← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

ကောင်းယုံမှာကျားလိ၏အပြောကို တုံ့ပြန်မလာခဲ့ဘဲ ရှောင်ဟွေ့ထံလေးလေးနက်နက်ကြည့်ကာ ပြောလိုက်သည်။

"မိန်းကလေးကျားရဲ့စကားတွေက အတိုင်းအတာတစ်ခုထိတော့မှန်ပါတယ်။ ချက်ပြုတ်ပြင်ဆင်တဲ့နေရာမှာအဲ့အချက်တွေကတစ်ကယ်လိုအပ်ပေမယ့် အဲ့တာတွေမစတင်ခင်အရင်ဆုံးဟင်းလျာပြင်ဆင်ချက်ပြုတ်တဲ့အပေါ်နှစ်သက်မြတ်နိုးမှုရှိမရှိဆိုတာက ပိုအရေးကြီးတာပေါ့။ စားဝတ်‌ေန‌ေရးအတွက်မဖြစ်မနေလုပ်ရတယ်ဆိုတာက နားလည်ပေးနိုင်ပေမယ့် ဒီပညာရပ်ကို‌ေလ့လာသင်ယူဖို့ဆိုရင်တော့ ပညာရပ်အပေါ်ချစ်ခင်မှုရှိမနေရင် ရှေ့ဆက်မသွားတာအကောင်းဆုံးပါပဲ။ မိန်းကလေးကျားအနေနဲ့ ဒီနေ့တော့ပြန်သွားရတော့မယ်ထင်ပါတယ်။ မိန်းကလေးကျားရဲ့မောင်လေးမျက်လုံးတွေထဲမှာ ဟင်းပွဲတွေကို စိတ်ပါဝင်စားမှုရှိတဲ့အရိပ်အယောင်ရှိမနေဘူး"

ကျားလိလည်းဟင်းချက်သင်မည့်သူမှာ ရှောင်ဟွေ့ဟုထင်၍နားလည်မှုလွဲသွားသော ကောင်းယုံကို အမြန်ရှင်းပြပေးသည်။

"ပညာသင်မယ့်ကလေးက ဒီကလေးမဟုတ်ပါဘူး။ နောက်တစ်ယောက်ပါ။ သူကငယ်ရွယ်သေးတဲ့လူမလို့ အခြေအနေမသိရသေးခင်ခေါ်မလာသေးတာပါ။ အစ်မရုံမှာရှင့်လိုမိတ်ဆွေမျိုးရှိထားမှန်းသိခဲ့ရင် သူ့ကိုပါခေါ်ခဲ့ပါတယ်။ ဒါဆိုကျွန်မအဲ့ကလေးကို မနက်ဖြန်ခေါ်ပြီးထပ်လာခဲ့မယ်လေ"

ကောင်းယုံလည်းကျားလိစကားကို ငြင်းပယ်မနေဘဲလက်ခံလာ၏။

"မနက်ဖြန်ခေါ်ခဲ့ကြည့်ပေါ့။ ကိုယ့်အတွက်ဆရာတစ်ယောက်ရှာတာကို ကိုယ်တိုင်ဝင်ပါရမှာ‌ေလ။ ဒီပညာနဲ့‌ေရှ့ဆက်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် သူ့အနာဂတ်အတွက် သူကိုယ်တိုင်လေးလေးနက်နက်ရှိရမှာပေါ့။ ငါတို့နှစ်ယောက်ကြား ဆရာတပည့်ရေစက်ရှိမရှိကို ငါတို့ကိုယ်တိုင်ဆုံးဖြတ်ကြမယ်"

"ကောင်းပါပြီ ဒါဆိုကျွန်မမနက်ဖြန်မှထပ်လာတွေ့မယ်နော်။ အခုကျွန်မအတွက်လမုန့်လေးတွေရောင်းပေးလိုက်လို့ရမလား။ ရှင်လုပ်ထားတဲ့မုန့်လေးတွေကတစ်ကယ်အရသာရှိတော့ အိမ်အတွက်မြည်းစမ်းရအောင် ဝယ်သွားချင်လို့"

