← Chapters

ကျောင်းဟိုင်၏ ကျိမိသားစု

Vol. 4 Ch. 316

ကျောင်းဟိုင်၏ ကျိမိသားစု

Vol. 4 Ch. 316

"နင်တို့ ဘာတွေ ပြောနေကြတာတုန်း…"

အခြား မိန်းကလေး နှစ်ယောက်က မေးလိုက်သည်။ သူတို့အားလုံးမှာ ကျောင်းဟိုင်မှ ဖြစ်ပြီး ကျင်းမြို့တော်သို့ အလည်အပတ် ခရီးထွက်လာခြင်း ဖြစ်သည်။

ပါးချိုင့်နှင့် မိန်းကလေးက မျက်မှောင်ကြုတ်လိုက်ရင်း…

"ငါ နိုင်ငံခြားကို ရောက်နေတာကြောင့် သူနဲ့ မတွေ့တာ နှစ်နှစ်လောက် ရှိပြီ။ ငါသူ့ကို နောက်ဆုံး တွေ့ဖူးတာက အစ်ကိုလော့ချန်းရဲ့ ပါတီမှာ။ အကိုလော့ချန်းက ငါ့ကို ဖန့်ချုံးရဲ့ ပုံပြ ခဲ့တယ်လေ။ ခုန ကားထဲက ကောင်မလေးရဲ့ပုံက ဖန့်ချုံးနဲ့ ချွတ်စွပ်ပဲ”

"အမကျို့ မှန်လောက်တယ်။ အသက်ကလည်း ဖန့်ချုံးနဲ့အတူတူလောက်ပဲ။ နောက်ပြီး စီးတဲ့ကားလည်း တူတယ်။ သူက ဖန့်ချုံးပဲ ဖြစ်ရမယ်”

ချောမောသော လူငယ်က ပြောလိုက်သည်။

"အစ်မကျို့ ကြောင့်သာ မဟုတ်ရင် ငါတို့က သူမှန်းတောင် သိမှာ မဟုတ်ဘူး။ သူက ဒီကိစ္စကို သခင်လေးကျိကို ဘယ်လိုရှင်းပြမလဲ မသိဘူး”

"ဟေ့… နင်တို့တွေ ဘာကိစ္စကို ပြောနေတာလဲ။ ဖန့်ချုံးဆိုတာ ဘယ်သူလဲ။ နောက်ပြီး သူက သခင်လေးကျိနဲ့ ဘယ်လို ပတ်သက်လို့လဲ”

အခြား မိန်းကလေး နှစ်ယောက်က နားမလည်စွာ မေးသည်။

လူငယ်က သူမတို့အား ကြည့်ရင်း…

"သခင်လေးကျိကို သူ့ရဲ့ မိသားစုက လက်ထပ်ပေးဖို့ စီစဉ်နေတာ နင်တို့ သိတယ် မလား…"

"အင်း… ဒါပေါ့…"

"အဲဒီ သတင်းက ဆိုရှယ်မီဒီယာ(လူမှုကွန်ယက်) တွေပေါ်မှာတောင် နာမည်ကြီးနေတာ။ အဲကောင်မလေးက ဘယ်သူဖြစ်မလဲ လို့တောင် ငါတို့ ငြင်းနေကြသေးတယ်”

မိန်းကလေး နှစ်ယောက်က ပြန်ဖြေသည်။

"ဝူကျိုးရဲ့ အဘိုးကြီးစုနဲ့ သခင်လေးကျိရဲ့ အဘိုးက မိတ်ဆွေတွေတဲ့။ သူတို့နှစ်ယောက်ကနေ လက်ထပ်ပွဲကို စီစဉ်ကြတာ”

လူငယ်က အေးစက်စွာ ပြုံးရင်း ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒီ မိန်းကလေးက မကောင်းတဲ့ မိန်းမဆိုတာ ဘယ်သူက သိမှာလဲ”

