယ်!]
[ဒီနေ့ ငါရှင့်ရဲ့ ခေါင်းကို ရိုက်ခွဲပစ်မယ်!"]
[ယဲ့ချင်ယွီက သူ့မျက်နှာကို လက်နဲ့ ကာရင်း ရှင့်းပြတယ်- "အချစ်ရေ၊ ကလေးတွေက ငယ်စဉ်ကတည်းက ကြိုးစားပြီး စာကျက်ရမယ်၊ ပေါ့ဆလို့ မရဘူး။" ]
[ယွီအာလေးက အရမ်း ကစားလွန်းတယ်၊ သူ တိုးတက်ဖို့ မကြိုးစားမှာကို ကျွန်တော် စိုးရိမ်တယ်။!]
[ဒီစကားကို ကြားတော့၊]
[ဟဲကျဲယင်က ပိုတောင် ဒေါသထွက်လာပြီး အသုံးပြုဖို့ တစ်ခုခုကို ချက်ချင်း လှည့်ပတ်ရှာဖွေလိုက်တယ်။]
[ဒီအချိန်မှာ ယဲ့ယွီက အနီးနားက သစ်သားခုံလေးတစ်ခုကို ပြတ်ပြတ်သားသား ကမ်းပေးလိုက်တယ်။]
[ဟဲကျဲယင်က ခုံကိုယူပြီး ယဲ့ချင်ယွီရဲ့ ခေါင်းကို တိုက်ရိုက် ရိုက်ချလိုက်တယ်။]
[ရှင့်ရဲ့ အနံ့ထွက်နေတဲ့ ခွေးပါးစပ်ကို ပိတ်လိုက်စမ်း!]
[ယွီအာလေးက အသက် ၅ နှစ်ပဲ ရှိသေးတယ်၊ ချီသန့်စင်ခြင်းရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီ။]
[ဒီလို ပါရမီနဲ့ ရှင့်က သူ တိုးတက်ဖို့ မကြိုးစားဘူးလို့ ပြောရဲသေးတာလား?]
[ရှင့် ၅ နှစ်တုန်းက ရွှံ့တွေနဲ့ ကစားနေတုန်း ရှိဦးမှာ!]
[တစ်ပတ်လောက် ရိုက်နှက်ခံပြီးနောက်၊]
[ယဲ့ချင်ယွီက အရမ်း ရှက်ရွံ့နေခဲ့တယ်။]
[သူ ထောင့်တစ်နေရာမှာ ကုတ်ကုတ်လေး နေပြီး စကားပြောဖို့ မရဲတော့ဘူး။]
[ဟဲကျဲယင်က ခုံခြေထောက်ကို ပစ်ချလိုက်ရင်း၊]
[သူမ ယဲ့ယွီအနီးကို ချဉ်းကပ်ပြီး သူ့အဝတ်အစားတွေကို သပ်ရပ်အောင် ပြင်ပေးကာ တိုးတိုးလေး ပြောလိုက်တယ်- "ယွီအာ၊ မကြောက်ပါနဲ့။ အမေရှိရင် ဘယ်သူမှ ရှင့်ကို အနိုင်ကျင့်လို့ မရဘူး! အမေ ခဏနေရင်မင်းအတွက် အရသာရှိတာလေးတွေ လုပ်ပေးမယ်။"]
[ယဲ့ယွီ ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။]
[ဟဲကျဲယင် ထရပ်လိုက်တယ်။]
[သူမရဲ့ ရင်ထဲမှာ မတွေးဘဲ မနေနိုင်ခဲ့ဘူး- သားကို ကာကွယ်ရတဲ့ ခံစားမှုက ငါ့အတွက် တကယ်ကို မိုက်တယ်!]
