← Chapters

အရှက်မဲ့သော စော်ကားမှု

Vol. 4 Ch. 319

အရှက်မဲ့သော စော်ကားမှု

Vol. 4 Ch. 319

စုပန်က အေးစက်လာသော အခြေအနေများအား သတိမပြုမိပဲ စတင် မိတ်ဆက်လိုက်သည်။

"သူကတော့ ကျောင်းဟိုင် နင်းမိသားစုက သခင်လေးပါ။ သခင်လေးနင်းက ကျောင်းဟိုင်ရဲ့ သခင်လေး လေးယောက်ထဲက တစ်ယောက်ပဲ”

အခန်းအတွင်းရှိ လူငယ်များစွာက သူ့အား လေးစားစွာ ကြည့်လိုက်မိကြသည်။ သူကား တန့်ကျင်းဖန်၊ ကျုးရန်တုန်းတို့နဲ့ တစ်တန်းတည်း၌ ရှိသူ ဖြစ်သည်။

"အစ်ကိုပန်က မြောက်ပြောနေပြန်ပါပြီ။ ကျောင်းဟိုင်ရဲ့ သခင်လေး လေးယောက် ဆိုတာက မခံယူ ဝံ့ပါဘူးဗျာ…"

စုပန်က ပြုံးရင်း ဆက်၍ မိတ်ဆက်ပေးလိုက်သည်။

"ကိုးလေး… ဒါကတော့ ကျင်းမြို့က မိန်းကလေး ကျို့လော့ရင်ပါ။ သူက သခင်ကြီး ကျို့ရဲ့ သမီးပါ”

အံ့အားသင့်သော အသံများက စုပန်၏ စကား အဆုံး၌ အခန်း အတွင်း ပျံ့နှံ့လာခဲ့သည်။

"သူက ကျို့လော့ရင်လား…"

လူငယ်တိုင်းက ထိုမိန်းကလေးအား ကြည့်ကြသည်။ သူမက ညဘက်တွင်ပင် ကြီးမားသော နေကာ မျက်မှန်ကြီးအား ဝတ်ဆင်ထားသည်။ သို့သော်လည်း လှပသော နှုတ်ခမ်းများနှင့် ပါးချိုင့်လေးက သူမ၏ ဆွဲဆောင်မှုရှိခြင်းအား ပေါ်လွင်စေသည်။

ထို့အပြင် သူမ၏ မိသားစု နောက်ခံကလည်း မနာလိုဖြစ်စရာပင်။ သူမ၏ ဖခင် သခင်ကြီးကျို့မှာ ကျင်းမြို့တော်အား အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်များ အနက် တစ်ယောက် ဖြစ်ကာ သူ၏ အစိုးရရာ ထူးကလည်း ကူထန်းမင်ထက်ပင် ပိုမိုမြင့်မားနေသေးသည်။

"သူနဲ့ တန့်ရီဖေးက ကျန်းနန်ရဲ့ မင်းသမီးလေး နှစ်ယောက်လို့ လူတွေ နာမည်တပ်ကြတာကို ငါကြားဖူးတယ်”

အချို့လူများကလည်း တီးတိုး ရေရွတ်ကြသည်။

"အမကျို့…"

ဖန့်ချုံးက သူမအား နှုတ်ဆက်လိုက်သည်။ ကျို့လော့ရင်မှာ သူမ အလေးစားဆုံး လူများ အနက် တစ်ယောက် ဖြစ်သည်။

ကျို့လော့ရင်က ဖန့်ချုံးအား ရင်းနှီးစွာ ခေါင်းညိတ်ပြသည်။ သူမက ချန်းဖန်အား မြင်သည်နှင့် သံသယ အရိပ်အယောင် တစ်ခုက သူမ၏ မျက်နှာ၌ ဖြစ်ပေါ်လာသည်။

"သူ့ကို ရင်းနှီးနေတယ်လို့ ဘာလို့ ထင်နေတာလဲ…"

စုပန်က ဆက်လက်၍ ကျို့လော့ရင်၏ နံဘေးတွင် ထိုင်နေသော ကျောက်ဘိုဖန်နှင့် မိတ်ဆက်ပေးသည်။

