← Chapters

ဆရာချန်း

Vol. 4 Ch. 320

ဆရာချန်း

Vol. 4 Ch. 320

"မင်းရဲ့ ခြေတွေ၊ လက်တွေကို ချိုးပြီးတဲ့ အချိန်ထိ ရယ်နိုင်ဖို့ မျှော်လင့်တယ်။"

စကားဆုံးသည်နှင့် ချန်းဖန်က အလင်း တစ်ခုအလား လျင်မြန်စွာ ရွေ့လျား သွားပြီး နင်းယုကျီ၏ ဘယ်ဘက် လက်မောင်းအား သံညှပ် တစ်ခုနှယ် ဖျစ်ညှစ် လိုက်သည်။

"ချပ် …"

အားမစိုက် ရသေးခင်မှာပင် အရိုးကျိုးသံက ကျယ်လောင် စွာပင် ပေါ်ထွက် လာသည်။

"ဘာလဲ …"

လူတိုင်းက နင်းယုကျီ၏ တွဲလောင်း ကျသွားသော ဘယ်ဘက် လက်မောင်းအား ကြည့်ရင်း ကြက်သေ သေသွား ကြတော့သည်။

စုဇီ၊ စုချင်နှင့် စုပန်တို့မှာ အနည်းငယ် တုန်ခါ သွားကြသလို ကျိလော့ချန်း မှာလည်း လက်ထဲမှ ဝိုင်ခွက်ပင် လွတ်ကျ သွားခဲ့သည်။ ဝူကျိုးမှ လူငယ် များစွာမှာ ထိုင်ခုံများက ယမ်းယောင်၍ပင် ထရပ်ကာ နောက်သို့ အနည်းငယ် ဆုတ်မိ လိုက်ကြသည်။ အခြေအနေ များက နောက်သို့ ပြန်လှည့်ရန် မဖြစ်နိုင်ကြောင်း တွေးမိသည်နှင့် ဖန့်ချုံးက သူမ၏ မျက်လုံး များအား ပိတ်ထား လိုက်မိသည်။ ထိုမြင်ကွင်း များအား သူမ မကြည့်ချင်ပေ။

ဆရာချန်း ဆိုသော အမည်မှာ သွေးများ စွာဖြင့် တည်ဆောက် ထားခြင်း ဖြစ်ရာ ထိုဆယ်ကျော်သက် များအား သူခွင့်လွှတ် လိမ့်မည် မထင်ပေ။ ယခု တစ်ကြိမ်က ချန်းဖန်၏ စွမ်းအား များအား ပထမဆုံး အကြိမ် မြင်တွေ့ ရသည့် အကြိမ် ဖြစ်သည့်တိုင် ဖန့်ချုံး မကြောက်မိပေ။ ထို့အစား လုံခြုံခြင်းနှင့် နွေးထွေးခြင်း ကိုသာ ခံစားရသည်။

"အား …"

နာကျင်မှုက သူ၏ လက်မောင်းအား ဖြတ်သန်း၍ ဦးနှောက်သို့ ရောက်ရှိ လာသဖြင့် နင်းယုကျီ နာကျင်စွာ အော်ဟစ် လိုက်မိသည်။ သူက နောက်သို့ အလျင်စလို လျှောက်ရင်း သူ၏ အကောင်းအတိုင်း ရှိသော လက်တစ်ဖက်ဖြင့် ဒဏ်ရာ ပေါ်သို့ ဆုပ်ကိုင် လိုက်သည်။ ထို့နောက် ချန်းဖန်အား စူးရဲစွာ ကြည့်လိုက်ရင်း …

"မင်း … မင်း … လုပ်ရဲတယ်ပါ့။"

ထိုခွေးကောင်က သူ့အား ယခု ကဲ့သို့ လုပ်ရဲလိမ့်မည်ဟု သူမထင် ထားခဲ့ပေ။

လူသန်ကြီး ကျောက်ဘိုဖန် မှာလည်း ထိုမြင်ကွင်းအား ကြည့်၍ မျက်လုံးများ ပြူးနေ ခဲ့သည်။ လူသား များ၏ အရိုးများက မည်မျှ မာကျောကြောင်း သူကောင်းစွာ သိသည်။ သို့သော်လည်း ထိုကောင်လေးက အားစိုက်ပုံပင် မရပဲ နင်းယုကျီ၏ လက်မောင်းအား ချိုးပစ် ခဲ့သည်။

"သူက သာမန် ဆယ်ကျော်သက် ကောင်လေး မဟုတ်ဘူး။"