ကျားလိနှင့်ရှောင်‌ေဟွ့မှာ လမုန့်ဘူးများအားသယ်ကာ ကောင်းယုံအားနှုတ်ဆက်၍ အိမ်ပြန်ခဲ့ကြသည်။ အစ်မရုံအတွက်လည်း လမုန့်ဘူးတစ်ဖာလက်ဆောင်ထည့်ပေးလိုက်၏။ အစ်မရုံမှာတော့ သူမအကူအညီလိုတိုင်းအားမနာဘဲလာပြောရန် ပြောသွားသေးသည်။

အိမ်ပြန်ရောက်‌သည်နှင့် စိတ်အားတက်ကြွနေသောရှောင်စန်းမှာကျားလိအား သူ့ကိစ္စအကြောင်းသေချာမေးလာသလို ရှောင်စစ်နှင့်ခယ့်ရှင်းမှာလည်း စီရင်စုမြို့ဆီထွန်စက်ဖြင့်သွားရသည့်ခံစားချက်နှင့် မြို့ထဲရှိအကြောင်းများအား ရှောင်ဟွေ့ထံမေးမြန်းနေကြလေ၏။

ကျားလိမှာကောင်းယုံ၏အကြောင်းစုံကိုသေချာရှင်းပြလိုက်ပြီး သူမဝယ်လာသောလမုန့်ထုတ်ကိုဖောက်ကာ အားလုံးကိုမြည်းစမ်းခိုင်းသည်။ ကောင်းယုံ၏လမုန့်မှာယီသားစု၏ ထောက်ခံနှစ်သက်မှုအားရခဲ့၏။ အမေယီမှာတော့ မနက်ဖြန်အတွက်စိတ်အားထက်သန်နေကာ ရှောင်စန်းအားမှာကြားချက်များထုတ်‌ေပးတော့သည်။

"ကြည့်ရတာဆရာကောင်းက မင်းကို တပည့်အဖြစ်လက်ခံဖို့ ငြင်းပယ်တာတော့မရှိဘူးပဲ။ အဲ့လိုဆိုမနက်ဖြန်မင်းတို့မောင်နှမနှစ်ယောက် ‌ဆရာကောင်းဆီသွားတွေ့တဲ့အခါ လက်ဆောင်အနေနဲ့ယူသွားရအောင် ဟင်းသီးဟင်းရွက်လေးတွေခူးထည့်သွားလိုက်ကြ။

ငါတို့က‌ေတာ့ ဟင်းသီးဟင်းရွက်ကို စားချင်တဲ့အခါတောင်ပေါ်သွားခူးလိုက်ရုံပဲဆို‌ေပမယ့် မြို့ထဲဖက်ကျအကုန်လုံးအတွက် ပိုက်ဆံသုံးဝယ်ရပြီးလတ်လတ်ဆတ်ဆတ်ရတာရှားတယ်လေ။ မင်းကသူ့တပည့်ဖြစ်သော်ရှိ မဖြစ်သော်ရှိငါတို့က သိတတ်မှု‌ပြတဲ့အ‌ေနနဲ့ လက်ဆောင်တော့ ယူသွားရလိမ့်မယ်။ ပြီးတော့အဲ့တာလေးတွေက သိပ်လည်းမကုန်ကျတာပဲကို။

ပြီးတော့သိမ်းထားတဲ့သစ်တော်ပွင့်ခြောက်အပြင် မနက်ကျပန်းပွင့်အစိုတွေပါ ခူးသွားချေ။ သူကစားဖိုမှူးဆိုတော့ အသုံးဝင်မှာပဲ။ ဒါဆို ငါခဏ‌ေနတောင်ပေါ်သွားလိုက်ဦးမယ်"

အမေယီမှာ‌ေန့လည်စာ စားပြီးသည်နှင့် ချက်ချင်းပင် ခြင်းတစ်လုံးကောက်ကိုင်ကာ ရွာအနောက်ဘက်ရှိထိုက်ဟန်တောင်တန်းဘက် သွားရန်ပြင်စဉ်ရှောင်စန်းနှင့်ရှောင်စစ်တို့လည်း လိုက်မည်တကဲကဲလုပ်နေရာ ထိုနှစ်ယောက်အားကူဖော်လောက်ဖက်ရစေရန် ခွင့်ပြုလိုက်၏။