ထို့နောက် စုပန်က စားပွဲ၏ ထိပ်ဆုံးမှ ထိုင်နေသော လူငယ်အား ညွှန်ပြကာ…

"သူကတော့ သခင်းလေးကျိ… ကျိလော့ချန်း…"

"သူက ကျိလော့ချန်းလား…"

ဖန့်ချုံးက အံ့အားသင့်ဟန်ဖြင့် ထိုလူငယ်အား ကြည့်သည်။

လူငယ်က ဖန့်ချုံးနှင့် အကြည့်ချင်းဆုံအောင် ကြိုးစားရင်း သူမအား ပြုံးပြသည်။ ဖန့်ချုံးက ထိုလူငယ်၏ အကြည့်ကြောင့် ချန်းဖန်၏ အနားသို့ ပိုမိုတိုးတပ်ကာ လက်အား ကိုင်လိုက်သည်။

မိန်းကလေး၏ အပြုအမူအား မြင်သည်နှင့် ကျိလော့ချန်း၏ မျက်နှာမှ အပြုံးက ပျောက်ကွယ် သွားကာ အေးစက်သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

"ကိုးလေး… ထိုင်ဦးလေ…"

စုပန်က ဖန့်ချုံးအား ပြောရင်း ဘေးမှ ချန်းဖန်အား ကြည့်သည်။ ထို့နောက်သူက ဧည့်ဝတ်ကျေ သဘောမျိုးဖြင့် ချန်းဖန်အား ပြောလိုက်သည်။

"မင်းရောပဲ…"

"ကျေးဇူးပါ… အစ်ကိုပန်…"

ဖန့်ချုံးက ပြောရင်း ခေါင်းညိတ်ပြသည်။

သူတို့နှစ်ယောက် ထိုင်ရန် ပြင်လိုက်စဉ်မှာပင် နင်းယုကျီက ထိုင်နေရာမှ ထရပ်လိုက်ရင်း…

"နေဦး…"

"ဒီလူကြီးမင်းနဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးပါဦး မိန်းကလေး ဖန့်ချုံး…"

ဖန့်ချုံးက အေးဆေးစွာ ထိုင်ခုံ၌ ထိုင်လိုက်ပြီးမှ နင်းယုကျီအား ကြည့်ကာ…

"သူက ကျွန်မရဲ့ သတို့သားလောင်း ချန်းဖန်တဲ့…"

နင်းယုကျီ၏ မျက်နှာက မဲ့ရွဲ့သွားပြီး စုပန်အား ကြည့်လိုက်သည်။

စုပန်ကိုယ်တိုင်မှာလည်း မည်သို့ ပြောရမှန်း မသိတော့ချေ။ စုမိသားစု တတိယ မျိုးဆက်၏ အကြီးဆုံး အစ်ကိုကြီး အနေဖြင့် အခြေအနေအား ထိန်းသိမ်းရန် သူ့တွက် တာဝန်ရှိသော်လည်း ဖန့်ချုံးအား သူအချိန်မီ မတားလိုက်နိုင်ပေ။ စုမိသားစုနှင့် ကျိမိသားစုကြားမှ မင်္ဂလာပွဲက မည်မျှ အထိ အရေးကြီးကြောင်း သူနားလည်သည်။ သို့သော်လည်း ချန်းဖန်ဆိုသော ကောင်လေး ပေါ်ထွက် လာခြင်းက မထင်မှတ်သော ကိစ္စဖြစ်သည်။

"နင့်မှာ သတို့သားလောင်း ရှိတယ်ဆိုတာ စုမိသားစုထဲမှာ ဘယ်သူမှ မသိကြပါလား…"

စုချင်က မေးလိုက်သည်။

ဖန့်ချုံး၏ မျက်နှာက မည်းမှောင်လာသည်။

"ဟုတ်တယ်။ စုမိသားစုက အိုနေပြီ ဆိုပေမဲ့ သိက္ခာနဲ့ပဲ နေခဲ့တာ။ ချင်မင်းဆက် လက်ထက်တည်းက မိသားစု စည်းကမ်းတွေကို မျိုးဆက်တိုင်း လိုက်နာခဲ့တယ်။ မိသားစု သဘောတူညီမှု မရှိရင် လက်ထပ်ပွဲဆိုတာလည်း မရှိဘူး။ ကိုးလေး… စုမိသားစုဝင် တစ်ယောက် အနေနဲ့ မိသားစု စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်”