ကျောက်ဘိုဖန်က ကောက်ချက် ချလိုက်သည်။

နင်းယုကျီ အသက်ရှူ မဝခင် မှာပင် ချန်းဖန်က ရှေ့သို့ တိုးလိုက်ရင်း …

"မင်းရဲ့ ခြေတွေ၊ လက်တွေ အားလုံးကို ချိုးပစ်မယ်လို့ ငါပြော ပြီးပြီ။ လက်တစ်ဖက်တည်း မဟုတ်ဘူး။ အခုက ဒုတိယ တစ်ခုပဲ။"

စကားအဆုံး၌ ချန်းဖန်က လက်က လျင်မြန်စွာ လှုပ်ရှားကာ နင်းယုကျီ၏ အကောင်း အတိုင်း ကျန်နေသော ချိုးလိုက် ပြန်သည်။ ခပ်စူးစူး အရိုးကျိုးသံက အခန်း အတွင်းသို့ ပျံ့နှံ့လာပြန်သည်။

"သူက ရူးနေပြီ။ သူက ရူးနေပြီ။"

စုချင်က ချန်းဖန်အား လက်ညှိုး ထိုးရင်း တုန်ရီသော အသံဖြင့် အော်ဟစ်သည်။

"ရပ်စမ်း … နင်ဘာလုပ်နေလဲ ဆိုတာ နင်သိရဲ့လား။ နင်တိုက်ခိုက် နေတဲ့ သူက ဘယ်သူလဲ ဆိုတာရော နင်သိရဲ့လား။"

"ဒါပေါ့ … သိတာပေါ့ …"

ချန်းဖန်က သူမအား လှည့်မကြည့်ပဲ ပြောရင်း နင်းယုကျီ ထံသို့ တိုးလာ ခဲ့ပြန်သည်။

"မလုပ်နဲ့ … ရပ်စမ်း … ငါ့အဖေက နင်းချန်းတုန်။ ငါ့အဘိုးက နင်းကျုံးချန်။ မင်းငါ့ကို နာကျင်အောင် လုပ်လို့ မရဘူး။"

နင်းယုကျီက သွေးရူး သွေးတန်း အော်ဟစ်သည်။

ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း သူ၏ မျက်နှာအား တည်ငြိမ်စွာ ကြည့်သည်။

"မင်းငါ့ကို စော်ကားတဲ့ အတွက် တန်ရာ တန်ကြေးတော့ ပေးရမှာပဲ။"

ကျောက်ဘိုဖန်မှာ ထိုမြင်ကွင်းအား ကြည့်လိုပုံ မရတော့ချေ။ သူက သူ့ရှေ့မှ စားပွဲအား ရိုက်ချိုးကာ ချန်းဖန် ထံသို့ လျှောက်လာရင်း ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။

"ရပ်စမ်း …"

ချန်းဖန်က သူ့အား တစ်ချက်ပင် လှည့်မကြည့်ပဲ နင်းယုကျီ၏ ဒူးအား ဖြတ်ကန် လိုက်သည်။ နင်းယုကျီကား မြေပြင် ပေါ်သို့ ပုံရက်သား ကျသည်။ ကျိုးနေသော ခြေထောက် များဖြင့် မတ်တတ်ရပ်ရန် မဖြစ်နိုင်ပေ။

ကျောက်ဘိုဖန်က တင်းမာသော မျက်နှာဖြင့် ချန်းဖန်အား အေးစက်စွာ ကြည့်ရင်း …

"ဆရာ … တော်လောက်ပြီ။ သူ့ကို တစ်ဘဝလုံး အိပ်ရာပေါ်မှာ လှဲနေ စေချင်တာလား …"

"သူငါ့ကို စော်ကား ရဲရင် အလားတူ ပြန်ခံစားရမှာပဲ။ နောက်ပြီး မင်း … ထန်လုံရဲ့ တပ်ဖွဲ့ဝင် အသစ်လေးက ငါ့ကို တိုက်ခိုက်ချင်တယ်ပေါ့ ဟုတ်လား …"

"ကျုပ်ဘယ်သူလဲ ဆိုတာ ခင်ဗျား သိတာလား …"

ကျောက်ဘိုဖန်က ချန်းဖန်အား တအံ့တဩ ကြည့်ရင်း မေးလိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ …"

ကျန်းဘိုဖန်မှာ ထန်လုံ အဖွဲ့သို့ ယခုမှ ပြောင်းရွှေ့ခြင်း ခံရသူ ဖြစ်ရာ ချန်းဖန်အား မမြင်ဖူးသေးချေ။ ထန်လုံ အဖွဲ့ခေါင်းဆောင်၏ အမည်က ချန်းပေ့ရွှမ်းဟု သိသော်လည်း ချန်းဖန် ဆိုသော အမည်ကိုမူ သူမကြားဖူးသေးချေ။

"မင်း ငါ့ဘယ်သူလဲ ဆိုတာကို သိစရာ မလိုဘူး။ မင်းသိဖို့ လိုတာ တစ်ခုက ငါမင်းကို စိတ်ပျက် သွားပြီ ဆိုတာပဲ။"