"အစ်ကိုနင်း… နင်ပြောတာ ခုနက ဖန့်ချုံးက သခင်လေးကျိရဲ့ သတို့သမီးလောင်းလား…"

မိန်းကလေး နှစ်ယောက်က ပါးစပ်များအား ပိတ်ရင်း အံ့အားသင့်စွာ မေးလိုက်ကြသည်။

"ခုထိတော့ မဟုတ်သေးဘူး။ စကား ပြောထားတာ လောက်ပဲ။ ဒါပေမဲ့ အဘိုးကြီးစု ပြောထားတဲ့ စကားက မဖြစ်ဘူးဆိုတာ မရှိခဲ့ဘူး”

လူငယ်က ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

ကျိမိသားစုမှာ ကျောင်းဟိုင်၏ အချမ်းသာဆုံးသော မိသားစုများအနက် တစ်ယောက် ဖြစ်ကာ ကျိလော့ချန်းမှာ ကျိမိသားစု လူငယ်မျိုးဆက်၏ အတော်ဆုံး ဖြစ်သည်။

"မနက်ဖြန်က အဘိုးကြီးစုရဲ့ အသက် ကိုးဆယ်ပြည့် မွေးနေ့ပဲ။ သခင်လေးကျိက အဲဒီပွဲမှာ ဖန့်ချုံးနဲ့ စေ့စပ်ဖို့ ပြင်ဆင်နေခဲ့တာ”

လူငယ်က ဆက်၍ ပြောလိုက်သည်။

မိန်းကလေးနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် နားမလည်စွာ ကြည့်လိုက်မိသည်။ ပါးချိုင့်နှင့် မိန်းကလေးမှာမူ တစ်ခွန်းမျှ ဝင်မပြောပဲ တိတ်ဆိတ်နေခဲ့သည်။

နောက်ဆုံး၌ လူငယ်က ဖုန်းအား ထုတ်လိုက်ရင်း…

"သခင်လေးကျိကို ဖုန်းခေါ်ဦးမယ်။ အဲကောင်နဲ့ ကောင်မက သခင်လေးကျိကို အရူးလုပ်တာ ငါခွင့်မပြုနိုင်ဘူး…"

အေးစက်သော အလင်းတစ်ခုက လူငယ်၏ မျက်လုံးတွင် ဖြစ်ပေါ်လာသည်။

"ဝူကျိုး စုမိသားစုက မိန်းကလေးက ခုလို မိန်းမပျက်ဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ”

သူကပြောရင်း ကားမောင်းနေသာ လူဘက်သို့ လှည့်ရင်း…

"အကိုဘို… ကျွန်တော်တို့ အစ်ကို့ရဲ့ အကူအညီကို လိုနေပြီ…"

ကားမောင်းနေသော သာမန်ထွားကြိုင်းသော လူကြီးက စတီးယားရင်(Steering)အား ကျွန်းကျင်စွာ ထိန်းချုပ်ရင်း အေးစက်သော အသံဖြင့်…

"အဲမိန်းမရဲ့ ပုံစံ ကျုပ်လည်း တွေ့ပြီးပြီ။ အစ်ကိုကျိရဲ့ အလုပ်က ကျုပ်ရဲ့ အလုပ်ပဲ…"

ထိုလူသန်ကြီး၏ စကားအား နားထောင်ရင်း ပါးချိုင့်နှင့် မိန်းကလေး၏ မျက်နှာက မည်းမှောင် လာခဲ့သည်။

ထိုလူသန်ကြီး၏ အမည်ရင်းက ကျောက်ဘိုဖန် ဖြစ်ပြီး ကျင်းမြို့တော် ဥပဒေ ထိန်းသိမ်းရေး အဖွဲ့မှ စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်သည်။

လောလောဆယ်တွင် ထန်လုံအဖွဲ့သို့ လက်ဖတင်နင်(ဗိုလ်ကလေး) ရာထူးဖြင့် ရွှေ့ပြောင်းခြင်း ခံထားရသူ ဖြစ်သည်။ သူကား အသက်သုံးဆယ်အရွယ်မှာပင် လက်ဖတင်နင် ဖြစ်လာသည့် လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။

