← Chapters

စုမိသားစု ပါတီ

Vol. 4 Ch. 318

စုမိသားစု ပါတီ

Vol. 4 Ch. 318

စုစုက သူမ၏ ခေါင်းအား ငုံ့ရင်း ဖန့်ချုံးနှင့် ချန်းဖန်တို့ ကြားမှ အဖြစ်အပျက်အား ရှင်းပြလိုက်သည်။ ခန်းမအတွင်းရှိ လူများ အနေဖြင့် ယခုကဲ့သို့ ဆယ်ကျော်သက် ကလေးများ၏ တဇွတ်ထိုး ဆန်သော အချစ်ဒရမ်မာ ဇာတ်လမ်းအား ကြားရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

"အဓိပ္ပာယ်မရှိဘူး။ လုံးဝကို အဓိပ္ပာယ် မရှိဘူး။ သူတို့က အသက် ဆယ့်ကိုးနှစ်ပဲ ရှိသေးတာ။ အချစ် အကြောင်းကို သူတို့ ဘယ်လိုသိမှာလဲ။ သူတို့ကြောင့် ငါတို့ ဝူကျိုးရဲ့ စုမိသားစု သိက္ခာတော့ အကျမခံနိုင်ဘူး”

စုကျန်းဒီက အော်ပြောလိုက်သည်။

စုမိသားစု၏ အကြီးဆုံးသား၊ လက်ရှိ စုမိသားစု ခေါင်းဆောင် အနေဖြင့် သူ၏ လွှမ်းမိုးမှုက လူငယ်မျိုးဆက်များ အပေါ်၌ ကြီးမားသည်။ ဖန့်ချုံး၏ ထိုအဓိပ္ပာယ်မရှိသော လုပ်ရပ်က လက်ခံနိုင်စရာ မရှိပေ။

အခြား မိသားစု များစွာမှာလည်း ဖန့်ချုံးအား ဒေါသထွက်နေကြသည်။ စုရန်ဟိုပင်လျှင် စိတ်ပျက်မှုဖြင့် မျက်မှောင်အား ကြုတ်ထားသည်။

သူတန်ဖိုး အထားဆုံး မြေးမက ဤကဲ့သို့ လုပ်ရပ်မျိုး လုပ်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ အဆိုးဆုံးက ကျိမိသားစုကိုပါ မျက်နှာပျက်စေခဲ့ခြင်း ဖြစ်သည်။

"ညီခုနစ်… မင်းမြေးက တကယ့်ကို အရှက်မရှိတာပဲ။ သူက မိသားစု စီးပွါးရေး လုပ်ငန်းတွေကို တာဝန်ယူနိုင်မယ်လို့ မင်းဘာကြောင့် ထင်ရတာလဲ”

စုရန်ဟို၏ ဘေး၌ ထိုင်နေသော အဘိုးအိုက အခြား အဘိုးအို တစ်ယောက်အား ကြည့်ရင်း မေးလိုက်သည်။

"ဒုတိယ အကို၊ တတိယ အကို… ရှောင်ချုံးကို ခွင့်လွှတ်ပေးပါ။ ဒါက ကျွန်တော့် အမှားပါ။ သူ့ကို ကောင်းကောင်း မသွန်သင်မိတာပါ”

အဘိုးအိုက ထရပ်ရင်း ပြောလိုက်သည်။

"ညီခုနစ်… အရင်ထိုင်လိုက်ပါဦး။ အေးအေးဆေးဆေး ပြောကြတာပေါ့”

စုရန်ဟိုက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

အဘိုးအိုက တုန်ရီစွာဖြင့် ပြန်လည်ထိုင်လိုက်သည်။ သူကား စုစု၏ အဖေ၊ စုရန်ဟို၏ ခုနစ်ယောက်မြောက်ညီ စုရန်ဝမ် ဖြစ်သည်။ သူ၏ ဉာဏ်သိပ်မကောင်းမှုကြောင့် ငယ်စဉ်ကတည်းက အခြားလူများရှေ့၌ အနှိမ်ခံခဲ့ရသည်။ သို့သော်လည်း ဖန့်ချုံး မွေးဖွားလာပြီးနောက်၌ သူမကြောင့် သူ၏ အဆင့်အတန်းက ပြန်လည် မြင့်မား လာခဲ့သည်။