ချန်းဖန်က အေးစက်စွာ ပြောရင်းပင် နင်းယုကျီ၏ အခြား ဒူးတစ်ဖက်အား ဖြတ်နင်း လိုက်သည်။ ကျောက်ဘိုဖန်မှာ ချန်းဖန်အား မည်သို့မျှ မတားဆီး လိုက်နိုင်ပေ။ ချန်းဖန်က သူ၏ ရှေ့တွင်ပင် နင်းယုကျီအား လေးကြိမ် တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး သူ့အနေဖြင့် ရပ်ကြည့်ရုံသာ တတ်နိုင် ခဲ့သည်။

"သူက ဘယ်က မကောင်းဆိုးဝါးလဲ …"

စုဇီနှင့် အခြား လူများ စွာမှာလည်း ချောက်ချားခြင်း၊ အံ့ဩခြင်း များဖြင့် ချန်းဖန်အား ကြည့်ရင်း တွေးနေ ခဲ့မိကြသည်။ ချန်းဖန်က နင်းယုကျီ၏ ကျန်ခြေထောက် တစ်ဖက်အား ချိုးပြီးသည်နှင့် ရုတ်တရက် လှည့်ကာ ကျောက်ဘိုဖန်အား ကျန်လိုက်သည်။

"ဘုန်း …"

ကျယ်လောင်သော အသံနှင့်အတူ ကျောက်ဘိုဖန်၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ပါပြီး နံရံအား ထိသည်။ ကျောက်ဘိုဖန်မှာ အတွင်းအားစဦး အောင်မြင်ခြင်း အဆင့်အား ရောက်ပြီး သည့်တိုင် ချန်းဖန်၏ ရှေ့တွင်မူ လေတိုက်ခြင်း ခံရသော ဝါဂွမ်းလေး အလားပင်။

"မင်းက ထန်လုံ ခန္ဓာကိုယ် လေ့ကျင့်ခန်းတွေ လေ့ကျင့် ထားတာလား …"

ချန်းဖန်က လက်နှစ်အား နောက်ပစ်ရင်း မေးလိုက်သည်။

"ခင်ဗျား ဘယ်လို သိတာလဲ …"

ကျောက်ဘိုဖန်က နာကျင်မှုအား လျစ်လျူရှု့ရင်း ချန်းဖန်အား မေးလိုက်သည်။

"ဘာလို့လဲ ဆိုတော့ ငါက အဲဒါကို ဖန်တီးထားတာ မလို့ပဲ။"

ချန်းဖန်က ကျောက်ဘိုဖန်အား ကျောခိုင်းရင်း နင်းယုကျီအား ကြည့်လိုက်သည်။ နင်ယုကျီအား မြေပြင် ပေါ်တွင် နာကျင်စွာ လဲလျောင်းရင်း ညည်းညူ နေခဲ့သည်။ သူ့အား ကူညီရဲသူ တစ်ယောက်မျှ မရှိပေ။

"ကမ္ဘာပေါ်မှာ မင်းဘယ်တော့မှ မစော်ကား သင့်တဲ့ သူတွေ ရှိတယ်။"

ချန်းဖန်က အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။

"အခုက ပထမဆုံး အကြိမ် ဖြစ်နေလို့ မင်းကို ညှာတာ ပေးလိုက်တာ။ ဒီသင်ခန်းစာကို မင်းမှတ်မိမယ်လို့ မျှော်လင့်တယ်။ နောက်တစ်ကြိမ် ဆိုရင် မင်းရဲ့ ဘဝကို ငါအဆုံးသတ် ပေးမယ်။"

ထိုအချိန်မှာပင် အတွင်းမှ ဆူညံသံ များကြောင့် အပြင်မှ လုံခြုံရေးများ ပြေးဝင် လာကြပြီး သေနတ်များအား ထုတ်လိုက်ကြသည်။

"ရပ်ကြစမ်း …"

ရုတ်တရက် အေးစက်သော အသံတစ်ခုက ပေါ်ထွက် လာကာ လုံခြုံရေး များအား တားလိုက်သည်။

"လော့ရင် … နင်ဘာလို့ တားရတာလဲ။"

"ဟုတ်တယ် အစ်မကျို့ … အဲကောင်က အန္တရာယ် ရှိတယ်။ သူ့ကို အချုပ်ထဲကို ပို့မှ ဖြစ်မယ်။"

