← Chapters

သဘောတူခြင်း

Vol. 4 Ch. 311

သဘောတူခြင်း

Vol. 4 Ch. 311

ကူထန်းမင်မှာ ပြည်နယ်၏ အာဏာအရှိဆုံး လူများ အနက် တစ်ယောက် ဖြစ်သည်။ အကယ်၍ ကူထန်းမင်သာ ဆန္ဒရှိလျှင် ပြည်နယ်တစ်ခုလုံးအား လှုပ်ခါ၍ ရသည်။ ချန်းမိသားစု၏ နောက်ခံအင်အားများဖြစ်ကြသော ချင်ဟွာနှင့် ဝေ့မိသားစုပင်လျှင် သူ့အား ဂရုစိုက်၍ ဆက်ဆံရမည် ဖြစ်သည်။

ထို့အပြင် ကူထန်းမင်မှာ အသက်လေးဆယ်ခန့်သာ ရှိသေးရာ အလားအလာ ရှိသော လူတစ်ယောက်ဖြစ်သည်။ သူ့အနေဖြင့် အနာဂတ်၌ ပြည်နယ်ဝန်ကြီး ရာထူးအား ရယူနိုင်ရန်ပင် ဖြစ်နိုင်သည်။

သို့သော်လည်း လွန်ခဲ့သော သုံးလခန့်က ကူထန်းမင် ကျန်းနန်နယ်မှ အဝေးသို့ ပြောင်းရွှေ့ခြင်း ခံလိုက်ရပြီး သူ့သတင်းအား မည်သူမျှပင် မကြားရတော့ချေ။ ကောလာဟလများ ကမူ အပြစ်မပြုသင့်သော သူတစ်ယောက်အား အပြစ်ပြုမိ၍ ဟုဆိုကြသည်။

ဖန့်ချုံးက သံသယဖြစ်သည့် ဟန်ဖြင့်…

"အဖေ .. ကူထန်းမင်က ဘယ်လိုလုပ်ပြီး ပါလာရတာလဲ…"

စုစုကမ မျက်မှောင်ကြုတ်ကာ တစ်ခုခုအား အလေးအနက် စဉ်းစားရင်း…

"ကူထန်းမင် ရာထူး အလျော့ခံရတာ အဲဒါကြောင့်…"

"အမှန်ပဲ…"

ဖန့်မင်ဒီက ခေါင်းငြိမ့်ရင်း ဆိုသည်။

"အစ်ကို ပင်ရှန်းက ငါ့ကို ပြောခဲ့ဖူးတယ်။ ကူထန်းမင်က ရှန်းမိသားစုကို အမြဲ ထောက်ခံခဲ့တယ် တဲ့။ သူသာ မရှိရင် ရှန်းရုန်ဟွာက အရှေ့တောင်ကြား ဒေသကို ဝယ်နိုင် မှာတောင် မဟုတ်ဘူ”

"ရှန်းမိသားစု ကျဆုံးပြီးတဲ့ နောက်မှာ ကူထန်းမင်က တစ်ခုခု လှုပ်ရှားဖို့ ကြိုးစားခဲ့ပုံပဲ။ ဒါကြောင့်ပဲ သူဒီကနေ ပျောက်ကွယ်သွားတာ ဖြစ်ပုံရတယ်။ စွန်းပင်ရှန်းက ငါ့ကို ချန်းဖန်ရဲ့ ပုံပြပြီးတော့ အပြစ်မပြုမိအောင် နေဖို့ သတိပေးခဲ့တယ်”

ဖန့်မင်ဒီ၏ စကားများက အထက်တန်းစား မိသားစုများ ကြားတွင်ပင် လျှို့ဝှက်ချက်အဖြစ် ရှိနေသည့် အရာများ ဖြစ်သည်။ ထိုသတင်းများက လူတိုင်း ကြားသိနိုင်သော အရာများ မဟုတ်ချေ။