ဖန်ချုံးက ခွင့်မလွှတ်နိုင်သော အမှားကြီးအား ကျူးလွန်ခဲ့သည့်တိုင် သူ့ရှေ့၌ မြေးမအား စော်ကား နေခြင်းကိုမူ သူလက်မခံနိုင်ပေ။

ဖခင်ကြီး၏ တုန်လှုပ်နေသော အမူအရာအား ကြည့်ရင်း စုစု၏ မျက်ဝန်းမှ မျက်ရည်များ စီးကျ လာခဲ့တော့သည်။ သူမက ထိုင်နေရာမှ ထရပ်လိုက်ရင်း….

"ဦးလေး… ကျွန်မ အပြစ်တွေလည်း ပါပါတယ်။ ဒါပေမဲ့ ချန်းဖန်က သိပ်မဆိုးတဲ့ လူတစ်ယောက် ဆိုတာ…"

သူမ၏ စကား မဆုံးခင်မှာပင် စုကျန်းဒီက ဝင်ပြောလိုက်သည်။

"သူက ကျင်းမြို့၊ ချန်းမိသားစုရဲ့ သာမန်လူ တစ်ယောက်ပဲလေ။ သူ့အကြောင်း ဘာပြောစရာ ရှိနေသေးလို့လဲ။ ချန်းဟွိုက်အန်းအောင် အဖေကို တွေ့ရင် ရိုရိုသေသေ ဆက်ဆံရမှာ။ သူ့အဖေ ချန်ကောရှင်းက ရာထူးမြင့်တဲ့ အရာရှိကြီး တစ်ယောက် ဖြစ်တော့ရော ဘာထူးဆန်းလဲ။ သူတို့က စုမိသားစုနှင့် ကျိမိသားစုကို မှီမှာလား…"

စုစုက တစ်ခုခုအား ပြန်ရန် ပြင်လိုက်သော်လည်း သူမ၏ စကားလုံးများအား ပြန်လည်မြိုချကာ ခေါင်းငုံ့၍ ရပ်နေလိုက်သည်။

"အဖေ… ရှောင်ချုံးကို အခုချက်ချင်း ပြန်ခေါ်သင့်တယ်။ သူကို့ အခြားကောင်လေး တစ်ယောက်နဲ့ အခြား တစ်နေရာမှာ ထားတာ မသင့်တော်ဘူး။ ကျွန်တော်တို့ မိသားစု သိက္ခာကျလိမ့်မယ်”

စုကျန်းဒီက စုရန်ဟိုဘက်သို့ လှည့်ကာ ပြောလိုက်သည်။

စုရန်ဟိုက တောင်းပန်သည့် အပြုံးဖြင့် သက်ပြင်းတစ်ချက်ချရင်း…

"အစ်ကိုကျိ… လွဲမှားမှုလေးတွေ ဖြစ်သွားတဲ့ အတွက် ကျုပ်တောင်းပန်ပါတယ်ဗျာ…"

"အစ်ကိုစု… ကိစ္စ မရှိပါဘူး”

ကျိလျှိုကျူက ခေါင်းအား ခါလိုက်ရင်း ဆက်ပြောလိုက်သည်။

"လူငယ်တွေ ဆိုတာ။ တဇွတ်ထိုး နိုင်ကြတာ ချည်းပဲ။ လူကြီးတွေက အဲဒါကို ခွင့်လွှတ် ပေးရမှာပေါ့။ နောက်ပြီး တရုတ်နိုင်ငံမှာ တရားဝင် လက်ထပ်ခွင့်က ၂၁ နှစ် ၂၂ နှစ် လောက်မှရတာ။ သူတို့က လက်မှတ်ထိုးပြီးပြီ ဆိုရင်တောင် တရားမဝင်ပါဘူး။ သူတို့ တရားဝင် လက်ထပ်ဖို့ နှစ်အနည်း ငယ်လောက် စောင့်ရဦးမှာ”

"ဒီနှစ်တွေအတွင်း ဘာမဆို ဖြစ်သွားနိုင်တယ်”