"ယုကျီ… ဘိုဖန်… ငါတို့ အလျင်စလို လုပ်လို့ မရဘူး။ ငါသိသလောက်ဆိုရင် ဖန့်ချုံးက အရမ်း တော်တဲ့ ကောင်မလေးပဲ။ ရှန်းချန်ဝမ်က သူ့ကို နှစ်အကြား လိုက်တာတောင် ပြန်ချစ်ခဲ့တာ မဟုတ်ဘူး။ အဲတစ်ယောက်က သူ့အကိုလား မသိဘူး”

အမကျို့ဆိုသည့် မိန်းကလေးက ပြောသည်။

"အမကျို့… အဲမိန်းကလေးရဲ့ မျက်နှာက ဘယ်လောက် နီရဲနေတယ်ဆိုတာ အမမြင်တာပဲ။ သူ့ဘေးက တစ်ယောက်က သူ့ရဲ့ ရည်းစားဆိုတာ ကျွန်တော် ကျိန်ရဲတယ်”

နင်းယုကျီက အေးစက်သော အသံဖြင့် ပြောသည်။

"အဘိုးကြီးစုရဲ့ ဆန္ဒကြောင့်သာ မဟုတ်ရင် သခင်လေးကျိက အဲလက်ထပ်ပွဲကို သဘော တူမှာတောင် မဟုတ်ဘူး”

နင်းယုကျီက ဆက်ပြောလိုက်သည်။

"နောက်ပြီး ဖန့်ချုံးက အဘိုးကြီးစုရဲ့ တိုက်ရိုက်မြေး မဟုတ်ဘူး။ ဖန့်ချုံးရဲ့ အဘိုးအရင်းက အဘိုးကြီးစုရဲ့ ညီတစ်ယောက်ပဲလို့ ကျွန်တော် ကြားထားတယ်။ ဖန့်မိသားစုက ကျင်းမြို့မှာ မထင်မရှား နေခဲ့ရတယ်။ ဟမ့်… သူတို့က သခင်လေးကျိလို လူမျိုးကို လက်ထပ်ခွင့်ရတာ ကံကောင်းတယ် ဆိုတာ မသိဘူး ထင်တယ်”

နေကာ မျက်မှန်နှင့် မိန်းကလေးက တစ်ခုခုအား ပြန်ပြောရန် ပြင်လိုက်သော်လည်း အရှိန်သတ်၍ တိတ်ဆိတ် နေလိုက်သည်။

***

ထိုအချိန်၌ ချန်းဖန်နှင့် ရှောင်ချုံးတို့မှာ ဝူကျိုးသို့ ရောက်နေခဲ့ပြီ ဖြစ်၏။

စုမိသားစုမှာ ဝူကျိုးမြို့၏ အစွန်ပိုင်းနေရာ၊ တိုင်ရေကန်ကြီး၏ ကမ်းခြေနား၌ တည်ရှိသည်။ ခြံဝန်းမှာ အလွန်ပင် ကျယ်ဝန်းပြီး တရုတ်ရိုးရာပုံစံ နံရံကြီးများဖြင့် ကာထားသည်။ ခြံဝန်းအတွင်း တွင်လည်း ရေကန်ငယ်များ၊ တံတားခုံးများ စသည်ဖြင့် ရှေ့ဟောင်း တရုတ်ရိုးရာ ပုံစံများအတိုင်း အလှဆင်ထားသည်။

"ဒီလို ယဉ်ကျေးမှု၊ သမိုင်းကြောင်း… အရမ်းမိုက်တယ်”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ အဘိုးကြီးစု၏ မွေးနေ့က နောက်တစ်နေ့တွင် ကျင်းပမည် ဖြစ်ရာ စုမိသားစု ခြံဝင်းကား ဧည့်သည်များဖြင့်သာ ပြည့်နှက်နေတော့သည်။