စုချင်က အလောတကြီး ဝင်ပြော လိုက်သည်။

စုဇီနှင့် အခြား လူများကလည်း သဘောတူညီစွာ ခေါင်းညိတ် ကြသည်။

"အစ်မချင် …" ဖန့်ချုံးက အစ်မ ဝမ်းကွဲ ဖြစ်သူအား မယုံကြည်နိုင်စွာ ခေါ်လိုက် မိသည်။ သူမ အနေဖြင့် စုချင်က သူမ၏ သတိုးသားလောင်းအား ထောင်ထဲသို့ ထည့်ချင် နေလိမ့်မည်ဟု မထင် ထားခဲ့ပေ။ လုံခြုံရေး များ၏ ခေါင်းဆောင်က ကျို့လော့ရင်အား စိတ်ရှုပ် ထွေးစွာ လှမ်းကြည့်သည်။ သူ့အနေဖြင့် မည်သို့ ဆုံးဖြတ် ရမည်အား မသိချေ။

ကျို့လော့ရင်က မျက်မှန်အား ချွတ်ကာ ပြုံးလိုက်ရင်း …

"နင်တို့ တွေက ဆရာချန်းရှေ့မှာ ဘာမှအဖြစ် မရှိတဲ့ သတ္တဝါလေးတွေ ဆိုတာ နားမလည်ဘူးလား။ ကျောက်ဘိုဖန်တောင် ဆရာချန်းရဲ့ ကန်ချက် တစ်ချက်ကို မခံနိုင်ဘူး။ နင်တို့က ဆရာချန်းကို တိုက်ခိုက်ရဲ ရအောင် သေချင် နေတာလား။"

သူမက အစောင့်များအား ပြောပြီးနောက် ချန်းဖန် ဘက်သို့ လှည့်ကာ ပြုံးပြရင်း …

"ကျွန်မ မှန်တယ်မလား ဆရာချန်း …"

ကျို့လော့ရင်၏ စကားက လူအားလုံးအား ကြက်သေ သေစေ ခဲ့သည်။ သူတို့က ချန်းဖန်အား မယုံကြည် နိုင်စွာဖြင့် လှည့်ကြည့် လိုက်ကြသည်။ ကမ္ဘာပေါ်တွင် ဆရာချန်းပေါင်း မရေမတွက် နိုင်အောင် ရှိသည့်တိုင် ကျို့လော့ရင် ဆိုလိုသည့် ဆရာချန်းက မည်သူ ဖြစ်ကြောင်း နားလည် ကြသည်။ သူကား ကျန်းန နယ်တစ်ခုလုံးအား တုန်လှုပ် စေသည့် ကျန်းပေ့၏ ဆရာချန်းပင်။

"သူက ကျန်းပေ့ရဲ့ ဆရာချန်းလား …"

စုဇီနှင့် စုပန်တို့က ချန်းဖန်အား မယုံသင်္ကာ ကြည့်ကြသည်။

ကျန်းန နယ်၏ ချမ်းသာမှု တစ်ဝက်က ဝူကျိုးတွင် ရှိသည် ဟူသော ဆိုရိုး ရှိသည်။  ကျန်းနန်နယ်၏ အချမ်းသာဆုံး သူဌေးကြီး ဆယ်ဦး အနက် ခြောက်ဦးမှာ ဝူကျိုးမြို့မှ ဖြစ်သည်။ ထိုအထဲ၌ ကျောင်းတုန်းဟိုင်လည်း အပါအဝင်ပင်။ ဝူကျိုးနှင့် ကျင်းမြို့ တို့မှာ အလှမ်း မဝေးသည့် မြို့များ ဖြစ်သော်လည်း ဝူကျိုးနှင့် ယှဉ်လျှင် ကျင်းမြို့က သာမန် နယ်မြိုလေးသာ ဖြစ်သည်။

ထို့ကြောင့် ကျင်းမြို့တော်မှ အဖြစ်အပျက် များအား သူတို့ကြား ရသည့်တိုင် သိပ်ဂရု မစိုက်ကြပေ။ သို့သော်လည်း ဆရာချန်း အကြောင်းကိုမူ သူတို့ ကောလ ဟာလ များစွာ ကြားဖူးသည်။ အခန်းထဲရှိ လူအားလုံးထဲ၌ ချန်းဖန် အကြောင်းအား ကောင်းစွာ နားလည် သူက ကျို့လော့ရင် တစ်ယောက်သာ ရှိသည်။

"မင်းက ဆရာချန်း …"

ကျိလော့ချန်းမှာ ထိုနာမည်ကြောင့် အနည်းငယ် အံ့အားသင့် သွားသည့်နိုင် တည်ငြိမ်စွာ မေးလိုက်သည်။ သူ၏ ပြိုင်ဘက်က အားနည်း သတ္တဝါလေးမှ အစွမ်း ထက်သည့် သားရဲ တစ်ကောင် အလား ပြောင်းလဲ သွားကြောင်းကိုမူ ရုတ်တရက် သူနားလည် လိုက်သည်။

***

All Chapters