ကျိလျှိုကျူက ပြုံးရင်း ပြောလိုက်သည်။

"အစ်ကိုကျိ… ခင်ဗျား ဘာကို ပြောချင်တာလဲ…"

စုရန်ဟိုက စိတ်ရှုပ်ထွေးစွာ မေးသည်။

"ကျုပ်တို့ရဲ့ သဘောတူညီချက်ကို မဖျက်သေးပဲ ထားကြတာပေါ့။ ကျုပ်တို့က သူတို့ နှစ်ယောက်ရဲ့ သဘောထားကိုတောင် မေးရသေးတာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ နှစ်ယောက်ကို အရင်တွေ့ပေးပြီး ဖြည်းဖြည်းချင်း သွားကြတာပေါ့”

ကျိလျှိုကျူက အေးစက်စက် ပြုံးရင်း ဆက်ပြောလိုက်သည်။

"နောက်ပိုင်းကျတော့ သူ့ရဲ့ ရွေးချယ်မှုထက် ကျုပ်တို့ စီစဉ်ပေးတာက ဘယ်လောက် ပိုကောင်းကြောင်း သူနားလည် သွားလိမ့်မယ်”

ကျိလျှိုကျူမှာ ချန်းဖန်၏ နာမည်အား တစ်ခွန်းမျှပင် မပြောခဲ့ချေ။ ထိုကောင်လေးမှာ သူ၏ မြေးနှင့် ယှဉ်ပါက အသုံးမကျသူသာ ဖြစ်သည်။

"ဟုတ်တယ်။ ချန်းဖန်က သခင်လေးကျိနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ”

စုကျန်းဒီက သဘောတူစွာ ခေါင်းညိတ်သည်။

ကျိလော့ချန်း ကလည်း မာနကြီးစွာ ပြုံးလိုက်သည်။ ဖန့်ချုံး၏ ကလေး ဘဝတည်းမှ သူငယ်ချင်းမှာ သူ့အား မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

"စုစု… မင်းပြောတာ ချန်းဖန်က ချန်းမိသားစုက ဆိုတော့ လူတိုင်း ပြောနေကြတဲ့ ကျင်းမြို့တော် စုမိသားစု ကလား…"

စုရန်ဟိုက စဉ်းစားရင်း မေးလိုက်သည်။

"ဟုတ်ပါတယ်…"

စုစုက အလျင်အမြန် ပြန်ဖြေသည်။

"စုမိသားစုက ကျင်းမြို့မှာ မြန်မြန်ဆန်ဆန် တိုးတက်လာတယ်တဲ့။ သူတို့နာမည်ကို ကျောင်းဟိုင် ကတောင် ကြားရတယ်”

ကျိလျှိုကျူးက ခေါင်းညိတ်သည်။ သို့သော်လည်း ထိုနာမည်က သူ့အတွက် ထူးဆန်းပုံ မရချေ။

ကျိုးမိသားစုနှင့် စွန်းမိသားစုတို့ပင် ကျိမိသားစုအား မယှဉ်နိုင်ရာ ချန်းမိသားစုဆိုလျှင် ထည့်စဉ်းစားစရာပင် မလိုချေ။

စုစုက ချန်းဖန်၏ အကြောင်းအား ပြောပြချင်နေသည့်တိုင် တိတ်တဆိတ်သာ နေလိုက်သည်။

သူမ အနေဖြင့် ယခုကဲ့သို့ လူနည်းစုသာ ရှိသည့်နေရာ၌ ဆရာချန်း၏ အကြောင်းအား မပြောပြလိုပေ။ များစွာသော အထက်တန်းစားများ၊ အဆင့်မြင့်ပုဂ္ဂိုလ်များစွာ ရှိသည့်နေရာတွင် ဆရာချန်းဟူသော ပုံရိပ်အား ချန်းဖန်ကိုယ်တိုင် ပြစေလိုသည်။ လူအများ အလယ်၌ ထိုအဘိုးကြီးများ၏ မျက်နှာများမှ ကြောက်ရွံ့မှုများအား သူမ အရသာခံကာ ကြည့်လိုသေးသည်။