ကျားလိမှာလည်း တောင်တန်းဘက်တစ်ခါမှ‌မသွားဖူးရာ စိတ်ဝင်စားမှုတို့ဖြင့်အမေယီအားကြည့်လိုက်ရာ အမေယီလည်းမတတ်နိုင်တော့ဘဲ ရှောင်ဟွေ့ကိုသာအိမ်စောင့်ထားခဲ့ပြီး ကျားလိနှင့်ခယ့်ရှင်းကိုပါခေါ်သွားရတော့သည်။ ခယ့်ရှင်းမှာသူမပါလိုက်၍ရကြောင်းသိလိုက်သည်နှင့် ရှောင်စစ်နှင့်အတူ ခုန်ပေါက်နေတော့၏။

ထို့နောက်ခြင်းတောင်းများ၊တူရွင်းများကိုယ်စီကိုင်ကာ တောင်တန်းဘက်ဆီချီတက်လိုက်ကြသည်။ ရာသီဥတုမှာနွေးထွေးနေပါသော်လည်း တောင်ပေါ်တွင်တော့ နေပြောက်ကျရုံသာဖြစ်ပြီး အပင်မြင့်ကြီးဖြင့် အုပ်ဆိုင်းနေရာ အေးစက်နေဆဲဖြစ်၏။ အမေယီသည် သူတို့အုပ်စုအားဦးဆောင်ကာ သူမတို့လယ်မြေဆီသွားလေသည်။ ရွာထဲရှိလူများမှာ တောင်ပေါ်တွင်ကိုယ်ပိုင်လယ်ကွက်လေးများဖွင့်ထားကြပြီး သီးသန့်စိုက်ပျိုးကြ၏။

မိသားစုအတွက်စားနိုင်ရုံမျှ အသီးအရွက်‌ေလးများသာစိုက်ပျိုးကြသည့်အပြင် စုပေါင်းလယ်ယာမြေပေါ်တွင်လည်း အလုပ်ချိန်ပျက်ကွက်ကြခြင်းမရှိသည့်အတွက် ခေါင်းဆောင်ကျိလည်းမျက်ကွယ်ပြုထားပေးသည်။ သို့သော်ထိုလယ်မြေကွက်များမှာ စိုက်ပျိုးခွင့်ရထားသော်လည်း သူတို့အပိုင်ဟုသတ်မှတ်၍မရပေ။ ရွာသားများအနေဖြင့်တော့ သူတို့အပိုင်မဟုတ်လျှင်တောင် စိုက်ပျိုးခွင့်ပေးထားသည်ကပင် ကျေးဇူးတင်နေပြီဖြစ်၏။

ကလေးများမှာတောလမ်းတစ်လျှောက်စိတ်လှုပ်ရှားစွာပြေးလွှားနေကြပြီးတစ်နေရာအရောက်တွင်ရပ်ကာ အံ့ဩတကြီးအ‌ေမယီထံအော်ပြောလိုက်ကြသည်။

"အမေဒီမှာ လိုင်ချီးသီးတွေ ဝိုးး အိမ်မှာစားဖို့ခူးသွားစို့"

"အား ချယ်ရီသီးတွေလည်းရှိတယ် အဒေါ်ယီ ခူးသွားမလား"

အမေယီမှာရှောင်စစ်နှင့်ခယ့်ရှင်း၏စကားကြောင့် သူတို့လက်ညှိုးထိုးပြရာဆီလှမ်းကြည့်လိုက်ရာ သစ်ပင်ကြီးများကြားပေါက်ရောက်နေသော အသီးအပြည့်နှင့် အပင်တို့ကိုတွေ့လိုက်ရာ ခွင့်ပြုပေးလိုက်သည်။ ကလေးများအတွက် ပိုက်ဆံကုန်စရာမလိုပဲ စိတ်ကျေနပ်စေမည်ဖြစ်ရာ တားစရာမလိုချေ။