"ဒါပေမဲ့… အဲဒါက ကူထန်မင်လေ…"

စုစု၏ မျက်နှာက ဖြူလျော်လာခဲ့သည်။

"ဟုတ်တယ်… သူက ကူထန်မင်ပဲ…"

ဖန့်မင်ဒီ၏ ခေါင်းငြိမ့်သည်။ သူ၏ စကားလုံးတိုင်းက စုစုအား အံ့အားသင့်စေခဲ့သည်။

ရှန်းမိသားစုနှင့် ရှန်းရုန်ဟွာမှာ ကျန်းပေ့နယ်၏ အချမ်းသာဆုံးများ အဖြစ် ကျော်ကြားသည့်တိုင် ထိုအရာက အပေါ်ယံသာ ဖြစ်သည်။ ကူထန်းမင်သာ အစစ်အမှန် အချမ်းသာ ဆုံးနှင့် အာဏာအရှိဆုံး လူဖြစ်သည်။

ရှန်းမိသားစုနှင့် ချန်းမိသားစု နှစ်ခုပေါင်းလျှင်ပင် ကူထန်းမင်အား ယှဉ်နိုင်ရန် ဝေးကွာနေသေးသည်။

"အစ်ကို ပင်ရှန်းက ပြောသေးတယ်။ ချန်းဖန်က စစ်တပ်ရဲ့ နောက်ခံလည်း ရှိနေတယ်တဲ့။ လီဝူချန်းက အဲဒီ ကောင်လေးကို အရမ်း အလေးပေးတယ် လို့ပြောတယ်”

ဖန့်မင်ဒီက အသက်ပြင်းပြင်း ရှူကာ ဆက်ပြောလိုက်သည်။

"လီဝူချန်း…"

ဖန့်ချုံးက မျက်မှောင်ကြုတ်လိုက်သည်။ ထိုနာမည်အား သူမ မကြားဖူးချေ။

"ရှင်ပြောတာ လီဝူချန်းလား…"

စုစု၏ မျက်နှာက ဖြူလျော်လာသည်။

ဖန့်မင်ဒီက ပါးစပ်မှ ပြန်မဖြေပဲ ခေါင်းညိတ်ပြလိုက်သည်။

မယုံကြည်နိုင်သည့် ခံစားချက်များက စုစု၏ ခေါင်းအတွင်း စုပြုံကာ ဝင်ရောက်လာခဲ့သည်။ လီဝူချန်းမှာ တရုတ် စစ်တပ်၏ အာဏာအကြီးဆုံး လူများအနက် တစ်ယောက် ဖြစ်သည်။ စုမိသားစုပင်လျှင် လီဝူချန်းအား ရိုသေစွာ ဆက်ဆံရသည်။ စုမိသားစုသို့ လီဝူချန်း အလည်လာတိုင်း အဘိုးကြီး ကိုယ်တိုင်ပင် ထွက်ကာ ကြိုဆိုရသည်။

ထိုကဲ့သို့သော လူမျိုးက အသက် နှစ်ဆယ်ပင် မပြည့်သေးသော လူငယ်လေးအား အဘယ့်ကြောင့် အရေး ပေးရမည်နည်း။ စုစု တွေးမရခဲ့ပေ။

ရုတ်တရက် မှတ်ဉာဏ် တစ်ခုက စုစု၏ အသိစိတ်ထဲသို့ ဖြတ်ခနဲ ဝင်လာခဲ့သည်။

"တကယ်လို့ ကျွန်တော့်မှာ စုမိသားစုကို အနိုင်ယူနိုင်တဲ့ အင်အားရှိမယ် ဆိုရင်ရော ဖန့်ချုံးကို ကျွန်တော်နဲ့ သဘောတူမှာလား”