ခဏအကြာ၌ တွေ့ဆုံပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျိလော့ချန်း အခန်းထဲမှ အပြင်သို့ ရောက်သည်နှင့် သူ၏ မျက်နှာမှ အပြုံးများ မရှိတော့ပေ။ သူက ဘေးမှ လက်ထောက်အား…

"ချန်းဖန် အကြောင်း စုံစမ်းလာခဲ့။ သူ့အကြောင်း အချက်အလက်အစုံ လိုချင်တယ်”

"သူက ငါ့မိန်းကလေးကို ထိရဲတယ်ပေါ့။ သေချင်နေတာပဲ”

လီဝူချန်း၏ မျက်လုံးများက ဒေါသဖြင့် တလက်လက် တောက်ပနေခဲ့သည်။  သူ့အနေဖြင့် ဖန့်ချုံးအား မတွေ့ဖူးသည့်တိုင် လက်ထပ်ပွဲပျက်ခြင်း ဆိုသော အရာက သူ၏ သိက္ခာအား ကျဆင်းစေမည့် အရာ ဖြစ်သည်။ အကယ်၍ သူသာ လက်ဗလာဖြင့် ကျောင်းဟိုင်သို့ ပြန်ခဲ့ရပါက မည်ကဲ့သို့ မျက်နှာပြရမှန်း မသိတော့ချေ။

***

ထိုအချိန်၌ ချန်းဖန်နှင့် ဖန့်ချုံးတို့မှာ ဝူကျိုး တစ်မြို့လုံးအား ပတ်ရင်း အလှအပများအား ခံစားနေခဲ့ကြသည်။

ဝူကျိုးမှာ နှစ်ထောင်ချီ သမိုင်းရှိသဖြင့် သမိုင်းဝင်နေရာ အမြောက်အများ ရှိသည်။ ကျားရဲတောင်၊ မြို့တော် ပန်းခြံ၊ ခြင်္သေ့ ဥယျာဉ်၊ အေးခဲတောင်ကုန်း ဘုရာကျောင်း စသည့် ထင်ရှား ကျော်ကြားသည့် နေရာများစွာလည်း ရှိသည်။

ချန်းဖန်မှာ အတိတ်ဘဝက ဝူကျိုးသို့ အကြိမ်ကြိမ် ရောက်ဖူးသည့်တိုင် ရှု့ခင်းများကိုမူ တစ်ခုမျှပင် ပတ်ကြည့်ရန် အချိန်မရှိခဲ့ချေ။ ယခုတစ်ကြိမ်က ရှေ့ဟောင်း မြို့တော်ကြီး၏ အလှအပ များအား လည်ပတ်ကာ ကြည့်သည့် ပထမဆုံး အကြိမ် ဖြစ်သည်။

နေဝင်ရီတရော အချိန်အရောက်သို့ အရောက်၌ စားသောက်ဆိုင် တစ်ခုအား ရှာဖွေရန် သူတို့ ဆုံးဖြတ်လိုက်ကြသည်။

ထိုစဉ်မှာပင် ဖန့်ချုံး၏ ဖုန်းက မြည်လာခဲ့သည်။

ဖုန်းအားချပြီးနောက် သူမ၏ မျက်နှာက အနည်းငယ် အခက်တွေ့နေပုံရနေခဲ့သည်။

"ဘာဖြစ်လို့လဲ…"

ချန်းဖန်က ပြုံးရင်း မေးသည်။

"ငါ့ရဲ့ အစ်ကိုကြီး စုပန် ဆက်တာဟ။ အိမ်မှာ လူငယ်မျိုးဆက် တွေ့ဆုံပွဲ ရှိတယ်တဲ့။ သူက နင့်ကိုပါ ခေါ်လာဖို့ ပြောတယ်”

ဖန့်ချုံးက ချန်းဖန်အား စိတ်ပူစွာ ကြည့်ရင်း ပြောသည်။

"သွားကြမယ်လေ။ ဘာလို့ မသွားရမှာလဲ”

ချန်းဖန်က ပြုံးရင်း ပြောသည်။

"ငါ့အတွက် စိတ်ပူမနေနဲ့။ ငါက ဆရာချန်းဆိုတာ မေ့မနေနဲ့ဦး။ အဲဒီ ပုရွက်ဆိတ်လေး တွေက ငါ့ကို ဘာမလုပ်နိုင်ဘူး”