အခြားလူငယ်တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။ သူကား ဖန့်ချုံး၏ ဒုတိယ အကို စုဇီ ဖြစ်ပြီး စု တတိယမျိုးဆက်များအနက် အတော်ဆုံးထဲမှ တစ်ယောက် ဖြစ်သည်။

စုမျိုးရိုး လူငယ်များထဲ၌ စုဇီက အတော်ဆုံး ယောက်ျားလေး ဖြစ်ကာ စုရှောင်ကမူ အထူးချွန်ဆုံး မိန်းကလေးဖြစ်သည်။

စုဇီ၏ စကားအား ကြားသည်နှင့် ဖန့်ချုံး၏ မျက်နှာက ပိုမိုမဲမှောင်လာသည်။ သူမက တစ်ခုခု ပြန်လည် ချေပရန် ပြင်လိုက်စဉ်မှာပင် အေးစက်သော အသံတစ်ခုက ထွက်ပေါ်လာသည်။

"စောက်ရေးမပါတဲ့ စုမိသားစုပဲ။ ငါ ချန်းဖန် တစ်ခုခုလုပ်ဖို့ မင်းတို့ဆီက ခွင့်တောင်း ရမှာလား”

လူတိုင်းက အသံလာရာသို့ ကပျာကယာ ကြည့်လိုက်သည်။

ထိုနေရာတွင်မူ ချန်းဖန်က လက်နှစ်အား အိပ်ထဲသို့ ထည့်ရင်း သက်တောင့်သက်တာ မတ်တတ် ရပ်နေခဲ့သည်။ သူ၏ ပုံစံက အရာရာအား ဂရုစိုက်ပုံ မရချေ။

သူ့အား ကြည့်ရင်း စုမိသားစုများစွာ၏ မျက်နှာများ မည်းမှောင်လာခဲ့သည်။

"စည်းကမ်း မဲ့လိုက်တာ။ ဝူကျိုးရဲ့ စုမိသားစုကို မင်းက ဘာထင်နေတာလဲ။ မင်းကို သတိ ပေးရဦးမယ်။ မင်းရောက်နေတာ ဝူကျိုးနော်။ ကျင်းမြို့ မဟုတ်ဘူး”

စုဇီက ချန်းဖန်အား ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

ချန်းဖန်က သူ့အား ပြန်မပြောပဲ ဖန့်ချုံးရှိနေသေည့် စားပွဲအားသွားကာ ထိုင်ခုံအား ဆွဲရင်းထိုင်ရန် ပြင်လိုက်သည်။ သူ့အနေဖြင့် ဖန့်ချုံး၏ ဝမ်းကွဲမောင်နှမများနှင့် အတိုက်အခံ မလုပ်လိုချေ။ သူ့ကြောင့် ဖန့်ချုံး မျက်မှာပျက်စရာများ မဖြစ်စေလိုပေ။

ချန်းဖန်၏ ဂရုမစိုက်သော ပုံအားကြည့်ရင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ထိုကောင်လေးက သူ၏ အချိန်များ အတွက် မထိုက်တန်ပေ။ သို့သော်လည်း ထိုကောင်လေး၏ မိုက်ရိုင်း စော်ကားသော အပြုအမူအား အဘိုးထံသို့ သေချာပေါက် သတင်းပို့ရမည်။

ချန်းဖန်က ထိုင်ရန်ပြင်လိုက်စဉ်မှာပင် နင်းယုကျီက သူ့အား ဟန့်တားရင်း…

"ဟေ့ကောင် မင်းမကြားဘူးလား။ မင်းက စုမိသားစုဝင် မဟုတ်ဘူး အခုထွက်သွားစမ်း”