ထိုအရာကား ယနေ့နံနက်တွင်ပင် ကော်ဖီဆိုင်၌ ချန်းဖန် ပြောခဲ့သော စကားပင်။ ထိုစဉ်က ချန်းဖန်၏ စကားများအား ရယ်စရာ တစ်ခုဟုသာ သူမ တွေးထင်ခဲ့သည်။

"ငါ တကယ်ပဲ အမြင်မှားခဲ့တာလား…"

စုစုက ခေါင်းကို ငုံ့ရင်း တီးတိုးနေရရွတ်မိသည်။

ထိုအချိန် ဖန့်ချုံးမှာမူ ပျော်ရွှင်မှုများ ပြည့်လာခဲ့သည်။ ချန်းဖန်မှာ ကျန်းပေ့၏ ဆရာချန်း ဖြစ်နေလိမ့်မည်ဟု သူမ တစ်ခါမျှပင် မတွေးခဲ့ဖူးချေ။ သူမသိသားသည့် ချန်းဖန်မှာ သာမန်ဆန်ပြီး ရိုးသားသည့် ကောင်လေး တစ်ယောက်သာ ဖြစ်သည်။

ဖန့်ချုံး အနေဖြင့် ချန်းဖန်နှင့် လက်ထပ်ဖြစ်ခဲ့ခြင်းအပေါ် စိတ်မပျက်မိသည့်တိုင် မိန်းကလေးတိုင်း သည်ကား ချမ်းသာကြီး ပတ်ဝန်းကျင်မှပင် မော့ကြည့်ရသည့် လူမျိုးနှင့် လက်ထပ် ချင်ကြသည်သာ။

"မိန်းမ… မင်းက ချန်းဖန်ကို အကဲခတ်တဲ့ နေရာမှာ လွဲမှားခဲ့ပုံပဲ။ ငါ့သမီးက မင်းထက်ပိုပြီး အမြင်ကျယ်တယ်။ ချန်းဖန်က သာမန်လူ တစ်ယောက် မဟုတ်ဘူး ဆိုတာ သမီးက မြင်နိုင်ခဲ့တယ်”

ဖန့်မင်ဒီက ပြုံးရင်း ပြောလိုက်သည်။

"အဖေ… ဘာတွေ လျှောက်ပြောနေတာလဲ…"

ဖန့်ချုံးက ရှက်ရွံ့စွာ တားသည်။

"ခုနကပဲ ရှောင်ဖန်ကို ယောက်ျားလို့ပဲ ခေါ်နေသေးတယ်။ ခုမှ ဘာတွေ ရှက်နေတာလဲ”

ဖန့်မင်ဒီက ရယ်မောရင်း ဆိုသည်။

ဖန့်ချုံးမှာ ရှက်လွန်းသဖြင့် မျက်နှာကြီး နီရဲလာပြီး ခေါင်းအား အောက်သို့ငုံ့သည်။ ဖန့်မင်ဒီက သူ့သမီး၏ ရှက်ရွံ့နေသော ပုံအားကြည့်ရင်း ရယ်နေရာမှ ရပ်လိုက်သည်။

"အမေ… အခု ဘာပြောချင်သေးလဲ…"

ဖန့်ချုံးက အနည်းငယ် မော့ရင်း စုစုအား အောင်နိုင်သူ တစ်ယောက်နှယ် ကြည့်သည်။

ထိုည၏ ပြဿနာများကား အလုံးစုံ ပြီးဆုံးခဲ့ပြီဟု ဆိုနိုင်သည်။ သိသာစွာပင် ဖန့်ချုံးက အနိုင်ရခဲ့သည်။

စုစုက ဖန့်ချုံး၏ အမေးအား ပြန်မဖြေခဲ့ပေ။ ထို့အစား နှာခေါင်း ရှုံ့ရန်သာ သူမ တတ်နိုင်တော့သည်။