[ဒီအတွေးကို ကြားတော့၊]
[ယဲ့ယွီရဲ့ ခန္ဓာကိုယ်ထဲမှာ နွေးထွေးတဲ့ စွမ်းအင်တစ်ခု တိုးဝင်လာခဲ့တယ်။]
[သူ့ကျင့်ကြံမှုမြန်နှုန်း ထပ်မံ တိုးလာခဲ့တယ်။]
[သူက ချီသန့်စင်ခြင်းရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ နီးနေပြီ။]
[မှန်ပါတယ်၊ ဟဲကျဲယင်ကလည်း ကျင့်ကြံသူတစ်ယောက်ပဲ။]
[သူမမှာ အလွန်မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်နဲ့ ထူးချွန်တဲ့ ပါရမီ ရှိတယ်။]
[ဒီလိုနဲ့ အသက် ၆၇၀ မှာ သူမဟာ တာအိုနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နှင့်နေပြီ။]
[သူမဟာ သမိုင်းမှာ အငယ်ဆုံး အမျိုးသမီးပညာရှင့် ဖြစ်လာနိုင်ခြေ အများဆုံးလို့ ချီးကျူးခံခဲ့ရဖူးတယ်။]
[ယဲ့ချင်ယွီက သူ့ကို အလွန် အလေးထားခဲ့တယ်။]
[သူမကို လက်ထပ်ပြီးမှ ဟဲကျဲယင်ဟာ နှုတ်ရေးကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း သိလိုက်ရတယ်လို့ သူ နည်းနည်းမှ မသိခဲ့ဘူး။]
[နေ့တိုင်း သူမက လှပစွာ ပြောဆိုတတ်တယ်။]
[ဒါက ယဲ့ချင်ယွီကို တော်တော် ဒုက္ခပေးခဲ့တယ်။]
[ဒါကြောင့် သူ ဟဲကျဲယင်ရဲ့ ဆရာ၊ ပညာရှင့် ကျိန်းဟိုင်ကို သွားတွေ့ခဲ့တယ်။]
[သူ ဒီကိစ္စကို မေးမြန်းခဲ့တယ်။]
[ကျိန်းဟိုင် ဟဲကျဲယင်အကြောင်း ပြောတဲ့အခါ သူ မျက်ရည်တွေ ပြည့်နေခဲ့တယ်။]
[ဟဲကျဲယင်က အမြဲတမ်း ဒီလိုပဲ၊ သူမ မပြောတဲ့အခါ နတ်သမီးတစ်ပါးလိုပဲ၊ ထူးခြားပြီး လွတ်လပ်တယ်။]
[ဒါပေမဲ့ သူမ ပါးစပ်ဖွင့်လိုက်တာနဲ့ သူမရဲ့လှပတဲ့ပုံစံလေးကို ဖျက်ဆီးသလိုပဲ။]
[လူတွေ ပြောင်းလဲဖို့ ခက်တယ်၊ မင်း သူမကို လက်ထပ်ပြီးကတည်းက လက်ခံရမှာပဲ!]
[အမျိုးသမီးတွေနဲ့ သေးငယ်တဲ့လူတွေပဲ ထိန်းသိမ်းရခက်တယ်!]
[ယဲ့ချင်ယွီ ရင်ထဲမှာ ခါးသီးနေခဲ့တယ်။]
[မထွက်ခွာခင် ကျိန်းဟိုင်က ယဲ့ချင်ယွီရဲ့ လက်ကို မြဲမြဲဆုပ်ကိုင်လိုက်တယ်။]
[သူ တစ်ခု မေးချင်တယ်။]
[သူ အနာဂတ်မှာ သူ့ကို ထပ်ပြီး ရှာစရာ မလိုတော့ဘူးလို့ မျှော်လင့်တယ်။]
[ဟဲကျဲယင်က သူ့တပည့်လို့ ဘယ်သူ့ကိုမှ မပြောတာ အကောင်းဆုံးပဲ။]
[သူ တကယ်ကို မျက်နှာပျက်တာ မခံနိုင်ဘူး။]
[ယဲ့ချင်ယွီ လုံးဝ စိတ်ဓာတ်ကျတော့မလို ဖြစ်ခဲ့တယ်။]
[သို့သော် နောက်ပိုင်းတွင် ဟဲကျဲယင်သည် နှုတ်ကြမ်းသော်လည်း စိတ်ရင်းကောင်းကြောင်း သူ တွေ့ရှိခဲ့သည်။]
[ဒါကြောင့် သူ ဘာမှ ထပ်မပြောတော့ဘူး။]
[အချိန်ကြာလာတာနဲ့အမျှ သူ အသားကျလာခဲ့တယ်။]
[ဆဲဆိုခံရတာ ဘာဖြစ်လဲ? သူ သူ့ရဲ့ ချီကို လေ့ကျင့်တယ်လို့ပဲ သဘောထားလိုက်တယ်။]
[ရိုက်နှက်ခံရတာကတော့ သူ ကိုယ်ခန္ဓာ လေ့ကျင့်တယ်လို့ မှတ်ယူလိုက်တယ်။]
[အားကောင်းတဲ့သူတွေက သူတို့ ပတ်ဝန်းကျင်ကို ဘယ်တော့မှ မညည်းညူဘူးလို့ပဲ ပြောနိုင်တယ်၊ ဒါက အမှန်ပဲ။]
[ယဲ့ယွီက ယဲ့ချင်ယွီဆီ လျှောက်သွားပြီး ခေါင်းကို အနည်းငယ် ခါလိုက်တယ်။]
[အဖေ၊ သူမကို ရထားတာက အဖေ့အတွက် ကံကောင်းခြင်းပဲ၊ ကျွန်တော့်ကို ရထားတာကလည်း အတူတူပဲ!]