"ခူးလိုက်လေ လိုင်ချီးသီးတွေအများကြီးမခူးခဲ့နဲ့။ တော်ကြာ အစားများပြီးနှာခေါင်းသွေးယိုနေမယ်"

အမေယီမှခွင့်ပြုလိုက်ရာ ကလေးများကပျော်ပျော်ကြီးအသီးပင်များဆီပြေးသွားကာ အမေယီထံ အသံကျယ်ကျယ်ဖြင့်ဖြေပေးသွား၏။

"ကောင်းပါပြီ အမေ"

"သိပါပြီ အဒေါ်ယီ"

ကျားလိလည်း ကလေးများနောက်စိတ်လှုပ်ရှားမှုရှာရန်လိုက်လာရာ မျောက်ကလေးလို လှစ်ကနဲအပင်ပေါ်တက်၍သစ်ကိုင်းလှုပ်နေသော ရှောင်စန်းအား သတိပေးလိုက်သည်။

"ရှောင်စန်းသတိထားဦး ပြုတ်ကျမယ်နော်"

"ဟုတ်ကဲ့ပါ ကျားလိကျဲ စိတ်မပူပါနဲ့။ ကျွန်တော်ကတောထဲကို ငယ်ငယ်ကတည်းကခြေဆန့်လာတာမလို့ ဒီအမြင့်လောက်ကအေးဆေးပဲ"

ကျားလိလည်းရှောင်စစ်နှင့်ခယ့်ရှင်းတို့အားကူ၍အသီးများကောက်ပေးလိုက်သည်။ ခယ့်ရှင်းမှာ နီရဲ‌ေနသည့်လိုင်ချီးသီးတစ်လုံးအား ကျားလိထံပေးလာ၏။ ကျားလိလည်း ကလေးမလေး၏ခေါင်းအားပွတ်သပ်ပေးကာ ကျေးဇူးတင်လိုက်၍ အသီးကိုလက်ခံလိုက်သည်။

"ကျေးဇူးပဲနော် ရှောင်ရှင်း။ လိမ္မာတဲ့ရှောင်ရှင်းက ကျဲကျဲအတွက်ကောက်ပေးထားတာဆိုတော့ အသီးကချိုနေတော့မှာပဲ"

ကျားလိစကားကြောင့်ခယ့်ရှင်းမှာ ရှက်ရွံ့သွားပြီး အသီးများပြန်သွားကောက်တော့သည်။ သူမသည် လှပကာကြင်နာတတ်‌ေသာ ဤအစ်မလှလှ‌ေလးကိုသဘောကျလေ၏။ ကျားလိလည်း လိုင်ချီးသီးအားအခွံခွာကာ ပါးစပ်ထဲထည့်လိုက်စဉ် လတ်ဆတ်သည့်အရသာက ဦးဆုံးထွက်ပေါ်လာပြီး ချိုချိုချဉ်ချဉ်သစ်သီးရည်များက ခံတွင်းထဲပျံ့နှံ့သွားကာ လန်းဆန်းသွားစေသည်။ အမေယီမှာ သူတို့အတော်ကောက်ပြီးသည်ကိုမြင်သော် တားလာတော့၏။

"တော်တော့ တော်တော့ မိုးမချုပ်ခင်အိမ်ပြန်ရောက်အောင် ကျန်တာတွေသွားခူးကြမယ်။ ဒီအသီးတွေကို အရင်ကုန်အောင်စားကြဦး"

ကျားလိတို့လည်းအမေယီပြောသည်ကိုနားထောင်၍ ကျန်သည့်အသီးများအားနှမျောတသဖြစ်စွာကြည့်၍ ထားခဲ့ရတော့သည်။ ထိုစဉ်ခယ့်ရှင်းမှာ သူမမျက်စိထောင့်ရှိ နီရဲရဲပန်းပွင့်များကိုတွေ့လိုက်ရပြီး မကျေမနပ်ဟန်ဖြင့်ပြောလာ၏။