စုစုက အကြောင်းပြချက် များစွာအား အသုံးပြု၍ ထိုစုံတွဲအား ခွဲရန် ကြိုးစား ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ချန်းဖန်က သူ၏ အစစ်အမှန် အရည်အချင်းများအား ထုတ်မပြခဲ့ရာ သူမ၏ သမီးနှင့် မထိုက်တန်ဟုသာ ထင်မြင်ခဲ့သည်။

ကျန်းပေ့နယ်မှ ဆရာချန်းမှာမူ ရှန်းမိသားစုနှင့် ကူထန်းမင်ကိုပင် ရှင်းပစ်နိုင်သည့် အပြင် မြို့ပေါင်းများစွာအား တုန်လှုပ်စေခဲ့သူ တစ်ယောက် ဖြစ်သည်။ စုမိသားစုမှာ ထိုကောင်လေးကို မကြောက်လျှင်ပင် သူ့အား လေးစားစွာ ဆက်ဆံရမည် ဖြစ်သည်။

စုမိသားစု မည်မျှပင် ချမ်းသာစေကာမူ လီဝူချန်း၏ ထောက်ခံမှု ရထားသော ချမ်းဖန်အား ဆန့်ကျင်ရန်က အကြံကောင်း တစ်ခု မဟုတ်ချေ။

"သူက ရှန်းချန်ဝမ်ထက်တောင် ပိုအရည်အချင်း ရှိတာပဲ။ သူ့ရဲ့ အကူအညီနဲ့ဆို ရှောင်ချုံးရဲ့ အနာဂတ်က ပိုပြီး လွယ်ကူလာလိမ့်မယ်။ စုမိသားစုက အဘိုးကြီး ကလည်း ဒီကိစ္စကို ကန့်ကွက်မယ် မထင်ဘူး။ စုမိသားစုရဲ့ ဒုတိယနဲ့ တတိယ မျိုးဆက်ထဲမှာလည်း။ချန်းဖန်ကို ယှဉ်နိုင်တာ တစ်ယောက်မှ မရှိဘူး”

ထိုအတွေးဖြင့် စုစု၏ မျက်နှာက အနည်းငယ် နူးညံ့လာသည်။

"ကောင်းပြီ… သမီးရဲ့ လက်ထပ်ပွဲကို အမေ မကန့်ကွက်တော့ပါဘူး…"

"တကယ်လား…"

ဖန့်ချုံး၏ မျက်လုံးက ပျော်ရွှင်မှုဖြင့် တောက်ပလာသည်။

"ဒါပေမဲ့ သမီးက အရမ်းငယ်သေးတယ်။ အခု လက်ထပ်လိုက်တာ ကတော့ လွန်တယ်။ အမေပြောချင်တာက သမီးရဲ့ ကောင်လေး အနေနဲ့ အမေတို့ သူ့ကို မတွေ့ရသေးသလို သူ့ရဲ့ မိဘတွေကိုလည်း သမီးသွား မတွေ့ရသေးဘူး မလား”

စုစုက သူမအား ဆူလိုက်သည်။

"ဒါနဲ့ သမီးတို့ နှစ်ယောက်လုံးမှာ မှတ်ပုံတင်တွေ မရှိသေးပဲ ဘယ်လို လက်ထပ်ခဲ့တာလဲ။ ကျောင်းယို့ယို့ရဲ့ ဦးလေးက ကူညီခဲ့တာလား”

"အမေကလည်း…"

ဖန့်ချုံးက စောဓကတက်ရန် ပြင်လိုက်သော်လည်း စုစု၏ အသံက ပြန်လည် ထွက်ပေါ်သည်။

"အနည်းဆုံးတော့ သူ့ရဲ့ မိဘတွေရဲ့တွေ့ပြီး ဆွေးနွေး သင့်တာပေါ့။ အဲဒီနောက်မှ မင်္ဂလာပွဲကို စီစဉ်သင့်တယ်”