ခြံဝန်း၏ အစောင့်တစ်ယောက်က ချန်းဖန်တို့ထံ လျှောက်လာကာ စံအိမ်၏ အခန်းများက ပြည့်နှက်နေပြီ ဖြစ်ကြောင်း အားနာစွာပြောပြသည်။

ချန်းဖန်က ဖန့်ချုံးအား ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြုံးရင်း…

"ဝူကျိုးက အကျယ်ကြီးပဲဟာ။ တစ်ညလောက် နေဖို့အတွက်က နေရာတွေမှ အများကြီး ပါပဲ”

ဖန့်ချုံးကမူ သက်ပြင်း တစ်ချက်ချရင်း ချန်းဖန်အား တောင်းပန်သည့် အကြည့်ဖြင့် ကြည့်သည်။ ချန်းဖန်မှာ သူမ၏ ခင်ပွန်းဖြစ်ကာ ယခု မိသားစုနှင့် တွေ့ဆုံပေးရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အိမ်၌ အခန်းတစ်ခန်းပင် မရခြင်းက အလွန်အားနာစရာ ကောင်းသည်။

ချန်းဖန်နှင့် ဖန့်ချုံးတို့ ပြန်လှည့်ထွက် လာစဉ်မှာပင် အသံတစ်ခုက သူတို့ထံသို့ ပျံ့လွင့်လာသည်။

"ဟေ့… ကိုးလေး… ဘယ်သွားမလို့လဲ။ နေဖို့နေရာ မရှိလို့လား။ အစ်မကို မေးရောပေါ့”

ဖန့်ချုံးမှာ သူမတို့ မျိုးဆက်များကြား၌ ကိုးယောက်မြောက် ဖြစ်ရာ အခြားလူများက သူမအား ကိုးလေး ချစ်စနိုး ဟု ခေါ်လေ့ရှိသည်။ သို့သော်လည်း ထိုမိန်းမ၏ အသံက မိထွေးဆိုး တစ်ယောက်၏ အသံအလား နွေးထွေးကြင်နာခြင်း ခမ်းခြောက်နေ၏။

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း သူတို့ထံသို့ လျှောက်လာသည့် နှစ်ယောက်အား ကြည့်လိုက်သည်။

မိန်းကလေးက အသက်သုံးဆယ်ခန့် ရှိကာ ဆွဲဆောင်မှု ရှိသော မျက်နှာနှင့် အချိုးအစား ကျနသော ခန္ဓာကိုယ် ရှိသည်။ သူမ လမ်းလျှောက်ပုံအား နောက်ကျောမှ ကြည့်မိသည့် ယောက်ျားတိုင်း လိင်စိတ် ထကြွလာနိုင်လောက်သည်။

ယောက်ျားလေးမှာမူ အသက် ဆယ့်ခြောက်နှစ်ခန့်လောက် ရှိကာ အထက်တန်း ကျောင်းသား အရွယ်ဖြစ်သည်။ သူကမူ ချန်းဖန်နှင့် ဖန့်ချုံးတို့အား ဖော်ရွေသည့်အပြုံးဖြင့် ကြည့်နေခဲ့သည်။

"အစ်မကိုး… အစ်မရောက်လာပြီလား။ သူကရော ဘယ်သူလဲဟင်”

လူငယ်လေးက ချန်းဖန်အား စိတ်ဝင်စားစွာ ကြည့်ရင်း မေးသည်။

ဖန့်ချုံးက မိန်းကလေးအား အေးစက်စွာ ကြည့်လိုက်ရင်း ချန်းဖန်နှင့် မိတ်ဆက် ပေးလိုက်သည်။

"သူက ဦးကြီးရဲ့ သမီး စုချင်။ နောက်ပြီးသူက ပဉ္စမ ဦးလေးရဲ့သား စုလင်းတဲ့”

ထို့နောက် ဖန့်ချုံးက ချန်းဖန်၏ လက်အား ချိတ်ကာ လူငယ်လေးအား ကြည့်ရင်း …

"သူကတော့ အစ်မရဲ့ ယောက်ျား ချန်းဖန်တဲ့…"