ဖန့်ချုံးကား ဒေါသများကို မထိန်းနိုင်တော့ပေ။ သူမက နင်းယုကျီအား တင်းမာစွာ ကြည့်လိုက်ရင်း…

"နင်းယုကျီ… ဒါက ဘာအဓိပ္ပာယ်လဲ”

"မိန်းကလေးဖန့်… ခင်ဗျားက သခင်လေးကျိရဲ့ သတိုးသမီးလောင်းပါ။ ကျုပ် ခင်ဗျားနဲ့ စကား မများချင်ဘူး”

နင်းယုကျီက ပြုံးရင်း ပြောသည်။ ထို့နောက် ချန်းဖန်အား ကြည့်ရင်း…

"ဆရာ… ခင်ဗျား ထွက်သွားပေးပါ။ မဟုတ်ရင် လုံခြုံရေးတွေကို ခေါ်ရပါမယ်”

အခန်း တစ်ခုလုံးကား တင်းမာသော အခြေအနေအား ကြည့်ရင်း တိတ်ဆိတ် နေကြတော့သည်။ လူများက ချန်းဖန်အား ကြည့်ကြသည်။ ထိုအခြေအနေအား သူ မည်ကဲ့သို့ ဖြေရှင်းမည်ကို အမှန်ပင် စိတ်ဝင်စားမိသည်။

စုပန်နှင့် စုကျီတို့ကလည်း အခြေအနေအား ဝင်မထိန်းပဲ ထိုမြင်ကွင်းကို အရသာခံ၍ ကြည့်နေခဲ့ကြသည်။ နင်းယုကျီ၏ ဘေးတွင်ထိုင်သော လူအား သူတို့ကောင်းစွာ သိသည်။ သူက သိုင်းသမား တစ်ယောက်ဖြစ်ပြီး ထန်လုံအဖွဲ့၏ လက်ဖတင်နင်အဖြစ် သိပ်မကြာခင်ကပင် ရာထူးတိုး ခံထားရသူ ဖြစ်သည်။

အကယ်၍ ချန်းဖန်ဆိုသော ကောင်လေး အကြမ်းဖက်ချင်သည် ဆိုလျှင်ပင် သူ့အား မည်သို့မျှ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။ ကျောက်ဘိုချန်ကလည်း အသင့် အနေအထားအား ပြင်ဆင်ပြီး ချန်းဖန်အား စူးရဲစွာ ကြည့်သည်။

"ကျိလော့ချန်း၊ နင်းယုကျီ၊ ကျောက်ဘိုချန်၊ ကျို့လော့ရင်.."

"သူတို့ လေးယောက်က တကယ့်အင်အားစုကြီး လေးခု ပေါင်းထားတာပဲ။ ဒီကောင်လေး ဘယ်လို ဖြေရှင်းမလဲ ကြည့်ရမယ်”

စုပန်က သက်ပြင်းတစ်ချက်ချရင်း တွေးလိုက်သည်။ သူ့အနေဖြင့် မိသားစုနှစ်ခု ကြားမှ မဟာမိတ် ဖွဲ့ခြင်းအား နှောင့်ယှက်သော ထိုကောင်လေးအား ကူညီရန် အကြောင်းပြချက် မရှိပေ။

ကျိလော့ချန်းက ဝိုင်အား အေးဆေးစွာ သောက်ရင်း ထိုမြင်ကွင်းအား ကြည့်နေခဲ့သည်။ ကျို့လော့ရင်မှာမူ တစ်ခုခုအား မှတ်မိသွားဟန်ဖြင့် ပင့်သက် တစ်ချက်ရှိုက်လိုက်သည်။

လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က ပြုံးလိုက်ရင်း…

"မင်းက ငါ့ကို အကြမ်းဖက်ချင်တယ်ပေါ့။ ရတယ်လေ…"

ချန်းဖန်က ပြောရင်း အင်္ကျီလက်မောင်းအား ဆွဲတင်လိုက်သည်။ သူ၏ ကျောက်စိမ်းကဲ့ ချောမွေ့ကာ ကြည်လင်သော လက်က မီးရောင်အောက်၌ ပေါ်ထွက်လာခဲ့တော့သည်။

***

All Chapters