စုစုက လက်နှစ်အား ပိုက်လိုက်ရင်း ပြောသည်။

ဖန့်ချုံးက အခန်း၏ ထောင့်တစ်နေရာ၌ ငြိမ်သက်စွာ ရပ်ရင်း သူမ၏ စကားအား နားထောင် နေခဲ့သည်။ သူမ၏ ပုံစံကား ရှက်ရွံ့နေသော ကြက်ပေါက်လေး တစ်ကောင်အလားပင်။

သူမ ငယ်စဉ်တည်းက အရာရာအား သူမ၏ မိခင်ကပင် စီစဉ်ပေးခဲ့သည်။ အကယ်၍ ချန်းဖန်အပေါ် သူမ၏ အချစ်များကြောင့်သာ မဟုတ်လျှင် သူမအား ဘယ်တော့မှ ဆန့်ကျင်လိမ့်မည် မဟုတ်ပေ။

"ဖန့်မင်ဒီ… ချန်းကောရှင်းနဲ့ ဝမ်ရှောက်ယွင်တို့ကို ဆက်သွယ်လိုက်။ သူတို့နှစ်ယောက်ကို စေ့စပ် ပေးထားမယ်လို့။ သူတို့ နှစ်ယောက်က လက်ထက်ဖို့ အရမ်း ငယ်လွန်းသေးတယ်။ ဒါကြောင့် လက်ထပ်ပွဲကို သူတို့ ဘွဲ့ရမှ စီစဉ်ကြမယ်လို့”

"အိုကေ… မိန်းမ…"

ဖန့်မင်ဒီက ခေါင်းညိတ် လိုက်သည်။ သူကား ချန်းဖန်ကို အမြဲတမ်း သဘောကျခဲ့သူ ဖြစ်သည်။ ယခုကဲ့သို့ ချန်းဖန်၏ အစစ်အမှန် ပုံရိပ်အား တွေ့မြင်လိုက်ရခြင်းက သူ့အား ပိုမို ပျော်ရွှင်စေသည်။

စကားဝိုင်း ပြီးဆုံးသည်နှင့် ဖန့်ချုံးက လက်ထပ်စာချုပ်အား ကြည့်သည်။ စုစုက သူမ တွေးနေသည့် အရာအား ခန့်မှန်းမိပုံ ပေါ်သည်။

"ကိုယ့်အခန်းကို ပြန်တော့။ လက်ထပ်စာချုပ်ကို အမေ သိမ်းပေးထားမယ်။ လွှင့်မပစ်ပါဘူး မစိုးရိမ်နဲ့။ ကတိပေးတယ်”

သူမက ပြုံးလိုက်ရင်း…

"သမီးနဲ့ ရှောင်ဖန်တို့ရဲ့ မှတ်ပုံတင်တွေ မပါတဲ့ ဒီလက်ထပ်စာချုပ်က သိပ်တရား မဝင်ဘူးနော်”

ဖန့်ချုံးကမူ မည်သို့ပြန်ပြောရမှန်း မသိချေ။ သူမ၏ မျက်နှာက နီရဲ၍ လာသည်။

"စိတ်မပူနဲ့။ တရားဝင်ဖြစ်အောင် အမေ လုပ်ပေးမှာပေါ့။ သမီးရဲ့ အဖိုးတန် ခေါင်းလေးထဲကို အဲဒီ ကိစ္စတွေ ထည့်မထားနဲ့တော့”

စုစုက သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်သည်။

"ကျေးဇူးပါ… အမေ"

အပြစ်ကင်းသော အပြုံးလေး တစ်ခုက သူမ၏ မျက်နှာတွင် ပေါ်လာသည်။ ထိုအပြုံးက သူမအား ပိုမို၍ ချစ်စရာ ကောင်းစေသည်။

"ကလေးလို လုပ်မနေနဲ့တော့။ သမီးက လက်ထပ်ပြီးပြီနော်”

စုစုက သူမ၏ ခေါင်းအား အကူအညီမဲ့စွာ ခါယမ်းမိတော့၏။

***

All Chapters