"သလဲသီးတွေကခုထိမသီးသေးဘူးပေါ့လေ။ သလဲသီးကလည်း စားလို့ကောင်းတဲ့ဟာကို"

ခယ့်ရှင်း၏စကားကို ရှောင်စန်းနှင့်ရှောင်စစ်ကလည်းသဘောတူစွာ ခေါင်းငြိမ့်ထောက်ခံလာကြသည်။ ထို့နောက်သူတို့အုပ်စုသည် သလဲပင်များရှိရာနေရာကို သေချာမှတ်ထားကာ နောက်ကျလာခူးရန်စီစဉ်လိုက်၏။

ထို့နောက်အမေယီနောက်မှနေလိုက်ကာ သူတို့မိသားစုလယ်မြေကွက်လေးဆီရောက်လာတော့သည်။ လယ်မြေကွက်ဆိုသည်မှာလည်း သစ်ပင်ကြီးများကြားရှိ မြေပြန့်ငယ်လေးသာပင်။ သို့သော်ဤနေရာလေးကပင် ဟင်းသီးဟင်းရွက်လောက်တော့ စိုက်ရန်ဖြစ်ထွန်းလေသည်။ ကလေးများမှာ ပါလာသောတူရွင်းငယ်လေးများအားထုတ်၍ အပင်အုပ်စုတစ်ခုဆီသွားကာ လှန်ချတူးဖော်တော့၏။ ကျားလိလည်း တက်တက်ကြွကြွတူးနေသောကလေးများအားကြည့်ကာ သိချင်စိတ်ဖြင့် အမေယီနားကပ်၍မေးလိုက်သည်။

"အန်တီယီ သူတို့ကဘာတွေတူးနေတာလဲ"

ဟင်းနုနယ်ရွက်များခူးနေသော အမေယီမှာ ကျားလိအမေးကြောင့် အသာရယ်ရင်းဖြေပေးလာ၏။

"သူတို့ကအာလူးတွေတူးနေတာလေ။ တောင်ပိုင်းဆို ကန်စွန်းဥ မြောက်ပိုင်းဆို အာလူးတဲ့။ အဒေါ်တို့ဆီဆို အာလူးကဖြစ်လွယ်ပြီး စားလို့ကောင်းတယ်။ ခဏနေအိမ်ပြန်ရောက်ရင် တစ်ခွက်ချက်ပေးမှာမလို့ မြည်းကြည့်ပေါ့"

ကျားလိလည်း ရှောင်စစ်တို့၏သွက်လက်သောလက်များအောက် ဆွဲနှုတ်ခံလိုက်ရသောအပင်နှင့် သူတို့အမြစ်မှတွဲ‌ေလာင်းကျ‌ေန‌ေသာ အာလူးတို့ ထွက်ပေါ်လာသည်ကိုကြည့်ကာ အံ့ဩသွားရသည်။ ထိုကလေးများ၏လက်မှာ ကျွမ်းကျင်အလုပ်သမားများအလား မြန်မြန်ဆန်ဆန်လှုပ်ရှားနေကြ၏။

ကျားလိလည်းကလေးများပင်စိတ်အားတက်ကြွစွာ အလုပ်လုပ်နေကြသည်ဖြစ်၍ အမေယီနားကပ်ကာ အကူအညီပေးနေလိုက်သည်။ အမေယီလည်း ကျားလိမှာသူမတို့အလုပ်ကို စိတ်ဝင်စားနေကြောင်း သိလိုက်၍ ခရမ်းသီးပင်များဘက် လက်ညှိုးထိုးကာ ကူခိုင်း၏။

"မင်းပျင်းနေရင် ဟိုကခရမ်းသီး၊ကြက်ဟင်းခါးသီးနဲ့သခွားသီးတွေ ခူးပေးလေ။ အညှာအထက်နားကနေ ဖြတ်ချရုံပဲ။ အဒေါ်က ဟင်းနုနွယ်တွေခူးပြီးရင် ကြက်သွန်မြိတ်ဖြတ်ရဦးမှာ"

All Chapters