"ဟုတ်ပါပြီ… ဟုတ်ပါပြီ…"

ဖန့်ချုံးက သူ့အား မျက်စောင်းထိုးလိုက်သည်။

ချန်းဖန်အား ကျန်းပေ့ တစ်နယ်လုံးကိုပင် လွှမ်းမိုးနိုင်သည် ဖြစ်ရာ ထိုလူငယ်များက သူ့အတွက် ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။

ထို့နောက် သူတို့ကားအား နောက်သို့ ပြန်လှည့်ရင်း ဝူကျိုးမြို့ အစွန် တစ်နေရာသို့ မောင်းလာခဲ့သည်။

တွေ့ဆုံပွဲမှာ ဝူကျိုးမြို့အပြင်ရှိ ကိုယ်ပိုင်ကလပ် တစ်ခု၌ ပြုလုပ်မည် ဖြစ်သည်။

ချန်းဖန်နှင့် ဖန့်ချုံးတို့ ထိုနေရာသို့ ရောက်သည်နှင့် မိန်းကလေး နှစ်ယောက်က သူတို့အား လမ်းပြကာ ပါတီခန်းမကြီး ထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ချန်းမကြီးအတွင်း၌ တစ်ဒါဇင်ခန့် ရှိသော စားပွဲများအား ခင်းကျင်းထားပြီး ကောင်းမွန်စွာ ဝတ်စားထားသော လူငယ်များ ရှိနေခဲ့သည်။

ချန်းဖန်က အခန်းအား တစ်ချက်ကြည့်ရင်း စစ်ဆေးလိုက်သည်။

"စုမိသားစု လူငယ်မျိုးဆက်တွေပဲ ဒီမှာ ရှိနေတာ မဟုတ်ဘူးပဲ။ ဝူကျိုးရဲ့ အခြားမိသားစုက လူတွေပါ ရှိနေတာပဲ”

ချန်းဖန်နှင့် ဖန့်ချုံးတို့ ဝင်လာသည်အား မြင်သည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ် သွားသည်။ သူတို့က ချန်းဖန်အား စိတ်ဝင်တစား ကြည့်ကြသည်။ ထိုလူငယ်က စုနှင့် ကျမိသားစုများ၏ သဘောတူညီမှု ကြားမှာပင် စုမိသားစု၏ အဖိုးတန်မြေးမအား သိမ်းပိုင်နိုင်ခဲ့သူ ဖြစ်သည်။

"ကိုးလေ… နင်ရောက်လာပြီပဲ”

အသက် သုံးဆယ်ခန့် ရှိသော လူငယ်တစ်ယောက်က ဖန့်ချုံးတို့ထံသို့ လျှောက်လာရင်း ပြောသည်။

"အစ်ကိုစုပန်…"

ဖန့်ချုံးက ခေါင်းညိတ်ပြသည်။

စုပန်က ချန်းဖန်အား တစ်ချက်မျှပင် မကြည့်ပဲ ဖန့်ချုံး၏ လက်အားဆွဲရင်း…

"ငါနဲ့ လိုက်ခဲ့။ ကျောင်းဟိုင်က ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးမယ်”

ဖန့်ချုံးက စုပန်ညွှန်ပြသော နေရာအား ကြည့်လိုက်သည်။ ထိုနေရာတွင် လူငယ်အချို့ ထိုင်လျှက် သူတို့အား အကဲခပ်နေပုံရသည်။

ထိုစားပွဲတွင် ထိုင်နေသော လူငယ်တစ်ယောက်က သူတို့အား ကြည့်ရင်း အေးစက်စွာဖြင့်…

"မိတ်ဆက်ပေးဖို့ မလိုပါဘူး။ ကျွန်တော်တို့ တွေ့ပြီးပြီ။ ဟုတ်တယ်မလား… မိန်းကလေး ဖန့်ချုံး…"

ဖန့်ချုံးက ထိုလူများအား ကြည့်ရင်း သူမတို့ အဝေးပြေး လမ်းမ၌ တွေ့ခဲ့ရသော လူများ ဖြစ်ကြောင်း မှတ်မိလိုက်သည်။

***

All Chapters