"ဘယ်လို…"

စုချင်နှင့် စုလင်း နှစ်ယောက်လုံးမှာ အလွန်ပင် အံ့အားသင့်မိသွားသည်။

စုချင်က ဖန့်ချုံးအား ထူးဆန်းစွာ ကြည့်မိသည်။ ထိုကောင်မလေး ကြီးပြင်းလာပုံအား သူမကောင်းစွာ မြင်ခဲ့ရသည်။ သူမက ဖန့်ချုံးအား သဘော မကျသည့်တိုင် သူမမှာ လူငယ် မျိုးဆက်များ အတွင်း အတော်ဆုံး ဖြစ်ကြောင်းကိုမူ ကောင်းကောင်းသိသည်။ ထို့အပြင် ဖန့်ချုံးမှာ အေးအေးဆေးဆေး တစ်ကိုယ်တည်း နေတတ်သူ ဖြစ်သည်။

ယခုမူ သူမက ကောင်လေး တစ်ယောက်၏ လက်ကိုဆွဲရင်း လက်ထပ်ပြီးပြီ ဖြစ်ကြောင်း ပြောနေခဲ့သည်။

မိသားစုထဲတွင် ပျံ့နှံ့နေသည့် သတင်းစကား တစ်ခုအား ပြန်တွေးမိသည်နှင့် စုချင်၏ မျက်နှာက မှောင်မည်းလာသည်။

"ကိုးလေး… ဘိုးဘိုးကြီးက နင့်အတွက် စီစဉ်ထားတဲ့…"

"ငါသိတယ်…"

ဖန့်ချုံးက သူမ၏ စကားအား ဖြတ်ကာ ပြောလိုက်သည်။

"ဒါကြောင့် တတိယအဘိုးကို ရှင်းပြဖို့ ရှောင်ဖန်နဲ့အတူ လာခဲ့တာ”

"ဒါပေမဲ့… ကျောင်းဟိုင်ရဲ့ ကျိမိသားစုက …"

စုချင်က ထပ်မံပြောဆိုရန် ပြင်သည်။

"မစိုးရိမ်ပါနဲ့ အမဝမ်းကွဲ။ ငါ ခုည ရှောင်ဖန်နဲ့ အတူနေဖို့ နေရာတစ်ခု ကိုယ့်ဘာသာ ရှာလိုက်ပါ့မယ်။ ပြောစရာရှိရင် ဖုန်းခေါ်လိုက်နော်”

ခေါင်းရှုပ်စရာ မေးခွန်းများ မလာခင်မှာပင် ဖန့်ချုံးက ချန်းဖန် နှင့်အတူ စုမိသားစု ခြံဝန်းမှ အလျင်စလို ထွက်လာ ခဲ့တော့သည်။

စုချင်ကား မည်သို့ပြောရမှန်း မသိတော့ချေ။ စုလင်းကမူ စိတ်ရှုပ်သော ပုံစံဖြင့်…

"အစ်မ ချင်ချင်… အစ်မတို့ ဘာပြောနေတာလဲ။ ကျောင်းဟိုင် ကျိမိသားစုက ဘာဖြစ်လို့လဲ”

စုချင်က အဖြေမပေးပဲ တစ်ခုခုအား စဉ်းစားနေခဲ့သည်။ မကြာခင်မှာပင် ကျေနပ်သော အပြုံး တစ်ခုက သူမ၏ မျက်နှာတွင် ထင်ထင်ရှားရှားပင် ပေါ်လာခဲ့သည်။

"ကိုးလေး… နင်က ဘိုးဘိုးကြီးရဲ့ အရေးပေးခံရတာနဲ့ ငါတို့ထက် နင့်ကိုယ်နင် ပိုတော်တယ် ထင်နေတယ်ပေါ့။ နင် အခုလို အရူးထ ထားတာကို ဘယ်လို ရှင်းပြမလဲ ကြည့်ရသေးတာပေါ့”

***

All Chapters